အခန်း _၂၇
Viewers 117

    ယီချန်၏ထိုသို့သူရဲကောင်းဆန်ဆန်လက်လွှတ်ပေးလိုက်သည့် မြင်ကွင်းမှာ လူနာခန်းထဲရှိ ဆရာဝန်နှင့်သူနာပြုအားဝမ်းနည်းဂရုဏာသက်မိသွားစေသည်။ဟူယွမ်ချွမ်မှာတော့ ယီချန်၏ဆိုလိုရင်းဆီတည့်တည့်ညွှန်ပြလိုက်သော စကားကြောင့် အဘက်ဘက်မှပိတ်ဆို့ခံလိုက်ရသလို ခံစားလိုက်ရ၏။သူသည်ဘာပြန်ပြောရမည်ကိုပင် မသိတော့ရာ ခဏမျှတွေဝေနေပြီးမှ အန်းဝေနှင့်အရင်ဆုံးတိုင်ပင်ဆွေးနွေးရမည်ဟု ဆုံးဖြတ်လိုက်ကာ ယီချန်အားပြန်ပြောလိုက်သည်။


  "ဒီအကြောင်းတွေကို ခဏဘေးပို့ထားလိုက်ပါဦး။အခုလက်ရှိအရေးအကြီးဆုံးက မင်းရဲ့ကျန်းမာရေးပဲ။အခု ငါလည်းရုံးသွားရတော့မှာမလို့ ကျန်တဲ့ကိစ္စကို နောက်မှပြောကြတာပေါ့"


  ယီချန်မှာဟူယွမ်ချွမ်၏မလိမ့်တပတ်လုပ်ကာထွက်ပြေးသွားမှုကြောင့်ဒေါသထွက်သွားရပေမယ့် ဤအတိုင်းအတာကို သူခန့်မှန်းထားပြီးဖြစ်ရာ နှမြောမနေတော့ပေ။သူသည်လည်း အလျင်လိုတတ်သူမဟုတ်၍ သူတို့နှင့်ဖြည်းဖြည်းချင်းကစားရန်ဆန္ဒရှိလေသည်။ဆရာဝန်မှာတော့ ယီချန်အားစကားအနည်းငယ်ဖြင့် နှစ်သိမ့်ကာ အခြားလူနာများအား သွားကြည့်တော့၏။သူနာပြုလေးမှာ ဆရာဝန်နောက်မှလိုက်ထွက်မသွားခင် ယီချန့်အား အားပေးသောအကြည့်လေးဖြင့် ပြောလိုက်သည်။


  "ရှင်အရမ်းစိတ်ဓာတ်ကျမနေပါနဲ့။ကျွန်မကြားမိသလောက်တော့ ရှင်ကအရမ်းတော်တာတဲ့။အဲ့တော့ ဘယ်နေရာရောက်ရောက် ရှင်အဆင်ပြေနေမှာပါ။ပြီးတော့ရှင်ဒီမှာရှိနေတုန်း တစ်ခုခုလိုအပ်တာရှိရင် ကျွန်မတို့ဆီအကူအညီတောင်းလို့ရပါတယ်"


  ယီချန်မှာသူနာပြုလေး၏စကားကြောင့် ကျေးဇူးတင်စကားပြောလိုက်၏။


  "ကျေးဇူးပါ မိန်းကလေး။မင်းကအရမ်းကောင်းတာပဲ"


  သူနာပြုလေးမှာ ယီချန်၏အပြုံးကြောင့်ရှက်ရွံ့လာရကာ နှုတ်ဆက်၍ထွက်သွားတော့သည်။


  "ရ....ရပါတယ်"


