Part 261
သူမ ကျောင်းအဝင်ဂိတ်ကို ခြေချလိုက်တဲ့အချိန်ကစပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲ အကြောင်းပဲ သူမနားမှာ တရစ်ဝဲဝဲ ဖြစ်လို့နေသည်။ သူမ ထိုအကြောင်းကို ရက်900ထက်မက နားထောင်ခဲ့ရပြီး တကယ့် တကယ်တော့ ယင်တစ်ကောင် ဖြတ်သွားခဲ့သည့်အတိုင်းပင်။
အထက်တန်း တတိယနှစ် ကျောင်းသားများ၏ အချိန်က အရမ်းတင်းကြပ်လှသဖြင့် ကျန်းယန်ရှန့်က သူမမွေးနေ့ကို အိမ်မှာ ကိတ်စားရင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောင်းသားများက ကောလိပ်ဝင်ခွင့် စာမေးပွဲခန်းထဲမှာ အမှန်တကယ် ထိုင်နေခဲ့ရပြီ ဖြစ်သည်။
ထိုစာမေးပွဲခန်းထဲမှာတော့ 99.9%သော ကျောင်းသားတွေက သူတို့ကိုယ်သူတို့ အနာဂတ်တစ်ခုပေးနိုင်ဖို့ ကြိုးစားနေရပြီး သူတို့ထဲက အိမ်မှာ ရွှေတွင်း ရှိနေသော(ချမ်းသာသော) ကျန်းယန်ရှန့်လို 0.1%ကတော့ သူတို့၏ ကိုယ်ပိုင် အရည်အချင်းကို သက်သေထူလိုသည့် အတွက်ကြောင့်သာ။
စိတ်ပိုင်းဆိုင်ရာက အရမ်းကို သက်တောင့်သက်သာ ဖြစ်နေပြီး ဘယ်လို ဖိအားမျိူးမှ ရှိမနေခဲ့ပေ။ ကျန်းဟွမ်ကသာ သူမထက်ပို စိတ်လှုပ်ရှားနေပုံရပြီး နေ့တိုင်း စာမေးပွဲပြီးသည့်အချိန်တိုင်း လာကြိုပေးလေ့ရှိသည်။
သို့သော်လည်း နောက်ဆုံးနေ့မှာတော့ ကျန်းယန်ရှန့်က ကားထဲကို ဝင်မလာဘဲ ကိုယ်တစ်ဝက်သာ ကိုင်းကာ မေးလာသည် "သမီးအိတ်ကရော? မေ့လာတာလား?"
ကျန်းဟွမ်က သူမအိတ်ကို ကမ်းပေးလိုက်သည်: "အိတ်က ဘာအတွက်လဲ? သမီး ဘာလုပ်မလို့လဲ?"
ကျန်းယန်ရှန့်က သူမရဲ့ စာရေးကိရိယာအိတ်ကို သူ့ဆီ လှမ်းပစ်ပေးလိုက်လေသည်: "သမီး အိမ်ပြန်မလိုက်သေးဘူး... အပြင်ထွက်ပြီး ရက်နည်းနည်းလောက် အနားယူအုံးမယ်"
သူမက အိတ်ကိုလွယ်ပြီး ကားကိုပိတ်ကာ ပြေးသွားတော့သည်။
ကျန်းဟွမ်:"..."
ကျန်းဟွမ်က တစ်ဖက်ကိုရွှေ့လာပြီးနောက် ကားမှန်ကိုချပြီး ခေါင်းဆန့်ထုတ်ကာ အော်
လိုက်သည် "စောစောပြန်လာနော်... သမီးရဲ့ လုံခြုံရေးကိုလည်း ဂရုစိုက်အုံး!"
သူထပ်ကြည့်လိုက်သည့်အခါမှာတော့ သူ့မျက်လုံးထဲမှာ ကျောင်းသားတွေ မိဘတွေနဲ့ ပြည့်လို့သွားပြီး လူအရမ်းများတာကြောင့် ခေါင်းပင် မူးဝေလာရသည်။ သို့သော်လည်း ကျန်းယန်ရှန့်ရဲ့ အရိပ်လေးကိုပင် မဖမ်းမိလိုက်။
ဟမ့်! သူမက အခုမှ လောကကြီးထဲရောက်လာတဲ့ သားပေါက်လေးလိုပဲ။ ဒါပေမယ့် စိတ်လှုပ်ရှားလို့ ခုန်ပေါက်ပြီး ပြေးနေတာတော့ မရှိဘူး!
