Chapter 20
Viewers 269

🏠 Chapter 20

အကောင့်ဟက်ခံရခြင်း



ယဲ့လီ မှတ်ချက်အကန့်ထဲမှ ထွက်လာပြီး trending list ကို ပြန်ကြည့်လိုက်သည်။ သူက အပေါ်ဆုံးက ပထမတစ်ခုကို ကြည့်လိုက်၏။ 


#ရှဲ့လုယွီရသစုံရှိုး


ထို့နောက် ဒုတိယတစ်ခုကို ကြည့်သည်။


#ကုချင်းချီ


နောက်ပိုင်းမှ အကြောင်းအရာများကလည်း ထိုခေါင်းစည်းများနှင့် ဆက်စပ်နေလျက် ရှိသည်။


#ရှဲ့လုယွီဟင်းချက်ခြင်း


#ကြောင်ကြောင်ကျားကျားပုံနှင့်ကျေးလက်ဒေသသို့အလည်သွားခြင်း 


အခြားခေါင်းစည်းများလည်း ရှိနေလေ၏။ ဤ trending ခေါင်းစီးက အနည်းငယ်‌ ကွဲပြားနေသည်။


#ရှဲ့လုယွီနင့်လက်ကိုအခုချက်ချင်းဖယ်လိုက်စမ်း


ရှဲ့လုယွီနှင့် သူ့ပရိသတ်များက အချစ်အမုန်း ဆက်ဆံရေး ရှိလေ၏။ ဤကဲ့သို့ အပြန်အလှန် ဆက်ဆံရေးက သူတို့အတွက် အတော်ကို ပုံမှန်ဖြစ်လေသည်။


မည်သို့ဖြစ်‌စေ ဤတွင် တစ်ခုခုက ထူးဆန်း‌‌နေကြောင်း ယဲ့လီ ခံစားမိနေဆဲပင် ဖြစ်သည်။ သူ ခဏမျှ တွေဝေနေသော်လည်း ခေါင်းစီးအား နှိပ်ကြည့်လိုက်ဆဲဖြစ်သည်။


 Ă—Ă—Ă—Ă—Ă—


အမြဲတမ်း ခေတ်နှင့်အညီနေတတ်သော ရှဲ့လုယွီကလည်း ဆိုဖာပေါ်၌ ထိုင်ကာ Weibo အား အထက်အောက်ဆွဲ၍ ကြည့်နေလေသည်။


အထက်အောက်ဆွဲကြည့်လျက်ပင် သူက သက်ပြင်းချလိုက်၏။


“ကူးစက်ရောဂါလို တကယ်ကြီးပြန့်သွားတာပဲ..." 


trending ခေါင်းစည်း တစ်ခုချင်းစီကို သူက လိုက်နှိပ်၍ ကြည့်နေကာ ၎င်းတို့အား တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့သည်။


ပထမဆုံးတစ်ခုက ကုချင်းချီ၏ hashtag ပင်ဖြစ်သည်။


“ဒီ hashtag က အတော်လေး မိုက်သားပဲ...ရိုးရိုးရှင်းရှင်းနဲ့ အဓိကကျတယ်...”


တစ်ယောက်‌ယောက်က ကုချင်းချီ၏ အကောင်းဆုံးအပိုင်းများကို စုစည်းမှုလုပ်ထားလေ၏။ ၎င်းက ပုံများနှင့် ဗီဒီယိုများ အတွဲလိုက်ဖြစ်သည်။ ရှဲ့လုယွီ ၎င်းတို့အားလုံးကို ကူးလိုက်ပြီး တစ်ခုချင်းအား အထူးသီးသန့် ဖိုင်တွဲထဲသို့ ထည့်ထားလိုက်သည်။ 


၎င်းတို့အား ကူးပြီးသွားသည့်အခါ ဖိုင်တွဲထဲကို နှိပ်ကာ သူ၏ စုဆောင်းမှုများအား ကြည့်လိုက်၏။


အနောက်တိုင်း စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့တုန်းက ကုချင်းချီရဲ့ ဗီဒီယိုဖြတ်ပိုင်းတွေ ပြည့်ပြည့်စုံစုံစုစည်းထားတာ စစ်ဆေးပြီးပြီ...


ရသစုံရှိုးက ကုချင်းချီရဲ့ ဗီဒီယိုဖြတ်ပိုင်းတွေကို ပြည့်ပြည့်စုံစုံ စုစည်းထားတာလည်း စစ်ဆေးပြီးပြီ...  


ပြီးသွားပြီဆို‌တော့ ဘာပြဿနာမှ မရှိတော့ဘူး...


ရှဲ့လုယွီ နည်းနည်း သံသယဝင်သွားလေသည်။


“ဘယ်လိုဖြစ်လို့ ဒီလောက်လေးပဲရှိ‌နေရတာလဲ...အဲဒါကအရမ်းနည်းတာပဲ..."


