အပိုင်း ၂၈၃-၂၈၄
Viewers 22k

Part 283


ချိန်းဆိုမှုမတိုင်ခင် တစ်ရက်အလိုတွင် အဘိုးကြီးယွဲ့အပြင် သူ၏မိဘများလည်း အတူပါလာမည်ဟု

ယွဲ့စုန့်က ကျန်းယန်ရှန့်အား တိတ်တဆိတ်အကြောင်းကြားခဲ့၏။


" မသိချင်ယောင်ဆောင်နေ" ယွဲ့စုန့်က ကူကယ်ရာမဲ့ဖြစ်နေသောလေသံဖြင့်ပြောလိုက်သည်။


 "သူတို့နှစ်ယောက်က မင်းကို 'surprise' ဖြစ်စေချင်လို့တဲ့ "


ရည်းစားကောင်လေးဘက်မှ လူကြီးများနှင့် ဆုံရတော့မည့်မိန်းကလေးတစ်ယောက်အတွက် အံ့သြစရာကောင်းသည်ထက် ပိုသောအရာပင်။


" မ်ိဘတွေတဲ့လား .... " ကျန်းယန်ရှန့်က သူမ၏နှဖူးကို ခပ်ဖွဖွဖိလျက်။


"သူတို့နှစ်ယောက်က ကလေးတွေလိုပါပဲ....တွေ့ရင် သိလိမ့်မယ်" 


ယွဲ့စုန့်၏လေသံတွင် ခိုကိုးရာမဲ့မှုအပြည့်ရှိနေသည်။သူ၏ပုံစံမှာ ကလေးများကို စိုးရိမ်နေသော မိဘနှင့် ပို၍တူ၏။


" သိပါပြီ...စိတ်မပူပါနဲ့ " 


ကျန်းယန်ရှန့်က ယွဲ့စုန့်၏ ပုံစံအား သဘောကျစွာဖြင့် ရယ်မောလိုက်သည်။


နှစ်သစ်ကူးနေ့တွင် ကျန်းယန်ရှန့် သည် ချိန်းဆိုထားသည့်အတိုင်း ရောက်ရှိလာ၏။


သူမ ရောက်လာချိန်၌  လူကြီးသုံးယောက်၏ မျက်လုံးများလင်းလက်သွားသည်ကို ယွဲ့စုန့် တွေ့လိုက်ရသည်။


ကျန်းယန်ရှန့်က အရမ်းထူးခြားမနေဘဲ စိတ်ရင်းကိုခံစားမိစေနိုင်မည့် လက်ေဆာင်ပစ္စည်းများသာပြင်ဆင်လာခြင်းဖြစ်သည်။


" နှစ်ယောက် ပြန်ရောက်တာ မသ်ိလိုက်လို့ပါ


ဘာမှ မပြင်ထားလိုက်ရဘူး" ကျန်းယန်ရှန့်က လေးနက်စွာပြော၏။


ယွဲ့စုန့်က သူမကို စိုးရိမ်ပူပန်မှု အနည်းငယ် သက်သာစေရန် ကြိုပြောခဲ့ခြင်းဖြစ်ပြီး မသိချင်ယောင်ဆောင်ရန်လည်းတောင်းဆိုခဲ့သည်။


"ရပါတယ် ကိစ္စမရှိဘူး " ယွဲ့စုန့်၏မိခင် အလွန်ပျော်ရွှင်နေ၏။


" လူလေးလာပြရုံနဲ့တင် အဆင်ပြေနေပါပြီ "


ပထမအကြိမ်တွေ့ဆုံချိန်၌ အဘိုးယွဲ့က သူမကို အနီရောင်စာအိတ်ပါးပါးလေးတစ်အိတ်ပေးသည်။


မသိမသာဖွင့်ကြည့်လိုက်သောအခါ ချက်လက်မှတ်တစ်စောင်ကို တွေ့ရ၏။


 ယွဲ့စုန်၏ မိဘများက သူမအား  မြစိမ်းရောင်လက်ကောက်တစ်ခုပေးခဲ့သည်။ 


လူကြီးများအတွက်လည်း ဤသို့သောတွေ့ဆုံမှုမျိုးမှာ ပထမဆုံးအကြိမ် ဖြစ်၏။


ယွဲ့စုန့်၏မိဘများသည် အလွန်ဆက်ဆံရေးကောင်းကြသည်။မောက်မာမှုမရှိဘဲ လွန်စွာ ဖော်ရွေကြ၏။