ကျန်းဟွမ်က အကြိမ်အနည်းငယ် ငြီးငြူနေပြီးမှ သူ့ဒရိုင်ဘာကို ပြောလိုက်သည် "သွားစို့.. ပြန်ကြစို့"
စာမေးပွဲပြီးပြီးချင်းမှာ လူအများကြီး ရှိနေသည်။ တစ်ချို့ကျောင်းသားများက စာမေးပွဲပြီးတော့ မပြန်ကြသေးဘဲ အတူတကွ စကားတပြောပြောနဲ့ ရှိနေကြဆဲပင်။ တစ်ချို့က ပျော်နေပြီး တစ်ချို့ကတော့ ဝမ်းနည်းနေရသည်။ တစ်ချို့က စာမေးပွဲခန်းထဲက ထွက်လာတော့ ငိုနေကြပြီး တစ်ချို့က သုံးပေအမြင့်လောက်ထိ ခုန်ပေါက်ကာ ရူးရူးနှမ်းနှမ်း ပြေးသွားကြသည်။
"အိုး... လူငယ်ဘဝကတော့" ကျန်းဟွမ်က သက်ပြင်းချကာ ပြုံးလိုက်လေသည်။
စာမေးပွဲကျင်းပတဲ့နေရာ၏ ဝင်ပေါက်က လမ်းသွယ်လေးပဲ ဖြစ်ကာ ဦးတည်ရာ နှစ်ဖက်က လမ်းကျဥ်းလေးတွေကြားမှာ ဘာအတားအဆီးမှ ရှိမနေခဲ့ပေ။
ကျန်းဟွမ်၏ကားနှင့် ပြိုင်ကားလေး တစ်စီးက အချင်းချင်း ဖြတ်သွားခဲ့ကြသည်။ သို့သော်လည်း တစ်ဖက်က ကားမောင်းသူက ယွဲ့ စုန့် ဖြစ်နေတာကိုတော့ ကျန်းဟွမ်တစ်ယာက် မသိခဲ့ချေ။
ယွဲ့ စုန့်က ပြောလိုက်သည် "မင်း ပင်ပန်းရင် အရင်အိပ်လိုက်လေ"
ကျန်းယန်ရှန့်က ပြန်ဖြေ၏ "ကျွန်မစိတ်က အလုပ်လုပ်နေတုန်းကို ဘယ်လိုလုပ် အိပ်ပျော်မှာလဲ?"
ယွဲ့စုန့်က ပြောသည် "အိုကေ.. အခုကစပြီး ပိုလွယ်ကူသွားတော့မှာ"
ကျန်းယန်ရှန့်က သူမမျက်လုံးကို မှိတ်ကာ ရှည်ကြာပြီး စိတ်သက်သာရာရတဲ့ သက်ပြင်းတစ်ချက်ကို ချလိုက်သည်။
ပြန်လည်မွေးဖွားပြီး သုံးနှစ်အကြာမှာတော့ သူမစွန့်ပစ်ထားခဲ့တဲ့ အထက်တန်းနေ့ရက်များကို ပစ်ချကာ ထပ်ပြီး ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုကာလမှာ သူမ၏ကြိုးစားခဲ့မှုများနှင့် စိုက်ထုတ်ခဲ့ရသော ခွန်အားများ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းညှိခဲ့ရမှုများ၊ ပြိုလဲမှုများ ပြီးတော့ ပြန်လည်တည်ဆောက်ခဲ့ရခြင်းများ၊ သူမရဲ့ နှလုံးသားခရီးလမ်း၊ ချိုချို ချဥ်ချဥ် စပ်ရှရှ အရသာများကိုတော့ သူမသာ နားလည်ပေသည်။
ကျန်းယန်ရှန့်က မတတ်နိုင်ဘဲ ယွဲ့ စုန့်ကို ကြည့်ဖို့ ခေါင်းအနည်းငယ် စောင်းလိုက်သည်- ထိုသူရဲ့ လှပတဲ့မေးရိုးလေး၊ နှင်းလိုဖြူစွတ်နေတဲ့ ရှပ်ကော်လာနဲ့ ရှည်လျားတဲ့ လည်ပင်းလေး။
သူမမျက်လုံးကို မှိတ်လိုက်တော့ အရင်ဘဝက မြင်ကွင်းတွေက သူမစိတ်ထဲပေါ်လာခဲ့သည်။
ထိုသူက သူရဲ့မေးရိုးနဲ့ ရှပ်ကော်လာမှာ အခြားသူတွေရဲ့သွေးတွေနဲ့ စွန်းထင်းနေပြီး သူမကို ဖက်ထားပေးခဲ့သည်။သူမက သူမစိတ်နှလုံးထဲမှာ နက်ရှိုင်းစွာ စွဲမြဲနေတဲ့ အသံကို ထပ်ပြီး သတိရလာသည်။
"ရှင်ပြောကြည့်" ကျန်းယန်ရှန့်က ရုတ်တရက် မေးလိုက်သည် "လူတစ်ယောက်ရဲ့ ဘဝမှာ မှန်ကန်တဲ့လမ်းကြောင်းဆိုတာ ဘယ်လိုမျိုးလဲ?"
