အပိုင်း ၂၄၅-၂၄၆
Viewers 28k

Part 245


ကျမ်းဟွမ်က သဘာဝကျကျဖြင့်မေးလိုက်သည်။


 " ဘယ်ကျောင်းတက်တာလဲ…"  


"ကေတက္ကသိုလ်ပါ…အဘိုးကလည်း အသက်ကြီးပြီ…မိဘတွေကလည်း မကြာခဏအဝေးက်ိုသွားရတတ်တယ်…အဲ့တာကြောင့် အဝေးကြီး မသွားချင်လို့ နီးနီးနားနားက ကျောင်းကိုပဲ ရွေးခဲ့တာပါ…"


ယွဲ့စုန်က ပြောလိုက်သည်။


 ကျန်းယန်ရှန့်က ဖြတ်ပြောလိုက်သည်။ 


 "ဟေး…အဲ့တာက အစ်မချီချီတက်တဲ့ကျောင်းနဲ့အတူတူပဲမဟုတ်လား…"    


"ဦးလေးတူမတစ်ယောက်လည်း ကေတက္ကသိုလ်မှာရှိတယ်ကွဲ့…"


"ကျန်းချီ ဟုတ်တယ်မလား.. " 


ယွဲ့စုန်က ပြောလိုက်သည်။


 ကျမ်းဟွမ် အံ့ဩသွားရသည်။


 "အိုး…အချင်းချင်းသိနေကြတာလား…" 


 " ကျွန်တော်တို့အားလုံးက ကျောင်းသားသမဂ္ဂထဲမှာ ပါတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီဖူးတယ်လေ…"    


ထိုစကားများအား ပြောခြင်းသည် လောကဝတ်တစ်ခုသာဖြစ်ပြီး သိပ်မခင်ပါဟု ပြောခြင်းဖြစ်သည်ကို ကျန်းဟယ်လင်းမှလွဲ၍ ထမင်းစားစားပွဲရှိလူများ အားလုံးသိကြလေသည်။ ရှုလီချန်မှာကျန်းယန်ရှန့်၏ ဝမ်းကွဲအစ်မအား မသိသောကြောင့် မည်သို့မျှ မခံစားရပေ။ သို့သော် ကျန်းဟွမ်နှင့် ကျန်းယန်ရှန့်တို့ အဖို့မူ နီးစပ်သည့် ဆွေမျိုးများ ဖြစ်ကြသောကြောင့် ယွဲ့စုန်နှင့် ကျန်းချီ၏ ခင်မင်မှုအတိုင်းအတာအား ရှင်းလင်းစွာ သိလေသည်။


နောက်ဆုံးတွင် ယွဲ့စုန့်မှ စကာ ကျမ်းဟွမ်အား ညစာအတူစားရန် ဖိတ်၍ လေးလေးစားစားနှင့် ချစ်ခင်စွာ စကားပြောကာ အတူတူရယ်မောခဲ့ကြသည်။ ထိုကိစ္စအား နောင်တစ်ချိန်တွင် တစ်ယောက်ယောက်မှ မေးလာခဲ့ပါက  တစ်ယောက်နှင့်တစ်ယောက် သာမန် ဆက်ဆံရေး ထက်ပိုသည်ဟု သေချာပေါက်ပင် ပြောဖြစ်ပေမည်။    


ထမင်းဝိုင်းကလေးသည် အလွန်ပင် စည်းဝါးကိုက်နေကြသော်လည်း ကျမ်းဟွမ်သည် အိမ်သာသို့ ထသွားသောအခါ ယွဲ့စုန့်က ရှုလီချန်နှင့် ကျန်းယန်ရှန့် တို့ဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်သည်။


 "လီချန်က …ယန်ရှန့်ရဲ့ ကောင်လေးလား…"