ထိုနှစ်ယောက်က သြစတြေးလျ၌ လောလောလတ်လတ်ဝယ်ထားသည့် ခြံအကြောင်း ကျန်းယန်ရှန့်ကိုပြောပြပြီး အလည်အပတ်လာရန် ဖိတ်ခေါ်နေသည်။


ယွဲ့စုန့်၏မိဘများသည် သာမာန်လူများကဲ့သို့ ဒုက္ခနှင့် စိတ်ဖိစီးမှု အလျဉ်းမရှိဘဲ လင်မယားကြားတွင်လည်း နားလည်မှုအပြည့်ရှိပြီး နွေးထွေး၏။


တစ်ယောက်ဘက်မှ ပါးစပ်ဟလိုက်သည်နှင့် ကျန်တစ်ယောက်က မည်သည့်စကားထွက်မည်ကို ကြိုတင်မှန်းဆနိုင်သော ပုံစံမျိုးပင်။


သူတို့ပြောသည်များက ရယ်စရာကောင်းပြီး


အချို့မှာ အနည်းငယ်ထူးဆန်းသော်လည်း ကျန်းယန်ရှန့်က အလိုက်သင့် လိုက်ပြုံးနေလိုက်သည်။


ထိုသူများနှင့်နှိုင်းယှဉ်ကြည့်လျှင် အဘိုးကြီးယွဲ့သည်  ဖိအားများစွာပေးတတ်၏။


အလွန်အားတက်သရောဖြစ်နေသောမျက်ဝန်းများမှတစ်ဆင့် အဘိုးကြီးယွဲ့၏ ဩဇာအာဏာညောင်းပုံကို မှန်းဆနိုင်သည်။


အဘိုးက ကျန်းယန်ရှန့်၏ယခင်ရင်းနှီးမြှုပ်နှံမှုအကြောင်းမေးမြန်းခဲ့ပြီး  အခြားရင်းနှီးမြှုပ်နှံမှုများကို


ထပ်မံပြုလုပ်ခြင်း ရှိမရှိ စစ်မေးနေ၏။


"  အသေးစားလုပ်ငန်းလေးတွေမှာ


၂သန်းလောက် ရင်းနှီးမြှုပ်နှံထားပါတယ် အဘိုး...


အကုန်လုံးက ကောင်းကောင်းလည်ပတ်‌နေတဲ့ မိရိုးဖလာစက်မှုလုပ်ငန်းတွေပါ...အမြတ်ကတော့ အများကြီးမရပါဘူး...ဒါပေမဲ့ အလားအလာတော့ရှိကြပါတယ်...အရင်တုန်းက အောင်မြင်တယ်ဆိုတာက  ကံကောင်းသွားတာပါ...ဒါပေမဲ့ ကံဆိုတာက အမြဲကောင်းမနေနိုင်ဘူးဆိုတော့လေ... သင်ယူပြီး အစကနေပြန်စတော့မလို့ပါ....ဘွဲ့မရခင်အထိတော့ ၁၀သန်းထက်ပိုပြီး ရင်းနှီးမြုပ်နှံတာမျိုး မလုပ်ပါဘူး "


ကျန်းယန်ရှန့်၏သဘောထားသည်ရင့်ကျက်သည်။

သေးငယ်သော အောင်ပွဲတစ်ခု‌အပေါ်ယစ်မူး၍ အောက်ခြေလွတ်သွားသော လူငယ်အချို့နှင့်ကွဲပြား၏။ကျန်းယန်ရှန့်ကို ကြည့်နေသော အဘိုးကြီးယွဲ့၏ မျက်ဝန်းများက ပို၍ စိတ်အားထက်သန်လာပုံရသည်။


 အဘိုး၏နှစ်သက်အားရမှုကို အတိုင်းသားခံစားနိုင်သော်လည်း သူသည်ယွဲ့စုန့်၏ မိဘများနှင့် ကွဲပြား ကြောင်း ကျန်းယန်ရှန့်သိ၏။