သို့သော်ငြား ယွဲ့ စုန့် ပြန်မဖြေနိုင်ခင်ပင် ကျန်းယန်ရှန့်က သူမဘာသာ ပြောလာခဲ့သည် "အမှန်ဆိုရင် စာကြိုးစားတာ အလုပ်ကြိုးစားတာ ကောင်းကောင်းနေထိုင်တာလိုမျိုးကို ပြောချင်တာ... ဟုတ်တယ်မလား? ဒီထက့်ပို အရေးကြီးတာမျိုး မရှိတော့ဘူး... ဟုတ်တယ်မလား? အခြေခံအားဖြင့် လူတိုင်းက ဒီလိုမျိုးတွေပဲ ဟုတ်တယ်မလား?"
ထို "ဟုတ်တယ်မလား"ဆိုသော စကားလုံးက ယွဲ့ စုန့်ကို ရယ်မောစေသည်။
"ကောလိပ်ဝင်ခွင့်စာမေးပွဲက မင်းအတွေးတွေကို သန့်စင်ပေးလိုက်တာလား.... အဲ့တာက မင်းကို အခုလို လူမှုဒဿနိကနဲ့ ဆိုင်တဲ့မေးခွန်းတွေကို စပြီးတွေးလာအောင် လုပ်နေပြီလား..."
ကျန်းယန်ရှန့်က သူရဲ့ အရွှန်းဖောက်မှုကို လျစ်လျူရှုပြီး မေးခွန်းသာ မေးနေလေသည်
"ရှင်ပြောကြည့် ကျွန်မအခု မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာလား?"
ထိုမိန်းကလေးက အခုလေးတင်မှ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြတ်ကျော်ကာ သူမရဲ့ ငြီးငွေ့ ဖွယ် အထက်တန်းကျာင်းသားဘဝကို ပြီးဆုံးခဲ့တာ ဖြစ်သည်။ ကျောင်းသားအများစုက ထိုအချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေမှာဖြစ်ပေသည်။ ယွဲ့ စုန့်က ကျန်းယန်ရှန့်က ထိုအခြေအနေမှာ ရှိမနေမှန်း ခံစားရပေမယ့်လည်း သူမမေးတာကို ဂရုတစိုက် ပြန်ဖြေနေဆဲပင် "သေချာတာပေါ့"
သူ့လေသံက ကျန်းယန်ရှန့်ကို အတည်ပြုချက်တစ်ခု ပေးနေသလို အရမ်းကို သေချာနေခဲ့လေသည်။
ကျန်းယန်ရှန့်က နောက်ထပ် စိတ်သက်သာရာရဖွယ် သက်ပြင်းတစ်ခုကို ထပ်ချလိုက်ပြီး သူမမျက်လုံးကို မှိတ်ကာ ထိုင်ခုံပေါ်ကို မှီချလိုက်လေသည်: "လေဆိပ်ရောက်ရင် နှိုးလိုက်"
.....
