Part 247
မိုလင်းသည် ဒါရိုက်တာနှင့်ထုတ်လုပ်သူအား ကျမ်းဟွမ်နှင့် တွေ့ဆုံရန် ခေါ်လာခဲ့လေသည်။ကျန်းယန်ရှန့်က ရင်းနှီးမြှုပ်နှံသူဖြစ်သော်လည်း သားသမီးအား ကစားရန်သက်သက် ၁၀သန်း ပေးသုံးသည့် မိဘနှင့် တွေ့သောအခါ သူမ ချောင်ထဲထိုးထည့်ခံရလေသည် ။ အသက်အရွယ်ဆိုသည်မှာ အမှန်ပင် အပျက်အစီးတစ်ခု ဖြစ်လေသည်။စီနီယာအထက်တန်းကျောင်းနှစ် မြန်မြန် ကုန်ဆုံးပါစေတော့ဟုသာ ကျန်းယန်ရှန့် တစ်ယောက် ဆုတောင်းနေမိသည်။
ကျန်ရှိနေသော ရင်းနှီးမြှုပ်နှံသူများအား ထုတ်လုပ်သူနှင့် ဒါရိုက်တာတို့က လိုက်လံနှုတ်ဆက်ကြလေသည်။ရင်းနှီးမြှုပ်နှံသူများက တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ရသည်ကို ဝမ်းသာလျက်ရှိနေကြပေသည်။အားလုံးသည် ယွဲ့စုန်အား မျှော်လင့်ထားသည့်အတိုင်း အကြီးပိုင်းမှ သတ်လတ်ပိုင်းအရွယ်လူကြီးများဖြစ်ကြသည်။
ယနေ့တွင် ကျန်းဟွမ်ကဲ့သို့ပင် သူသည် အောက်မှ ရှပ်အဖြူခံကာ ဝတ်ထားလေသည်။ အခြားသော ရင်းနှီးမြှုပ်နှံသူများနှင့် ပူးတွဲ ယှဉ်ရပ်နေသောအခါ သူသည် ကျောင်းသားတစ်ယောက်ဟု ခန့်မှန်းဖို့ပင် ခက်ခဲလှပေသည်။မနေ့က ညစာ စားခဲ့ကြစဉ်တွင် သူသည် အဘိုး၏ ထိန်းကျောင်းမှုအောက်တွင်ကြီးပြင်းခဲ့ရသည်ဟု ပြောထားသောကြောင့် ကျန်းဟွမ်သည် သူ၏ တည်ငြိမ်မှုနှင့် ရင့်ကျက်မှုတို့အား အသိအမှတ် ပြုခဲ့လေသည်။
"ကျန်းယန်ရှန့်…"
သူမ နောက်လှည့်ကြည့် လိုက်သောအခါ ရှုလီချန်နှင့်အတူ သတ်လတ်ပိုင်း အမျိုးသမီးတစ်ဦး ရောက်လာသည်ကို တွေ့လိုက်ရလေသည်။ရှုလီချန်သည်လည်း ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယွဲ့စုန်လိုပင် သူလည်း ကြည့်ကောင်းလှပြီး သူသည် ယွဲ့စုန်လို စူပါစတား တစ်ယောက်ကဲ့သို့ လူအများစိတ်ဝင်စားခြင်း ခံရပေသည်။
ရှုလီချန်ဘေးမှ အမျိုးသမီးအား ကျန်းယန်ရှန့်သည် ရှုလီချန်၏ အမေဖြစ်သည်ကို သိထားလေသည်။ ယခင်ဘဝတွင် သူမနှင့် ထိုအမျိုးသမီးသည် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးလေသည်။ ရှုလီချန်နှင့်သူမတို့ စကားပြောနေကြသည်ကို ကျန်းယန်ရှန့် အဝေးကသာ ကြည့်နေလေသည် ။ ကြည့်ရသည်မှာ သားအမိနှစ်ယောက်မှာ သိပ်အဆင်မပြေ ဖြစ်နေပြီး အမေဖြစ်သူ ခံစားနေရသည်ကို သိထားသောကြောင့် ရှုလီချန်သည် မိခင်အပေါ်တွင် ကြင်နာစွာ ပြောဆိုနေလေသည် ။ သို့သော် အမေရှုသည် ရှုလီချန်အား မကျေနပ် ဖြစ်နေပုံရပြီး သားဖြစ်သူကို မျက်မှောင်ကြုတ်ကာ မဲ့ပြုံးပြုံး နေလေသည်။ထို့အပြင် သူမသည် တစ်ခါတစ်ရံ ကျန်းယန်ရှန့်အား မနှစ်မြို့သည့် မျက်လုံးများဖြင့် ကြည့်နေတတ်လေသည်။ထိုအချိန်က ကျန်းယန်ရှန့်သည် ဆိုင်ကယ်မောင်းပြီး တက်တူးများနှင့်အပြည့် ရှိနေကာ သူမ၏ နဂိုရုပ်ပျောက်သည်အထိ မိတ်ကပ်လိမ်းကာ ဆံပင်အရောင်ကလည်း ကြောင်ကြောင်းကျားကျား ဖြစ်နေလေသည်။
