အပိုင်း ၂၁၁-၂၁၂
Viewers 24k

Part 211


ယွဲ့စုန်က သူ၏ရှပ်ကော်လံအား သနေသည်။  


"ဘာဖြစ်လို့လဲ…အဲ့ဒီ့ပေါ်မတက်ချင်ဘူးလား…"


 ရွှယ်ရှင်းထုန် ပြုံးကာမေးလိုက်သည်။ 


ယွဲ့စုန် ရှပ်ကော်လံအားသနေသော သူ၏လက်ကို အောက်ပြန်ချလိုက်ပြီး 


" ကြည့်ပဲကြည့်မှာ…"


ရွှယ်ရှင်းထုန် ပြောစရာစကားပင်ပျောက်သွားသည်။ 


" မင်းလူကြီးတစ်ယောက်ဖြစ်နေပြီလေ…"


" ကျွန်တော်က နာမည်ကြီးကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီနော်…ဘာလို့ဆို အဘိုးနဲ့ ဂေါက်‌ရိုက်ဖို့အပတ်တိုင်းလိုက်သွားရတယ်လေ…"


 ယွဲ့စုန်ပြန်ပြောလာသည်။ 


ဤလက်ဝှေ့ကစားပွဲအားစက်ရုံဟောင်းတစ်ခုအားပြုပြင်ပြောင်းလဲ၍ပုံဖော်ထားပုံရသည်။ နေရာကမြင့်ပြီး ကျယ်ဝန်းသည်။ ဤနေရာ၌ သံပန်းလက်ရန်းများ၊သံပန်းဓာတ်လှေကား

များက ပတ်ပတ်လည်ရှိနေသည်။ အခု၌ ဤနေရာကားအရေးကြီးပုဂ္ဂိုလ်များစုစည်းရာနေရာဖြစ်နေသည်။ ‌အပေါ်စီးမှကြည့်ကြည့်မည်ဆိုလျှင် လက်ဝှေ့သမားများကြား ပြင်းထန်သောယှဉ်ပြိုင်ထိုးသတ်မှုကိုပီပီသသမမြင်နိုင်သော်လည်း ပရိတ်သတ်များကြား စိတ်အားထက်သန်စွာအားပေးနေမှုများကိုဖြင့်ရှင်းလင်းစွာမြင်နိုင်သည်။ 


ကစားသမားတစ်ဦးက အခြားတစ်ဦးအား မြေပြင်သို့လှဲသိပ်ပစ်လိုက်သည်။ ထို့အချိန် အောက်မှပရိတ်သတ်များထံမှ အော်သံများထွက်ပေါ်လာသည်။ 


ရွှယ်ရှင်းထုန်လည်း လိုက်အော်သည်။ ထိုပတ်ဝန်းကျင်၌ကိုယ့်စိတ်ကိုမပါအောင်ထိန်းနိုင်ဖို့ရန်မှာခက်လှသည်။ 


ထို့ကြောင့် ရှပ်အင်္ကျီဖြူဝတ်ထားပြီး သံတိုင်ကိုမှီကာ တိတ်ဆိတ်စွာဆေးလိပ်သောက်နေသော ယွဲ့စုန်တစ်ယောက်က သူများနှင့်မတူတမူထူးခြားစွာ လူအုပ်ကြီးထဲမှကွဲထွက်နေသည်။ 


ရွှယ်ရှင်းထုန်သူမ၏မောင်လေးနှင့်ပတ်သက်၍

မတတ်နိုင်ဖြစ်နေသည်။ သူမခေါ်လာခဲ့သည်က အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်လား သို့မဟုတ် တရားထိုင်ရန်ဝင်လာသော ဘုန်းကြီးတစ်‌ပါးများလားဝေခွဲမရဖြစ်နေသည်။ အေးဆေးသည်ဆိုသည်ထက် သူ၏ခံစားချက်များကိုမြင်နိုင်ဖို့ရန်မှာခက်လှသည်။ 