ကျန်းယန်ရှန့်က တံခါးကိုဖွင့်ကာ အိမ်လေးရဲ့ ရှုခင်းကြည့်ကပြင်လေးဆီ သွားလိုက်သည်။
ထို အပန်းဖြေအိမ်လေးက တောင်လေးတစ်ခု၏ အမြင့်ထက်ဝက်နေရာတွင် ဆောက်ထားကာ ပတ်ပတ်လည်တွင် နှင်းများဖုံးလွှမ်းနေသော တောင်တန်းများ ရှိနေပြီး အာက်ခြေမှာတော့ ပြေပြစ်သော တောင်ကုန်းလေးများရှိနေသည်။ အပင်တွေတော့ သိပ်မရှိပေ။ ဘေးပတ်လည်ကို လှည့်ကြည့်လျှင်တော့ အစိမ်းရောင်ပေါင်းပင်များက အရောင်မျိုးစုံသော ပန်းများဖြင့် ဖုံးလွှမ်းကာ ရှိနေသည်။ လေထဲမှာ လန်းဆန်းသော အနံ့လေး ရနေပြီး ကောင်းကင်ကြီးက မြင့်မားကာ ကျယ်ပြန့်ဝေးလံပြီး အရမ်းကို ကြည်လင်နေခဲ့သည်။
ထိုအချက်ကပင် လူတွေကို အရမ်း သေးငယ်သွားသလို ခံစားရစေသည်။
"ကောင်းကောင်း အိပ်ပျော်ရဲ့လား?" ယွဲ့ စုန့်က သစ်သား ကပြင်လေးပေါ်က နောက်မှီထိုင်ခုံလေးပေါ်တွင် ထိုင်နေရင်း မေးလိုက်သည်။
"ကောင်းကောင်း အိပ်ခဲ့တာပေါ့!" ကျန်ယန်ရှန့်က လက်ဆန့်ထုတ်ကာ ပြားချပ်ပြီး သန်မာနေသော နှင်းလို ဖြူစွတ်နေသည့် ဗိုက်သားလေးကို လှစ်ဟပြလိုက်သည်။ "အကုန်ပြန်ကောင်းသွားပြီ"
"ခဏလောက် လာထိုင်အုံး" ယွဲ့ စုန့်က ပြောသည်။
ကျန်းယန်ရှန့်က သူ့ကို စနောက်လိုက်လေသည် "ရှင့်ကြည့်ရတာ ရှုခင်းပိုစ့်ကဒ်တွေထဲက အဘိုးကြီးလိုပဲ"
"အဘိုးကြီးက ဘာကအကောင်းဆုံးလဲဆိုတာ မသိခင် အကုန်ကြုံတွေ့ ဖူးသွားပြီ" သူက သူ့ခြေထောက်ကိုပုတ်ပြလိုက်သည် "ဒီကိုလာ"
ကျန်းယန်ရှန့်က အနားရောက်လာကာ အခြားထိုင်ခုံကို လျစ်လျူရှုလိုက်ပြီး သူ့လက်မောင်းထဲကို ထိုင်ကာ မှီထားလိုက်သည်။
လူနှစ်ယောက်က စကားမပြောလာခဲ့ပေ။
ခဏအကြာမှာ ကျန်းယန်ရှန့်က ညင်ညင်သာသာ ပြောလာခဲ့သည် "အရမ်းတိတ်နေတာပဲ"
ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်သာမက နှလုံးသားကပါ တိတ်ဆိတ်နေသည်။
ယွဲ့ စုန့်က ပြောသည် "မင်းဒီလိုနေရာတွေကို များများလာသင့်တယ်.. တိတ်ဆိတ်တာက မင်းရဲ့ စိတ်အခြေအနေကို ပြောင်းပေးနိုင်တယ်"
ကျန်းယန်ရှန့်က ခေါင်းကို လှည့်ကာ သူ့မေးလေးကို ကိုက်လိုက်သည် "ထားလိုက်တော့.. တစ်ခြားဟာတွေသာ ပြောင်းချင်ပြောင်းမယ်... ကျွန်မစိတ်ကို ပြောင်းမပေးနိုင်ဘူး"
ယွဲ့ စုန့်က သူမရဲ့ခေါင်းနောက်ပိုင်းကို ထိန်းကိုင်ကာ သူ့ခေါင်းကိုငုံ့လာပြီး သူမကို နမ်းလိုက်သည်။