သူက ပြောဆိုနေလျက်ဖြင့် Weibo ဆီကို ပြန်သွားလိုက်ကာ ပိုကောင်းမွန်သည့်အရာများကို

ရှာနေလိုက်သည်။


သူက trending ခေါင်းစီး တစ်ခုစီကို တစ်ခုပြီးတစ်ခု အစမှအဆုံးထိ ကျော်ကြည့်နေ၏။


ထို့နောက် hashtag တစ်ခုကို သေချာအောင် တစ်ချက် ပြန်ကြည့်လိုက်သည်။


#ရှဲ့လုယွီနင့်လက်ကိုအခုချက်ချင်းဖယ်လိုက်စမ်း


"အိုးဟို... ဒီမှာငါ့ဟာတွေထဲက တစ်ခုလည်းရှိတာပဲ..."


ဤတစ်ခုက trending list ထဲ၌ အတော်လေးမြင့်သည့်ထဲ ပါလေ၏။ ရှဲ့လုယွီက trending list အစအဆုံး၌ နှစ်ရက်သုံးရက်တိုင်းတွင် နေရာယူလေ့ရှိသဖြင့် သူ ၎င်းအား အာရုံစိုက်သည်ကို ရပ်တန့်လိုက်ခြင်းက အလွန်ကို ကြာလှပြီ ဖြစ်သည်။ သတင်းအကောင်းသာမက အဆိုး နှစ်ခုလုံးအား ဆူညံသံ‌လေး နည်းနည်း ထွက်‌လာခြင်းဟုသာ မှတ်ယူလိုက်တော့သည်။ 


ရှဲ့လုယွီ သူ၏စိတ်ထဲ၌ စိုးရိမ်မှုတစ်ခုလေးတပင် မရှိဘဲနှင့် ထိုထဲသို့ နှိပ်ကြည့်လိုက်သည်။


ပထမဆုံး ပို့စ်က ဗီဒီယိုတစ်ခုသာ ဖြစ်သည်။


ဗီဒီယိုက စင်္ကြံလမ်းတစ်ခုနှင့် အစပြုလေ၏။ ၎င်းက အလွန်ခိုးကြောင်ခိုးဝှက်နိုင်သော ရှုထောင့်မှ ရိုက်ကူးထားခြင်း ဖြစ်လေသည်။ အနည်းငယ်မျှ ကြည့်ပြီးသွားသည့်အခါ ဗီဒီယိုက ဘာအကြောင်းကို ရိုက်ထားမှန်း ရှဲ့လုယွီ နောက်‌ဆုံးတော့ သိရှိသွားလေသည်။ 


၎င်းက ထိုနေ့ညက အရာဖြစ်သည်။ ရှဲ့လုယွီ ထိုနေ့ညက အဖြစ်ပျက်များအား ယခုထိတိုင် မှတ်မိနေသေး၏။


အသေးစိတ် တစ်ခုချင်းစီတိုင်းက အလွန် ကြည်လင်ရှင်းလင်းစွာပင်။ 


ကုချင်းချီက သူ့ရှေ့မှောက်တွင် ရပ်နေခဲ့သည်။ ခန္ဓာကိုယ်ကလည်း အနည်းကငယ် စိုရွှဲနေ‌သေးသည်။


ရေစက်လေးများက ဆံပင်အဖျားများ၌ တွဲလွဲခိုနေကြလေသည်။ 


အနက်ရောင် ဘောင်းဘီ ၊ ကြယ်သီးများပွင့်နေသည့် ဖောက်ထွင်းမြင်နိုင်သော အဖြူရောင်ရှပ်အင်္ကျီ၌ နက်ကတိုင်ကလည်း ပြေနေလေပြီး လည်ပင်းပေါ်တွင် တွဲလောင်း‌ဆွဲထားလေ၏။

 

ဘောင်းဘီက သူ၏ တင်ပါးများ‌ တစ်ဝိုက်တွင် ချောင်ချိစွာ ကျနေကာ လှပသော V line လေးအား ဖော်ပြထားလေသည်။


ထို့‌နောက် ရှဲ့လုယွီ ဗီဒီယိုကို စတင်၍ ကြည့်ရှုလေသည်။


ဗီဒီယို ကြာမြင့်မှုဘားက စတင် ရွေ့လျားလာ၏။


ကုချင်းချီ ရှေ့ကို လမ်းလျှောက်လာခဲ့သဖြင့် အနည်းငယ် ပို၍ ရှင်းလင်းစွာ မြင်လာနိုင်သည်။


ဗီဒီယိုက အလွန်ကြည်လင်သော်လည်း အဝေးမှနေ၍ ကြည့်ရှုရန် အနည်းအကျဥ်း ခက်ခဲမှုရှိလေသည်။ ထိုသို့ဆိုလျှင်ပင် သူ၏ အလှတရားကို စခရင်‌ပေါ်မှ ဖြတ်ကာ ခံစားကြည့်၍ ရနေ‌ဆဲဖြစ်သည်။ 


ပိုပြီးကြည့်လေလေ သူ့အား ပိုပြီးမြင်ရန် မစောင့်စားနိုင်လေလေပင် ဖြစ်သည်။ သူ့ထံသို့ ပိုပြီးနီးကပ်စွာ ထပ်၍နီးကပ်သည်ထက် ပို၍ နီးကပ်ချင်လာသည့်အတွက် သူ၏ဆံပင်ပေါ်မှ ဆံချည်မျှင်တိုင်းအား မြင်ရနိုင်လောက်သည်အထိပင်။   


