ဝတ္ထု၏ဇာတ်လိုက်အန်းဝေမှာ ဇာတ်လိုက်မဟူလီနကို ချစ်နေပေမယ့် ဇာတ်လိုက်မမှာ အရပ်ရှည်ရှည်နှင့်ခံ့ညားချောမောသော ယီချန်ဆိုသူကိုသာ သဘောကျလေသည်။နောက်ပိုင်းတွင် ယီချန်မှာမစ်ရှင်တစ်ခုအတွင်းမတော်တဆတစ်ခုဖြစ်ကာ ညာဘက်မျက်လုံးထိခိုက်ခဲ့ပြီး အမြင်အာရုံကွယ်ပျောက်သွားခဲ့ရာ သူနှင့်တပ်မှူးနေရာပြိုင်ဆိုင်နေရသော ဇာတ်လိုက်မှာအနိုင်ရသွားလေသည်။
ယီချန့်အတွက်ပြဿနာများမှာထိုအချိန်မှစတင်ခဲ့၏။ဇာတ်လိုက်မှာယီချန်ထက်ရာထူးပိုမြင့်သွားသည့်အပြင် ဇာတ်လိုက်မ၏အဖေဖြစ်သူကပါ ထောင်ပံ့မှုပေးနေသောကြောင့်ရာထူးတိုးလမ်းကြောင်းမှာ အလင်းအရှိန်ဖြင့်ထိုးတက်သွားတော့သည်။ထိုကဲ့သို့အမြင့်နေရာမှနေ,နေရသည်ကိုတောင် ဇာတ်လိုက်မှာမကျေနပ်နိုင်သေးပဲ ယီချန့်အားတစ်ခုပြီးတစ်ခုဒုက္ခရောက်အောင် လုပ်တော့၏။
ဇာတ်လိုက်အားပို၍ဒေါသထွက်စေခဲ့သည်မှာ ဇာတ်လိုက်ကယီချန့်အားဒုက္ခပေးလိုက်တိုင်း ဇာတ်လိုက်မကဇာတ်လိုက်ဆီအပြေးသွားကာ ယီချန်သည်သူမအားအရမ်းဂရုစိုက်ပေးသူဖြစ်သည့်အတွက် ဤမျှလောက်ပြဿနာလေးဖြင့် နောက်ဆုတ်သွားမည့်သူမဟုတ်ကြောင်း ပြောကာဆူပူတော့သည်။ယီချန်မှာ ဇာတ်လိုက်မကဇာတ်လိုက်အား တစ်ခါသွားဆူပူလေ ပိုဒုက္ခရောက်လေပါပင်။
နောက်ဆုံးကျယီချန်မှာစစ်တပ်ထဲကထွက်ပြီးဇာတိဆီပြန်ဖို့သာစီစဉ်လိုက်ရတော့သည်။သို့သော်မြင့်မြတ်ကောင်းမွန်လှသောဇာတ်လိုက်မမှာ ဇာတ်လိုက်ဆီသွား၍ ယီချန်သာရွာပြန်သွားလျှင် သူမပါသူ့နောက်လိုက်သွားမည်ဖြစ်ကာ နောက်ေနာင်တွေ့ဖြစ်တော့မှာမဟုတ်၍ လာနှုတ်ဆက်သည်ဖြစ်ကြောင်းပြောလိုက်ရာ ဇာတ်လိုက်သည် ခွေးရူးပြန်သလိုခံစားလိုက်ရပြီး ဇာတ်လိုက်မအား အတင်းချုပ်နမ်းလိုက်၏။
ထိုစဉ်ကဇာတ်လိုက်မ၏ခံစားချက်ကို ရေးသားခဲ့သည်မှာ သူကသူမအားချုပ်ပြီးနမ်းရှိုက်လိုက်စဉ်တွင် သူမ၏လစ်လပ်ေနေသာ စိတ်နှလုံး၌ လုံခြုံနွေးထွေးမှုကိုခံစားလိုက်ရပါသည်တဲ့လေ။သို့သော်အပြင်ပိုင်းတွင်တော့ ဇာတ်လိုက်အားထိုလုပ်ရပ်ကြောင့် ဒေါသထွက်သွားဟန်လုပ်ကာ ပါးရိုက်ချလိုက်ပြီး ယီချန်သာဆိုလျှင် သူမအားဤကဲ့သို့ဆက်ဆံလာမည်မဟုတ်ဟု သွားပြောလိုက်ရာ ယီချန့်အားစစ်တပ်မှထွက်သွားသည်နှင့် လျစ်လျူရှုထားလိုက်ရန်ဆုံးဖြတ်ထားသော ဇာတ်လိုက်အားထိုအတွေးများကိုခွေးကျွေးပစ်လိုက်စေသည်။