Xxxxxx
Part 262
ကျန်းယန်ရှန့်က သူမမျက်လုံးကို မှိတ်ကာ အလွန်အမင်း စိတ်အပန်းပြေသလို ခံစားနေရသည်။ ဒါကပဲ သူမပြန်လည်မွေးဖွားလာပြီး သုံးနှစ်တာကာလအတွင်း စိတ်အသက်သာဆုံး အချိန် ဖြစ်နိုင်သည်။
ငယ်ရွယ်သော စုံတွဲ၏ အနမ်းက ကြာရှည်စွာ ချိတ်ဆက်နေပြီး နှစ်ယောက်သားကို ခွဲဖို့ယာ ခက်ခဲနေသလိုပင်။ သို့သော်လည်း ယွဲ့ စုန့်က ရပ်တန့်လိုက်သည်။ ကျန်းယန်ရှန့်က သူ့ရဲ့ ရှုပ်ထွေးနေတဲ့ အသက်ရှူသံနဲ့ မူမမှန်တော့တဲ့ ခန္ဓါကိုယ်ကို ခံစားမိနေသည်။
စီနီယာအထက်တန်းကျောင်းသူရဲ့ ချစ်သူကောင်လေးတစ်ယောက်အနေနဲ့ ယွဲ့ စုန့်ရဲ့ တစ်နှစ်တာက အမှန်တကယ် တော်တော်လေး ခက်ခဲခဲ့သည်ပင်- ချိန်းတွေ့တာကိုလည်း နည်းနည်းပဲ လုပ်ခဲ့ရပြီး သူက ကျန်းယန်ရှန့်ရဲ့ စာလေ့လာမှုကို သက်ရောက်မိမှာ စိုးရိမ်နေခဲ့သည်။ သူက အချိန်တိုင်း ထိန်းချုပ်နေခဲ့ရသည်။ သေချာတာပေါ့.. ကျန်းယန်ရှန့်ရဲ့အသက်ကိုလည်း ထည့်တွက်ဖို့ လိုသေးသည်ပင်။
စိတ်ဆန္ဒတွေ ဘယ်လိုပဲ ပြင်းထန်ပါစေ လူတွေက တိရစ္ဆာန်တွေလို အဆင့်နှိမ့်ချပစ်လို့ မရနိုင်ဘူး။
ကံကောင်းစွာဖြင့် သူမလေးက အဆုံးမှာတော့ ကြီးပြင်းလာပြီး အခု သူ့ချစ်သူလေးက အရွယ်ရောက်ခဲ့လေပြီ ။
ကျန်းယန်ရှန့်က သူမလက်ကလေးတွေဖြင့် သူ့ရဲ့ လှပတဲ့ မေးစေ့တစ်လျှောက်နှင့် စွဲဆောင်မှုရှိသော လည်စေ့လေးကို ထိတွေ့နေပြီး ထိုလူက အမြဲတမ်း အရမ်းကို ကြံ့ကြံ့ခံနိုင်လွန်းတာကို သူမဘာသာတွေးတောနေမိသည်။
ဒါပေမယ့် အခုက လင်းချင်းနေသည့် နေ့လည်ခင်းပဲ ရှိနေသေးသည်။ သူမက စကားလမ်းကြောင်း ပြောင်းလိုက်သည်
"ဒီအိမ်က စိတ်ဝင်စားစရာပဲ... ဒီမှာရှိတဲ့ပစ္စည်းတိုင်းက အစုံလိုက်ပဲ။ ဒီကြမ်းပြင်ပေါ်မှာ ရှိတဲ့ နောက်မှီထိုင်ခုံတွေ... မီးလင်းဖိုဘေးက ဆိုဖာတွေ...." အခြားသော အချက်သေးသေးလေးတွေ အများကြီးက လူတွေကို စုံတွဲခံစားချက်ကို ပေးနေသည်။
ယွဲ့ စုန့်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရသည်: "မင်း သတိထားမိတယ်ပေါ့"
"ကမ္ဘာအနှံ့က ကိုယ်တို့ မိသားစုရဲ့ အားလပ်ရက်အိမ်ရာတွေက ကိုယ့်မိဘတွေ ဝယ်ထားတာများတယ်လေ။ သူတို့နှစ်ယောက်က..." သူဆက်မပြောနိုင်တော့ဘူး။