 ယွဲ့စုန့်၏ မိဘများသည် ထိုစကားဝိုင်းတွင် ပွဲကြည့်ပရိတ်သတ်ကဲ့သို့ပင်။


သူတို့တွင် သူမနှင့် ယွဲ့စုန့်အပေါ် ကြီးကြီးမားမားမျှော်လင့်ထားသည်များ မရှိပေ။


သို့သော်လည်း အဘိုးယွဲ့ကတော့ ထိုသို့မဟုတ်။


အဘိုးကြီးသည် မျှော်လင့်ချက်များပြားလွန်းသည်။


စကားစမြည်ပြောနေစဉ်တွင် အဘိုးကြီးသည် အကြိမ်ပေါင်းများစွာ ခေါင်းစဉ်ပြောင်းကာ အနာဂါတ်အစီအစဉ်များအကြောင်းသို့ရောက်ရောက်သွား၏။


ထိုသို့ ဖြစ်ပျက်လာတိုင်း ယွဲ့စုန့်က မျက်နှာရိပ်မျက်နှာကဲပြပြီး ဆက်မပြောရန်တားတတ်သည်။


အဘိုးကြီးသည် စိတ်အလိုမကျပေ။


လေးဆက်မြောက်မျိုးရိုးအတွက် သူဖြစ်လိုသောဆန္ဒများကို အခန်းတစ်ခန်းထဲတွင် လှောင်ပိတ်ထားရပေဦးမည်။


ကျန်းယန်ရှန့်က မသိချင်ယောင်ဆောင်ကာ ထွေထွေထူးထူးမပြောပေ။


အံ့ဖွယ်ကောင်းသည်မှာ ယွဲ့စုန့်၏မိဘများသည်လည်း အလားတူပင်ဖြစ်နေကြခြင်းဖြစ်သည်။


နှစ်ယောက်သားက ကျန်းယန်ရှန့်ကို  စကားစပြောနေသဖြင့် သူတို့လည်း ခေါင်းစီးပြောင်းချင်နေကြကြောင်း သိသာသည်။


ယေဘုယျအားဖြင့် အမျိုးသားဘက်မှမိဘများသည် ချွေးမလောင်းအား စိတ်ကျေနပ်ပါက အိမ်ထောင်ပြု၍ ကလေးယူရန် စတင်တိုက်တွန်းကြမည်မဟုတ်ပါလော။


စစ်ကူမရှ်ိသော အဘိုးကြီးယွဲ့သည် နေဝင်ချိန်တန်သောသူရဲကောင်းတစ်ဦး၏ ဝမ်းနည်းမှုကို ခံစားခဲ့ရပြီး ပို၍ပင် စိတ်ပျက်လက်ပျက်ဖြစ်သွားတော့သည်။


ကျန်းယန်ရှန့်သည် ဧည့်သည်ကျင့်ဝတ်ကို လိုက်နာလျက် အချိန်မှီအရောက်လာကာ လူကြီးသူများနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့သည်။


နေ့လယ်စာစားပြီးနောက် ခဏထိုင်ကာလက်ဖက်ရည်တစ်ခွက်သောက်ပြီး အချိန်ကိုက်ထွက်ခွာလာခဲ့သည်။


သူမ ကားမယူလာခဲ့သောကြောင့် ထုံးစံအတိုင်း ယွဲ့စုန့်က သူမကို အိမ်ပြန်ပို့ပေးသည်။


 " ဒီညတော့ ကိုယ့်မိဘတွေ ထွက်ပြေးတော့မယ်ထင်တယ်" 


ယွဲ့စုန့်က ဆက်ပြော၏။


 “ ခရီးဆောင်အိတ်ကိုတောင် မဖွင့်ကြသေးဘူး...သူတို့က မင်းကိုတွေ့ဖို့ ပဲ ခဏပြန်လာခဲ့ကြတာ... နေဖို့ လုံးဝ အစီအစဉ်မရှိဘူး” 


“ထွက်ပြေးဖို့ စိတ်ကူးကတော့ နည်းနည်း..…”


 ကျန်းယန်ရှန့်က ပြောသည်။


 “သူတို့ ထွက်ပြေးတော့မှာ "


