အခန်း _၂၅
Viewers 138

    ယီချန်၏ရှေ့တွင်ရှိနေသည်မှာ ကျယ်ပြန့်သောမြက်ခင်းစိမ်းပြင်ကျယ်ကြီးအပြင် မိုးထိုးမတတ်မြင့်မားလှသော သစ်ပင်ကြီးများကလည်း အဆုံးမဲ့သစ်တောကြီးသဖွယ်ကာဆီးထား၏။ထိုပြင် မည့်သည့်နေရာမှနေစတင်ကာ မည်သည့်နေရာထိ စီးဆင်းနေမှန်းမသိရသောစမ်းချောင်းတစ်ခုလည်းရှိနေသည်။အခြားသက်ရှိအရိပ်အယောင်များရှိမနေပါသော်လည်း ယီချန်မှာစိုးရိမ်ကြောင့်ကြမဲ့သလို ခံစားနေ၏။


  သန့်ရှင်းလတ်ဆတ်သောလေတို့အား ခပ်ပြင်းပြင်းရှူရှိုက်ကာယီချန်သည် စိတ်တည်ငြိမ်အောင်ထိန်းထားရင်း စမ်းချောင်းဆီလျှောက်သွားလိုက်သည်။စမ်းချောင်းမှာ‌ေအာက်‌ေခြထိ‌ေဖာက်၍မြင်ရသည်အထိ ကြည်လင်လွန်းနေကာ အေးမြသောရေမှုန်ရေမွှားလေးတို့က သူ့အားလာစင်လေ၏။


  ထို့ပြင် စမ်းချောင်းတွင်းအရိပ်ထင်နေသောသူ၏ပုံရိပ်ကိုလည်းတွေ့လိုက်ရသည်။နားထင်ထိရောက်အောင်ချွန်တက်နေသော မျက်ခုံးမွှေးထူထူမှာ သူ၏စူးရှသောဖီးနစ်မျက်ဝန်းအစုံကိုပိုမိုပေါ်လွင်စေကာ ဖြောင့်စင်းသွယ်လျသောနှာတံရှည်စင်းစင်းမှာလည်း အမျိုးသမီးထုအားလောဘတက်စေရန် ဆွဲညှို့နေ၍ ထင်ရှားသောမေးလိုင်းနှင့် ဘဲဥပုံမျက်နှာအပြင် နှုတ်ခမ်းပါးပါးတို့မှာ ခေတ်သစ်ကာလရှိ မိန်းမပျိုတို့အား အမြဲတ‌ေစတမ်းတနေစေသော ဆွဲဆောင်မှုအားပြင်းသည့် သူ၏ယခင်ရုပ်ရည်အတိုင်းပါပင်။


  မူလကိုယ်မှာလည်း သူ့လို၂၃နှစ်ပင်ဖြစ်သော်လည်း ခက်ခဲကြမ်းတမ်းသော မစ်ရှင်များထမ်းဆောင်တတ်သော စစ်သားတစ်ဦးဖြစ်၍ သူ့ထက်ပိုသန်မာလေသည်။ယီချန်မှာ သူ၏ရုပ်ရည်အားကျေနပ်နေပေသိ ညာဘက်မျက်လုံးထက်ရှိပတ်တီးများကြောင့် ကျစ်သပ်လိုက်မိ၏။


  ယီချန်သည်သူ့ရုပ်ရည်အားစစ်‌ေဆးကြည့်ပြီးသည်နှင့် ဘေးပတ်လည်ဆီသေချာလျှောက်ပတ်ကြည့်သည်။အချို့‌ေနရာများမှာတားမြစ်ထားပုံရ၏။ယီချန်သည် လမ်းလျှောက်တာများသွား၍ ချွေးများထွက်လာရာ အဝတ်များအားချွတ်ပြီး စမ်းချောင်းထဲဆင်းချိုးရန်ပြင်လိုက်သည်။ရေစီးကြောင်းမှာ မည်သည့်နေရာမှ စီးဆင်းလာမှန်းမသိ‌သလို မည်သည့်နေရာထိစီးဆင်းသွားမယ်မှန်းမသိပေမယ့် သူ၏ချိုးရေအားပြန်မသောက်မိသ၍အဆင်ပြေလေရာ ချောင်းထဲဆင်း၍ရေချိုးသန့်စင်ပစ်လိုက်၏။