သို့သော် ယခုမူ ကျန်းယန်ရှန့်သည် လက်တစ်ဖက်တွင် သူမ၏ဝတ်စုံနှင့်လိုက်ဖက်သည့် လက်ကိုင်အိတ်အားကိုင်ထားကာ အခြားလက်တစ်ဖက်တွင် သူမ ညီမဖြစ်သူအား လက်တွဲထားလေသည်။ သူမ နှုတ်ခမ်းအရောင်သည် တောက်ပနေသော်လည်း မျက်နှာလေးသည် တည်ကြည်နေလေသည်။ အကြည့်တစ်ချက်နှင့်ပင် သူမသည် နောက်ခံမိဘအသိုင်းအဝ်ိုင်းကောင်းကောင်းရှိကာ စိတ်ဓာတ်သန်မာသည့် မိန်းကလေးဟု ပြောနိုင်ပေသည်။
သို့သော် အမေရှုသည် ထိုကဲ့သို့ မိန်းကလေးများအား သဘောကျပြီး အားနွဲ့ချင်ယောင်ဆောင်ကာ ကြောင်သူတော် လုပ်တတ်သည့် မိန်းကလေးများကိုသာ သူမ မုန်းလေသည်။ရှုလီချန်သည် သူတ်ို့နှစ်ယောက်အား မိတ်ဆက်ပေးလိုကါလေသည်။
"မင်္ဂလာပါ …အန်တီ…"
အမေရှုသည် မျက်ခုံးပင့်ကာပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ…သမီးတို့က ကျမ်းဟွမ်ရဲ့သမီးတွေမဟုတ်လား…သမီးတို့ရဲ့ အဖေကို သိပါတယ်…”
သူမသည် ယခင်ဘဝကထက် ယခုဘဝတွင် ပိုမို နုပျိုနေလေသည်။အမျိုးသမီးတစ်ယောက်သည် အမြဲမျက်မှောင်ကြုတ်နေကာ မဲ့ရွဲနေပါက သူမဘဝ ပင်ပန်းသည်ကို တွေ့နိုင်ပြီး ကြည့်ကောင်းတော့မည် မဟုတ်ပါ။
"ထုတ်လုပ်သူတွေနဲ့ အဖေက ဟိုနားမှာရှိပါတယ်…ရင်းနှီးမြှုပ်နှံသူတွေကလည်း အဲ့ဒီမှာပါ…အန်တီ အဲ့နားကို သွားမလားရှင် …"
"ကောင်းပါပြီ…သမီးတို့အရင်သွားပါ…"
ရှုလီချန်သည်လည်း သူ့အမေနှင့်အဖော်ပြု၍ ထိုလူကြီးများနှင့်တွေ့ကာ သူ့အမေနှင့် မိတ်ဆက်ပေးလိုက်လေသည်။
ရှုလီချန်၏ အမေသည် လျှင်မြန်စွာပင် ထို သတ်လတ်ပိုင်း လူကြီးအုပ်စုနှင့် အလျှမ်းသင့်သွားရသည်။
"အမေ့ကို ဒီမှာ အဖော်လုပ်ပေးဖို့ မလိုပါဘူး…သားရဲ့အတန်းဖော်တွေဆီသွားပါ…"
ရှုလီချန်က ခေါင်းညိမ့်လိုက်ကာ ထုတ်လုပ်သူနှင့် ဒါရိုက်တာအား ထပ်မံနှုတ်ဆက်လိုက်ပြီး ကျန်းယန်ရှန့်ကို လိုက်ရှာရန် ထွက်လာလေသည်။
အမေရှုနှင့် ရှုလီချန်တို့ စကားပြောနေကြသည်ကို ကျန်းယန်ရှန့် အဝေးမှနေ၍ ကြည့်နေလေသည်။ အမေရှုသည် နူးညံ့သိမ်မွေ့လှသည်။ယခင်ဘဝမှ သဘောထားနှင့် နှိုင်းယှဉ်ရလျှင် ယခုဘဝတွင် ရှုလီချန်နှင့် သူမသည် ကြင်ကြင်နာနာ ရှိလှပေသည်။ သို့သော် လက်တွေ့တွင်တော့ အနည်းငယ်ကွဲလွဲမှု ရှိပေသည် ။
"ခဏနေရင် ငါ့ရဲ့သရုပ်ဆောင်အစွမ်းကို နင်ကြည့်သွားသင့်တယ်နော…ငါသေသွားရင် နင်မငိုမိစေနဲ့..."