 “ကိုယ်တို့မိသားစုက မျိုးဆက်သုံးဆက်အထိ ရှိလာခဲ့တာ...အဘိုးက သူတို့ကို ကလေးများများမွေးစေချင်တယ်လေ.. ကိုယ် ကြီးလာတော့လည်း အဖေတို့ကို နောက်ထပ် ကလေးမွေး‌ပေးစေချင်ခဲ့တာ.... ဒါပေမဲ့ အမေက ကိုယ်တစ်ယောက်တည်းမွေးရတာနဲ့တင် လုံလောက်နေပြီ... နောက်ထပ် ကလေးထပ်မယူဘူးလို့ ပြတ်ပြတ်သားသား ငြင်းတယ်‌လေ...အဲ့ဒါကြောင့် အဖေက သူ့ကို အဝေးခေါ်သွားခဲ့တာ... သူတို့ နှစ်ယောက် တရုတ်နိုင်ငံကို ပြန်လာဖို့ ဘာလို့အကြောက်အကန်ငြင်းနေရတယ်လို့ထင်လဲ .... အဘိုးကိုရှောင်ဖို့ပဲလေ "


“အဘိုးက အသက်လေးရလာတော့ စိုးရိမ်လွယ်လာတယ်.ကိုယ်တို့ကို စောစောလက်ထပ်ပြီး ကလေးစောစောမွေးဖို့ တိုက်တွန်းလိမ့်မယ် ” 


 


ယွဲ့စုန့်က ပြောသည်။


 "မင်း မကြိုက်ရင် မကြားသလိုပဲနေလိုက်ပါ စိတ်ထဲမထားနဲ့ ကိုယ်တားလိုက်မယ် "


လူကြီးသူများနှင့် အမြင်မတူပါက လူကိုယ်တိုင် ငြင်းခုံ စရာမလိုပါ။


အခြေအနေဖြင့်လိုက်လျောညီထွေစွာ ပြုမူပြီး ယွဲ့စုန့်နှင့်သီးသန့်စကားပြောကြရန် အဘွားက အကြံပေးထားသည်။


 တစ်ဖက်လူ၏နှလုံးသားထဲတွင် မိမိရှိနေကြောင်းသေချာပါက ထိုသူသည် မိမိကိုအခက်တွေ့အောင် လုပ်မည်မဟုတ်ကြောင်း အဘွားက ပြောခဲ့၏။


လူကြီးများနှင့်တွေ့ဆုံရခြင်းက ကောင်းသောအရာဖြစ်ပြီးခင်ပွန်းလောင်း၏ အသိုင်းအဝိုင်းအားလေ့လာနိုင်သည့် အခွင့်အရေးဖြစ်သည်ဟုလည်း အဘွားက ပြောခဲ့သေးသည်။


Xxxxxxx


Part 284


 ထို့နောက် ယွဲ့စုန့်က နောက်နှစ်ရက်အတွင်း ကျန်းယန်ရှန့်၏အစီအစဉ်များအကြောင်း မေးလေသည်။


" ရှုလီချန် ပြန်လာပြီလေ... မနက်ဖြန် နန်ရှန် ဘုရားကျောင်းကိုသွားမှာတဲ့ အတူတူလိုက်သွားမလို့ "


ယွဲ့စုန့် အံ့သြသင့်သွားသည်။


 " သူက ဘုရားတရားလုပ်တတ်တယ်ပေါ့ "


"အဲ့ဒါပြောတာ.....သူ့အိပ်မက်ထဲမှာ သူသေသွားလို့တဲ့... နိမိတ်မကောင်းလို့ အရမ်းကြောက်နေတယ်ဆိုပဲ "


ယွဲ့စုန့် ရယ်မောလိုက်မိသည်။


.....