  ရေချိုးနေရင်း ယီချန်မှာသူ၏ကိုယ်လုံးကို သဘောအကျကြီးကျ‌ေန‌ေတာ့သည်။ယခင်ဘဝတွင် သူသည်သက်တောင့်သက်သာသခင်‌ေလးအဖြစ်‌ေန,နေသည်ဖြစ်ရာ ကြွက်သားအသင့်အတင့်သာရှိလေ၏။သို့သော်ဤကိုယ်မှာတော့ တောင့်တင်းသည့်ပေါင်မုန့်ရှစ်ခုအပြင် ကျစ်လစ်သောကြွက်သားထုကြီးဖြင့် ဖွဲ့စည်းထားသော ခြေတံရှည်၊လက်တံရှည်များရှိ‌ေနပြီး သူ၏ညီငယ်လေးမှာလည်း မျက်မြင်တွေ့ဖူးသော ယောင်္ကျားသားများကို စိတ်ဒဏ်ရာရ‌ေစနိုင်ကာ သိမ်ငယ်စိတ်ဖြင့်တစ်ပတ်လောက်အိမ်တွင်းပုန်းနေစေပြီး သူ့အားတွေ့တိုင်း နှိုင်းယှဉ်ခြင်းမပြုမိ‌ေစရန် တစ်မိုင်အကွာမှထွက်ပြေးကြလောက်‌ေပမည်။


  စိတ်ရောကိုယ်ပါသက်တောင့်သက်သာရှိစွာရေချိုးပြီးသည်နှင့် ယီချန်မှာရေငတ်လာ၍ စမ်းချောင်းရေကိုအဝသောက်လိုက်ရာ တစ်ကိုယ်လုံးပူနွေးလာပြီး သူ၏ညာဘက်မျက်လုံးနေရာမှာ ယားယံလာသည်။လန်းဆန်းတက်ကြွသွားသောယီချန်မှာ အဝတ်ပိုမရှိ၍ ချွတ်ထားသောအဝတ်များသာပြန်ဝတ်ရပေတော့မည်။သို့‌ေသာ် ထိုအဝတ်များမှာ ချွေးများဖြင့်စိုနေပြီဖြစ်ရာ ယီချန်သည်တွန့်ဆုတ်နေခဲ့သည်။


  ထိုစဉ်မျက်စိထောင့်မှမြင်လိုက်ရသော ပစ္စည်းပုံတစ်ပုံကသူ့ကိုဖမ်းစားလိုက်၏။ထို့ကြောင့် ပစ္စည်းပုံထံအပြေးသွားကာကြည့်လိုက်ရာ အပျော်လုံးစို့သွားစေသည်။ထိုပစ္စည်းများမှာ လေယာဉ်ပေါ်သို့ သူယူဆောင်လာခဲ့သည့်ပစ္စည်းများပင်မဟုတ်ပါသလော။သူ၏ခရီးဆောင်အိတ်အပြင် ဗီလာဝင်းထဲစိုက်ပျိုးရန်ရည်ရွယ်ချက်ဖြင့်ဝယ်ယူခဲ့သော မျိုးစေ့များပင်ရှိနေ၏။


  ယီချန်မှာခရီးဆောင်အိတ်အားဖွင့်လိုက်ရာ သူယူလာသောအဝတ်အစားနှင့်ပစ္စည်းများမှာ ခေတ်ဟောင်းပုံစံပြောင်းလဲသွားသည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့်သူသည်ချည်ထည်အင်္ကျီလက်တိုနှင့် ဘောင်းဘီအားထုတ်ကာ ဝတ်လိုက်၏။ထိုခါမှယီချန်သည် လက်ရှိအခြေအနေအားသတိရကာ ဤပုံအတိုင်းထွက်သွားလျှင် ပြဿနာတက်နိုင်သောကြောင့် အိတ်ထဲရှိဆပ်ပြာအားထုတ်ကာ စမ်းချောင်းဘေးတွင် ချွေးစိုနေသောအဝတ်များအားလျှော်လိုက်သည်။