အချိုရည်သောက်နေသည့် ရှုလီချန်ခမျာ ပါးစပ်ထဲမှ အချိုရည်များ ဖွီးကနဲထွက်သွားရလေသည်။ စားပွဲဝိုင်းတွင် ထိုင်ခုံများမှာ-ကျမ်းဟွမ်က အဓိကနေရာ၊ ကျန်းယန်ရှန့်တို့ ရောက်လာသောအခါ သူ ကျမ်းဟွမ်နားသို့ ပြောင်းထိုင်လိုက်လေသည်။ ထို့ကြောင့် ကျန်းယန်ရှန့်က ယွဲ့စုန်ဘေး၊ ရှုလီချန်က သူမဘေး၊ ကျန်းဟယ်လင်းက ရှုလီချန်နှင့် ကျမ်းဟွမ်တို့ ကြားတွင် ထိုင်လေသည်။    နာရီလက်တံအတိုင်း စဉ်ထားခြင်းပင်ဖြစ်သည်။ 


 ယွဲ့စုန် ၊ ကျန်းယန်ရှန့် ၊ ရှုလီချန် ၊ ကျန်းဟယ်လင်း၊ပြီးနောက် ကျမ်းဟွမ် ......


 ယွဲ့စုန် စကားကြောင့် ရှုလီချန် ကြောက်လန့်တကြား ဖြစ်သွားရလေသည်။ သူ့ညာဘက်တွင် ကျန်းယန်ရှန့် ရှိသောကြောင့် ကျန်းယန်ရှန့်ဘက်သို့ ထွေးထုတ်ရန် သတ္တိမရှိသဖြင့် ဘယ်ဘက်လှည့်ကာ ကျန်းဟယ်လင်း၏ စကတ်ပေါ်သို့သာ ထွေးထုတ်လိုက်လေသည် ။    ကျန်းဟယ်လင်း၏ ပန်းကလေးကဲ့သို့ အရောင်အသွေးစုံလင်စွာ ပြုံးရွှင်နေသော မျက်နှာသည်  မျက်ရည်များဖြင့် ပြည့်သွားရလေသည်။သူမသည် တစ်ကယ်တမ်းတွင် အစ်မဖြစ်သူအား အတုခိုးကာ အေးစက်ခြင်ယောင် ဆောင်နေခြင်းဖြစ်ပြီး အယ်လ်ဖာ အလွန်ဖြစ်ချင်လှသည် ။ ယခုကဲ့သို့ အခြေအနေမျိုး ကြုံလာသောအခါ အားနည်း ၊ သနားစရာကောင်းနေသော သူမပင်ကိုယ်စရိုက်အား ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားရသည်။   


ရှုလီချန်က ချောင်းဟန့်လိုက်သည်။ 


"အဟမျး…အဟမျး…အဟမျး…" 


ထို့နောက် တစ်ရှုးအား ဆွဲယူကာ  သူ့ပါးစပ်သို့ သုတ်ပြီး တစ်ရှုးအနည်းထပ်ယူကာ ကျန်းဟယ်လင်း၏ စကတ်အားသုတ်ပေးကာ တောင်းပန်လိုက်လေသည်။


" အစ်ကို တောင်းပန်ပါတယ်…အစ်ကိုတောင်းပန်ပါတယ်…မငိုပါနဲ့…မငိုနဲ့နော်...ပြီးရင် အောက်ဆင်းပြီး စကတ်အသစ်သွားဝယ်ပေးမယ် ဟုတ်ပြီလား…"


သို့သော် ကျန်းယန်ရှန့်သည် ယွဲ့စုန်အား ကြည့်နေရမိသည် ယွဲ့စုန်သည် တစ်နေကုန် ငြင်သာနူးညံ့ပုံပေါက်နေသဖြင့် ကျန်းယန်ရှန့် တစ်ခုခုမှားယွင်းနေသည်ကို ခံစားနေရသောကြောင့် သူ့အား အသေအချော ကြည့်နေမိသည်။ယွဲ့စုန့်သည် လုံးဝပင် သူစိမ်းတစ်ယောက်ဖြစ်သော်လည်း သူသည် သူမ အရင်ဘဝ က သူမ အခန်းထဲသို့ပြေးဝင်လာကာ ကယ်တင်ခဲ့သူဟု သူမခံစားရနေလေသည်။ကျန်းဟွမ် ထွက်သွားသည်နှင့် သူ၏ စရိုက်တစ်မျိုးအား ပြလိမ့်မည်ဟု ကျန်းယန်ရှန့် မျှော်လင့်မထားပေ။ စောစောက ယွဲ့စုန့်သည် အပြုံးလေးနှင့်မေးသော်လည်း သူ့မျက်လုံးများမှာမူ တိရစ္ဆာန်များကဲ့သို့ ရန်လိုနေခဲ့သည်။    