နှစ်သစ်ကူးကာလတွင် သုံးရက်တာ အားလပ်ရက်ရှိ၏။နောက်တစ်နေ့မနက်စောစော၌ ကျန်းယန်ရှန့်သည် ​​မြို့စွန်မှ တောင်များတဝိုက်ရှိ နန်ရှန်ဘုရားကျောင်းသို့ကားမောင်းသွားပြီး ရှုလီချန်နှင့်အတူ ဘုရားဝတ်ပြုခဲ့သည်။


ထို့နောက် အလှူငွေယွမ်တစ်သိန်း လှူဒါန်းခဲ့၏။


ငွေလက်ခံသူက အလှူငွေ လက်ခံရန် ကိုယ်တိုင်ကိုယ်ကျ ထွက်လာပြီး အမည်များကို မှတ်တမ်းတင်၍ ကုသိုလ်မှတ်တမ်းတွင် ထည့်လိုက်သည်။


ထိုသူက ရှုလီချန်တို့ ဝတ်ပြုလာရသောအကြောင်းရင်းကိုမေး၏။


ထိုအခါရှုလီချန်က သူ၏အိပ်မက်အကြောင်းကို ပြောပြခဲ့သည်။


“ အိပ်မက်ထဲက သေခြင်းတရားဟာ ပြီးပြီးသားအရာတွေပဲ..... လက်တွေ့ဘဝကလည်း သူ့လမ်းနဲ့သူသွားလိမ့်မယ် "


ဘုန်းကြီးသည် လောကီရှိလူများစွာနှင့် ကြုံဆုံဖူးပြီး ထိုလူများကြားချင်သည့်စကားကို ကောင်းကောင်းသိသည်။ 


ဘုန်းတော်ကြီးသည် အညိုသင်္ကန်းကို ၀တ်ဆင်ထားပြီး မုတ်ဆိတ်ဖြူများက တဖျပ်ဖျပ်လှုပ်ခတ်‌နေ၏။


သူပြောသောစကားများက ဒဿနဆန်သည်။

ကြားလိုက်ရသည့်သူတိုင်းကို ဉာဏ်အလင်းရစေ၏။


ရှုလီချန် လေးလေးနက်နက်ပင် သဘောပေါက်သွားတော့သည်။သူ သူ့ပေါင်သူ ပြန်ရိုက်လိုက်ပြီးအားပါးတရပြောလိုက်၏


 “ဘုန်းဘုန်းပြောတာ မှန်တယ်...အကုန်လုံးက လက်တွေ့မှမဟုတ်တာ .... လက်ရှိမှာ ကောင်းကောင်းနေရင်ရပြီ "


ရှုလီချန်၏နှလုံးသားထဲမှ အရိပ်မည်းကို ဘုန်းတော်ကြီးက ဖယ်ရှားပေးခဲ့သည်။


နောက်ဆုံးတွင် ရှုလီချန်က သူ၏အိပ်မက်ဆိုးအကြောင်းကို ကိုယ်တိုင်အစဖော်ရန် သတ္တိရှိလာခဲ့ပြီဖြစ်သည်။


 


ကျန်းယန်ရှန့်က ရုတ်တရက်ဆန်စွာပင် ဝမ့်ချမ် အကြောင်းအသေးစိတ်မေးလာခဲ့သည်ဖြစ်သောကြောင့် ရှုလီချန်သည် သိချင်စိတ်ကို ထိန်းမနိုင်တော့ပေ။


 “ငါ့အိပ်မက်နဲ့ ဝမ့်ချမ် အကြောင်းကို ရုတ်တရက်ကြီး ဘာလို့ မေးတာလဲ ”


ရှုလီချန်သည် သူ့အိပ်မက်ထဲတွင်ပင် တော်တော်များများသိနေပြီဖြစ်သည်။ 


ကျန်းယန်ရှန့်သည် ရှုလီချန်အား မည်သည်ကိုမှ ထပ်မသိစေချင်တော့ပေ။


 “ခရစ္စမတ်အကြိုနေ့တုန်းက သူ့ကိုတွေ့တော့ နင်ပြောပြောနေတဲ့ အိပ်မက်ကို ရုတ်တရက် သတိရသွားတာလေ...အဲ့တုန်းက နင်က အသေကြောက်နေတာကိုး "