  ယီချန်သည်မနက်ခင်းပြဇာတ်ပြီးသော် နယ်မြေထဲမဝင်ခင်မနက်စာစားရန် ဆေးရုံကန်တင်းဆီသွားလိုက်၏။သူသတိပြန်ရသည်မှာ မနက်ပိုင်းပင်မကုန်သေးသော်လည်း  သတင်းမှာဆေးရုံတစ်ခုလုံးပျံ့ထားပြီးဖြစ်‌ေလာက်သည်။ကန်တင်းသွားရာတစ်လျှောက်ရှိ တွေ့သမျှသူနာပြုလေးတိုင်းမှာ သူ့အားနှုတ်ဆက်လာကြပြီး နေရထိုင်ရအဆင်ပြေမပြေမေးလာကြ၏။သူ၏ချောမောခံ့ညားသောရုပ်ရည်ကြောင့် ပင်ပန်းနေရသော နောက်ထပ်နေ့တစ်နေ့ပါပင်။


  ကန်တင်းတွင်ထမင်းဝယ်ရန် စီစဉ်ချိန်ထမင်းချက်ဝတ်စုံဖြင့် အန်တီကြီးတစ်ယောက်က လက်ထဲဘူးတစ်ဘူးအားကိုင်ထားကာ စားဖိုဆောင်ထဲမှထွက်လာ၍ သူ့ထံလာနှုတ်ဆက်၏။


  "လူငယ်လေး မင်းတစ်ကယ်သတိရလာပြီပဲ။မနက်ကမင်းသတိရလာပြီဆိုတဲ့အကြောင်းပြော‌ေနကြပေမယ့် မသေချာဖြစ်နေတာ။အခုတော့ အဒေါ်သူတို့ပြောတာယုံလိုက်လို့တော်သေးတယ်။မင်းအခုမနက်စာ စားမလို့မလား။သွားဝယ်မနေနဲ့တော့ ဒီမှာအဒေါ်ယူလာခဲ့တယ်။မင်းကအခုမှနာလန်ထစဆိုတော့ အာဟာရပြည့်အောင်စားရမယ်လေ"


  ယီချန်မှာစားပွဲပေါ်တင်ပေးလာသော ကြက်သွန်မြိတ်‌ေလးဖြူးထားသည့် ဝက်နံရိုးဆန်ပြုတ်အားကြည့်ကာ အဒေါ်ကြီးအားကျေးဇူးတင်လိုက်၏။


  "ကျေးဇူးပါပဲ အဒေါ်။ဒါပေမယ့် အလကားစားရတာကျ မကောင်းတော့ ကျွန်တော်ဒီအတွက်ငွေပေးပါ့မယ်"


  အဒေါ်ကြီးမှာလက်ကို‌ေဝှ့ယမ်း၍ ငြင်းပယ်လာသည်။


  "ဒီလောက်လေးနဲ့ကိစ္စမရှိပါဘူး။မင်းအကြောင်းတွေကြားရတာ စိတ်မကောင်းဖြစ်မိလို့ပါ။အဒေါ်ရဲ့သားလည်း မင်းလိုသိတတ်လိမ္မာရင်ကောင်းမှာဆိုပေမယ့် အဲ့ကောင်စုတ်လေးက စကားကိုနားထောင်တာမဟုတ်ဘူး။အိမ်ပြန်လာတိုင်း ဈေးကြီးပေ့ဆိုတဲ့ပစ္စည်းတွေခဏခဏဝယ်လာတယ်လေ။အိမ်‌ေထာင်လည်းပြုပြီးပြီမလို့ ငွေကိုစုဆောင်းထားဖို့ပြောလည်း အဒေါ်တို့ကိုသုံးစေချင်လို့ပါတဲ့။သူ့ကိုဆူရတာလည်း အဒေါ်တို့သာမောသွားမယ် သူကအချိုးကိုမပြင်ဘူး"


  အဒေါ်ကြီးမှာသားဖြစ်သူအားဆူပူနေပေမယ့် သူမမျက်လုံးများထဲရှိ ဝမ်းသာကျေနပ်ဖြစ်နေမှုတို့မှာအထင်းသားပင်။ထို့ကြောင့် ယီချန်လည်း သူမကျေနပ်စေရန်မြှောက်ပင့်ပေးလိုက်သည်။