ယွဲ့စုန့်၏ နက်ရှိုင်းသော မျက်ဝန်းများ အရောင်တောက်လာသည်ကို တွေ့လိုက်ရပြီး သူမပြုံးကာ ပြောလိုက်သည်။


 "မဟုတ်ပါဘူး…ကျွန်မ အစ်ကိုလိုပါပဲ…"


 ရှုလီချန်သည် ဤသို့ ထိတ်လန့်နေပုံ အား မြင်လိုက်ရခြင်းက သူ၏ခန့်မှန်းချက်များ လွဲသွားသည်ကို သိခဲ့ရလေသည်။ "သူငယ်ချင်း"ဟူသည့် အသုံးအနှုန်းအား သုံးလို့ရသော်လည်း "အစ်ကို"ဟူ၍ ပြောခြင်းသည် သူမနှင့် ရှုလီချန်၏ ဆက်ဆံရေးသည် သူငယ်ချင်းထက် ပိုကောင်းပိုနိုင်ပေသည်။ သို့သော်လည်း ယောက်ျားနှင့်မိန်းမကြားက ရင်းနှီးသော ဆက်ဆံရေးအား  သူမက ရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့လေသည်။သူက ယနေ့တွင် သူမအား စတင်ကာ စကားမပြောခဲ့သော်လည်း သူမသည် အံ့ဩဖို့ကောင်းလောက်အောင်ပင် တိတ်ဆိတ်နေပြီးသူမ၏ မျက်လုံးများသည် စေ့စပ် ငြိမ်သက်နေလေသည်။ 


စောစောကလို ယွဲ့စုန့် ကျန်းယန်ရှန့်၏ မျက်လုံးများ တောက်ပနေသည်ကို တွေ့လိုက်ရသည့် အခိုက်အတန့်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ၏ ညီမလေးအား ပွေ့ချီ ထားတုန်းကပင် ဖြစ်လေသည်။ ထို့ကြောင့် အရာအားလုံးသည် သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းမဟုတ်ပေ။လူငယ်ယောက်ျားလေးနှင့် လူငယ်မိန်းကလေးအဖို့ တစ်ယောက်ခံစားချက်အား တစ်ယောက် လေ့လာနိုင်သည်က အံ့ဩစရာပင် ဖြစ်လေသည်။


ယွဲ့စုန်၏ နက်မှောင်သည့် မျက်လုံးများရှိ အလင်းရောင်ဖျော့ဖျော့အား ကျန်းယန်ရှန့်၏ အေးစက်သော မျက်နှာနှင့်အပြုံးက ချိုးဖျက်လိုက်လေသည်။ 


  "အဖေမရှိတုန်း မြန်မြန်စားထားလိုက်...အ‌ဖေက စကားတွေပဲ ပြောနေတာ အစ်ကို သိပ်မစားရသေးဘူး…"    


ကျန်းဟွမ် စကားပြောလိုက်ကတည်းက ယွဲ့စုန့်သည် လေးစားသည့်အနေဖြင့် ဆက်မစားခြင်း ဖြစ်လေသည်။ အမှန်တစ်ကယ်လည်း သူ ဘယ်လောက််မှ မစားရသေးပေ။  


  "ဟုတ်ပါပြီ…"


ယွဲ့စုန် တူကို ကောက်ကိုင်လိုက်သည်။ 


"ကျောင်းရှိုအသားလုံးတွေက စားလို့ကောင်းတယ်နော်…"


"အရည်ကြည် ဝက်အရေခွံဂျယ်လီလည်း စားကောင်းတယ် …သူ့အရသာက နွေရာသီမှာ လန်းဆန်းသွားသလိုပဲ…"