သို့သော်လည်း ကျန်းယန်ရှန့်က နားလည်လေသည်။ အနာဂါတ်ကောင်းနှင့် မွေးဖွားလာပြီး ကောင်းမွန်စွာ ပျိုးထောင်ခံခဲ့ရသည့် ထိုအမျိုးသားနှင့်အမျိုးသမီး စုံတွဲက ငယ်ရွယ်တဲ့ အသက်အရွယ်ကနေ သက်လတ်ပိုင်းအရွယ်ထိ နှစ်ယောက်တည်းကမ္ဘာမှာ နေထိုင်ခဲ့ကြတာ ဖြစ်သည်။ ထို့ကြောင့်ပဲ သူတို့၏ အားလပ်ရက်အိမ်ရာတွေတိုင်းက နှစ်ယောက်တည်းကမ္ဘာတစ်ခုကို ဖော်ပြနေတာ ဖြစ်သည်။
"ကိုယ့်အဖိုးက ဒီလိုနေရာတွေ လာရတာ မကြိုက်ဘူး" ယွဲ့ စုန့်က ပြောသည်။ "သူက ကိုယ့်မိဘတွေ ပြင်ဆင်ထားတဲ့ ဒီလိုအပန်းဖြေ အိမ်ရာတွေ တွေ့တိုင်း ဒေါသထွက်လာရလို့လေ.. ဒါပေမယ့်လည်း သူကိုယ်တိုင်က အပန်းဖြေခရီးထွက်ရတာကို မကြိုက်တာ... သူက အလုပ်စွဲနေတဲ့သူလေ.. သူငယ်ငယ်ကတည်းက ဒီလို ဖြစ်နေတာ သူက ကိုယ့်အဖေနဲ့ လုံးဝကို ကွဲပြားတဲ့သူပဲ"
ကျန်းယန်ရှန့်က သူ့မျက်နှာကို ထိကာ ပြောလိုက်သည်
"သူက ရှင့်ကို သူ့လိုလူဖြစ်အောင် လေ့ကျင့်ပေးခဲ့တာလား?"
"ဆိုးလိုက်တာ..." ယွဲ့ စုန့်ရဲ့ မျက်လုံးများက ဥာဏ်နီဥာဏ်နက်များသည့် ပုံစံဖြင့် တောက်ပသွားပြီး ပြောလိုက်သည်
"ကိုယ်လည်း သူနဲ့ မတူတဲ့လူပဲလေ.. သူက တစ်ကိုယ်တည်းသမား.. ဒါပေမယ့် ကိုယ့်မှာက ကောင်မလေးရှိတယ်လေ"
ကျန်းယန်ရှန့်က ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
သူတို့က အပန်းဖြေအိမ်ရာမှ ထွက်ကာ တောင်ခါးပန်းမှာ စိတ်အေးသက်သာ လမ်းလျှောက်ထွက်ကြကာ ပန်းပင်ရိုင်းတွေ အများကြီးကိုလည်း ခူးခဲ့ကြပြီး ပန်းစည်းလုပ်ကာ အပန်းဖြေအိမ်ရာဆီကို ယူလာခဲ့ကြသည်။
ညနေပိုင်းမှာတော့ ယွဲ့ စုန့်က စတိတ်ခ်ကို ကိုယ်တိုင်ချက်ကာ ဝိုင်နီနှင့် ဖယောင်းတိုင်တို့ကိုလည်း ပြင်ဆင်ထားခဲ့သည်။ဒီနေရာ၏ အမြင့်နှင့် ရာသီဥတုက နေ့လည်ပိုင်းမှာ ပူပြီး မနက်ပိုင်းနှင့် ညနေပိုင်းမှာတော့ ဆောင်းနှောင်းကာလကဲ့သို့ အေးနေသေးသည်။ မနက်ပိုင်းမှ ညပိုင်းအထိ မတူညီသော ရာသီဥတုများကို တစ်နေ့တာအတွင်း ခံစားနိုင်ပေသည်။ ယွဲ့ စုန့်က အအေးဓါတ်ကို ဖယ်ထုတ်ဖို့ မီးလင်းဖိုကို မီးထည့်ထားသဖြင့် အိမ်က ပိုနွေးလာသည်။
မီးလင်းဖိုရှေ့က ကြမ်းပြင်မှာတော့ ကော်ဇောမခင်းထားဘဲ တိရစ္ဆာန်သားရေတို့ဖြင့် ခင်းထားသည်။ ထိုနေရာမှာ လဲလျောင်းလိုက်ပါက နူးညံ့သော သားမွေးများကြောင့် အရမ်းကို သက်တောင့်သက်သာ ဖြစ်ရသည်။