ရှုလီချန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"ဝိုး…အစ်ကိုကြီးရှုက စတေးခံမယ့်သူရဲကောင်း နေရာက သရုပ်ဆောင်မှာလား …"
ကျန်းဟယ်လင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဟုတ်တယ်…သနားဖို့ကောင်းတဲ့သူရဲကောင်းပဲ…ညီမလေးကြည့်ရင်တော့ ငိုရလိမ့်မယ် …"
ရှုလီချန်က သူ့ဘေးပတ်ဝန်းကျင်မှ လူများကို သူသည် ဇာတ်ကားထဲတွင်ပါကြောင်း စိတ်အားထက်သန်စွာ ပြောဆိုချင်နေလေသည်။သို့သော် သူမပြောလျှင်လည်း ခဏအကြာတွင် မြင်တွေ့ရမည်ဖြစ်သောကြောင့် အရေးတော့မကြီးပေ။သူ့အမေသည် ကျန်းဟွမ် ၊ ယွဲ့စုန် တို့နှင့် စကားပြောနေကြသည်ကိုတွေ့လိုက်သည်။ တစ်မြို့တည်းမှ လာခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် သိကြသူများ စုမိကြသည်မှာ သဘာဝပင် ဖြစ်လေသည်။
"ဘာလို့ အဲ့အစ်ကိုကြီးက လူကြီးတွေနဲ့စကားပြောရတာ ပျော်တဲ့ပုံပေါက်နေရတာလဲ …"
သူက ပုံကြီးချဲ့ကာ ပြောလေသည်။
"နောက်ကျရင် ငါတို့ကရော အဲ့လိုလိုက်လုပ်ရမှာလား…လူကြီးတွေ လူလတ်ပိုင်း တွေနဲ့ရောနှောနေရတာကို ပြောတာလေ…"
ရှုလီချန်က သူ့မေးစေ့အား ပွတ်ကာပြောလိုက်လေသည်။
"အဲ့အချိန်ရောက်လာရင်တော့ နင်က အသက်ကြီးတဲ့ လူလတ်ပိုင်းဖြစ်နေပြီလေ…ကျေးဇူးပဲ…"
ကျန်းယန်ရှန့် ပြောကာ ရယ်လေသည်။
"ကျွတ်…အဲ့လိုဖြစ်ဖို့ အများကြီးလိုပါသေးတယ်ဟာ…ငါကငယ်ပြီးချောမောနေတုန်းပဲ…"
"ဒါပေမယ့် လောင်ယွဲ့ကတော့နည်းနည်းစိတ်ဆင်းရဲစရာပဲ…သူကလူငယ်ဖြစ်ပြီးတော့ နင့်အဖေနဲ့ ရောချင်နေတယ်…"
"လောင်ယွဲ့….ဟုတ်လား..."
"မနေ့တုန်းက နင်ညစာစားပြီး ပြန်တက်သွားတော့ ငါတို့နှစ်ယောက် တစ်ခုခုသောက်ဖို့ အပြင်ပြန်ထွက်ကြသေးတယ်…ငါတို့က ဘော်ဒါတွေတောင် ဖြစ်နေပြီ..."