ကျန်းယန်ရှန့်က ပြောလိုက်သည်။


ပထမဆုံးအကြိမ်အဖြစ် ဘီမြို့သို့ ရောက်လာသောအခါ ကျန်းယန်ရှန့်သည် ဘီမြို့မှ အထူးဟင်းလျာများအား သီးသန့်မှာခဲ့သည်။ယွဲ့စုန့်၏ အချိုးအဆစ် ပြေပြစ်လှပသည့် တူကိုင်ထားသောလက်သည် ဝက်အရေခွံဂျယ်လီအား တစ်ပိုင်းကို ကျန်းယန်ရှန့်၏ ပန်းကန်ထဲသို့ထည့်ကာ ဒုတိယ တစ်ပိုင်းအား သူ့ပန်းကန်ထဲသို့ ထည့်လိုက်လေသည်။ 


ကျန်းဟယ်လင်းသည် သူမ စကတ်အား ဆုပ်ကိုင်ထားကာ ရှုလီချန်က တစ်ရှုးများအား ကိုင်ထားလေသည်။ သူတို့နှစ်ယောက်ကို ဂရုမစိုက်သော ကျန်းယန်ရှန့်တို့နှစ်ယောက်မှာ အစားကို အေးအေး ဆေးဆေးစားလိုက်၊စကားပြောလိုက် လုပ်နေကြသည်။သူတို့အားလုံးသည် စကားတိုးတိုးပြောကာ မဆိုင်သူများအား သူတို့စကားများမကြားစေချင်သည်မှာ သိသာလှပေသည်။


ကျန်းဟွမ်သည် အိမ်သာမှပြန်လာကာ ခုံတွင် ပြန်ထိုင်လိုက်သည်။  


 "အန်ကယ်ကျန်း…ကျောင်းလျှိုအသားလုံးတွေက အေးသွားရင် စားလို့မကောင်းတော့ဘူး…ပူတုန်းစားလိုက်ပါခင်ဗျ…"


သိသာစွာပင် ကျန်းဟွမ် အိမ်သာထမသွားခင်" ဆရာကြီးကျန်း"အဖြစ်သာ ရှိသေးသည်။ယွဲ့စုန်သည် ငယ်ရွယ်သော်လည်း သူ၏ဝမ်းကွဲ ရွှယ်ရှင်းတုံနှင့် ကျမ်းဟွမ်တို့သည် စီးပွါးရေး ပါတနာများဖြစ်ကြလေသည်။ သူတို့နှစ်ယောက်မှာ မျိုးဆက်တစ်ခုထဲတွင် သူငယ်ချင်းများ ဖြစ်ခဲ့ကြလေသည်။ ထို့ကြောင့် ကျန်းဟွမ်အား "ဆရာကြီးကျန်း" ဟုခေါ်ခြင်းက သင့်တော်သည် ။    သို့သော် ကျမ်းဟွမ်သည် သူ့အား သဘောကျစွာဖြင့်ကြည့်ပြီးလျှင် "အန်ကယ်ကျန်း"ဟုခေါ်ရန်သာ ပြောထားလေသည်။ 


 'ကောင်းတယ်…ကောင်းတယ်…'


ကျန်းဟွမ် စိတ်ထဲတွင် တွေးလိုက်လေသည်။

လိမ္မာသောကောင်လေးပင်.... 

တစ်ယောက်ယောက်ထက် အဆ ၁၀၀ ပိုလိမ္မာလေသည်။


မျက်စိတစ်မှတ်အတွင်းပင် ထိုသူသည် ထူးဆန်းသောမျက်လုံးများနှင့်သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ကျမ်းဟွမ် ပို၍ပင် စိတ်ပျက် အားလျော့သွားရလေသည်။


ဒါဘယ်လို အကြည့်လဲ....


ထိုကလေး၏ သနားစရာကောင်းလှသော မိသားစုကိစ္စများကြောင့်သာမဟုတ်လျှင် သူ့အား လူကြားထဲတွင်ပင် စကားအနည်းငယ် ပြောမိပေလိမ့်မည်။   ရှုလီချန်သည်လည်း အသားလုံးအား တူဖြင့်ညှပ်ကာ ပါးစပ်ထဲသို့ ထိုးသွပ်လိုက်ရာ အသားလုံးသည် သူ့ပါးစပ်ထဲတွင် ဖောင်းကားနေပြီး ဖြည်းဖြည်းခြင်းဝါးစားနေလေသည်။ထို့ပြင် လက်တစ်ဖက်မှ ဂေါ်ဖီထုပ်အား မိသားစုရတနာကဲ့သို့ မလွှတ်တမ်းကိုင်ထားလိုက်သေးသည်။ 