  "ဒီလောက်သိတတ်တဲ့သားကိုရထားတာ အဒေါ်တို့‌ကံကောင်းလို့လေ။ပြီးတော့ အဒေါ်တို့ကလည်း ကောင်းမွန်တဲ့လူမလို့ သားဖြစ်သူကအခုထိကပ်တွယ်နေမိတာမလား။အဒေါ်သာဒီအကြောင်းတွေကို အကုန်လုံးဆီလိုက်ပြောပြမိလို့ကတော့ မနာလိုဖြစ်ပြီး အဒေါ့်နားမကပ်ရဲကြမှာ‌ေတာင်ကြောက်ရတယ်"


  အဒေါ်ကြီးမှာယီချန်စကားကြောင့် အရယ်မရပ်တော့ပေ။ထိုစဉ် အနှီးထုပ်လေးအားပွေ့လာသော မိန်းမငယ်လေးတစ်ယောက်မှာ ယီချန်တို့ဘက်ရောက်လာ၏။အဒေါ်ကြီးမှာ ထိုမိန်းကလေးအားမြင်သော် ဝမ်းသာအားရဖြင့်လှမ်းခေါ်လိုက်သည်။


  "စီစီ အမေကဒီမှာ။ခဏလာပါဦး ငါတို့ရဲ့ပေါင်ပေါင်းကို လူငယ်လေးဆီပြရအောင်"


  မိန်းမငယ်လေးမှာ နူးညံ့သိမ်မွေ့သောအသွင်ရှိပြီး အဒေါ်ကြီးဆီရောက်သော် အပြုံးလေးဖြင့်နှုတ်ဆက်လိုက်သည်။အဒေါ်ကြီးမှာ သူမလက်ထဲရှိအနှီးထုပ်လေးအားယူ၍ ယီချန်အားမိတ်ဆက်ပေးလာ၏။


"လူငယ်လေး သူမကအဒေါ့်ရဲ့ချွေးမလေ။သူမကလည်း ဒီဆေးရုံကသူနာပြုပဲ။ကလေးမွေးဖို့ခွင့်ယူထားတာ။တစ်နေ့ကပဲ ကလေးမွေးလိုက်တော့ အလုပ်ဘယ်အချိန်ပြန်ဝင်မယ်ဆိုတာ အကြောင်းလာကြားတာလေ"


  ယီချန်လည်း ထိုမိန်းမငယ်လေးအား ခေါင်းသာငြိမ့်၍နှုတ်ဆက်လိုက်သည်။ငယ်ရွယ်သော အိမ်ထောင်သည်မိန်းကလေးတစ်ယောက်နှင့် အရမ်းရင်းနှီးစွာမပြုမူသင့်ချေ။အဒေါ်ကြီးမှာ အနှီးထုပ်ထဲရှိကလေးအားယီချန်မြင်စေရန်ပြောင်းချီလိုက်ကာ မေးလိုက်၏။

  

  "လူငယ်လေး အဒေါ့်မြေးလေးကိုကြည့်ပါဦး။သူကမင်းနဲ့မတူဘူးလား"


  "ဖွီး......အဟွတ်အဟွတ်....."


  ယီချန်မှာအဒေါ်ကြီး၏စကားကြောင့်သောက်လက်စရေပင်သီးသွားတော့သည်။မိန်းမငယ်လေးမှာလည်း နီရဲနေသောမျက်နှာဖြင့် သူမယောက္ခမအား ပြောလိုက်၏။


  "အမေ ဘာတွေလျှောက်ပြောနေတာလဲ။အားနာစရာတွေဖြစ်ကုန်ပြီ"


  အဒေါ်ကြီးမှာလည်း ထိုခါမှသူမစကားမှားသွားမှန်းသိလိုက်ရကာ အရှက်ပြေရယ်၍ပြန်ရှင်းပြလိုက်သည်။