ထိုအချိန်က ရှုလီချန်သည် အမှန်တကယ်ပင် ထိတ်လန့်နေခဲ့သည်ဖြစ်သည်။


ကျန်းယန်ရှန့်က ရှုလီချန်ကို ပါးတစ်ချက်ရိုက်ပြီး အာရုံလွှဲပေးခဲ့ရ၏။ 


" ဘာမှလည်းမဆိုင်ပဲနဲ့ !!! " ရှုလီချန်က မကျေမနပ်အော်သည်။


ကျန်းယန်ရှန့် သည် အိမ်ထောင်ကွဲကိစ္စများကို ခြေရာခံစုံစမ်းစစ်ဆေးရာတွင် အထူးကျွမ်းကျင်သည့် ပုဂ္ဂလိကစုံထောက်တစ်ဦးကို ရှာဖွေရန် ငွေကြေးသုံးစွဲခဲ့၏။နားဝင်အဆင်မပြေသော်လည်း အလုပ်လုပ်ပုံမှာ သပ်ရပ်လွန်းသည်။


ထိုသူကပြန်ပြောသည်မှာ 


(ဝမ့်ချမ် နဲ့ ဟွမ်ကျဲတို့ရဲ့အမေတွေက ဝမ်းကွဲတွေ...သူတို့နှစ်ယောက်က နှစ်ဝမ်းကွဲတော်တယ် မိသားစုနှစ်စုက ဆက်ဆံရေးကောင်းကြတယ် .... သူတို့တင်တဲ့ postတွေကိုလိုက်ကြည့်ကြည့်တော့ နှစ်ယောက်အတူတူရှိတဲ့အချိန်တွေရှိတာကို တွေ့တယ်  မိန်းကလေးကျန်း  အထင်လွဲနေတာပါ.... ခင်ဗျားချစ်သူနဲ့ အဲ့တစ်ယောက်က အမျိုးတွေပါ...


ဒါပေမဲ့ တွေ့ရသလောက်တော့ ခင်ဗျားရဲ့ချစ်သူက သိပ်တော့မရိုးဘူး... မိန်းကလေးတွေအများကြီးနဲ့

အဆက်အသွယ်ရှိတယ်...ပြီးတော့ နိုက်ကလပ်တွေကို မကြာခဏ ဝင်ထွက်နေတာ... ဓာတ်ပုံပါရိုက်ထားပါတယ် )


 ကျန်းယန်ရှန့်သည် သူမကိုယ်သူမ ဟွမ်ကျဲ၏ ချစ်သူမိန်းကလေးအဖြစ် ဟန်ဆောင်ပြီး စုံထောက်ကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။


ဝမ့်ချမ်နှင့် ဟွမ်ကျဲတို့မှာ တကယ့် ဆွေမျိုးများဖြစ်ကြကြောင်း သူမ သိလိုက်ရ၏။ 


သို့သော်သူမစိတ်ဝင်စားသည်က ထိုအရာမဟုတ်ပေ။


ကျန်းယန်ရှန့်က လျှို့ဝှက်စုံထောက်အား တောင်းဆိုသည်။ “ကျွန်မကောင်လေး ခြေလှမ်းမမှန်တာကို သတိထားမိလာလို့ပါ....ရှုပ်ရှုပ်ယှက်ယှက် လူတွေနဲ့ ပတ်သတ်နေသလိုပဲ .မူးယစ်ဆေးသုံးနေတယ်လို့လည်း ထင်တယ်...ကျွန်မကို စုံစမ်းပေးနိုင်မလား "


စုံထောက်ကလည်း သဘောတူသည်။


သူသည် အချိန်တစ်ခုအထိ နောက်ယောင်ခံလိုက်ခဲ့ပြီး 


ကျန်းယန်ရှန့်ကို အစီရင်ခံ၏။


"မိန်းက‌လေးကျန်း ထင်တာ မှန်တယ်... သူ ဆေးသုံးနေတယ်...ဒါပေမဲ့ အချိန်မီတားလို့ရသေးတယ် "


သို့သော်ကျန်းယန်ရှန့်ထံ၌ ဟွမ်ကျဲကို တားဆီးရန် အစကတည်းက စိတ်ကူးမရှိပေ။


သူမ၏ထင်မြင်ချက်အား လက်ဆုပ်လက်ကိုင် ပြနိုင်ရန်သာလိုတော့သည်။


ကျန်းယန်ရှန့်ထင်သလိုပင်။


ဟွမ်ကျဲမှာ မူးယစ်ဆေးကို နက်နက်ရှိုင်းရှိုင်း မစွဲလန်းသေးပေ။သူသည် အပျော်မက်သူသာဖြစ်သည်။


