Chapter 1
Viewers 235

Chapter 1 - တွဲကြရအောင် (1)

.


ဆောင်းဦးညသည် အေးစိမ့်ကာလေပြင်းထန်ပြီး ကောင်းကင်ကြီးသည် ပိန်းပိတ်အောင်မှောင်မည်းနေသည်။ 


လန်မုရှီ ခိုးကြောင်ခိုးဝှက်နဲ့ မီးပုံမှထလာပြီး ရထားလုံးအနောက်ကို လျှောက်လာခဲ့သည်။ သူမမျက်လုံးတွေကျဉ်းမြောင်းလိုက်ပြီး သူတို့ရဲ့ခရီးစဉ်တစ်လျှောက်လုံး ဂုဏ်သရေရှိဖြောင့်မတ်ခဲ့တဲ့ ထိုလူကိုရှာဖွေရန် တောထဲကိုကြည့်လိုက်သည်။ 


သူကသေးသွားပေါက်တာ ဖြစ်နိုင်လောက်တယ်။ သူမ သူ့ကိုတစ်လျှောက်လုံးအကဲခတ်နေခဲ့တာ၊ ကျင့်ကြံသူတွေက ပိကူးကိုလေ့ကျင့်နိုင်ပေမယ့် ဇာတ်လိုက်ရဲ့လက်ရှိကျင့်ကြံမှုအဆင့်က စားသောက်ဖို့လိုအပ်နေဆဲပင်။ 


လူတစ်ယောက်ကစားသောက်မယ်ဆိုရင် သန့်စင်ခန်းသွားတာကလည်း ရှောင်လွှဲလို့မရဘူး။ 


သူမက ပြီးခဲ့တဲ့နှစ်ရက်တာလုံး အခွင့်အရေးကိုရှာဖွေနေခဲ့ပေမယ့် အခုချိန်အထိမတွေ့ခဲ့ပေ။ ဇာတ်လိုက်က သေးပေါက်ဖို့ အဖွဲ့ထဲကထွက်သွားရာ သူမသူ့နောက်ကိုလိုက်သွားချင်မိသည်။ 


တောင်၏ဒီအပိုင်းတွင် ပေါ်နေတဲ့သစ်ပင်မြစ်တွေ နေရာတိုင်းမှာရှိပြီး ဇာတ်ကွက်အပြင်အဆင် လိုအပ်ချက်အတွက် ချောက်ကမ်းပါးတစ်ခုလို့ အဆိုအရသတ်မှတ်နိုင်သည်။ သူမဒီနေရာကခုန်ချလိုက်မယ်ဆိုရင် သူမကိုယ်သူမအန္တရာယ်ဖြစ်စရာမလိုပဲ ဇာတ်ကြောင်းရဲ့မစ်ရှင်ကို ပြီးမြောက်နိုင်သည်။ 


သူမရထားလုံးကို ပတ်လျှောက်လာပြီး အရှေ့ကိုခြေလှမ်းအနည်းငယ်လျှောက်သွားချိန်တွင် သစ်ပင်ကြီးတစ်ပင်အပေါ် လက်တင်ပြီးထိန်းကိုင်လိုက်သည်။ မှိန်ပျပျလရောင်မှတစ်ဆင့် မလှမ်းမကမ်းမှ သူမဆီဦးတည်လျှောက်လာသည့် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ 


လန်မုရှီ သူ့ဆီအလျင်အမြန်လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။ သူမဝတ္ထုထဲက စာသားကို တိတ်တဆိတ်လေ့ကျင့်လိုက်တယ်- အ‌စ်‌ကိုရှောင်း ကျွန်မတစ်နေ့လုံး ဒီအကြောင်းတွေးနေခဲ့တာ။ ကျွန်မရှင့်ကို တွေ့လိုက်တဲ့ ပထမဆုံးအချိန်ကတည်းက ရှင်က ကျွန်မဝမ်းကွဲကို သတိရစေတယ်။ ဒါကကျွန်မကို ရှင်နဲ့ရင်းနှီးလိုစိတ် ဖြစ်စေတယ်။ 


ဒီဇာတ်လိုက်က တကယ်သိပ်ချောတာပဲ။ လွန်ခဲ့တဲ့နှစ်ရက်က လန်မုရှီ သူ့ကိုတွေ့လိုက်တာနဲ့ချက်ချင်း ဝတ္ထုရဲ့ဗီလိန်မလေးက သူ့အချစ်ကိုရဖို့ အရူးအမူးဖြစ်နေခဲ့တာလဲဆိုတာ သိသွားခဲ့သည်။ 


သူကချောမောပေမဲ့ မိန်းမဆန်ဆန်မဟုတ်ဘူး။ သူကတည်ကြည်လေးနက်ပေမဲ့ မအေးစက်ဘူး။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစါ သူနဲ့ယှဉ်နိုင်တဲ့လူကို သူမတစ်ခါမှမမြင်ဖူးဘူး။ သူ့မှာအမတတစ်ပါးရဲ့ နူးညံ့တဲ့အလှမျိုးရှ်ိတယ်လို့ပြောရင် ချဲ့ကားတာဖြစ်မှာမဟုတ်ပေ။ 