  လျှော်ဖွပ်ပြီးသည်နှင့် မြက်ခင်း‌ေပါ်ဖြန့်လှမ်းကာ ခြောက်သည်ထိစောင့်နေပြီး ခြောက်သည်နှင့် ထိုအဝတ်များအားပြန်ဝတ်ပြီးချိန်တွင် ယီချန်မှာ သူ့ထံနီးကပ်လာသောခြေသံများအားကြားလိုက်ရ၍ ပျာယာခတ်သွားရ၏။ဤနေရာမှာ နေရာလွတ်နယ်မြေဖွဲ့စည်းပုံနှင့်တူညီနေပြီး ဘယ်လိုပြန်ထွက်ရမည်မှန်းမသိပေ။ထို့ပြင်ဤနေရာအားရောက်နေသည်မှာ သူ၏စိတ်ဝိညာဉ်ကိုယ်ထည်တင်လား ကိုယ်ခန္ဓာရောလားဆိုသည်ကိုလည်း မသိချေ။


  သို့သော်ဤနေရာဆီမရောက်ခင်ညာဘက်မျက်လုံးအားထိမိခဲ့သည်ကို သတိရကာ ညာဘက်မျက်လုံးအားလက်ဖြင့်ထိ၍ ပြန်ထွက်ရန်စိတ်စေလိုက်သည်။ယီချန်၏အထင်အတိုင်းပင် မျက်လုံးပြန်ဖွင့်လိုက်သည်နှင့် လူနာခန်းထဲပြန်ရောက်သွား၏။အပြင်ဘက်ရှိမြင်ကွင်းမှာ သူနယ်မြေထဲဝင်စအချိန်မဟုတ်တော့ပဲ အရုဏ်တက်ချိန်‌ေရာက်‌ေန‌ေလပြီဖြစ်ရာ သူသည်တစ်ညလုံးနယ်မြေထဲ အချိန်ဖြုန်းခဲ့ပုံပင်။ယီချန်မှာစိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်စဉ် တံခါးဖွင့်သံကိုကြားလိုက်ရသည်။


  ဟူယွမ်ချွမ်မှာ သူ၏ရုံးခန်းဆီမသွားခင်အရင်ဆုံး ယီချန်၏အခြေအနေကိုစူးစမ်းရန် ဆေးရုံသို့အရင်လာခဲ့၏။သို့သော် မနေ့ကမှသတိလစ်ကာဖြူဖျော့နေသော ယီချန်သည် တောက်ပကာ ပန်းနုရောင်သန်း‌ေန‌သောအသားအရေဖြင့် ကုတင်ပေါ်ထိုင်နေသည်ကိုတွေ့လိုက်ရရာ ဘာမထီစစ်သားကြီးဖြစ်သောသူ့အား လန့်ဖြပ်သွားစေသည်။သေချာစူးစမ်းကြည့်၍ သက်ရှိလူမှန်းသေချာကာမှ လူနာခန်းထဲဝင်လာကာ အံ့ဩဝမ်းသာဟန်ဖြင့်ပြောလာ၏။


  "ရှောင်ယီ သတိရပြီလား။ခန္ဓာကိုယ်ကရော နေရထိုင်ရတာဘယ်လိုနေလဲ။တစ်နေရာရာကကိုက်တာခဲတာရောရှိလား။ငါ့နှယ် မေ့နေတာ ခဏစောင့်ဦး ဆရာဝန်သွားခေါ်လိုက်ဦးမယ်"


  ယီချန်မှာ ထိုလူအားတွေ့ကတည်းက မှတ်ဉာဏ်မှတစ်ဆင့်ဤလူသည် ဇာတ်လိုက်မအဖေဖြစ်ကြောင်းသိလိုက်ရသည့်အပြင် အရေခြုံထားသောလူဖြစ်သည်ကိုလည်း သိနေသည်။ယီချန်သာ စာအုပ်ဖတ်မထားဖူးပါလျှင် ဤလူအားလူကောင်းကတ်ပေးမိလောက်၏။သို့သော်ယီချန်မှာ သူသတိရစတင်ပင် ဇာတ်‌လမ်းကစနေပြီဖြစ်၍ အသင့်အနေအထားဖြင့်စောင့်နေလိုက်သည်။