ရွှယ်ရှင်းထုန်၌ သူ၏မျက်လုံးများနီလာသည်အထိဒေါသကြီးပြီး မိသားစုပိုင်ဆိုင်မှုအားလုယူရန် သူမနှင့် အမြဲအတိုက်အခံလုပ်နေသော ဂုဏ်မောက်လွန်းသည့် အကြီးဆုံးအစ်ကိုတစ်ယောက်ရှိသည်။ ယွဲ့စုန့်က ယွဲ့မိသားစု၏ တစ်ဦးတည်းသောမြေးဖြစ်ပြီး သူ၌ညီအစ်ကိုမောင်နှမရင်းခြာတစ်ဦးတစ်လေမျှမရှိချေ။ ထို့ကြောင့် သူငယ်ငယ်ကတည်းက ရွှယ်ရှင်းထုန်နှင့်အနေနီးနေသည်။ ယွဲ့စုန့်ကလည်း သူမ၏ မောင်နှမများနှင့် အရမ်းကွာခြားသည်။ 


ရွှယ်ရှင်းထုန်က ဆွဲဆောင်မှုရှိပြီး ဖြောင့်မှန်သောစိတ်ထားရှိသူတစ်ယောက်ဖြစ်သည်။ သူမက လူအများကြား သူ၏မျက်နှာအမူအရာအား အလိုက်သင့်မပြောင်းလဲနိုင်ဖြစ်နေသော ‌သူမ၏မောင်လေးအား မကြာခဏလှမ်းကြည့်နေသည်။ 


" ငါမင်းကိုပြောခဲ့တယ်လေ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင်နေပါလို့…"


 ရွှယ်ရှင်းထုန်အော်ပြောလိုက်သည်။ 


" ပေါ့ပေါ့ပါးပါးနေစမ်းပါ…"


" အခုလည်း အရမ်းပေါ့ပါးလွတ်လပ်နေတာပဲလေ…အစ်မမမြင်ဘူးလား…"


သူက ဆေးလိပ်သောက်ရင်းအံ့ဩတကြီးပြောလာသည်။  


ရွှယ်ရှင်းထုန် : "..."


မကြည်တကြည့်ကြည့်ကာ ပြန်လှည့်သွားသည်။ 


ယွဲ့စုန်ဆေးလိပ်ထိပ်ကိုလက်ဖြင့်တောက်လိုက်ပြီး ဝမ်းသာစွာ‌ပြုံးလိုက်သည်။ 


ခေါင်းလောင်းတီးလိုက်ပြီးကစားချိန်အားနားလိုက်သည်။ စကပ်တိုတိုဝတ်ကာ ဘုတ်ပြားကိုင်ထားသောကောင်မလေးတစ်ယောက်က ကြိုးဝိုင်းထဲဝင်သွားသည်။ 


ဤအခွင့်အရေးအားအသုံးချကာ ယွဲ့စုန်တစ်ယောက် သူ၏ဖုန်းအားထုတ်ကြည့်လိုက်သည်။ စကားပြောအုပ်စုထဲ၌ ပို့စ် အသစ်တစ်ခုရှိနေသည်။ သူလည်း ဖွင့်ကြည့်လိုက်သည်။ 


ချန်းဝေဗီဒီယိုအတိုတစ်ခုပို့စ်တင်လိုက်ပြီး


" ကြည့်ကြ…ကြည့်ကြ…ခြေတံရှည်လေး…"


တခြားအတန်းဖော်များကလည်းကြည့်လိုက်


ပြီး"  သောက်ကျိုးနဲ… မိန်းကလေးတွေသာ ဒီအတိုင်းဆိုရင် ယောက်ျားလေးတွေမှာ ပြဿနာရှိနေတာလား…"


" ဘာကြီးလဲ…"


ယွဲ့စုန် ဗီဒီယိုအားဆွဲကြည့်လိုက်သည်။ 


မိန်းမလှလေးတစ်ယောက်ရပ်နေချိန် ရုတ်တရက် ဘေ့စ်ဘောဦီးထုပ်ဆောင်းထားသော ခြေတံရှည်ရှည်နှင့်ကောင်မလေးက ကင်မရာထဲပေါ်လာသည်။ သူမက မိန်းမလှလေးအားလက်တစ်ဖက်ဖြင့်ပွေ့ ခေါ်သွားပြီးတဖက်ကဘေ့စ်ဘောတုတ်တံကိုကိုင်ထားသည်။ 