သို့သော်လည်း ဤသည်က ထိုနေရာ၌ပင် ရပ်တန့်သွားလေ၏။ 


ရှဲ့လုယွီက လေသာဆောင်တံခါးအား တွန်းဖွင့်လာပြီး နှစ်ဦးသား အချင်းချင်း ဝင်တိုက်လုနီးပါး ဖြစ်သွားလေသည်။


ထို့ကြောင့် ကုချင်းချီက ရပ်သွားလေ၏။


ရှဲ့လုယွီက ကင်မရာနားသို့ နီးသထက်နီးလာပြီး စနောက်လိုဟန် ပြုံးလိုက်လေသည်။ သူက ယုတ်မာချင်‌သော အရှိန်အဝါမျိုးနှင့် လူရမ်းကားတစ်ဦးကဲ့သို့

ပင် ဆင်တူနေလေ၏။


သူ၏ အသက်ရှုသံများပေါ်မှ ဆေးလိပ်နံ့ပင် ရလုနီးပါး ဖြစ်သည်အထိ အလွန် နီးကပ်လာလေသည်။


ထို့ပြင် သူက ကင်မရာထံသို့ ပြုံးပြလာပြီး သူ့အပြုံးကြောင့် ပရိသတ်များ ကြက်သေသေနေကြချိန်မှာပင် သူက တွန့်ဆုတ်ခြင်း အလျဉ်းမရှိ ကင်မရာအား သူ၏ အင်္ကျီနှင့် ဖုံးကာလိုက်‌လေသည်။


ဗီဒီယိုကလည်း ရုတ်ချည်းပင် ရပ်တန့်သွားရသည်။


ငါတို့ မြင်လိုက်ကြတဲ့ အလှလေးက ပျောက်သွားပြီ....


မှတ်ချက်များ အကန့်တွင်လည်း " ရှဲ့လုယွီ နင့်လက်ကို အခုချက်ချင်း ဖယ်လိုက်စမ်း..." ဟူသော မှတ်ချက်များနှင့် အပြည့်ဖြစ်နေသည်။


သို့သော်လည်း ၎င်းတို့ တော်တော်များများက အမှန်တကယ်တွင် ရှဲ့လုယွီ၏ ပရိသတ်များပင် ဖြစ်ကြ‌‌လေသည်။


ကုချင်းချီက ဗီဒီယိုထဲ၌ ပေါ်လာခဲ့သည်မှာ ဆယ်စက္ကန့်ထက်ပင် မပို‌ခဲ့ချေ။ ထို့ပြင် သူက ကင်မရာနှင့် အတော်လေးဝေးသည့်အတွက် ဤပို့စ်အောက်၌ မျက်နှာ‌ပြောင်သူများ အများကြီးမရှိချေ။ 


ဤ‌ခေါင်းစီး trending list ထဲကို တိုးဝှေ့ ဝင်ရောက်လာခဲ့ရ‌‌သော အကြောင်းရင်းမှန်က အားလုံးက ရှဲ့လုယွီ၏ ကျေးဇူးများကြောင့်ပင် ဖြစ်၏။


ရှဲ့လုယွီထံ၌ ကြီးမားသောပရိတ်သတ် အရေအတွက် ရှိလေသည်။ သူတို့ထဲ၌ ပရိသတ် နှစ်မျိုးနှစ်စား ရှိလေ၏။ ပထမတစ်မျိုးက ရှဲ့လုယွီ၏ နောက်ကို နှစ်များစွာကြာအောင် လိုက်ခဲ့ကြသော နှစ်ရှည်ပရိသတ်များဖြစ်သည်။ သူတို့က အများအားဖြင့် အတော်လေးပင် အေးအေးဆေးဆေးနှင့် သက်သက်သာသာ နေတတ်ကြလေသည်


အခြားတစ်မျိုးက ပရိသတ်အသစ်ကလေးများပင် ဖြစ်သည်။ သူတို့က ပိုပြီး ငယ်ရွယ်လေ့ရှိကာ သူတို့၏ အင်အားပြည့် ရန်ပွဲများနှင့် ချိန်းပွဲများကလည်း အလွန်အမင်း များပြားလှသည်။ သူတို့ စည်းကျော်မှုများက ထူးကဲလေ၏။ သဘောထားမကိုက်ညီသည့် မှတ်ချက်လေး တစ်ခုကပင် သူတို့ကို ရန်စရာ ရောက်လေသည်။ 


မည်သို့ဖြစ်စေ သူတို့ထဲမှ တစ်‌ယောက်မှ ရှဲ့လုယွီနှင့် စကားခံမပြောနိုင်ကြချေ။ ရှဲ့လုယွီက သူတို့အား အဆဲစကားလုံး တစ်လုံးပင် မပါဘဲ တစ်နေ့လုံး ဆူနိုင်လေသည်။


စင်စစ် သူတို့ စပြီး ပြဿနာရှာသည်နှင့် ရှဲ့လုယွီထံမှ သူတို့နေရာသူတို့ ပြန်ထားခြင်းခံရ‌‌သောကြောင့် သူတို့ အလွန်ကို မစဉ်းစားမဆင်ခြင်ဘဲ လုပ်လေ့မရှိချေ။ 