ယီချန်နေသော ထုတ်လုပ်ရေးအဖွဲ့ဆီလူလွှတ်စုံစမ်းခိုင်းရာ ရလာသောအချက်အလက်များက ဇာတ်လိုက်အားစိတ်မပျက်စေခဲ့ချေ။ယီချန်၏ညီအကြီးဆုံးမှာ လိင်တူကြိုက်သော ရွံ့စရာစိတ်ရောဂါသည်ဖြစ်ကာ ညီလတ်မှာတော့ ပစ္စည်းမှောင်ခိုရောင်းနေသည်ကို တွေ့ရလေ၏။ထိုကြောင့် ဇာတ်လိုက်သည် လူယုံများအား ယီချန်၏ညီလတ်ကိုလှည့်ကွက်အချို့ဖြင့်ထောင်ဖမ်းကာ သက်ေသအချက်အလက်များဖြင့် အရာရှိများအား တိုင်တန်းစေခဲ့သည်။
ထိုကြောင့်ပင် ယီချန်၏ညီလတ်အပြင် သူ့အားကူညီပေးသောခယ့်ရှင်းဆိုသည့် ကလေးမပါ လူလယ်ခေါင်မြေပဲစားလိုက်ရတော့၏။ယီချန်၏မိခင် မုဆိုးမယီမှာတော့ သားဖြစ်သူ၏သတင်းကြောင့် အိပ်ရာထဲလဲသွားရ၏။ထိုပြင် အာဇာနည်တစ်ဦး၏သမီးဖြစ်သူခယ့်ရှင်းအား လမ်းမှားရောက်အောင်ပို့လိုက်သည်ဟု ဇာတ်လိုက်၏လူယုံများမှတစ်ဆင့် အကျိုးကျေးဇူးရပြီးသော ထုတ်လုပ်ရေးအဖွဲ့ထဲရှိ လူအချို့ကဆူပူလာကြပြီး ယီချန်တို့မိသားစုအားဖယ်ကျဉ်ကုန်ကြသည်။ရွာခေါင်းဆောင်တို့မှ ဝင်ရောက်ဖျန်ဖြေသည်ကိုတောင် ဂရုမစိုက်ခဲ့ကြချေ။
ထို့ေနာက်ဇာတ်လိုက်သည် ယီချန်နှင့်အတူထုတ်လုပ်ရေးအဖွဲ့ဆီလိုက်သွားမည့် ဇာတ်လိုက်မအားဖမ်းချုပ်ခေါ်ဆောင်ကာ ယီချန်၏ညီလတ်သတင်းကို ပြောပြလိုက်၏။ဇာတ်လိုက်မမှာ တည်ကြည်ပြတ်သားသောယီချန့်ထံတွင် ထိုကဲ့သို့ညစ်ပတ်သောအလုပ်များလုပ်တတ်သည့် ညီတစ်ယောက်ရှိနေသည်ကိုသိလိုက်ရကာ အထင်သေးသွားတော့သည်။
ဖြည့်စွက်ရေးထားသေးသည့် ငယ်စဉ်တည်းက ပြီးပြည့်စုံစွာကြီးပြင်းလာခဲ့ရေသာ ဇာတ်လိုက်မ၏အတွေးမှာ သူမသာဆိုလျှင် စားစရာမရှိတော့တောင်လူအများအထင်သေးသည့် ဤကဲ့သို့အလုပ်မျိုးကို မလုပ်ဘဲအငတ်နေမည်သာဖြစ်သည်ဟုပင်။ထို့ပြင်ဇာတ်လိုက်အား စူးစိုက်ကြည့်ရင်း ဆွပေးပြန်၏။သူသည်ယခင်ကသူမတွေးထားသလို သဘောထားကြီးသည့်လူမဟုတ်ဘဲ ယီချန်၏အားနည်းချက်ကို ရှာဖွေနေသည့်လူဖျင်းသာဖြစ်သည်ဟု ပြောကာနှစ်ယောက်သားအခြေအတင်ဖြစ်သွားကြပြီး နမ်းရှိုက်ခြင်းဖြင့်သာအဆုံးသတ်သွားပြန်သည်။