ဤစွမ်းအားက သာမန်ယောက်ျားများထက်ထူးကဲနေသည်။ 


သူ၏အခန်းဖော်များယင်းကဲ့သို့ပြောသည်မှာအံ့ဩစရာတော့မရှိချေ။ 


ဗီဒီယိုကအရမ်းတိုလွန်းသည်။ 10 စက္ကန့်ခန့်သာရှိနိုင်သည်။ဗီဒီယိုတစ်ခါဆုံးပြီးလျှင်အစသို့ပြန်ရောက်သွားပြီးထပ်ခါထပ်ခါ ပြန်ပြနေသည်။ 


ပထမ၌ သူ ထိုခြေတံရှည်ရှည်ကောင်မလေး၏ ယောက်ျားတစ်ယောက်ထက်သန်မာသော ခွန်အားကိုသာသတိပြုမိသည်။ 


ဒုတိယအကြိမ်၌ ယွဲ့စုန် နောက်ဆုံးစက္ကန့်၌ ကောင်မလေးကင်မရာထဲမှထွက်သွားတော့

မည့်အချိန် သူမက ကင်မရာကို‌ကြည့်သည့်အတိုင်း ခေါင်းကိုလှည့်လာသည်ကို တွေ့လိုက်သည်


"ဒန်" ဟူသော အသံ နှင့်အတူ ကောင်မလေးတစ်ယောက်က နံပါတ် 5 ဟူသောဘုတ်ပြားကိုကိုင်လျက် ဝိုင်းကိုလှည့်နေသည်။ 


ကစားပွဲပြန်စပြီဖြစ်သည်။ 


သို့သော် ယွဲ့စုန်ရုတ်တရက်ရပ်လိုက်ပြီး ဖုန်းကိုအနီးကပ်ကြည့်လိုက်သည်။ 


ဗီဒီယိုက နှစ်ကြိမ်၊သုံးကြိမ်ခန့် ထပ်ခါထပ်ခါပြနေသည်။ 


ယွဲ့စုန် အုပ်စုထဲမှ ချန်းဝေအား မေးလိုက်သည်။ 


" ဗီဒီယိုကိုဘယ်ကရလာတာလဲ…"


ချန်းဝေက စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်ပြောလာသည်။ 


" ဒါက ဗီဒီယိုအတိုတွေတင်နေကျနေရာက…ဒီဗီဒီယိုကတော့ဝင်ဝင်ချင်းလေးမှာပဲ…အရမ်းကိုနာ

မည်ကြီးနေတာနော်…"


ယွဲ့စုန် ဗီဒီယိုကို ထပ်ခါထပ်ခါ ကြည့်နေသည်။ 


ဘေ့စ်ဘောဦးထုပ်က သူမ၏မျက်နှာကိုကာထားသော်လည်း သူမ မည်သည့်မိတ်ကပ်မျှမလိမ်းထားသည်ကိုသင်တွေ့နိုင်သည်။ သို့သော် ထိုမျက်နှာ ထိုနှုတ်ခမ်းသဏ္ဍာန်ကဖြင့် ယွဲ့စုန်လူမမှားနိုင်ချေ။ 


ထိုမိန်းကလေးက သူမမိတ်ကပ်လိမ်းထားချိန်တွင် အေးချမ်းပြီး ကျက်သရေရှိလှသည်။ သူမက အထက်တန်းကျောင်းသားဖြစ်သော်လည်း အကြောက်အလန့်မရှိချေ။ ယွဲ့စုန် သူမဤကဲ့သို့အားကြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ 


ကျန်းယန်ယန်


သူမကအံ့ဩဖို့ကောင်းသည်ဟုယွဲ့စုန်ထင်မိ

သည်။ 


သူ သူမအား ပထမဆုံးအကြိမ် သတိပြုမိစဉ်ကတည်းက သူ သူမရှိနိုင်သည့်နေရာ၊ သူမအကြောင်းများကို ဤမထင်မှတ်ထားသောနေရာများတွင်ရှာခဲ့သည်။  


ယွဲ့စုန်ဖုန်းကိုချလိုက်ပြီး သံတန်းများကိုလက်ဖြင့်ကိုင်ထားပြီးအောက်သို့ငုံ့ကြည့်လိုက်သည်။ 