ရှုလီချန်က ပြောလိုက်သည်။
" နင်တို့နှစ်ယောက်…ဘာတွေပြောခဲ့ကြတာလဲ…”
"ငါတို့က ဘာအကြောင်းပြောရဦးမှာလဲ...အဲ့ဒီစစ်သည်လေးက နင့်အကြောင်းမေးတယ်လေ…"
ကျန်းယန်ရှန့်က ပြောလိုက်သည်။
" ဘာလဲ စစ်သည်လေးဆိုတာက…"
"နင့်ကို ကြိုက်ရဲကြတဲ့သူတွေက စစ်သည်လေးတွေပေါ့ဟဲ့…အဲ့လူတွေက ငါ့လိုပဲ ခေါင်းမာပြီး အကြောက်အလန့်မရှိတဲ့လူတွေပေါ့…"
မနေ့ညတွင် သူသည် ယွဲ့စုန်နှင့် ဖန်ခွက်ခြင်းတိုက်ခဲ့ကာ ပြောကြသည်။
"ငါမင်းရဲ့သတ္တိကိုတော့လေးစားပါတယ်…ငါတို့ရဲ့ဆက်ဆံရေးကို အထင်မလွဲပါနဲ့…ကျန်းယန်ရှန့်သာ ငါ့ကိုလိုအပ်မယ်ဆို…မီးပုံထဲပဲဝင်ရ…ရေထဲပဲဖြတ်ကူးရကူးရ…ဘာမဆိုငါလုပ်နိုင်တယ်…ဒါပေမဲ့…ဒါပေမဲ့…သူမနဲ့နေ့တိုင်းကျောင်းမှာ မြင်လိုက်တိုင်း စာသင်ခန်းနောက်ဖက်က ပြတင်းပေါက်ကနေ ဆရာတစ်ယောက် ထွက်ထွက်လာတယ် ခံစားနေရလို့ ခဏခဏ နောက်လှည့်ကြည့်နေရတယ်…ငါအဲ့တာကို ရင်မဆိုင်နိုင်တော့ဘူး...အစ်ကိုကတော့ ကိုင်တွယ်နိုင်မယ်လို့ ထင်တယ်…"
ကျန်းယန်ရှန့်က ရှုလီချန် ခြေထောက်ကို ဆောင့်နင်းလိုက်ရာ ရှုလီချန်မျက်နှာကြီး နီမြန်းသွားရလေသည်။
ကျန်းဟယ်လင်းစကားက သူ့ကို ပို၍ပင် မျက်နှာပျက်သွားစေသည်။
"ညီမသိနေသားပဲ…ညီမခန့်မှန်းတာ မှန်တယ်…အစ်မ…အစ်ကိုကြီး ယွဲ့က အစ်မကို လိုက်ချင်နေတာပဲ…ဟုတ်တယ်မလား…ညီမ မနေ့ကထဲက တစ်ခုခုတော့တစ်ခုခုပဲလို့ ခံစားနေရတာ…"
ရုတ်တရုတ်ပင် ကျန်းဟယ်လင်းမှာ အလွန်ဥာဏ်ပြေးနေတော့သည်။
"ယွဲ့စုန်က နင့်အပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ အကုန်လုံးသိတယ်…အန်ကယ်ကျန်း တစ်ယောက်သာ ကြောင်တောင်တောင် လုပ်နေတာ…”
Xxxxxx
Part 248
ပွဲဦးထွက် စတင်တော့မည်ဖြစ်သောကြောင့် အားလုံးသည် ပြဇာတ်ရုံထဲသို့ ဝင်လာကြပြီး ရုပ်ရှင်ပိတ်ကားရှိသည့် အခန်းထဲသို့ဝင်ပြိီးနောက် ရင်းနှီးမြှုပ်နှံသူများနှင့် နောက်လိုက်များက ဇာတ်ကားပြုလုပ်သူများ၊ ဒါရိုက်တာများ ၊ ထုတ်လုပ်သူများနှင့် အတူထိုင်ရန် ရှေ့ဆုံးတန်းသို့ သွားကြလေသည်။
သူတို့ ထိုင်ခုံသို့ရောက်သောအခါ ယွဲ့စုန့်သည် ကျမ်းဟွမ်အား ဦးညွှတ်လိုက်ပြီး ကျမ်းဟွမ်ကလည်း အမေရှုအား ဉီးညွှတ်လိုက်ပြီး အမေရှုက ခေါင်းညိမ့်လိုက်ကာ ကျန်းဟွမ်ရှေ့မှ အရင်ဝင်သွားလေသည်။ (တစ်ယောက်နဲ့တစ်ယောက် ဦးစားပေးတာ)