လရောင်အောက်တွင် သူကပို၍ပင်လှပနေပြီး သူမဆီလျှောက်လာနေသည်ကို မြင်လိုက်ရသည်။ သူကသူမကိုဒီမှာတွေ့လိုက်ရလို့ စိတ်ရှုပ်ထွေးသွားပုံရပြီး သူ့ရဲ့ပုံလှလှနှုတ်ခမ်းတွေ လှုပ်ရှားသွားသည်ကို သူမမြင်လိုက်သည်။ သူ့အသံသည် လူ့နှလုံးသားထဲ တည့်တည့်ဝင်သွားစေနိုင်သည့် စမ်းရေကြည်လေးလိုပင်။ 


"မိန်းကလေးလန် ဘာဖြစ်လို့...."


"အစ်ကိုရှောင်း ရှင့်ရဲ့အစစ်အမှန်နဲ့မတူတဲ့ အလှတရားကို ကျွန်မတစ်နေ့လုံး တွေးနေခဲ့တာ။ ဒါကကျွန်မကို ရှင်နဲ့ပိုနီးကပ်ချင်စိတ် ဖြစ်စေ...."


လန်မုရှီ ခဏလောက်တန့်သွားသည်။ သူမတော့ အရှုပ်တွေလုပ်မိပြီဆိုတာ သိသွားတယ်။ သူမသိပ်ပင်ပန်းနေပြီ။ ဘာပဲဖြစ်ဖြစ် ဒါကအမျိုးသားတစ်ယောက် သေးပေါက်ထွက်သွားချိန်မှာ သူ့နောက်လိုက်လာတာ ဒါသူမအတွက်ပထမဆုံးအကြိမ်ပင်။ 


ဝတ္ထုရဲ့စာသားကို ပြန်ရွတ်တာ ရော‌ကုန်ပြီဆိုပေမဲ့ သူမလက်မလျှော့ချင်သေးပေ။ သူမဆက်ပြောလိုက်သည်။ 


"ကျွန်မရှင့်အတွက် နောက်ထပ်ဝမ်းကွဲတစ်ယောက် မွေးပေးချင်တယ်...."


ရှောင်းမြန် : "...."


လန်မုရှီ : "...."


မွန်းကျပ်လောက်အောင် နှုတ်ဆိတ်သွားတဲ့ကာလတစ်ခုပြီးနောက် ရှောင်းမြန်သည် အံ့ဩတုန်လှုပ်မှုကြောင့် အနည်းငယ်ပွင့်ဟသွားသည့် နှုတ်ခမ်းတွေကို ပြန်ပိတ်လိုက်သည်။ သူကလန်မုရှီကို ကွေ့ပတ်လျှောက်ပြီး မီးပုံဆီပြန်လာသည်။ 


ဒါပေမဲ့ လန်မုရှီက စာသားတွေရှုပ်ထွေးကုန်သလို တောင်စွန်းကနေ မခုန်ချရသေးဘူး။ သူမ သူ့ကိုထွက်သွားခွင့် မပြုနိုင်တာကြောင့် ရဲတင်းစွာနဲ့ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ 


"အစ်ကိုရှောင်း ကျွန်မရှင်းပြပါရစေ။ ကျွန်မဆိုလိုတာက‌ ရှင့်ရဲ့အစစ်အမှန်လို့မထင်ရ‌တဲ့ အလှတရားကို သဘောကျလို့ ရှင့်အတွက် ကလေးမွေးပေးချင်...."


"အဟမ်း.."


လန်မုရှီ လည်ချောင်းရှင်းပြီး ‌စကား‌လုံးတွေကို ပြန်တည့်မတ်လိုက်သည်။ 


"ကျွန်မပြောချင်တာ ရှင်ကကျွန်မဝမ်းကွဲနဲ့တူတယ်လို့၊ ကျွန်မရှင့်ကို သဘောကျတယ်။"



သူမထိုစကားတွေပြောပြီးနောက် နောက်ထပ်အချိန်တခုလောက် ထူးဆန်းစွာတိတ်ဆိတ်သွားသည်။ ညလေတွေသည် သူမရဲ့လိမ်သွားတဲ့လျှာကို လှောင်ပြောင်နေတဲ့အလား နှံကောင်ပေါင်းများစွာရဲ့ စူးရှတဲ့ကျီကျီကျာကျာအသံတွေကို သယ်ဆောင်လာသည်။ 


လန်မုရှီရဲ့အကြောက်အလန့်မရှိတဲ့ အပြုအမူကြောင့် ရှောင်းမြန် ထိတ်လန့်သွားတာဖြစ်နိုင်ပြီး ပြန်တုံ့ပြန်လာဖို့ ခဏအချိန်ယူလိုက်ရသည်။ လရောင်အောက်မှာ သူ့မျက်နှာသည် အလင်းရောင်နုနုဖုံးလွှမ်းနေသဖြင့် လူသားတစ်ယောက်အစား မိုးပေါ်ကမသေမျိုးတစ်ယောက်နဲ့ ပို၍ပင်တူလာစေသည်။ 