ဇာတ်လိုက်မှာဇာတ်လိုက်မအပေါ်ပို၍တပ်မက်လာပြီး ယီချန်၏ညီအကြီးဆုံးအကြောင်းကိုထုတ်လုပ်ရေးအဖွဲ့တွင်းဖြန့်ခိုင်းလိုက်တော့၏။တစ်ပူပေါ်နှစ်ပူဆင့်သွားသော အမေယီမှာ အလုပ်ပင်ပန်းခဲ့ရသောကိုယ်ခန္ဓာအပြင် ဖိအားများလွန်းသောစိတ်အခြေအနေကြောင့် နှလုံးဖောက်ကာဆုံးပါးသွားတော့သည်။ယီဟွေ့မှာလည်း ညီအငယ်ဆုံးလေးအား ပြုစုစောင့်ရှောက်ပေးခဲ့ပါသော်လည်း အများ၏လက်ညှိုးထိုးဝေဖန်မှုတို့ကြား ၁၅နှစ်အရွယ်ကောင်လေးမှာ ခံနိုင်ရည်ရှိနေနိုင်ပါဦးမည်လော။
တစ်နေ့သူငါးဖမ်းရန်သွားစဉ် ရွာထဲရှိလူမိုက်များက မူးရူးပြီးအနိုင်ကျင့်ရန်လုပ်ကြရာ သူတတ်နိုင်သမျှရုန်းရင်းကန်ရင်းဖြင့် လွတ်မြောက်ခဲ့ရသော်လည်း ထိုအဖြစ်ကြောင့်စိတ်ဒဏ်ရာရသွားခဲ့ကာ နောက်ဆုံးသတ်သေသွားလေတော့သည်။ယီချန်မှထုတ်လုပ်ရေးအဖွဲ့ဆီရောက်သော် သူ့တွင်ညီအငယ်ဆုံးလေးတစ်ဦးသာကျန်ရှိနေပါတော့၏။
ဇာတ်လိုက်မမှာတော့ သူမလေးစားမြတ်နိုးရသောလူထံတွင် အဘယ်ကြောင့်များဤကဲ့သို့ရွံ့ရှာစက်ဆုတ်စရာအကျင့်စရိုက်ရှိသည့် မိသားစုဝင်များရှိနေရပါသနည်းဟု တွေးကာစိတ်ပျက်သွားရသည်။ဇာတ်လိုက်မမှာ ယီချန်၏ထုတ်လုပ်ရေးအဖွဲ့ထံကိုပင် သူမဘယ်လောက်တောင်သူ့အပေါ်စိတ်ပျက်သွားရကြောင်း ရေးကာစာပို့လိုက်သေး၏။
ဇာတ်လိုက်မမှာယီချန့်ထံသို့စာပို့လိုက်ကြောင်းသတင်းရသွားသည့်ဇာတ်လိုက်မှာ ကျိရွာထုတ်လုပ်ရေးအဖွဲ့ဆီလူတစ်ချို့လွှတ်ကာ ယီချန့်အားဖြေရှင်းခိုင်းလိုက်သည်ဟုသာရေးပြီး ယီချန်၏ဇာတ်ကြောင်းကိုဖြတ်တောက်ပစ်လိုက်သည်။သို့သော်ဘာဆက်ဖြစ်ခဲ့သည်ဆိုသည်ကိုတော့ မှန်းကြည့်ရုံဖြင့်သိနိုင်လေ၏။