သူ၏နှုတ်ခမ်းထောင့်စွန်းများကွေးတက်သွားသည်။ 


 သူသည် ထိုမိန်းကလေးနှင့် ထူးဆန်းသောဆက်နွှယ်မှုတစ်ခုရှိနေသည့်အလား။  


သို့သော် သူတို့တကယ်မတွေ့ဆုံခင် သူမနှင့်ပခုံးချင်းတိုက်မိကာ တွေ့ဆုံစေရန် ကံတရားက ကြိမ်ဖန်များစွာစီစဉ်ပေးခဲ့သည်ကိုသူမသိခဲ့ချေ။ 


အဘယ်ကြောင့်ဆိုသော် ထိုအမှောင်ရိပ်များကြား၌ ကျန်းယန်ယန်ဟု သူအထင်မှားခဲ့သော ကျန်းယန်ရှန့်ရှိနေသည်။ 


ကျန်းယန်ရှန့် အစ်ကိုပန့်ဆိုသူနှင့် တွေ့ဆုံခဲ့ပြီး


တရင်းတနှီးပင်ပြောလိုက်သည်။ 


"ကျွန်မသူငယ်ချင်းကလက်ဝှေ့ထိုးချင်လို့တဲ့…"


အစ်ကိုပန့်ဆိုသူက လူငယ်နှစ်ယောက်အားကြည့်လိုက်ပြီးတုန်လှုပ်သွားသည်။ သူတို့သည် တရားမဝင်စီးပွားရေးလုပ်နေသော်လည်း ဒုက္ခဖြင့်မရောက်ချင်ကြပေ။ 


"မင်းတို့အသက်ဘယ်လောက်ရှိပြီလဲ…မင်းတို့ 18 နှစ်ပြည့်ပြီးကြပြီလား…"


သူမေးလိုက်သည်။ 


ကျန်းယန်ရှန့်က သူမ၏မျက်ခုံးကိုပင့်လိုက်ပြီး 


" ရှင် အခု ကျွန်မတို့ကို 110 ကိုတိုင်စေချင်နေတာလား… အခုချိန်မှာ ဘယ်သူမှကျွန်မတို့အသက်ကိုဂရုစိုက်မနေဘူး…"


အစ်ကိုပန့်ကသူမကိုကြည့်နေပြီး သူမကလည်းပြန်စိုက်ကြည့်နေသည်။ 


စက္ကန့်အနည်းငယ်ကြာပြီးနောက် အစ်ကိုပန့်ပြောလာသည်က


" ငါ့နောက်လိုက်ခဲ့…"


ယွဲ့စုန် အပေါ်မှနေ၍ ကစားသမားတစ်ယောက်အသစ်ဝင်လာသည်ကိုမြင်နေရသည်။ သို့သော် သူ့အတွက် ဤနေ့ကလုံလောက်ပြီ။ ထို့ကြောင့် ရွှယ်ရှင်းထုန်ကိုလှမ်းပြောလိုက်သည်။ 


" ပြန်ကြတော့မယ်လေ…"


" ဟေး စောပါသေးတယ်…"


 ရွှယ်ရှင်းထုန်ကပြောလာသည်။ 


" စိတ်ဝင်စားဖို့မကောင်းတော့ပါဘူး…ကျွန်တော်မနက်အဘိုးနဲ့ဂေါက်ကွင်းလိုက်သွားရမှာ စောစောအိပ်ရမယ်…"


 ယွဲ့စုန်ပြန်ပြောလိုက်သည်။ 


ရွှယ်ရှင်းထုန် စိတ်ဆိုးသွားပြီး


" အေးပြီးရော နောက်တစ်ခါတွေ နင့်ကိုငါအပြင်ခေါ်မလာတော့ဘူး…"


"ကျွန်တော်လည်းအစ်မနဲ့မလိုက်ဘူးလို့ပြောပါတယ်…အစ်မပဲ အတင်းဆွဲခေါ်လာပြီးတော့…"


" မင်းလည်း ဘယ်ဟာကောင်းတယ် ဘယ်ဟာဆိုးတယ်မသိသေးဘူးပဲ…"


ကျန်းယန်ရှန့် သူမဦးခေါင်းထက်(စင်အမြင့်)မှ တစ်စုံတစ်ယောက်ထွက်သွားပြီး သူနှင့်တစ်ခါလွဲသွားပြန်ပြီကို မ‌သိချေ။ 