သို့သော် ယွဲ့စုန်နှင့် ကျန်းယန်ရှန့်သည် လှုပ်ရှားခြင်းမရှိ။ရှုလီချန်သည် မျက်စိတစ်မှိတ်အတွင်းပင် ရှေ့မှ လမ်းလျောက်သွားလေသည်။ကျန်းယန်ရှန့်က ကျန်းဟယ်လင်းအား လက်တွဲခေါ်သွားပြီး သူမခုံနေရာသို့ ထိုင်လိုက်သောအခါ ယွဲ့စုန့် သူမနောက်တွင်ရှိနေသည်ကို မတွေ့လိုက်။
သူမ နောက်သို့လှမ်းကြည့်လိုက်သောအခါ ယွဲ့စုန့်သည် တံဆိပ်တပ်ထားသည့် ဇာတ်ကားအဖွဲ့ဝင်များနှင့် စကားပြောနေပြီး ခဏအကြာတွင် ထိုအဖွဲ့သားများက ခေါင်းညိမ့်ပြကာ ထွက်သွားကြလေသည်။
ထို့နောက် ယွဲ့စုန့်က ကျန်းယန်ရှန့်နှင့် ကျန်းဟယ်လင်းတို့ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
"အစ်ကိုကြားတာတော့ ရှုလီချန်လည်း ဇာတ်ကားထဲမှာ ပါတယ်ဆို…ပြီးတော့ သူကအခု မင်းသားဖြစ်ချင်နေတာမလား…"
ယွဲ့စုန့်က ပြောလိုက်လေသည်။
တစ်ယောက်က ယွဲ့စုန့်၊နောက်တစ်ယောက်က လီချန် ယောက်ျားနှစ်ယောက်အဖို့ အလျှင်အမြန်ပင် သူငယ်ချင်း ဖြစ်သွားနိုင်သည်။
"သူကအဲ့တာကို အတည်ကြီး ဖြစ်ချင်နေတာ…အဲ့တာလည်း သူ့အတွက် ကောင်းတာပါပဲလေ…"
ရှုလီချန်သည် ယွဲ့စုန့် ပုခုံးကို လှမ်းပုတ်လိုက်ကာ ပြောလိုက်သည်။
"ကျွန်တော့်နာမည် ကြားလိုက်သလိုပဲ…ကျွန်တော့် အကြောင်းပြောနေကြတာလား …"
"ဟုတ်တယ်…မင်းကိုချီးကျူးနေကြတာ…"
ယွဲ့စုန့်က ပြောလိုက်သည်။
ရှုလီချန် သဘောကျသွားရကာ ပြန်လှည့်သွားလေသည်။
ယွဲ့စုန်က ကျန်းယန်ရှန့်ကို ထပ်မေးလေသည်။
"ညီမကရော …နောက်ကျရင် တက္ကသိုလ်ဝင် စာမေးပွဲကို ဘယ်မှာ ဖြေချင်လဲ…"
ကျန်းယန်ရှန့် စိတ်ထဲတွင် သေချာ သတ်မှတ်ထားသော ကျောင်းဟူ၍မရှိပေ။ ကျူတက္ကသိုလ် နှင့် ဘီတက္ကသိုလ်များလို ထိပ်တန်းတက္ကသလိုလ်များတွင် ဝင်ရောက်ခွင့်ရရန် သူမ အမှတ်များသည် ထိုလောက်မကောင်း ၊ စာမေးပွဲ ဖြေဆိုပြီးမှသာ ရလဒ်ကြည့်၍ သူမ မည်သည့် တက္ကသိုလ်ကိုတက်ရန် ဆုံးဖြတ်ရပေမည်။
သို့သော် ယခု သူမတက်ချင်သည့်ကျောင်းတစ်ကျောင်း ရှိနေလေသည်။
"ကတေက်ကသိုလျပါ.... "
သူမ၏ မျက်လုံးထဲတွင် တစ်စုံတစ်ခု ရှိနေလေသည်။မျက်လုံးများသည် စိတ်၏ တံခါးပေါက်ပင် ဖြစ်လေသည် ။ ယွဲ့စုန် မျက်လုံးများသည်လည်း အရောင်လက်သွားရလေသည်။
ကျန်းဟယ်လင်း ကိုကျော်၍ တစ်ယောက်နှင့်ကြည့်ကာ ပြုံးပြနေကြလေသည်။ အစောက။ပြေးထွက်သွားသည့် အဖွဲ့ဝင်တစ်ဦးသည် အပြေးပြန်ရောက်လာကာ ပေါက်ပေါက်ဆုပ် ဗူး အား လှမ်းလိုက်လေသည်။
"သူဌေးလေး ယွဲ့…."