  ယီချန်မှာပြဿနာဖြစ်သည်ကို မကြောက်သော်လည်း ပြဿနာကိုမီးထွန်းရှာတတ်သူမဟုတ်လေရာသူ့အနေနှင့်စစ်တပ်တွင်းဆက်နေရန်မဖြစ်တော့ပေ။ထို့ပြင် သူသည်စီးပွားရေးသမားတစ်ယောက်သာဖြစ်၍ စစ်တပ်လုပ်ငန်းများနှင့် သူ့အကျင့်မှာမကိုက်ညီချေ။မူလကိုယ်၏မိသားစုအတွက်တော့ သူသည်စစ်တပ်မှထွက်လိုက်လျှင်တောင် ပူပင်ကြောင့်ကြမဲ့နေနိုင်အောင် ထားနိုင်၏။


  ထို့ပြင်သူ့တွင်ရှိနေသော နေရာလွတ်နယ်မြေမှာ အွန်လိုင်းဝတ္ထုများထဲကလို စိုက်ပျိုးမြေကောင်းတစ်ခုသာဖြစ်နေလျှင်.... ထိုအတွေးကြောင့်ယီချန်မှာစိတ်လှုပ်ရှားလာသည်။သူ၏အနာဂတ်မှစီးပွားရေးအမြင်များအပြင် နေရာလွတ်နယ်မြေ၏နောက်ခံကြောင့် ဤဘဝတွင်ငွေပုံပေါ်ဒူးနန့်နေ၍တောင်ရနိုင်လောက်၏။စိုက်ပျိုး၍မရလျှင်တောင် ဤမျှနေရာလွတ်ကြီးတွင် ပစ္စည်းများသိုလှောင်၍ မှောင်ခိုဈေးတကာပတ်ကာ ကုန်သွယ်၍ရလေသည်။


  ယီချန်မှာသူ၏အနာဂတ်စီးပွားရေးလမ်းကြောင်းအား အကြမ်းဖျင်းစီစဉ်ပြီးသည်နှင့် လက်ရှိရင်ဆိုင်နေရသောပြဿနာကို စဉ်းစားလိုက်၏။သူသည်စစ်တပ်မှထွက်ရန်စီစဉ်ထားပြီး ထိုအတွက်အကြောင်းပြချက်ကောင်းတစ်ခုရှာရပေမည်။စာအုပ်ထဲတွင် မူလကိုယ်မျက်လုံးကန်းပြီးချိန်မှာပင် စစ်တပ်မှထွက်ခွင့်မရခဲ့ချေ။သေချာသည့်အ‌ေကြာင်းပြချက်ကတော့ ထိုအချိန်တွင်ဇာတ်လိုက်မှာ သူ့ထံ၌ယီချန်ထက်သာလွန်သော အာဏာရှိကြောင်းပြသချင်သည့်အပြင် မူလကိုယ်အနေဖြင့် သိမ်ငယ်သွားပြီး ကိုယ့်ကိုကိုယ်အရှုံးသမားဟုထင်မြင်သွားစေရန် ထွက်ခွင့်မပေးခဲ့ခြင်းပင်။


  သို့သော်ဗုဒ္ဓဘာသာစိတ်ဓာတ်ဖြင့် မူလကိုယ်က သူ့လုပ်ရပ်များအားနားမလည်သည့်အပြင် ဂရုမစိုက်ခဲ့သည်ကတော့သနားစရာပေ။ယီချန်မှာတော့ တွေ့ကရာလိုက်ကိုက်နေတတ်သည့်ဇာတ်လိုက်ရော လူ‌အများရှေ့တွင်သူ့ကိုယ်သူအပျိုစင်မယ်ရီလိုအရမ်းဖြူစင်မြင့်မြတ်ပြနေသော ဇာတ်လိုက်မနှင့်ပါ ရောထွေးမနေချင်ပါချေ။ယီချန်မှာစစ်တပ်မှထွက်ခွာရန်အကြံထုတ်နေစဉ် ဆရာဝန်သွားခေါ်သော ဟူယွမ်ချွမ်မှာပြန်ရောက်လာ၏။