နွေးထွေးပြီး ခုန်ပေါက်နေသည့် မီးအလင်းရောင်တွင့်တော့ လူနှစ်ယောက်၏အရိပ်များက ထပ်လျက်ရှိနေသည်။
သို့သော်လည်း အဆုံးမှာတော့ ယွဲ့ စုန့်က တုံ့ဆိုင်းနေဆဲပင်။ သူနှင့် ကျန်းယန်ရှန့် အတူရှိလာတာ တစ်နှစ်ရှိပြီ ဖြစ်သော်လည်း သူက သူတို့ရဲ့ အသက်ကွာဟမှုကို စိုးရိမ်နေဆဲဖြစ်ပြီး အခုကလည်း အရမ်းကို စောလွန်းနေသည်ပင်။
သို့သော်လည်း ကျန်းယန်ရှန့်က ပွင့်ပွင့်လင်းလင်းနှင့် ဟန်ပန်တွေ လုပ်မနေတော့ဘဲ ထိန်းချုပ်ထားတာကို လွတ်ထွက်ခွင့်ပေးလိုက်ကာ သူ့အဝတ်များကို စချွတ်ပေးလိုက်တော့သည်။
ယွဲ့ စုန့်: "..." "ဟေး" သူက ကျန်းယန်ရှန့်ရဲ့ လက်တွေကို ဖိထားလိုက်ပြီး ထိုအလျင်လိုနေတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။
ကျန်းယန်ရှန့်က မကျေမနပ် ဖြစ်သွားရသည်: "အခုချိန်မှာ ရှင်ဆက်ပြီး တိတ်နေသင့်တာ မဟုတ်ဘူးလား?"
"ဒါတော့ အရမ်းများသွားပြီ.. ကျန်းယန်ရှန့်" ယွဲ့ စုန့်က သူမကို စိုက်ကြည့်လိုက်သည် "မင်းကိုမင်း အယ်လ်ဖာလို့ တကယ်ထင်နေတာလား?"
T/N ဦးဆောင်သူ
ကျန်းယန်ရှန့်ရဲ့ မျက်လုံးတွေက ဆွပေးနေဟန်ပင်: "မဟုတ်ရင်ရော?"
"မင်းက အယ်လ်ဖာ ဖြစ်နေရင်တောင်" ယွဲ့စုန့်က တစ်ပတ်လှည့်ကာ နက်မှောင်သော မျက်လုံးများဖြင့် ပြန်ဦးဆောင် လိုက်သည် "ဒါပေမယ့် ကိုယ်ကတော့ အိုမီဂါ မဟုတ်ဘူးနော်"
T/N ဦးဆောင်ခံရသူ
ကျန်းယန်ရှန့်ယဲ့ နှုတ်ခမ်းထောင့်များက တွန့်ကွေးလာပြီး သူမလက်များကို ကမန်ကတမ်း ဆန့်ထုတ်လိုက်သည်။
မီးတောက်များက ခုန်ပေါက်နေကာ ထင်းရှူးပင်များက တဝီဝီမြည်နေပြီး အခန်းတစ်ခုလုံး သစ်သားရနံ့များ ပျံ့နှံ့လို့နေသည်။
ထိုပန်းချီကားချပ်လေးက ဒီရေအောက်မှာ နစ်မြုပ်သွားလေသည်။
ဆဲလ်များ ချွေးညှင်းပေါက်များက ပွင့်ထွက်လာပြီး အရမ်းကို သက်တောင့်သက်သာ ရှိနေသည်။
ဒီရေ လွင့်ပါးသွားချိန်မှာတော့ ယွဲ့ စုန့်က ခေါင်းကိုစောင်းငဲ့ကာ ကျန်းယန်ရှန့်ကို ရင်ခွင်ထဲတွင် ဖက်တွယ်ထားပြီး သူမလက်လေးများကို ကိုင်ကာ ညင်သာစွာ ပွတ်သပ်ပေးနေသည်။
"ကျန်းယန်ရှန့်..." သူက ခေါင်းကိုငဲ့ကာ သူမရဲ့ နားသန်သီးလေးများကို ဖွဖွလေး နမ်းလိုက်သည် "ကိုယ်မင်းကို ဘယ်လောက်တောင် စောင့်ခဲ့ရလဲ သိရဲ့လား?"