သူမ အခြားဘယ်နေရာမှကြည့်မနေပေ။ ရှုလီချန်ကိုသာဆက်တိုက်ကြည့်နေပြီးပြောလိုက်သည်။ 


" သွား ကောင်းကောင်းချခဲ့…"


ရှုလီချန် သူ၏လက်အိတ်များအားစွပ်နေပြီး ပြန်ပြောလိုက်သည်။ 


" ကျန်းယန်ရှန့်…နင်ကလေငါတကယ်လိုအပ်နေတဲ့အရာကိုသိနေတာပဲ…နင်ကတန်ခိုးရှင်လေးပဲ…"


ထို့နောက်သူကြိုးဝိုင်းထဲဝင်သွားသည်။ 


ကျန်းယန်ရှန့်သူ၏တိုက်ခိုက်မှုများအားကြည့်နေသည်။သူ၏ပြိုင်ဘက်အားထိုးသောလက်သီးချက်များ၊ပြိုင်ဘက်မှဝင်လာသောလက်သီးချက်များအားခုခံပုံတို့အားကြည့်နေမိသည်။ 


ဤခံစားချက်ကို ကျန်းယန်ရှန့်တစ်ယောက်ကောင်းကောင်းကြီးသိသည်။ 


မိမိဘက်မှထိုးသည်ပဲဖြစ်ဖြစ် မိမိအထိုးခံရသည်ပဲဖြစ်ဖြစ် ဤအရာက ခံစားချက်များအား‌ဖွင့်ချရန် အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။ 


အော်ပစ်ရန်ခက်ခဲနေသော၊စကားပြောရန်ခက်ခဲနေသော၊ငိုရန်ခက်ခဲနေသော ခံပြင်းလှသည့်ခံစားချက်များဖြင့်တည်ငြိမ်မှုမရှိခြင်းများသည် နောက်ဆုံး၌ပွင့်ထွက်သွားတော့သည်။ 


ထို့နောက် လူများသည် အေးချမ်းသောအခိုက်အတန့်လေးကိုခံစားကြရတော့သည်။ 


ရှုလီချန့် နှာခေါင်းသွေးများဖြင့် ဝိုင်းအတွင်းမှပြန်ဆင်းလာချိန် သူဤခံစားချက်မျိုးခံစားလိုက်ရသည်။ 


သူ ရေချိုးပြီးပြန်ထွက်လာချိန် အစ်ကိုပန့်က ပိုက်ဆံလိပ်လေးသူ့အား ကမ်းပေးလာပြီး


" ကောင်းတယ် ကောင်လေး…ငါဒီလိုမျိုးမမြင်ခဲ့ဖူးဘူး…မင်းဘယ်အသင်းကလဲ…"


ပိုက်ဆံရသေးတယ်လား ...


Xxxxx


Part 212


ရှုလီချန် အနည်းငယ်အံ့ဩသွားပြီး လက်ဆန့်တန်းကာယူကြည့်လိုက်သည်။ ဤအရာက ပမာဏနည်းသည်ဆိုသော်လည်း သူကိုယ်တိုင်ပထမဆုံးအကြိမ်ရှာဖွေနိုင်ခဲ့သောပိုက်ဆံပင်မဟုတ်ပါလား။ သူပိုက်ဆံလိပ်လေးအား ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်လိုက်ပြီး 


" လက်တည့်စမ်းရုံပါ…"


ဟု အစ်ကိုပန့်အားပြောလိုက်သည်။ 


သူ သူ့အားမပြောပြချင်သည်ကိုသိ၍ ဆက်မမေးတော့ဘဲ


" နောက်တစ်ခေါက်လာခဲ့ဦးပေါ့…"ဟုဆိုပြီးနောက် 


"မင်းချစ်သူက မင်းကိုအပြင်မှာစောင့်နေတယ်တဲ့…"ဟု ထပ်ပြောလာသည်။ 


ချစ်သူလား။ 


ရှုလီချန် လမ်းလျှောက်လာရင်း ထိုစကားလုံးကို တွေးနေမိသည်။ 


ကျန်းယန်ရှန့်က လှပသောခြေတံလေးများဖြင့် သူ၏အနက်ရောင်မော်တော်ဆိုင်ကယ်ပေါ်၌ ထိုင်နေသည်။ ဤကဲ့သို့ချစ်သူမျိုးရှိမည်ဆိုလျှင် ရှုလီချန် တကယ်ပျော်မိမှာအမှန်ပင်ဖြစ်သည်။ 