နောက်ပိုင်းဇာတ်ကြောင်းများမှာတော့ အမြီးတစ်ယမ်းယမ်းနှင့် ဇောင်းကြွနေသောဇာတ်လိုက်နှင့် မတရားဖြူစင်သိမ်မွေ့သောဇာတ်လိုက်မတို့၏ 'ကျွန်မကိုလွတ်မြောက်ခွင့်ပေးပါတော့' ဆိုသည့်စကားမှနေ 'ရှင်အခြားအမျိုးသမီးတွေကိုမချစ်ရဘူး' ဆိုသည့်အခြေအနေသို့ တိုးတက်သွားပုံအဆင့်ဆင့်အားရေးသားခဲ့သည်။
သူတို့၏သားဦးမွေးပြီးမကြာခင်ယီချန်သေဆုံးသွားသည့်သတင်းအား လက်ခံရရှိလိုက်ရသော ဇာတ်လိုက်မမှာသူမ၏ကလေးကိုပင် ဂရုစိုက်ပြုစုခြင်းမပြုတော့ပဲ အခန်းတံခါးပိတ်ကာငိုကြွေးခဲ့သည်ဟုေဖာ်ပြထား၏။ဂျိုသွေးထားသောဇာတ်လိုက်မှာ ဝှေ့စရာပစ်မှတ်အားရှာတွေ့သွားပြီဖြစ်၍ သူ၏လူယုံများအား ထုတ်လုပ်ရေးအဖွဲ့ဆီလွှတ်ကာ ယီချန်၏အုတ်ဂူအားဖောက်ပြီး အရိုးပြာများအားထုတ်လုပ်ရေးအဖွဲ့၏ဓာတ်မြေဩဇာကန်ထဲသို့ သွန်ပစ်ခိုင်းခဲ့၏။
ထိုအဆုံးသတ်မှာ စာရေးသူထံသို့ စာဖတ်သူများ၏တစ်ခဲနက်ဝန်းရံဆဲဆိုခံရမှုတို့အား တစ်ပွေ့တစ်ပိုက်ရရှိေစခဲ့သည်။သို့သော် စာရေးသူမှာအားပေးကြမ်းသော စာဖတ်ပရိသတ်များထံ လက်ဆောင်တစ်ခုပြန်ပေးလိုက်၏။ထိုသည်မှာ ယီချန်၏အခန်းပိုဖြစ်ပြီး ထိုထဲတွင် ယီချန်အနေဖြင့် ဇာတ်လိုက်မအားမျက်နှာချင်းဆိုင်တွေ့ဖူးသည့်အကြိမ်ေရမှာ ငါးကြိမ်ထက်ပင်မပိုခဲ့ဟု ဖော်ပြခဲ့ပြီးသူမမှသူ့အားသဘောကျနေသည်ကိုတောင် နောက်ဆုံးချိန်အထိမသိခဲ့ရသည့်အပြင် တွေ့ဖြစ်သည့်အကြိမ်တိုင်းတွင်လည်း သူမကကြင်နာတတ်ဟန်ပြုမူေနေသာ်လည်း အထက်စီးမှသာဆက်ဆံတတ်သည်ဟု အဆုံးသတ်ထားရာ စာဖတ်သူတို့အားအံတကြိတ်ကြိတ်ဖြစ်သွားစေခဲ့သည်။
ယီချန်သိရသလောက် နောက်ဆုံးသတင်းမှာစာရေးသူသည်ခေါင်းကိုေချာင်းရိုက်ခံလိုက်ရပြီး ဆေးရုံတွင်လဝက်မျှနေခဲ့ရကာ နှစ်ဝက်လောက်အထိ ကယောင်ခြောက်ခြားဖြင့် စိတ်ကစဉ့်ကလျားေရာဂါကို ခံစားခဲ့ရသည်ဟူ၍ပင်။နောက်ပိုင်းတွင် စာရေးသူမှာဗားရှင်းအသစ်အားထုတ်ဝေခဲ့သည်ဟု သတင်းသဲ့သဲ့ကြားမိသော်လည်း ဘွဲ့လွန်သင်တန်းများအပြင် ကိုယ်ပိုင်ဗီလာဝင်းကြီးအားဆောက်ရန်ပြင်ဆင်မှုများလုပ်နေရသည့် ကာလဖြစ်နေ၍ အွန်လိုင်းဝတ္ထုများအားဖတ်ရန်အချိန်မရှိတော့ပေ။ထို့နောက် ဗီလာဝင်းအားတည်ဆောက်မည့် မြေနေရာအားရှင်းလင်းပြီးဖြစ်၍ အနေအထားအားစစ်ဆေးရန်သွားစဉ် လေယာဉ်ပျက်ကျခဲ့ပြီး ဤနေရာဆီရောက်လာခဲ့ခြင်းပင်။