ပရိတ်သတ်နှစ်မျိုးကြားထဲ၌ တစ်ပုံစံတည်း တိုးတက်မှု အနည်းအကျဥ်း ရှိလေ၏။  


အချိန်ကြာသွားသည့်အခါ ထိုပရိသတ်အသစ်ကလေးများကလည်း နှစ်ရှည်ပရိသတ်များ ဖြစ်လာပြီး သူတို့၏ အေးအေးလူလူနေတတ်သော ပုံစံနှင့် ကျင့်သားရသွားကြလေသည်။


ရှဲ့လုယွီ ချိန်းတွေ့သည့် မကောင်းသတင်းများ ထွက်လာသည့်အခါ သူတို့က "ဟားဟားဟား" ဟူ၍သာ တုံ့ပြန်ကြလိမ့်မည်။ ရှဲ့လုယွီ အခြားအနုပညာရှင်တစ်ယောက်နှင့် အဆင်မပြေဖြစ်သည်ဟု ကောလဟာလ ထွက်လာသည့်အခါ၌လည်း သူတို့က "ဟားဟားဟား" ဟုသာ တုံ့ပြန်ဦးမည်ပင်။


လူပြိန်းကြိုက် သတင်းသမားများ မည်သည်ကိုရေးရေး သူတို့က ဖြတ်သွားဖြတ်လာ ဖရဲသီးစားသူများ ကဲ့သို့ "ဟားဟားဟား" ဟူ၍သာ တုံ့ပြန်ကြမည် ဖြစ်၏။ ၎င်းတို့၏ မှတ်ချက်များကိုသာ ဝင်ကြည့်ရုံနှင့် သူတို့က ပရိသတ်များ ဖြစ်ကြောင်း ပြောနိုင်လိမ့်မည်ပင် မဟုတ်ချေ။ 


မှတ်ချက်များ အတွင်း၌ အချို့လူအနည်းငယ်က ထဖောက်၍ အခြားမလိုအပ်သည့် အ‌ကြောင်းအရာများအား ရေးနေကြလေသည်။


[ရှဲ့ကောက ရသစုံရှိုးကို တကယ်ကြီး သွားခဲ့တာလား... ငါ့ကိုပြောကြစမ်းပါ...ဒီနေ့ ဘယ်အရပ်ကနေ နေထွက်လာတာလဲဆိုတာ..."


[အားးးး...ရှဲ့ကောက‌တောင် ပိုချောနေသေးတယ်...]


[ရှဲ့ကောကတော့ အရင်အတိုင်း ရှဲ့ကောပါပဲ...ပုံမှန်အတိုင်း သူက မဟုတ်တရုတ် လုပ်နေပုံကို မရဘူး..."


မည်သို့ဖြစ်စေ အများဆုံးအပိုင်းက " ရှဲ့လုယွီ နင့်လက်ကို အခုချက်ချင်း ဖယ်လိုက်စမ်း..." ဟူသော တစ်ပုံစံတည်း တူညီသည့် အုပ်စုလိုက် မှတ်ချက်များပင် ဖြစ်သည်။


ရှဲ့လုယွီက တူညီသည့် မှတ်ချက်အကန့်ထဲကို ကြည့်ကာ အောက်ကိုဆွဲချလိုက်သည်။ ထိုအချိန်က အခြေအနေ၌ သူ အလျင်အမြန် တုံ့ပြန်လိုက်မိသည်ကို အလွန်ကျေးဇူးတင်နေမိ‌လေသည်။ 


သူက သက်ပြင်းချလျက် သူ့ကိုယ်သူ ခေါင်းပြန်ပုတ်‌‌ပေးနေလေ၏။ 


“‌ တေလေဂျပိုး‌တွေ အုပ်လိုက်ကြီးပဲ...သူတို့ရဲ့ အကျင့်ပျက်‌နေတဲ့ အပြုအမူတွေကိုလည်း ကြည့်ဦး...ငါက အ‌တွေးမြန်တဲ့သူဖြစ်‌နေလို့ တော်သေးတာပေါ့...မဟုတ်ရင် ဒီအဆိုးအပေတွေက သူတို့မြင်သင့်တာထက် ပိုပြီးမြင်သွားကြတော့မှာ..." 


သူ၏ မတည်ရှိနေသော ရှေ့ဆံပင်များအား လေတစ်ချက် ရှုထုတ်လိုက်သည်။ 


“ဒီငဆိုးင‌ပေတွေ ငါ့ကို လာပြီး အနိုင်ကျင့်နေတာ နှစ်ရာချီထက်‌တောင် ပိုစောနေလောက်တယ်..."


×××××


ယဲ့လီလည်း ဗီဒီယိုကို ကြည့်၍ ပြီးသွားခဲ့ပြီးဖြစ်သည်။ အေးဂျင့်တစ်ယောက် အနေနှင့် သူ၏ ပင်ကိုတုံ့ပြန်မှုက သူတို့က ဤအရာနှင့် ဆူညံမှုအချို့ ပြုလုပ်နိုင်ကြရန်သာ ဖြစ်သည်။


သို့သော်လည်း သူက ဤအကြံအား‌ ခေါင်းထဲမှ ခပ်မြန်မြန် ဖယ်ထုတ်လိုက်သည်။

ရှဲ့လုယွီရဲ့ ပရိသတ်‌တွေက ပုံမှန်ဆို အပူပင်ကင်းကင်းနဲ့ အေးအေးဆေးဆေးပဲ နေ‌နေတတ်ကြတဲ့ ပုံပေါ်ပေမယ့် သူတို့က သူတို့‌တွေရဲ့ idol နဲ့တောင် မခံချိမခံသာ စကားတွေ နေ့တိုင်းကို ဖလှယ်ပြီး ဖြတ်သန်းနေကြတာလေ....