သို့သော်လည်း…


ကျန်းယန်ရှန့် သူ့အား လက်သီးဆုပ်အားဆန့်ထုတ်ပေးလိုက်သည်။ 


ရှုလီချန်လက်သီးဆုပ်လေးအားစိုက်ကြည့်နေပြီးနောက်သူ၏မျက်လုံးအားပင့်ကြည့်လိုက်ပြီး


" ငါမလုပ်ချင်ဘူး…"


ကျန်းယန်ရှန့် : " ဟမ်…"


" ငါနင့်ကိုကြိုက်တယ်…"


ရှုလီချန်ယုံကြည်ချက်ကြီးစွာဆိုလာသည်။ 


"နင်ကငါ့ကိုကြိုက်တယ်…ငါကတော့နင့်ကိုမကြိုက်ဘူးဟေ့… မြန်မြန်လာ ငတုံးလေး…"


ကျန်းယန်ရှန့်ကျိန်ဆဲလိုက်သည်။  


" ကောင်းပြီ…"


သူကောင်းကင်ကြီးကိုကြည့်ကာသက်ပြင်းချလိုက်ပြီး သူ၏လက်အားဆန့်ထုတ်ကာ ကျန်းယန်ရှန့်နှင့် လက်သီးချင်းတိုက်လိုက်သည်။ 


လက်သီးချင်းတိုက်သည်ဆိုသည့်အဓိပ္ပာယ်က တသက်လုံး ညီအစ်ကိုတွေလို အဲ အစ်ကိုတစ်ယောက်အနေနှင့်သတ်မှတ်သည်ဆိုသည့်အဓိပ္ပာယ်ဖြစ်ပေသည်။ 


" ငါမောင်းမယ်…"


သူ သူ၏ဦးထုပ်အားကောက်စောင်းလိုက်ကာ


" မြန်မြန် စားဖို့နေရာရှာကြစို့ ငါတော်တော်ဆာနေပြီ…"


" ဒီမှာစားဖို့နေရာတစ်နေရာမှမရှိဘူး … မြို့ထဲပြန်မှပဲရမယ်…"


" ဒါဆိုလည်း ပြန်ရအောင် သွားမယ်သွားမယ် မြန်မြန်မောင်း ငါဗိုက်တော်တော်ဆာနေပြီ…"


နှစ်ယောက်သား မြို့ထဲပြန်လာကြပြီး ဘာဂါဆိုင်ဝင်လိုက်သည်။ ရှုလီချန်တစ်ယောက် ဘာဂါလေးလုံး ၊ ‌ကြက်တောင်ပံခြောက်စုံ ၊ အာလူးကြော်နှစ်ပွဲ စားခဲ့ပြီး ကိုလာနှစ်ခွက်နှင့် ရေခဲမုန့်ပင်စားခဲ့သေးသည်။ 


ဘာဂါဆိုင်မှထွက်လာပြီး ကျန်းယန်ရှန့် သူ့အိတ်အားလက်ဖြင့်စမ်းကြည့်လိုက်ပြီး ဘာဂါဆိုင်ဘေးမှစတိုးဆိုင်တစ်ခုကိုညွှန်ပြကာ 


" ငါ့ကို တစ်ရှူးတစ်ထုပ်လောက်သွားဝယ်ပေး…"


ရှုလီချန်:"..."


သူ့အားအမိန့်ပေးရန်သူမအတွက်ဤမျှလောက်လွယ်ကူနေသည်လား။ 


သူ၏နှလုံးသားကဤအကြောင်းတွေးနေချိန် သူ၏ခြေထောက်များကဖြင့်အမိန့်နာခံလျက် စတိုးဆိုင်သို့လျှောက်ခဲ့ကာ တစ်ရှူးစိုတစ်ထုပ်ဝယ်လာလိုက်သည်။ 


ကျန်းယန်ရှန့်တစ်ခုဆွဲထုတ်လိုက်ပြီး လမ်းပေါ်မှအများပြည်သူသုံးဖုန်းအိမ်အတွင်း ဝင်သွားကာ ဖုန်းခွက်အားသုတ်လိုက်သည်။  


ရှုလီချန်:"..."