"ဟမ်?" ကျန်းယန်ရှန့်ရဲ့ နှာသံလေးက အရမ်းကို သက်တောင့်သက်သာ ဖြစ်ဖွယ်ရာပင် "ဘယ်တုန်းကလဲ?"
ယွဲ့ စုန့်က သူမမျက်နှာကို နမ်းလိုက်သည် "မင်းကို စတွေ့ကတည်းက"
ကျန်းယန်ရှန့်က ခါးသက်သက် ပြုံးလိုက်သည် "ကျွန်မက ရှင့်ကိုတွေ့တော့ အံ့သြသွားတာ"
"ဘယ်သူက မအံ့သြဘဲ နေမှာလဲ?" ယွဲ့ စုန့်ရဲ့ လက်ဖဝါးကြီးက အရမ်းနွေးထွေးပြီး သူထိတွေ့ထားတဲ့ နေရာတိုင်းမှာ နွေးထွေးပြီး သက်တောင့်သက်တာ ဖြစ်နေခဲ့သည်။
"လူတွေရဲ့ လိုအပ်ချက်တွေနဲ့ စိတ်ခံစားမှုတွေကို ဟော်မုန်းတွေက သတ်မှတ်ပေးတာ... မင်းရဲ့ ပျော်ရွှင်မှု ဒေါသတွေနဲ့ ဝမ်းနည်းမှုတွေအားလုံးက ဟော်မုန်းတွေကနေပြီး ဦးနှောက်ကို ဘယ်လိုမျိုး ခံစားချက်ထုတ်ပေးရမလဲဆိုပြီး ပြောပြပေးတာလေ..."
"စိတ်မကောင်းစရာပဲ" ကျန်းယန်ရှန့်က သက်ပြင်းချလိုက်ပြီး "လူတွေကလည်း အဆင့်နိမ့် သတ္တဝါတွေပါပဲ... ကျွန်မတို့က ဘယ်အချိန်များ အဆင့်နိမ့် လိုအပ်ချက်တွေကို စွန့်လွှတ်နိုင်ပါ့မလဲ?"
"ဘာလို့ စွန့်လွှတ်ချင်နေရတာလဲ?" ယွဲ့ စုန့်က သူမကို ထပ်ပြီး ဖိထားလိုက်သည်
"မင်းရဲ့ ဟော်မုန်းတွေက ဒါလုပ်ရတာ အရမ်းပျော်စရာကောင်းတယ်လို့ မင်းကို မပြောကြဘူးလား?"
"မဟုတ်သေးဘူး... ကျွန်မ အယူခံဝင်ချင်တယ်" ကျန်းယန်ရှန့်က သူ့လည်ပင်းကို ဖက်တွယ်ကာ ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။
လူသားမျိုးနွယ်ရဲ့ အဆင့်နိမ့်လိုအပ်ချက်တွေအကြောင်း လေ့လာပြီးချိန်မှာတော့ နောက်တစ်နေ့မှာ သူမကို မိုလင်းက ဖုန်းခေါ်လာခဲ့သည်။
မိုလင်းကိုကြည့်ရတာ ဆုံးဖြတ်ချက်ချပြီးမှ ခေါ်လာဟန်ရသည်။
"ပုံမှန်ဆို ငါ့ဖောက်သည်ရဲ့ ကိုယ်ပိုင်ဘဝကို ငါ မနှောင့်ယှက်သင့်ဘူးလေ..."
သူမက ပြောခဲ့သည် "ဒါပေမယ့် ငါတို့နှစ်ယောက်က အဲ့လိုစီးပွားရေးအရ ဆက်သွယ်တာလောက်ပဲ ရှိတာမဟုတ်ဘူးလေ... ပြီးတော့လည်း ဒီကိစ္စက ငါ့ကြောင့်လည်းပါတော့ သေချာစဥ်းစားပြီးတော့ မင်းလည်း သိသင့်တယ်ထင်လို့"
ထိုကိစ္စက တကယ်တော့ အရမ်း ရိုးရှင်းပါတယ်။ အကြောင်းအရင်းကတော့ တက်သစ်စ ကြယ်ပွင့်လေး တစ်ယောက်နဲ့ တွဲခုတ်နေတဲ့ ကျန်းဟွမ်ရဲ့ အကြောင်းပါပဲ။
Xxxxxxxx