ဒါပေမယ့် တွေးလိုက်တဲ့ အရာတွေ တကယ်ဖြစ်လာတဲ့ အခါကျရင် သူတို့က ရှေ့ဆုံးကနေပြီး ညီညွတ်ကြတယ်... ရှဲ့လုယွီကလည်း ပါးစပ်ဖွင့်လိုက်တာနဲ့ မပြောရဲတဲ့အရာ ဘာမှရှိတာမဟုတ်ဘူး... ရှဲ့လုယွီ စကားတစ်လုံးပြောလိုက်သရွေ့ သူတို့တွေက အရင်ဆုံး အပြေးအလွှားသွားလုပ်ကြမှာပဲ.... 


ကုချင်းချီ၏ အရှိန်အဟုန်ကလည်း ကောင်းနေပြီးသားပင် ဖြစ်သည်။ သူ၏ ‌အုတ်မြစ်ကိုခိုင်ခံအောင် လုပ်ရန်အတွက် ကောင်းမွန်သည့် ပရိသတ်အရေအတွက်‌ကိုလည်း စုဆောင်း‌မိနေပြီပင် ဖြစ်သည်။ သူတို့အများစုက မျက်နှာပြောင်ကြသူများသာ ဖြစ်သော်လည်း အားလုံးက တက်ကြွသည့် ပရိသတ်များဖြစ်ကြပြီး အလွန့်အလွန်ကိုလည်း တက်တက်ကြွကြွ ရှိကြလေသည်။


ငါတို့ကိုယ်ငါတို့ ပြန်ပြီး ပြဿနာရှာစရာ အကြောင်းပြချက် တစ်ခုမှ မရှိဘူး....


ထပ်‌ပေါင်းပြောရရင် ဒီတစ်ကြိမ် ကုချင်းချီ ရခဲ့တဲ့ ကျော်ကြားမှုတွေအတွက် ရှဲ့လုယွီကို ကျေးဇူး‌တောင်တင်ရဦးမယ်..


တစ်စုံတစ်ယောက်၏ ကုတ်အင်္ကျီနောက်မြီးစမှ တက်စီးသွားရခြင်းက သေချာပေါက် လွယ်ကူလေ၏။

ဒါက ပထမဆုံးအကြိမ် ဖြစ်နေ‌တာမလို့ သူ့ရည်ရွယ်ချက်နဲ့ သူ ငါတို့ကို အကြပ်အတည်းကနေ လွတ်အောင် ကူညီပေးလိုက်တာပဲနေမှာ...


ဘယ်လိုပဲဖြစ်ဖြစ် ‌ဒုတိယတစ်ခေါက်ထပ်ပြီး သူ့အပေါ် အခွင့်ကောင်းယူဖို့ ကြိုးစားလိုက်ရင် ရိုင်းရာကျသွားလိမ့်မယ်...


ဒီမှာပဲ ကြိုပြီး ရပ်လိုက်တာ ပိုကောင်းတယ်...


ယဲ့လီက ကိစ္စများ ပြီးမြောက်သွားပြီဟု တွေးလိုက်ကာ ကုချင်းချီထံ ဖုန်းခေါ်လိုက်၏။


သူ၏ ယခင်အတွေ့အကြုံများက သူတို့နှစ်ဦးလုံး စိတ်တူကိုယ်တူ ဖြစ်နေရန် လိုအပ်ကြောင်း ထောက်ပြနေသည်။

“မင်းနဲ့ ရှဲ့လုယွီတို့ကြားမှာ ဘာမှမဖြစ်ခဲ့ကြဘူး မလား..."


ကုချင်းချီက ယခုမှ အိပ်ရာနိုးလာပုံရသည်။ သူက ဖြည်းညင်းစွာ စကားစပြောလာသည်။

“ဘာမှမဖြစ်ပါဘူး..."


“အဲဒါ‌ ကောင်းတယ်...သူက မင်းထက် မတူညီတဲ့ အလုပ်လမ်းကြောင်းပေါ် ရောက်နေတာ...တစ်‌ယောက်ယောက်အ‌ပေါ် မှီခိုလို့ ကောင်းတယ်ဆိုရင်တောင် အကုန်လုံးကို တစ်လှမ်းချင်း လှမ်းယူရတာပဲ ပိုကောင်းပါတယ်"  


ယဲ့လီက သိမ်မွေ့စွာ အရိပ်အမြွက် ချပေးလိုက်သည်။


ကုချင်းချီက 'အင်း' ဟု တုံ့ပြန်လေ၏။ နောက်ဆုံး၌ သူ လေးနက်စွာ ပြန်ဖြေလာသည်။

“စိတ်မပူပါနဲ့...ဘာကိစ္စမှမရှိခဲ့ပါဘူး...အထူးသဖြင့် ရှဲ့လုယွီနဲ့ပေါ့..."