သုတ်ပြီးနောက် ကျန်းယန်ရှန့် လက်ကိုင်အားကိုင်လိုက်ပြီး ထပ်သုတ်လိုက်သည်။ ထို့နောက် သူမနားနားကပ်လိုက်ကာ ရဲစခန်းအားဖုန်းခေါ်လိုက်သည်။ 


ခေါ်ဆိုမှုက မြန်မြန်ဆန်ဆန်ချိတ်ဆက်သွားပြီး


" ဟယ်လို 110 ကလား…ကျွန်မ သတင်းပေးစရာတစ်ခုရှိလို့ပါ…"


ရှုလီချန်:"....."


ကျန်းယန်ရှန်က


" ကျွန်မ တရားမဝင်လက်ဝှေ့ပွဲတစ်ခုအကြောင်း


သတင်းပေးချင်လို့ပါ…လိပ်စာက အမှတ် ၁၁ Zhongnan လမ်း Jiao ရေကန်အနီးမှာပါ…ဒီနေရာကရည်ရွယ်ချက်ရှိရှိတည်ဆောက်ထားပုံရတယ်…ဒီနေရာရဲ့


တာဝန်ရှိသူကိုတော့ အစ်ကိုပန့်လို့ခေါ်ကြတယ်…ဒီနေ့သူတို့ဖွင့်တယ်…အဲ့ဒီ့မှာလက်ဝှေ့ပြိုင်ပွဲတွေလည်းရှိတယ်…ပြီးတော့ ယွမ် 10000 ကစပြီးလောင်းလို့လည်းရတယ်…လူအရေအတွက်က 300 အထက်ရှိလောက်မယ်… ဒါကတရားမဝင်စီစဉ်ထားတဲ့လောင်းကစားပွဲပဲ…"


ရှုလီချန်: "....."


" ကျွန်မလား…ရှင်ကျွန်မကို အမှန်တရားဘက်တော်သားလို့ပဲသိထားပေးပါ"


"ဟုတ်ကဲ့ ဒါပါပဲ…"


ကျန်းယန်ရှန့်ပြောလိုက်သည်။ 


ထို့နောက်သူမ ဖုန်းအားစောင့်ချလိုက်သည်။ 


သူမခေါင်းလှည့်လိုက်ပြီး သူမမြင်နေရသည်က ရှုလီချန့်ခေါင်းက မေးခွန်းများနှင့်ပြည့်နေပြီဆိုသည်ကိုပင်။ 


သူမမျက်ခုံးပင့်လိုက်ပြီး


" ဘာဖြစ်လို့လဲ…"


" မဟုတ်သေးဘူး နင်…"


ရှုလီချန့်စိတ်ရှုပ်လာပြီး


" နင် သူတို့နဲ့ ပြဿနာရှိခဲ့ဖူးလို့လား…"


" မရှိဘူး…"


ကျန်းယန်ရှန့်အေးဆေးစွာပင်ပြောလာသည်။ 


ရှုလီချန့်‌ပြောမပြတတ်အောင်ဖြစ်နေသည်။ 


" ဒါဆိုနင်ဘာလို့…" 


" ဘာဖြစ်လို့လဲ…"


ကျန်းယန်ရှန့် သူမမျက်ခုံးအားပင့်လိုက်ကာ


" ဒီတရားမဝင်လောင်းကစားပွဲကိုတိုင်ပြီး နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လိုက်တာ ငါဘာမှားလို့လဲ…"


ယူဆချက်ကမှန်ပေသည်။ သို့သော်လည်း…သို့သော်လည်း…။


 နင်နောက်တစ်ကြိမ်အဲ့ဒီကိုထပ်သွားဖို့စဉ်းစားနေတယ်ဆိုရင်တော့ ယောင်လို့တောင်မစဉ်းစားမိစေနဲ့…"


" ရှုလီချန့်…နင့်ကိုငါပြောမယ်…နင်ဆေးလိပ်သောက်လို့ရတယ်…အရက်သောက်လို့ရတယ်… ဒါပေမယ့် လောင်းကစားလုပ်တာတို့…ဆေးချတာတို့

တော့လုပ်လို့မရဘူး…နင်နားလည်လား…"