ညစာစားပြီးသည့်နောက်တွင် ဟိုတယ်သို့ ပြန်လာခဲ့ကြလေသည်။ ကျန်းယန်ရှန့်သည် ယွဲ့စုန်ဆီမှ ပထမဆုံးအကြိမ်အဖြစ် စာတစ်စောင်အား လက်ခံရရှိလေသည်။


 "နက်ဖြန် ဘာအစီအစဉ်ရှိလဲ…"


 "ကျွန်မ ညီမလေးကို မြို့ကိုလိုက်ပြမယ်…သူမက အခုမှ ဘီမြို့ကို ရောက်ဖူးတာ …"


 "အခု တစ်အား ပူနေပြီ…ထီးယူသွားဖို့မမေ့နဲ့…"  


"နက်ဖြန် တိမ်ထူပါစေပဲ ဆုတောင်းရမှာပေါ့…"


ယွဲ့စုန် ရယ်လိုက်ကာ ပြောလေသည်။


 "ဒါဆို နက်ဖြန်ပွဲဦးထွက်မှာ တွေ့မယ်…"    


 "ကောင်းပြီ...."


 "ကောင်းသောညပါ…"


ကျန်းယန်ရှန့်ကလည်း စာပြန်ရိုက်လိုက်သည်။


" ကောင်းသောညပါ…"


Xxxxxxx


Part 246


နောက်တစ်နေ့တွင် ကျန်းယန်ရှန့်နှင့် ကျန်းဟွမ်သည် ကျန်းဟယ်လင်းအား တားမြစ်မြို့တော် သို့ အလည်သွားရန်ခေါ်သွားလေသည်။ ထိုနေရာသည် ဘီမြို့တွင် မလည်မဖြစ်နေရာဖြစ်‌သောကြောင့် ပထမဆုံးအကြိမ်အဖြစ် ဘိီမြို့သို့ လာသူများသည် ထိုနေရာသို့ သွားကြသည်။ ကံကောင်းစွာနှင့် ထိုနေ့တွင် တိမ်ထူသောကြောင့် နေသိပ်မပူပေ။ 


တစ်နည်းဆိုရသော် Bမြို့တွင် ဂျူလိုင်နှင့် ဩဂုတ်လတို့တွင် နေသည် လူများကို ကင်ပစ်နိုင်သည်အထိ ပူပြင်းလှပေသည်။ 


ကျမ်းဟွမ်သည် "HallOfSupremeHarmony" ပလက်ဖောင်းတစ်လျှောက် ပေါ်တွင် လှည့်ပတ်ကြည့်နေလေသည်။     


"နောက်ဆုံးတစ်ခေါက် ဒီကိုရောက်ခဲ့တုန်းက သမီးအမေနဲ့လေ…ပြီးတော့ ဒီကိုပထမဆုံးရောက်ဖူးတာက ကျောင်းသားဘဝတုန်းကပေါ့…အခုကတော့ တတိယ အခေါက်ပဲ…"


 " တားမြစ်မြို့တော် က ဒီနေရာမှာပဲရှိတယ်…ဒီနေရာကနေ ဘယ်တော့မှ ပြောင်းသွားမှာ မဟုတ်ဘူး… လက်မှတ်ဝယ်လိုက်ရုံနဲ့ ဒီနေရာကို လာလို့ရတယ် …ဒါပေမဲ့ လူတစ်ယောက်က ဘဝမှာ ဘယ်နှစ်ခေါက်များ ဒီကို လာနိုင်မှာလဲလေ…ဘီမြို့က ဒေသခံတွေတောင် ဒီကိုမရောက်တာ ၁၀နှစ်... နှစ်၂၀ ကျော်ပြီ… ဒီခရီးပြီးလို့ နောက်ထပ်အဖေသာ စိတ်ကူးမပေါ်တော့ဘူးဆိုရင် အဖေဒီကိုထပ်မရောက်နိုင်လောက်တော့ဘူး…"


ကျန်းယန်ရှန့်က ကျန်းဟယ်လင်း ရှေ့မှ လျှောက်နေရင်း ကျန်းဟွမ်ကို ပြောလိုက်သည်။ 


"အဖေ အသက်ကြီးလာပြီ…"