ယဲ့လီ ပြုံးလိုက်၏။

“မင်း ငါ‌ပြောချင်တာကို နားလည်လိမ့်မယ်လို့ ငါထင်သားပဲ...မင်း ချစ်သူရည်းစား ရသွားခဲ့ရင်လည်း ငါ့ကို တင်ပြဖို့ သတိရဦး...အဲလိုဆိုရင်တောင် ငါကတော့ တစ်ယောက်မှ မထားဖို့ပဲ အကြံပေးချင်တယ်..."


ယဲ့လီ အရာအားလုံးကို ရိုးရိုးသားသား ပြောချလိုက်ပြီး ကုချင်းချီအား ရှင်းပြလာသည်။

“ငါ မင်းကို ဝေဖန်နေတာ မဟုတ်ရပါဘူး...လူသစ်တွေအတွက် လွယ်ကူတယ်လို့ ငါ တကယ် မခံစားနေရရုံပါကွာ...ဒီအသိုင်းအဝိုင်းက ဘယ်တော့မှ အဲလို အလေ့အထတွေကို တကယ် ရပ်ပစ်မှာ မဟုတ်ဘူးဆိုတာ မင်းသိတယ်မလား..."  


ယဲ့လီ ကုချင်းချီအား အသေးစိတ်ကျကျ မပြောပြခဲ့‌‌သော်လည်း ဆိုလိုရင်းကို သူ ကောက်ချက်ချနိုင်သေးသည်။

ဒီအသိုင်းအဝိုင်းထဲမှာ ရှုးဂါးဒယ်ဒီတွေနဲ့ ရှုးဂါးဘေဘီတွေလိုမျိုး အ‌ကြောင်းအရာတွေက ပြတ်လပ်နေတာမျိုးမှ မရှိတာ... 


“ရှဲ့လုယွီကိုပဲ ကြည့်...သူက ရုပ်ရှင်ဧကရာဇ်တစ်

ယာက် ဖြစ်တဲ့အပြင် ဒီအသိုင်းအဝိုင်းမှာ အရေးပါတဲ့ လူတစ်ယောက်ပဲ...ငယ်ငယ်ရွယ်ရွယ်နဲ့ အလားလာကောင်းပြီးတော့ ဆွဲဆောင်မှုလည်း ရှိနေသေးတယ်...မင်းသူ့ကို ကပ်လိုက်ရုံနဲ့ တစ်တန်လောက်ရှိတဲ့ ကျော်ကြားမှုတွေ ရနိုင်ဖို့လောက်ကတော့ အရမ်းလွယ်တာပေါ့...အဲအောင်မြင်မှုရဲ့ အရသာကို ခံစားလိုက်ကြရပြီး အဲဒါ‌နဲ့ပဲ ဖြားယောင်းခံလိုက်ရတဲ့ လူတွေလည်း အများကြီးပဲ ရှိတယ်..."

 

ကုချင်းချီအား သူက စိတ်ပါလက်ပါ အကြံပေးနေလေ၏။ ကုချင်းချီ ကတိ များစွာ ပေးလိုက်ရသည်။ သူက ဤအရာများအား မရှုပ်ထွေးသွားစေချင်ခဲ့ပေ။


“ဒါ‌ပေမယ့် ဒီလောက်နှစ်တွေ အကြာကြီး ရှဲ့လုယွီက အခုထိ အဆင်ပြေ‌ပြေနဲ့ ကောင်းကောင်းအောင်ရှိနေပြီးတော့ သူ့ကို အချောင်နှိုက်ချင်ကြတဲ့ စတားအများစုကတော့ အကုန်မရှိကြတော့ဘူး...ရှဲ့လုယွီက သွားရှုပ်သင့်တဲ့လူ မဟုတ်ဘူး ... ဒါကြောင့် သူနဲ့ ဖြစ်နိုင်သမျှ အဝေးဆုံးမှာ နေနေလိုက်တာ အကောင်းဆုံးပဲ..." 


ကုချင်းချီ ကြိုးကြိုးစားစား နားထောင်နေပြီး‌ 'အင်း'ဟု ပြန်ဖြေလိုက်သည်။ သူလည်း ၎င်းကိုတွေးထားခဲ့ပြီးဖြစ်သည်။ ယဲ့လီ မမြင်နိုင်လျှင်ပင် သူက ခေါင်းညိတ်‌ပြလိုက်‌သေး၏။

"ကျွန်တော် သူနဲ့ ဝေးဝေး နေပါ့မယ်…"


သူ့လေသံက အရမ်းနာခံမှုရှိတာပဲ....