သူ့လက်ကိုညင်သာစွာ မြှောက်လိုက်ရုံလေး ဖြစ်ဟန်တူပေမဲ့ လန်မုရှီလက်ကတော့ ဗလာကျင်းသွားသည်။ သူ့အဝတ်အစားပေါ်က မြင်ပင်တစ်ချောင်းကို ခါထုတ်လိုက်သလိုမျိုး သူမဆုပ်ကိုင်ထားသည်ကို အသာလေးရုန်းထွက်သွားသည်။


သူကတည်ငြိမ်သည့်အသံဖြင့် ဆိုလာသည်။ 


"မိန်းကလေးလန် ‌ညနက်နေပြီ။ မကောင်းဆိုးဝါးတွေက ဒီနယ်မြေမှာ မကြာခဏပေါ်လာတတ်တယ်။ ကျွန်တော့်အနောက်ကနေ စခန်းကိုပြန်လိုက်ပြီး အစီအရင်ထဲမှာ အနားယူပါ။"


လန်မုရှီတွေးလိုက်တယ်၊ သူမလက်မလျှော့လိုက်နိုင်ပါဘူး။ ဒီအခန်းကို သူမသရုပ်မဆောင်ရင် မနက်ဖြန်အပြစ်ပေးခံရမှာ သေချာတယ်။ အဲ့ဒီပြင်းထန်လွန်းလှတဲ့နာကျင်မှုကို ထပ်မခံစားချင်ပေ။ 



အဲ့ဒီလိုနဲ့ ရှောင်းမြန်သူမကို ဖြတ်လျှောက်သွားပြီး အဖွဲ့ဆီလျှောက်သွားချိန်မှာ သူမ သူ့ခါးပတ်ကိုဆွဲကိုင်လိုက်သည်။ ဒါပေါ့ သူမကသူ့လက်မောင်းကို ဖမ်းဆွဲဖို့ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ အထိတ်တလန့်ဖြစ်နေတာကြောင့် ဂရုမစိုက်မိပဲ ဆွဲထားရင်းသာ ပြေးထွက်လာခဲ့သည်။ 


လန်မုရှီ ပေါက်ကရတွေအများကြီးပြောခဲ့ပေမဲ့ သေမျိုးတစ်ယောက်ကို ရှောင်းမြန်ဒီလောက်ဂရုမစိုက်မိခဲ့ပေ။ သူမကရုတ်တရက်ကြီး လှုပ်ရှားမှုပြုလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။ 


လန်မုရှီကသေးသွယ်တဲ့ အမျိုးသမီးတစ်ယောက်ဆိုပေမဲ့ သူမဘဝကြီးက ဒီအပေါ်မူတည်နေသလိုမျိုး ခါးပတ်ကိုဆောင့်ဆွဲသွားခဲ့တာကြောင့် သူမရဲ့ဆွဲအားက ရှောင်းမြန်ကို အနောက်တစ်လှမ်း ပြန်ယိမ်းယိုင်သွားစေခဲ့သည်။ သူကသစ်ပင်ကိုဆုပ်ကိုင်ပြီး ပြုတ်မကျအောင် ထိန်းလိုက်နိုင်ပေမဲ့ ခါးပတ်ကတော့ ဆွဲအားကိုမခံနိုင်ရှာပဲ ပြဲထွက်သွားခဲ့သည်။ 


ရှောင်းမြန် တောင့်တင်းသွားသည်။ တောထဲပိုနက်အောင် ပြေးဝင်သွားတဲ့ အမျိုးသမီးကို သူလှည့်ကြည့်လိုက်ပြီး သေသပ်တဲ့အဖြူရောင်ဝတ်စုံက ပွင့်ထွက်သွားပေမဲ့ အခုချိန်မှာ ဒါကအရေးမကြီးပေ။ သူ့ကျောက်စိမ်းခါးပတ်ခေါင်းမှာ အရေးကြီးတဲ့ပစ္စည်းတစ်ခုရှိသည်။ 


သူ့ဝတ်စုံကိုပြန်စေ့ရန်ပင် အချိန်မယူပဲ သူမအနောက် ချက်ချင်းပြေးလိုက်သွားသည်။ တစ်ချိန်တည်းမှာပဲ သူ့ဓားနဲ့ ခါးပတ်ပြုတ်ထွက်သွားချိန်မှာ မြေကြီးပေါ်ပြုတ်ကျသွားတဲ့ ကျောက်စိမ်းအဆင်တန်ဆာကို ကောက်ယူလိုက်သည်။ သူ့ရဲ့ရေခဲတမျှအေးစက်သည့် အံ့ဩလောက်ဖွယ် စိတ်ဝိဉာဉ်စွမ်းအင်ဓား ရွှေယွင်ကို ဓားအိမ်ထဲကထုတ်ပြီး လန်မုရှီဆီပြေးလိုက်သွားခဲ့၏။



......