  "ဟေ့…အဓိပ္ပါယ်မရှိတာတွေ ဘာလို့ပြောနေတာလဲ…"


ကျမ်းဟွမ် စိတ်ဆိုးကာ နောက်မှလိုက်လာလေသည်။


"အဖေကအသက်ဘယ်လောက် ရှိသေးလို့လဲ…အဖေ နုပျိုနေတုန်းပဲ…ဘာမှလဲမသိဘဲနဲ့…"


တားမြစ်မြို့တော်တွင် လည်ပတ်ရသည် မှာ အလွန်ပင်ပန်းလှသဖြင့် ကျန်းဟွမ်နှင့် ကျန်းဟယ်လင်းတို့ တောင့်ခံမထားနိုင်တော့ချေ။ 


 "အဲ့တာက နုပျိုနေတုန်းဆိုတဲ့ လူကြီးရဲ့ ခွန်အားလား...လေ့ကျင့်ခန်းလည်း လုပ်ပုံမရဘူး..."


ကျန်းယန်ရှန့်က လှောင်ပြောင်လိုက်သည်။သူမ မောပန်းမနေသော်လည်း  သူမ၏ခြေဖဝါးများမှာ နာကျင်နေလေသည်။ 


သားအဖသုံးယောက်သည် ဟော်တယ် သို့ပြန်ကာ နေ့လည်စာ စားကြပြီး သူတို့အခန်းဆီပြန်ကာ ရေချိုးလိုက်ကြသည်။နာရီအနည်းငယ်ကြာလျှင် လာနှိုးရန် ပြောပြီးနောက် တစ်ရေးတစ်မော အိပ်ကြလေသည်။ ဖုန်းမှလှမ်းခေါ်ကာ အိပ်ယာ နှိုးပြီးသောအခါ  ကျမ်းဟွမ် ခွန်အားများ ပြန်လည်ပြည့်သွားရသော်လည်း သူ့ခြေသလုံးမှာ အနည်းငယ် ရောင်ယမ်းနေလေသည်။


 သူတစ်ကယ်ပင် အိုမင်းနေပြီလား..    


သူမတ်တပ်ရပ်လိုက်ကာ လက်ကောက်ဝတ်အား ဘယ်သုံးချက် ညာသုံးချက် လှည့်လိုက်ပြီး သမီးများ အခန်းကို တံခါးခေါက်ကာ နှိုးလိုက်သည်။


"ထကြတော့ …အကြာကြီးမအိပ်ကြနဲ့…ညကျ အိပ်မရပဲ နေလိမ့်မယ်…"


ကျန်းယန်ရှန့် အသံက အခန်းထဲမှ ထွက်လာလေသည်။


 "သမီးနိုးနေတာကြာပြီ…"


ကျန်းယန်ရှန့် အသံမှာ ခွန်အားအပြည့်ဖြစ်‌နေသဖြင့် ကျမ်းဟွမ် မနာလိုပင် ဖြစ်မိသွားလေသည်။ထို့နောက် သူက ကျန်းဟယ်လင်း၏ အခန်းတံခါးကိုခေါက်ကာ နှိုးလိုက်ရာ အတန်ကြာမှ ကြောင်လေးတစ်ကောင်၏ အသံကဲ့သို့ ထွက်လာလေသည်။


 "အူ..ဝူ…"


 ကျန်းဟယ်လင်း အခန်းအပြင်သို့ထွက်လာရန် အချိန်အတော်ယူလိုက်ရသည်။ ဂရုစိုက်တတ်သော ကျန်းဟွမ်သည် ဟိုတယ်အခန်းဝန်ဆောင်မှုအား လတ်ဆတ်စွာ ညှစ်ထားသည့်သစ်သီးဖျော်ရည် လာပို့ရန် ကြိုတင်မှာထားပြီး ဖြစ်လေသည်။


" ဒီမှာ…"


အေးမြလတ်ဆတ်သော ဖျော်ရည်အားသောက်ပြီးသောအခါ  ကျန်းဟယ်လင်း ပြန်လည်လန်းဆန်းကာ တက်ကြွလာရသည်။