ယဲ့လီ အလွန် ကျေနပ်သွားလေသည်။ စိုးရိမ်မှုကင်း‌စသည့် ဤကဲ့သို့ အနုပညာရှင် တစ်ယောက်ကို ရထားခြင်းက အလွန့်အလွန်ကို ကံကောင်းပေသည်။


ထို့နောက် သူ ဖုန်းချလိုက်ကာ Weibo ပေါ်၌ ဆက်၍ အထက်အောက် ဆွဲကြည့်နေလိုက်သည်။ သူက ခဏမျှကြာပြီးတိုင်း follower အရေအတွက်အား တစ်ခေါက်လျှင် တစ်ခါမျှ သွားကြည့်နေခဲ့၏။ follower နံပါတ်များကလည်း တဖြေးဖြေး တိုးလာပြီး သူ့အားအောင်မြင်မှု၏ အရသာကို ပေးစွမ်းနေလေသည်။  


သူ အထက်ကို ဆွဲကြည့်နေလျက် ရုတ်ချည်းပင် တစ်စုံတစ်ခုက မူမမှန်‌နေဟု သဘောပေါက်လာခဲ့သည်။ သူ မှတ်ချက်များထဲ ဂရုတစိုက် ကြည့်ရှုလိုက်ပြီး ရှဲ့လုယွီမှ ကုချင်းချီအား follow လုပ်လိုက်သည်အား တွေ့ရှိသွားရသည်။ သူက အလွန် အကျဥ်းချုပ်ထားသော Weibo ပို့စ်တစ်ခုကိုပင် ပို့လာခဲ့သေးသည်။


အရမ်းယဉ်ကျေးပြီး လိမ္မာတဲ့ ကလေးပါ...

@ကုချင်းချီ


အောက်တွင် တစ်ပုံစံတည်း တူညီလုနီးပါးရှိသော မှတ်ချက်များက အုပ်စုလိုက်ကြီးပင် ဖြစ်‌နေသည်။


[ဆောရီးပါ ငါတော့ သူ့ကိုပဲ ကိုယ်စား Stan လိုက်တော့မယ်နော်...]


ဤမှတ်ချက် တစ်ခုတည်းကပင် အကြိမ်ရာချီ၍ မြောက်များစွာ တစ်ပုံစံတည်း ရှိနေကြ၏။ ရှဲ့လုယွီ၏ ပရိသတ်များက ဤကဲ့သို့ ပြုမူရသည်အား နှစ်ခြိုက်ကြလေသည်။ 

သူတို့က အလုပ်အတွက် မှတ်တမ်းနေတာလား ဘာလားပဲ...


သူတို့ ရေတပ်ကြီး တစ်ခုကဲ့သို့ မပြုမူသေးသည့် အချိန်ထိ သူတို့က တက်တက်ကြွကြွ ပရိသတ်လေးများသာ ရှင်းရှင်းလင်းလင်း ဖြစ်နေကြဦးမည် ဖြစ်သည်။ 


အခြားမှတ်ချက်များကို ရှာရန်ပင် အတော်လေးကို ဆွဲတင်လိုက်ရ၏။ 


[ဒီနေ့ ရှဲ့ကောလေသံက အတုကြီး ကျနေတာပဲ...]


[ရှဲ့ကောလည်း ပုံမှန်ဆန်ဆန် လုပ်လာလိမ့်မယ်လို့ မယုံကြည်နိုင်‌သေးဘူး...]


[ ရှဲ့ကောရေ တကယ်လို့သာ မင်းပြန်‌ပေးဆွဲခံနေရတယ်ဆိုရင် မျက်တောင်နှစ်ချက် ခတ်လိုက်ပါ...] 


[ရှဲ့ကော မင်းက ရှုးဂါးဒယ်ဒီလား ရှုးဂါးဘေဘီလားဆိုတာ ငါ့ကို ပြောပြပါဦး...]


[ ငါမင်းတို့အတွက် စစ်ကြည့်ပေးထားပြီးပြီ... ရှဲ့ကောက ရှုးဂါးဒယ်ဒီပဲ...ငါ့ကို ဘယ်လိုသိလာတာလဲဆိုတာ မမေးကြဘဲ မျက်နှာကိုသာ ကြည့်လိုက်ကြ... ပြီးတော့ ငါမေးချင်သေးတယ် ရှဲ့ကောရေ မင်းမှာ ငါ့ဆီမှာမရှိတဲ့အရာ ဘာများရှိနေတာလဲလို့...ဝူးဝူးဝူး...ငါ အရမ်းကို မနာလိုဖြစ်‌နေမိပါပြီ‌နော်...]


ယဲ့လီ အနည်းငယ် စိတ်ရှုပ်စွာနှင့် ဖုန်းကို လက်က ချလိုက်သည်။ 


ငါ မရိုးမဖြောင့်ဘဲ ကျော်ကြား‌‌အောင် လုပ်ဖို့ မကြိုးစားတော့ဖို့ ဆုံးဖြတ်ပြီးသွားပြီ‌ကို ဘာလို့များ ကျော်ကြားမှုကတော့ ငါ့ကို အဲဒါနဲ့ဝေးအောင် မလုပ်ပေးနိုင်ရတာလဲကွာ... 