ယွဲ့စုန့်က ကျေးဇူးတင်ကြောင်း ပြောကာ ကျန်းဟယ်လင်းဆီ ကမ်းလိုက်လေသည်။
" ရော့ ဒီမှာ…"
"ဝိုး…ကျေးဇူးတင်ပါတယ်...အစ်ကိုကြီး…"
ကျန်းဟယ်လင်း အကြိုက်ဆုံး အစ်ကိုကြီးအဖြစ် ယွဲ့စုန်မှာ အမှတ်များ တိုးလာရလေသည်။
ရှုလီချန် မြင်သွားသောအခါ မေးလိုက်သည်။
"ငါ့ဖို့ရော…ငါ့ဟာ မပါဘူးလား…"
သူအလွန်မကျေမနပ်ဖြစ်သွားကာ အဖွဲ့ဝင်တစ်ဦးကာ လက်ယပ်ခေါ်ကာပြောလေသည်။
"ကျွန်တော့်ကိုလဲ တစ်ဗူးပေး…"
ထိုအဖွဲ့သားလေးသည် တစ်ခေါက်ပြေးကာ ပေါက်ပေါက်ဗူးနှင့် ပြန်ရောက်လာပြန်လေသည်။ ယခုတွင် ရှုလီချန်သည်လည်း ပေါက်ပေါက်ရသွားပြီဖြစ်သောကြောင့် ကျန်းယန်ရှန့်ဘက်သို့ လှည့်ကာ ရက်ရက်ရောရော မေးလိုက်လေသည်။
"နည်းနည်းလောက်စားမလား…"။ ကျန်းဟယ်လင်း သတိရသွားကာ ဘေးသို့ကြည့်ကာ ပြောလိုက်သည်။
" အစ်ကိုကြီးယွဲ့ရော…အစ်မရော…စားကြပါဦး…"
ယွဲ့စုန်က ပေါက်ပေါက် တစ်ခုအား လှမ်းယူလိုက်လေသည်။
"ကျေးဇူးပါ…"
မီးရောင်အောက်တွင် ကျန်းဟယ်လင်းသည် သူ့လက်ညှိုးမှ လက်စွပ်အား တွေ့သွားလေသည်။
"အစ်ကိုကြီး…လက်ညှိုးမှာ ဝတ်ထားတဲ့လက်စွပ်က ဘာအဓိပ္ပါယ်လဲ…"
ကျန်းဟယ်လင်းက မေးလိုက်လေသည်။
ယွဲ့စုန့်က ပေါက်ပေါက်အား ပါးစပ်ထဲသို့ ထည့်လိုက်ကာ ပြောလိုက်သည်။
"အဲ့တာ အစ်ကိုက စင်ဂယ်လ်ဆိုတဲ့အဓိပ္ပါယ်ပဲ…"
"သမီးအစ်မလဲ စင်ဂယ်လ်ပဲလေ…"
ယွဲ့စုန့်က ပြုံးလိုက်ပြီး ကျန်းယန်ရှန့်အား ကြည့်လိုက်သောအခါ ၊ သူမ၏ သေးသွယ်ကာ နူးညံ့သိမ်မွေ့လှသည့် လက်ကောက်ဝတ်လေးသည် ကျန်းဟယ်လင်း ခေါင်းပေါ်သို့တင်ထားသည်ကို စိတ်ဝင်စားဖွယ် တွေ့လိုက်ရလေသည်။ သူမသည် အလွန်ထူးဆန်းသည့် မိန်းကလေးဟု ရှုလီချန်က ပြောခဲ့ဖူးသည်။