ကျမ်းဟွမ် တစ်ယာက်သာလျှင် သူ့ခြေထောက်နာကျင်နေသေးသည်ကို ခံစားနေရတုန်းပင်ဖြစ်သည်။နေ့ခင်းတွင် သူ့သမီးငယ်လေးနှင့် ဧည့်ခန်းတွင် ဂိမ်းကစားပြီးသော် ကျမ်းဟွမ်က ပြောလေသည်။


 "သမီးရဲ့ အစ်မကို ဒီနေ့ညနေ ပွဲဦးထွက်မယ့် အကြောင်းသွားပြောလိုက်ပါဦး…"


ကျန်းဟယ်လင်း ပြေးသွားကာ ကျန်းယန်ရှန့်၏ အခန်းတံခါးအား ခေါက်လိုက်ကာ အခန်းထဲသို့ ဝင်ပြီး ပြောလိုက်သည်။


"အစ်မ…အဖေက အစ်မကို ပြင်ထားဖို့ ပြောခိုင်းလိုက်လို့…"


 "အေးအေး…အစ်မ မိတ်ကပ်လိမ်းလိုက်ဦးမယ်နော်..." 


ကျန်းယန်ရှန့်က မှတ်တင်ခုံရှေ့တွင် ထိုင်နေရင်း ပြောလိုက်လေသည်။


 "အား…ညီမလည်းပြင်ဆင်ရဦးမှာပဲ…"


ထို့နောက် သူမအခန်းသို့ ပြန်ပြေးသွားလေသည်။ ကျန်းဟယ်လင်းအဖို့ မိတ်ကပ်ဆိုသည်မှာ နှုတ်ခမ်းနီဆိုးလိုက်ခြင်းပင် ဖြစ်လေသည်။သူမ၏ နှင်းကဲ့သို့ဖြူဖွေးသော အသားအရည်နှင့်လိုက်ဖက်မည့် ပန်းနုရောင်ဖျော့ဖျော့အား ရွေးလိုက်သည်။


ကျန်းယန်ရှန့် အခန်းထဲမှ ထွက်လာသောအခါ ကျမ်းဟွမ်က လှမ်းအော်လိုက်သည်။


 "ဟိုး…" 


ကျန်းယန်ရှန့် ဆွံ့အသွားရလေသည်။ 


"အဖေ သမီးမိတ်ကပ် ပြင်ထားတာတွေ့တိုင်း ဘာလို့ "ဟိုး" လို့ အော်ရတာလဲ…"    


 "သမီးရဲ့မိတ်ကပ်ပြင်ထားတာကို "ဟိုး"လို့ခေါ်တယ်…ကြည့်ပါဦး ဘာလို့များ အဖေက ငါတို့ ဟဲဟဲ ကိုကြည့်ပြီး "ဟိုး"လို့ မအော်ပဲနေရမာလဲ…"


"နှုတ်ခမ်းက အရမ်းနီလွန်းနေတယ်…စကပ်ကလည်း တိုလွန်းတယ်…"


ကျမ်းဟွမ် စတင် အပြစ်ပြောလေတော့သည်။ 


"ဘယ်လိုပဲဖြစ်ဖြစ် သမီးက အထက်တန်းကျောင်းသူပဲ ရှိသေးတာလေ…"


 "သမီးက စက်ဘီးစီးဘောင်းဘီ အတိုလောက်ပဲ ဝတ်ထားတာပါ…" 


ကျန်းယန်ရှန့် သူ့အား အာရုံမစိုက်ချင်။


"အာဏာရှင် မလုပ်စမ်းပါနဲ့…မဟုတ်ရင် အဖေ့ကို ဆူအောင်လို့ အဖွားကို သွားခေါ်လာခဲ့လိုက်မယ်…"


 


အဘွားကျန်း အကြောင်းပြောလိုက်သည်နှင့် ကျမ်းဟွမ် စိတ်ပျက်အားလျော့သွားရလေသည်။


သားအဖသုံးယောက်သည် အောက်သို့ဆင်းခဲ့လိုက်ကြသည်။


ထိုပွဲဦးထွက်အား အဆောက်အဦးထဲရှိ ပြဇာတ်ရုံထဲတွင်သာကျင်းပလေသည်။ကော်ဇောနီ ခင်းထားကာ ဝင်ပေါက်ဝတွင် ပွဲကျင်းပသည့်အတွက် ပန်းခြင်းတောင်းများဖြင့် ပြည့်နှက်နေလေသည်။ လူအများကြားထဲတွင် ကျန်းယန်ရှန့် ၊ ကျမ်းဟွမ် နှင့် ရှုလီချန်တို့ ရောက်နေကြလေသည်။