  "အဟားဟား...အဒေါ်ကအဲ့လိုပဲ အသက်ကြီးလာတော့ ကိုယ့်စကားကဘယ်လိုအဓိပ္ပာယ်ထွက်သွားစေမှန်းတောင် မခွဲခြားတတ်တော့ပါဘူး။အားနာလိုက်တာ လူငယ်လေးရယ်။အဒေါ်ပြောချင်တာက‌ေလ အဒေါ့်ချွေးမကလေးမမွေးခင် မင်းကိုစောင့်ကြည့်ဖို့ တာဝန်ကျခဲ့တာ။အဲ့တော့နေ့တိုင်း မင်းရဲ့ရုပ်ချောချောလေးကို မြင်နေရတော့ မွေးလာတဲ့ကလေးကလည်း မင်းလိုချောနေတာပဲလို့ပြောချင်တာပါကွယ်"


  ယီချန်မှာ ထိုပြဿနာထုပ်အားထမ်းမထားချင်၍ တန်း၍ငြင်းဆန်လိုက်၏။


  "မဟုတ်တာ မဟုတ်တာ။ဒီကောင်လေးရဲ့ ရှေ့မျိုးဆက်ကိုကကောင်းလို့မဟုတ်လား။အဒေါ့်ကိုကြည့်ရုံနဲ့တင် အဒေါ့်သားကလည်း လူချောတစ်ယောက်ဖြစ်မယ်မှန်းသိသာနေတာကို တအားနှိမ့်ချမနေပါနဲ့"


  မိန်းမငယ်လေးမှာ ယီချန်၏စကားကြောင့် ရယ်‌မောလိုက်မိကာ အဒေါ်ကြီးမှာလည်း ကျေနပ်သွားရကာ ထပ်ပြောမလာတော့ပေ။ယီချန့်ရှေ့ရှိပန်းကန်ကိုသာ လက်ညှိုးထိုးပြ၍ တိုက်တွန်းလာ၏။


  "‌မင်းကတော့ ပါးစပ်လေးကပါချိုနေတာပဲ။မင်းအဲ့ဆန်ပြုတ်သောက်ပြီးသွားရင် ကန်တင်းဆီသွားပို့ထားလိုက်။သူတို့ကိုအဒေါ်မှာထားပြီးသား"


  "ဟုတ်ကဲ့ ကျေးဇူးပါ အဒေါ်။‌ေနာက်ရက်တွေကျ ဒုက္ခမခံပါနဲ့တော့"


  အဒေါ်ကြီးမှာယီချန့်စကားအားပြန်ဖြေမလာဘဲ ဆန်ပြုတ်အားသောက်ရန်သာ အမူအယာပြနေသည်။ထို့နောက် သူ့မြေးအားချီကာ ချွေးမဖြစ်သူနှင့်ထွက်သွားတော့၏။မိန်းမငယ်‌ေလးမှာ‌ေတာ့ ယီချန့်ကိုအားနာဟန်ဖြင့်ပြုံးကာ နှုတ်ဆက်သွားသည်။ယီချန်လည်း ထိုအချိန်မှ နဖူးပေါ်တွင်ရှိမ‌ေနသော‌ေဇာ‌ေချွးများအား သပ်မိ၏။ယီချန်လည်းဗိုက်ဆာနေပြီဖြစ်ရာ သူ့ရှေ့ရှိဆန်ပြုတ်ကို တစ်ဇွန်းစမ်းသောက်လိုက်သည်။သူသည်ဤခေတ်၏ဟင်းချက်လက်ရာအား အထင်ကြီးမထားခဲ့ပေမယ့် အမှန်တရားကသူ့အားဖြတ်ရိုက်လာ၏။


   ချိုမြိန်စေးပိုင်သော ဆန်ပြုတ်အားယီချန်လည်းခေါင်းမဖော်တမ်းအားပါးတရသောက်နေရာ သူ့အားသနားကြင်နာစွာစိုက်ကြည့်နေကြသော ကန်တင်းအဒေါ်ကြီးများ၏အကြည့်ကိုသတိမထားမိခဲ့ပေ။ဗိုက်ပြည့်သွားသည်နှင့် ထမင်းဘူးအားစားဖိုဆောင်ဆီသွားပေးခဲ့ရာ ထိုနေရာမှအဒေါ်ကြီးများအတင်းထည့်ပေးလိုက်သော သစ်တော်သီးအားယူ၍ပြန်ထွက်လာလိုက်ရသည်။