သူ သူမအားကြည့်လိုက်ပြီး သူမကိုဘာကြောင့်အနည်းငယ်ကြောက်နေမိသည်ကိုသူရှင်းမပြတတ်ချေ။ ရှုလီချန် သူ၏လည်ပင်းနောက်ကျောဘက်မှအေးစက်


စက်အထိအတွေ့ကိုခံစားမိပြီး အသက်ရှင်ဖို့သာ စိတ်အားထက်သန်စွာခေါင်းငြိမ့်ပြလိုက်သည်။ 


" ငါသိပြီ …ငါသိပြီ…"


ကျန်းယန်ရှန့် သူမ၏ဦးထုပ်အားဆောင်းလိုက်ပြီး


" သွားကြမယ် ငါ့ကိုအိမ်ပြန်ပို့ပေးဦး…"


……


နေက စနေနေ့တွင်ကောင်းကောင်းသာနေပြီး မနက်စောစော၏လေများက လတ်ဆတ်နေသည်။ 


ယွဲ့စုန်ပစ်မှတ်ကိုထိသွားပြီး လူကြီးများကလည်းသူ့အား ချီးကျူးနေကြသည်။ 


"ကောင်းလိုက်တဲ့ရိုက်ချက်…"


ယွဲ့စုန်ပြုံးပြလိုက်ပြီးဘေးကပ်ရပ်ပေးလိုက်


သည်။ ထို့နောက်ဖုန်းဝင်လာ၍ ခမ်လှမ်းလှမ်းလျှောက်သွားလိုက်ပြီး ဖုန်းဖြေလိုက်သည်။ 


" ပြော အစ်မ…"


" မင်းသတင်းတွေ့ပြီးပြီလား…"


 ရွှယ်ရှင်းထုန်မေးလိုက်သည်။ 


"..."


"ဘာသတင်းလဲ…"


"ငါတို့မနေ့ကစောစောထွက်လာခဲ့မိလိုက်တာ ကံကောင်းသွားတယ်…"


ရွှယ်ရှင်းထုန် နဖူးကိုလက်ဖြင့်သပ်လိုက်ပြီး


" Jiao ရေကန်အနီးနားက လက်ဝှေ့ပွဲလေ မနေ့ညကအဖမ်းခံလိုက်ရတယ်…ငါသိတဲ့လူတော်တော်များများရဲစခန်းပါသွားကြတယ်…"


" အိုး…"


ယွဲ့စုန်အံ့ဩသွားသည်။ 


"..."


" မင်းအရမ်းတည်ငြိမ်နေတယ်…"


"အဲ့လိုမနေဘဲကျွန်တော်ကတုန်လှုပ်ပြနေရမှာလား…"


" အဲ့ဒီလိုနေရာမျိုးတွေ ရုတ်တရက်ဝင်အဖမ်းခံရတာတွေကဖြစ်နေကျပဲမလား…"


ဟု သူပြောသည်။ 


ရွယ်ရှင်းထုန်အလောတကြီးမေးလာသည်။ 


"ငါ့ကိုပြောစမ်းပါ…မင်းတိုင်ခဲ့တာမဟုတ်ဘူးမလား…"


ဤအရာကတကယ်ပင်အရေးကြီးသည်။ 


"ကျွန်တော်က မနေ့ကအိမ်ပြန်ရောက်ရောက်ချင်း တန်းအိပ်ပျော်သွားတာ…"


" ဒါပေမယ့် ကျွန်တော်မတိုင်ဘူးဆိုပေမယ့်လည်း အဲ့ဒါကောင်းတာပဲ…ဘယ်သူတိုင်လဲဆိုတာအရေးမကြီးပါဘူး…"


"တရားမဝင်လောင်းက‌စားပွဲလုပ်နေတာကိုတွေ့လို့သတင်းပေးရမှာကဒီနိုင်ငံသားတစ်ယောက်ရဲ့တာဝန်ပဲမဟုတ်လား…"


ဟု သူပြောလာသည်။ 


ဖုန်းထဲ၌အချန်အတန်ကြာတိတ်ဆိတ်သွားပြီးနောက်ရွှယ်ရှင်းထုန်ကျိန်ဆဲလိုက်သည်။ 


" သောက်ကောင်လေး…"


Xxxxxx