ယီချန်မှာဇာတ်လမ်းအကြောင်းတွေးရင်း ပျို့အန်မတတ်ဖြစ်သွားရသည်။ဇာတ်လိုက်မမှာ တစ်ကယ်တော့ မူလကိုယ်အားသဘောကျသည်လို့တော့ ယီချန်မထင်ပေ။သူမသည်သူ့အား ကမ္ဘာ့ရန်ဘက်ပမာဆက်ဆံနေသည်ဟုသာ မြင်လေ၏။သူမနှင့်မူလကိုယ်မှာ သူစိမ်းလောက်ပင် အဆက်အသွယ်မရှိပါသော်လည်း သူမမှာဇာတ်လိုက်အားနားဖားကြိုးထိုးရန် မူလကိုယ်ကိုချနင်းခဲ့သည်။
ယီချန်မှာထိုသည်အားေတွးမိကာ ကြိတ်မနိုင်ခဲမရဖြစ်နေတော့၏။မူလကိုယ်မှာသူ့တွင်ဘာကြောင့်ဤကဲ့သို့ပြဿနာများဖြစ်လာရသည်ကိုမသိဟုရေးခဲ့သည်မှာမလွန်ပေ။အဓိကမှာ ထိုဇာတ်လမ်းများအား တစ်ယောက်တည်းစီစဉ်ရိုက်ကူးနေသည်မှာ ဇာတ်လိုက်မသာဖြစ်ေနလေသည်။သို့သော်လက်ရှိယီချန်မှာတော့ ယောင်္ကျား မိန်းမ မခွဲခြားပဲတန်းတူညီမျှဆဲဆိုရဲသောခေတ်ကာလမှရောက်လာသူဖြစ်ရာ ဇာတ်လိုက်မအနေဖြင့် သူ့အားဇာတ်လမ်းလာဆင်ပါက သူမအားဘဝ၏အဓိပ္ပာယ်ကိုနားလည်အောင်သင်ပြပေးလိုက်မည်ဖြစ်၏။
ဇာတ်လိုက်မအားအရည်မဖျော်ခင် အရင်ဆုံးသူ့ကိုယ်ခန္ဓာအားအကဲခတ်ရန် မတ်တပ်ရပ်ဖို့ပြင်လိုက်၏။ယီချန်မှာကုတင်ပေါ်မှ ကုန်းကျုံးထကာ ကြမ်းပြင်ပေါ်ခြေချလိုက်သည်နှင့် မိုက်ကနဲမူးဝေလာကာ ကုတင်ပေါ်ပြန်ထိုင်ချလိုက်ရသည်။ယီချန်မှာခေါင်းအားကိုင်လိုက်စဉ် ညာဘက်မျက်လုံးအားစည်းနှောင်ထားသောပတ်တီးအားထိေတွ့မိလိုက်ရာဇာတ်ကြောင်းအရဆိုလျှင် မူလကိုယ်မှာမစ်ရှင်တစ်ခုအတွင်း ဒဏ်ရာရခဲ့သောအချိန်ဖြစ်ပုံရ၏။
ယီချန်မှာ ပတ်တီးအားပွတ်သပ်ရင်း မျက်လုံးများအားမှိတ်ကာစိတ်ပျက်လက်ပျက်သက်ပြင်းချမိလိုက်သည်။သူ့အားဘာကြောင့်များစောစောစီးစီးကာလတွင် မပို့လိုက်ရသနည်းဟု အပြစ်တင်နေတော့၏။ယီချန်လည်း ဆူဆဲနေရင်းမျက်လုံးများအား ပြန်ဖွင့်ကြည့်လိုက်စဉ် သူ့မျက်စိရှေ့ရှိမြင်နေရသောမြင်ကွင်းကြောင့် ထိတ်လန့်တကြီးထခုန်မိလိုက်လေ၏။