သို့သော် နောက်ပိုင်းတွင် သူသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။


လူတစ်ဦးသည် မူးယစ်ဆေးဝါးတွင်းထဲသို့ ရောက်သွားပါက ရှူရှိုက်မိခြင်းမှ ရောင်းချခြင်းအထိဖြစ်လာနိုင်သည်မှာ ထုံးစံပင်ဖြစ်သည်။


ကျန်းယန်ရှန့်က ဤအကြောင်းများကို ယွဲ့စုန့်အား ဖုံးကွယ်ထားခြင်းမရှိပေ။ 


ယွဲစုန့်သည် အစပိုင်း၌ သူကိုယ်တိုင်ဝင်ပါရန်ပင် စိတ်ကူးရှိခဲ့သည်။သို့သော် ဤကိစ္စက ကျန်းယန်ရှန့်၏အရေးဖြစ်၏။


ယွဲ့စုန့်အား အကြမ်းဖျင်းသာ ပြောပြထားသည်။


ဤအငြိုးအတေးကို ကျန်းယန်ရှန့် ကိုယ်တိုင်


အဆုံးသတ်ပေးရမည်ဖြစ်သည်။


 “သူက ဆေးပိုပိုပြီး စွဲလာတော့မှာ


...အခု ကျွန်မ ဒီတိုင်းလွှတ်ထားတာက အနာဂတ်​မှာ ရိုက်ချဖို့လို့ပြောရင်​ အရမ်းရက်စက်​ရာကျသွားလား "


ကျန်းယန်ရှန့်သည် ယွဲ့စုန့် ကို စိုက်ကြည့်နေသည်။


ယွဲ့စုန့်က သူမ၏ဆံပင်များကို သပ်ပေးပြီးပြော၏။


 "ဒီကိစ္စကို ကိုယ့်ဆီလွှဲပေးမယ်ဆိုရင် မင်းထက်တောင် ပိုရက်စက်မိဦးမှာ... ခွင့်လွှတ်ပြီး သည်းမခံလို့မရတဲ့ အရာတွေရှိတယ်.... မကောင်းတာကို မျက်ကွယ်ပြုတာကကောင်းမှုကို ပစ်ပယ်တာနဲ့အတူတူပဲ... ဒီလိုလူတွေကို သည်းခံနေရင် ဒုက္ခရောက်တဲ့လူတွေပဲ ပိုပိုများလာမှာ "


ကျန်းယန်ရှန့်က ယွဲ့စုန့်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးလိုက်သည်။


ဆုံးဖြတ်ချက်တိုင်း၌ တစ်သားတည်းအတူရှိပေးသူနှင့်ကြုံဆုံရခြင်းထက် ပို၍သက်တောင့်သက်သာဖြစ်စေမည့်အရာမရှိပေ။


" နောက်တစ်ယောက်က ဘယ်မှာလဲ " ယွဲ့စုန့်က ဝမ့်ချမ်ကို မမေ့ပေ။ 


ခရစ္စမတ်အကြိုည၌ ကျန်းယန်ရှန့်သည် လမ်းပေါ်တွင်ရပ်နေပြီး သူမ၏မျက်နှာသည် အလွန်ဖြူဖျော့လျက်ရှိနေခဲ့သည်ကို ယွဲ့စုန့် ကောင်းကောင်းမှတ်မိသည်။


သူမသည် ရဲရင့်ပြီး စိတ်ဆတ်သော မိန်းကလေးဖြစ်သည်။ အလွယ်တကူ ထိတ်လန့်နေမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူမကို ဆေးခတ်သည်ဟု ပြောပြခဲ့ချိန်၌ ကျန်းယန်ရှန့်၏လေသံမှာ အလွန်အားနည်းနေခဲ့သည်။


သူမအပေါ်ထားရှ်ိသည့် ကြီးမားသောအမုန်းတရားကြောင့် တုန်လှုပ်သွားခဲ့ပုံရ၏။


" အဲ့တစ်ယောက်ကိုရော ဘာလုပ်မှာလဲ ? "


Xxxxxx