အခြေခိုင်နေသည့် အနုပညာရှင်တစ်ယောက်က အေဂျင်စီတူသော လူသစ်လေးအား အကူအညီ‌ပေးခြင်းက မထူးဆန်းသော်လည်း ထိုလူက ရှဲ့လုယွီ ဆိုလျှင် ကွာခြားသွားလေပြီဖြစ်၏။


ရှဲ့လုယွီ မည်သည်အား လုပ်ရန် ကြိုးစားနေသလဲ ဆိုသည့် အတွေးထဲ ယဲ့လီ နက်ရှိုင်းစွာ ကျဆင်းသွားခဲ့လေသည်။ ထပ်ကာထပ်ကာ တွေးကြည့်ပြီးသွားသည့်အခါ ရှဲ့လုယွီနှင့် ဖြစ်နိုင်သည့် အရာတစ်ခုမှ ရှိပုံမရချေ။ 


အင်တာနက် အသုံးပြုသူများက ရှဲ့လုယွီမှ ကုချင်းချီအား စိတ်ဝင်စားမည်က လုံးဝဖြစ်နိုင်စရာမရှိဟု ဟာသ လုပ်နေကြသကဲ့သို့ပင်ဖြစ်သည်။ ယဲ့လီ ချက်ချင်းပင် ထိုဖြစ်နိုင်ချေများအား ဆန့်ကျင်လိုက်သည်။


ဖန်ရှောင်ချန်ကသာ ကုမ္ပဏီတစ်ခုတည်းမှ ကုချင်းချီကို အလားအလာကောင်းသည့် လူသစ်‌လေးအဖြစ် မြင်ပြီး ကောင်းမွန်သည့် ဆက်ဆံရေးအား ထိန်းသိမ်းထားချင်၍ ဟူသည်ကပင် ပိုဖြစ်နိုင်ချေရှိလေ၏။


မည်သို့ပင်ဆိုစေကာမူ ၎င်းက အနည်းငယ် ထူးဆန်းနေဆဲပင်ဖြစ်သည်။ ဖန်ရှောင်ချန်က ကိစ္စများအားဖြေရှင်းရာ၌ အလွန်တော်လေ၏။ ယနေ့ဖြစ်ပျက်သွားသည့် အရာ‌ဖြစ်သော စကားလုံးအကျဉ်းချုပ်‌လေးက အဆင်ပြေသော်လည်း ၎င်းက တကယ့်ကို မလုပ်မဖြစ် မလိုအပ်ချေ။


အာ..‌.မေ့လိုက်‌တော့... ဘာပဲဖြစ်ဖြစ် လောလောဆယ် တိုးတက်နေတဲ့ trend က အတော်လေး ကောင်းရှာပါတယ်...


ယဲ့လီ စာမျက်နှာအား အသစ်ပြန်လည် စတင်လိုက်ပြန်သည်။ ပရိသတ်အရေအတွက်က ၄၅၀၀၀၀ အဖြစ် တိုးလာခဲ့သည်။ 


ကြောက်ဖို့ကောင်းလိုက်တဲ့ တိုးတက်မှုနှုန်းကြီး...


×××××


ဖန်ရှောင်ချန်ကလည်း Weibo ကို အထက်အောက် ပွတ်ဆွဲနေလေသည်။ ဖျော်ဖြေရေးလောကထဲမှ လူများ အားလုံးက အင်တာနက်ကို အနည်းနှင့်အများ စွဲလမ်းကြသည်သာ ဖြစ်ပြီး ဖန်ရှောင်ချန်ကလည်း ချွင်းချက် မဟုတ်ချေ။ 


ဒါပေါ့ ရှဲ့လုယွီလို စွဲစွဲလမ်းလမ်း ဖြစ်နေတဲ့ လူမျိုးတွေကျ အတော်လေး ရှားပါးတာပေါ့....


သူ ပွတ်ဆွဲနေလျက်ပင် ထူးကဲလှသော follow လုပ်လိုက်သည့်ထံမှ Weibo အသိပေးစာကို သူရရှိလိုက်၏။ 


ဖန်ရှောင်ချန်၏ နှလုံးခုန်သံက ချက်ချင်းပင် နှစ်ချက်မျှ ကျော်၍ ခုန်သွားလေသည်။


သူ အထူးတလှယ် follow လုပ်ထားသည့် တစ်ခုတည်းသော အကောင့်က ရှဲ့လုယွီပင် ဖြစ်သည်။ ရှဲ့လုယွီ၏ Weibo အား သူ၏အဖွဲ့မှ စီမံရလေသည်။‌ အကောင့်က တင်လိုက်သည့် အရာမှန်သမျှက သူ့ထံကို ဦးစွာဖြတ်‌ကျော်လာရလေသည်။


သူ၏ ယခင်မှတ်တမ်းများ‌ကြောင့် ရှဲ့လုယွီက အကောင့်၌ ပို့စ်တင်ရန် လုပ်ပိုင်ခွင့်ကို ပြန်သိမ်းယူသွားပြီးဖြစ်သည်။ 


ရှဲ့လုယွီက သူ့အကောင့်စကားဝှက်ကိုပင် တိတ်တိတ်‌ကလေး ပြန်ပြောင်းပြီးသွားပြီပင် ဖြစ်သည်။ 


ဖန်ရှောင်ချန်က အကြောက်တရားကြောင့် တုန်လှုပ်နေလျက် အသိပေးစာအား ဖွင့်လိုက်လေသည်။ သူ ပို့စ်အား ဖတ်ပြီးသွားသည့်အခါ_ 


?


သူ အကောင့်များ အဟက်ခံလိုက်ရတာလားဟ...



🏠🏠🏠


သူ ဆိုတာက ရှဲ့လုယွီကို ပြောတာပါ