  ဟူယွမ်ချွမ်၏နောက်မှလိုက်ပါလာသောဆရာဝန်မှာ ယီချန်၏ရုပ်ပိုင်းဆိုင်ရာသွင်ပြင်ကြောင့် အံ့ဩသွားရပြီး ယီချန့်ကိုယ်ကိုအသေးစိတ်စစ်ဆေးနေတော့သည်။ဆရာဝန်နောက်မှပါလာသော သူနာပြုလေးမှာ ယီချန်၏ပုံစံကြောင့် ညှို့ယူခံလိုက်ရသလို မလှုပ်မယှက်ရပ်နေပြီး ယီချန့်အားစိုက်ကြည့်နေလေ၏။ယီချန်မှာ ထိုမိန်းကလေး၏အကြည့်ကြောင့် သူမထံအကြည့်စူးစူးတစ်ချက်ဖြင့်ကြည့်လိုက်သော်လည်း ထိုအကြည့်ကြောင့် သူနာပြုလေးမှာ မျက်နှာများပါနီရဲလာသည်ထိ ရှက်ရွံ့လာတော့သည်။ဘေးရှိစစ်ဆေးနေသောဆရာဝန်မှာ ထိုအခြေအနေကြောင့် ချောင်းဟန့်ကာ သတိပေးလိုက်ရလေ၏။ဆေးရုံသို့ဤလူနာရောက်လာကတည်းမှ ဆေးရုံရှိသူနာပြုလေးများမှာ ပို၍သွက်လက်တက်ကြွလာကြသည်ကို သူသိထားသော်လည်း ဝင်ပြောစရာအခွင့်အရေးမှာ သူ့ထံရှိမနေချေ။


  "အဟမ်း လူနာ့မျက်လုံးဒဏ်ရာကို ပတ်တီးလဲပြီးဆေးထည့်ပေးလိုက်ဦးလေ"


  သူနာပြုလေးမှာထိုအခါမှသူမအလုပ်အားသတိရကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်ဆရာဝန်အားပြန်ဖြေကာ ယီချန်၏ညာဘက်လျှောက်လာလိုက်၏။ယီချန်၏မျက်လုံးထက်မှဒဏ်ရာကို ဆေးထည့်သန့်ရှင်းပြီး ပတ်တီးအသစ်လဲ‌ပြီးသော် ဆရာဝန်မှာစစ်ဆေးပြီးသွားလေပြီ။


  "တပ်ခွဲမှူးယီရဲ့အ‌ေခြအ‌ေနက အဆင်ပြေပါတယ်။သူ့မျက်လုံးပေါ်ကဒဏ်ရာကျက်တာနဲ့ အမြင်အာရုံစစ်ဆေးမှုလုပ်လို့ရပါပြီ။ဒါပေမယ့် ဒဏ်ရာကမျက်ကြည်လွှာကိုထိသွားသေးတာမလို့ စိတ်ကိုပြင်ဆင်ထားဖို့ပြောချင်ပါတယ်"


  ယီချန်မှာထိုရလဒ်အားသိထားပြီးဖြစ်၍ ဆရာဝန်အားတည်ငြိမ်စွာပင် ကျေးဇူးတင်စကားပြောလိုက်၏။ဆရာဝန်မှာ ယီချန်၏ခိုင်မာသောစိတ်ဓာတ်ကြောင့် လေးစားသွားရကာ နှစ်သိမ့်စကားအချို့ပြောလာတော့သည်။ယီချန်မှာတော့ ဆရာဝန်မှဘာပြောပြော အပြုံးလေးဖြင့်သာနားထောင်နေလိုက်၏။


  ဟူယွမ်ချွမ်မှာတော့ ဆရာဝန်၏စကား‌ေကြာင့် လက်သီးများတင်းတင်းဆုပ်လိုက်သည်ကို ယီချန်၏မျက်စိထောင့်မှမြင်လိုက်ရသည်။ဤခွေးအိုကြီးမှာသူ၏သမီးတော်လေးအား ဇာတ်လိုက်ထံဆက်သချင်နေသူဖြစ်ရာ ယီချန့်အားအနည်းငယ်အမြင်စောင်းနေသူဖြစ်၏။သူ၏မျက်လုံးများထဲရှိ တွက်ချက်တတ်သည့် အရိပ်အယောင်များကိုပင် အမြင်စူးသောယီချန်ကမြင်နေရသည်။