  ဗိုက်ပြည့်သွားပြီဖြစ်ရာ ယီချန်လည်းနယ်မြေထဲပြန်ဝင်လာ၏။ဆရာဝန်၏အတည်ပြုချက်အရ သူရောက်ရှိနေသောကာလမှာ တက္ကသိုလ်များဖွင့်လှစ်ခြင်းမရှိသေးပေ။နောက်နှစ်ကုန်လောက်တွင်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအားပြန်လည်ခွင့်ပြုလာမည်ဖြစ်သည့်အပြင် စီးပွားရေးအခွင့်အလမ်းများပါ ပွင့်လင်းလာမည်ဖြစ်၍ အနာဂတ်ရှိငွေဝင်ပေါက်များစွာက သူ့အားလက်ယမ်းပြနေလေသည်။


  ယီချန်မှာပစ္စည်းပုံဘက်ပြေးကာ သေချာစစ်ဆေးကြည့်လိုက်၏။မျိုးစေ့အိတ်များအပြင် သူသည်ပိုက်ဆံများကိုလည်းတွေ့ခဲ့၍ပင်။လေယာဉ်ပေါ်တက်စဉ်က‌သူငွေစက္ကူများမယူခဲ့ချေ။ကြည့်ရသည်မှာ သူ၏ငွေပေးအကောင့်များထဲရှိ ငွေများဖြစ်ရမည်။ထိုသို့ဆိုလျှင် ရှိနေမည့်ပမာဏမှာ.....ယီချန်သည်လျင်မြန်စွာပင် ငွေထုတ်ကြီးအားရှာတွေ့ရာ မြက်ခင်းပေါ်ထိုင်ချလိုက်ပြီး အကျအနရေတွက်ကြည့်လိုက်သည်။


  သူထင်ထားသလို အတိအကျနှစ်သန်းဖြစ်၏။ဤငွေသည် ခရီးမထွက်ခင်လေးက သူရှယ်ယာကစား၍ရခဲ့ခြင်းဖြစ်၏။ငွေနှစ်သန်းမှာ အနာဂတ်ကာလတွင်ပင် နည်းပါးသောပမာဏမဟုတ်ရာ ဤခေတ်အခါတွင်တော့ အချီကြီးပင်။ယီချန်မှာဝမ်းသာပီတိဖြစ်ရသော်လည်း ဤ‌ေငွများကိုသာထုတ်သုံးလိုက်လျှင် ပြဿနာတက်သွားနိုင်ကြောင်းသိလေ၏။သူသည်သာမန်တပ်ခွဲမှူးလေးသာဖြစ်ရာ ဤမျှငွေအများကြီးကိုထုတ်ယူလာပါက အရင်းအမြစ်အား သံသယဝင်လာကြမည်ဖြစ်ပြီး ကံဆိုးလျှင် သူလျှိုအဖြစ်ပင်စွပ်စွဲခံရနိုင်သည်။ထို့ကြောင့် လက်ဆုပ်လက်ကိုင်ပြရန် လုပ်ငန်းတစ်ခုရှာရပေမည်။သို့‌ေသာ် ငွေဆိုသည်မှာထိုင်ကြည့်ရုံဖြင့်ပင် အမောပြေ‌ေစ‌ေသာ အစွမ်းသတ္တိရှိလေရာ ယီချန်သည်ငွေများအားကြည့်၍ အားပါးတရရယ်မောလိုက်၏။


  "ဟားဟားဟား ကောင်းကင်ဘုံကငါ့လို ခံ့ညားချောမောတဲ့လူတစ်ယောက်ကို ပစ်ပယ်မထားဘူးဆိုတာသိသားပဲ။ဒီငွေနဲ့သာဆို ယီချန်ဆိုတဲ့ငါက အနာဂတ်မှာဘာမှမလုပ်ဘဲနေရင်တောင် ဒူးနှံ့ပြီးထိုင်စားလို့ရတာပဲ"