ထိုနေရာတွင် လူအမြောက်အများ ရောက်ရှိနေကြလေသည်။ ဖိတ်ခေါ်ထားသည့် သတင်းထောက်များ၊ အတည်ပြုထားသည့် အကောင့်ပိုင်ရှင်များနှင့် သတင်းမီဒီယာများ အပြင် လူပေါင်းစုံ ပါဝင်လေသည်။ထိုလူများအနက်မှ အထူးခြားဆုံးသူများသည် ကျန်းယန်ရှန့်ကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ ပင် ဖြစ်လေသည်။    တစ်နည်းဆိုရသော် ငွေကြေးထောက်ပံ့သူများပင် ဖြစ်သည်။


အထဲသို့မဝင်မီ ကျန်းဟယ်လင်းသည် ပေါက်ပေါက်ဆုပ်နံ့ ရလိုက်သောကြောင့် သူမနှာခေါင်း ရှုံ့သွားမိလေသည်။     သီချင်းဆိုသည့် အစီအစဉ်ပြီးသည့်နောက်တွင် ယွဲ့စုန့်နှင့် မိုလင်းတို့ စကားပြောနေကြသည်ကို ကျန်းယန်ရှန့် တွေ့လိုက်ရလေသည်။ဤနေရာတွင် လူအများကြီး ရှိသည့်အနက်မှ ကျန်းယန်ရှန့် သူ့အား တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ရှာတွေ့သည်မှာ အံ့ဩစရာ ကောင်းလှပေသည်။ 


 "အစ်မမို…" 


ကျန်းယန်ရှန့်က မိုလင်းအား လှမ်းခေါ်လိုက်သည်။


မိုလင်းကလည်း တစ်ချက်လှမ်းကြည့်ကာ ပျော်ရွှင်စွာဖြင့် သူမအနားရောက်လာလေသည်။


 "ယန်ရှန့်…" 


ယွဲ့စုန်သည် မိုလင်းနှင့်အတူပင် လှည့်ကြည့်လိုက်သောအခါ ကျန်းယန်ရှန့်ကို တွေ့လိုက်ရလေသည်။


ဆလိုက်မီးများအောက်တွင် ပါးလွှာသည့် အနက်ရောင်ဝတ်စုံပေါ်မှ အနက်ရောင် ဘော်ကြယ်များသည် သူမလှုပ်ရှားလိုက်သည်နှင့် တဖျပ်ဖျပ် တောက်ပနေလေသည်။ ရှည်လျားသွယ်လျသည့် ခြေထောက်များနှင့်တောက်ပသော နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားသည့် ဤမိန်းကလေးသည် အစွမ်းကုန် လှပနေလေသည်။ လှပသော သူမ နှုတ်ခမ်း၏ပုံစံမှာ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းရှိနေပြီး အနီရောင်ဖြင့် အနားသတ်ထားလေသည်။


ယွဲ့စုန့်၏အကြည့်သည် ထိုမီးတောက်ကဲ့သို့ တောက်ပနေသည့် နှုတ်ခမ်းပေါ်မှ ကော်နှင့်ကပ်ထားသလို ခွါမရ ရှိနေလေသည်။ သူ၏ဝမ်းကွဲအစ်ကိုဖြစ်သူ ရွယ်ရှင်းထုံ ရှေ့တွင် သူမ ဓာတ်ပုံအား အဘယ့်ကြောင့် ဖျက်ပစ်ခဲ့ရသည်ကို သူ သတိရသွားလေသည်။


လူတစ်ချို့သည် အခြားသူများ၏အလှတရားကို တွေ့ရသောအခါ သူတို့စိတ်ဝင်စားရလေသည်။ သို့သော်လည်း ကျန်းယန်ရှန့်မှာ အလွန်ငယ်ရွယ်သေးပေသည်။


Xxxxxxx