ကျန်းယန်ရှန့်သည် koalaလေးများဖက်နေကြသည့် ဗီဒီယိုအား ကြည့်နေစဉ်တွင် ကျန်းဟယ်လင်းအား အလွယ်တစ်ကူပင် ဖက်လိုက်သည်ကို တွေ့သောအခါ ထိုကဲ့သို့ သေးသွယ်သည့်လက်မောင်းလေးများသည် အလွန်ပင် ခွန်အားရှိနေသည်ကို ယွဲ့စုန့် မယုံနိုင်ပင် ဖြစ်နေရသည်။ထိုလက်ကောက်ဝတ်လေးပေါ်တွင် အလွန်လှသည့် လတ်ပတ်လေးတစ်ခုသည် မီးရောင်အောက်တွင် တလက်လက် ဖြစ်နေလေသည်။ယွဲ့စုန့် ဤလတ်ပတ် ဒီဇိုင်းအား ရင်းနှီးနေသည်ဟု ခံစားရသောကြောင့် သူ၏ မေးစိအားပွတ်ကာ စဉ်းစားနေမိလေသည်။
" အဲ့တာက "TheGirlPower" စီးရီးထဲက မဟုတ်လား …"
ကျန်းယန်ရှန့် အံ့ဩသွားလေသည် ။ "အစ်ကိုက သိနေတာလား…"
ထိုလတ်ပတ်လေးအား ကျန်းယန်ရှန့် အလွန်သဘောကျသောကြောင့် ဒီဇိုင်နာအား စုံစမ်းခဲ့ရာ အလွန်တော်သော ဒီဇိုင်နာ တစ်ယောက်ဖြစ်သည်ကို သိရှိခဲ့လေသည်။ မမျှော်လင့်စွာဖြင့် ယွဲ့စုန်သည်လည်း ထိုဒီဇိုင်နာအား သိနေလေသည်။
"ကျွန်မ သူ့ဒီဇိုင်းတွေကို အရမ်းသဘောကျတာ…သူက လုံးဝ ပြိုင်ဘက်ကင်းပဲ…"
ယွဲ့စုန်က သူ၏လက်အား မြှောက်ပြလိုက်သည်။
"ဒီဟာလည်း …သူလုပ်ထားတာပဲ…သူ့ဒီဇိုင်းတွေထဲမှာ လုံးဝပြိုင်ဘက်ကင်းတဲ့ပုံစံနဲ့ သူ့ကိုယ်ပိုင် အိုင်ဒီယာတွေ ပါတယ်…"
ကျန်းယန်ရှန့် ထောက်ခံလိုက်သည်။
"ဒီလက်ပတ်လေးကိုလည်း ကျွန်မအရမ်းသဘောကျတာ …ကျောင်းသွားတဲ့အချိန်ကလွဲပြီး အမြဲဝတ်ထားတာ…"
ကျန်းဟယ်လင်းကလည်း ခေါင်းမော့ကာ ဂုဏ်ယူနေလေသည် ။
" အဲ့တာညီမဝယ်ခဲ့တာ…အစ်မကို မွေးနေ့လက်ဆောင်ပေးထားတာ…"
ယွဲ့စုန် တွေဝေသွားရသည်။
"TheGirlPower" စီးရီးထဲမှ ဒီဇိုင်း... အထက်တန်းကျောင်းသူအစ်မအတွက် မူလတန်းကျောင်းသူလေးမှ ပေးသောာမွေးနေ့လက်ဆောင် ….....
သူ အတန်ကြာ တိတ်ဆိတ်သွားသောကြောင့် ကျန်းဟယ်လင်းနှင့် ကျန်းယန်ရှန့်တိုုက တစ်ပြိုင်နက် သူ့အားကြည့်လိုက်လေသည်
" ဘာဖြစ်လို့လဲ…"
ယွဲ့စုန်သည် ကျန်းဟယ်လင်းကို ဖြေးညှင်းစွာ မေးလိုက်လေသည်။
"ညီမ...မဖြစ်နိုင်ပါဘူး..ညီမက "ခရမ်းရောင်မျက်လုံး... အေးစက်စက်အကြည့်...ဆံပင်အမည်းကနေ အဖြူရောင်ဆိုးပစ်မယ်" လား...."
Xxxxxx