အပိုင်း ၁
Viewers 420

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၁




"သူမ ဘာလို့ နံရံနဲ့ တိုက်ရတာလဲ၊ မတုံးလွန်းဘူးလား!"



"စိတ်မပူနဲ့။ နင် အဲ့ဒါကို တိုက်ရင်တောင် ငတုံးပဲ!"



လင်းရှောင်ယွဲ့ ဦးနှောက်ထဲ ကျယ်လောင်စွာ မြည်လာပြီး နားထဲကို စကားသံများ တိုးဝင်လာသည်။



အရမ်း ဆူတာပဲ။ 



သူမ မျက်လုံးမဖွင့်နိုင်သေးချိန် လူကြီးက သူမကို ပုခုံးပေါ်တင်ပြီး အနောက်ခန်းထဲ ခေါ်သွားခဲ့သည်။ 



လင်းရှောင်ယွဲ့ကို ကုတင်ပေါ်လှဲချလိုက်ပြီး ထိုလူက ခြံဘက် လှည့်ပြီး အော်ခဲ့သည်။  "ရှို့ယင်၊ သူမကို လာကြည့်၊ သူမ ခေါင်းကို နံရံနဲ့ ထပ်တိုက်စေနဲ့!"



လင်းရှောင်ယွဲ့က သူမရဲ့ လေးလံတဲ့ မျက်ခွံတွေကို မှိတ်ထားရင်း သူမအနီး ထူးဆန်းသော မျက်နှာတစ်ခု ကပ်လာသည်ကို မြင်လိုက်ရပြီး ထိုအမျိုးသမီးက သူမဘေးတွင် ထိုင်လိုက်သည်။



ဒါက ဘယ်သူလဲ?



ဘာတွေ ဖြစ်နေတာလဲ?



"သေဖို့ မကြိုးစားနဲ့၊ ငါ့သားနဲ့ လက်ထပ်ရင် နင့် ဘဝက ပိုကောင်းလာလိမ့်မယ်။"



အနားရောက်လာတဲ့ ထိုအမျိုးသမီးက ပြောလိုက်သည်။



လင်းရှောင်ယွဲ့က ခဏမျှ တိတ်ဆိတ်သွားပြီး သူမ နဖူးပေါ်မှ နာကျင်ကိုက်ခဲမှုက သက်သာလာကာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။



သူမ မှတ်မိတယ်...



သူမ သတိမမေ့ခင် နောက်ဆုံး စာမေးပွဲအတွက် တစ်ညလုံး စာကျက်နေခဲ့သည်။ အဲဒီအချိန်မှာ ပြင်းထန်တဲ့ နာကျင်မှုက သူမကို သတိလစ်သွားစေခဲ့တယ်။



နံရံ မရှိတဲ့ အိမ်ကို တွေ့လိုက်ရပြီး လင်းရှောင်ယွဲ့ ကြောင်အသွားခဲ့သည်... သူမ ရုတ်တရက် သေဆုံးသွားတာ ဖြစ်နိုင်လား။



ဒါဆို သူမ ဘယ်လိုလုပ် ဒီမှာ နိုးလာတာလဲ? 



"ရှောင်ယန် လာခဲ့ ..."



တံခါးဝတွင် ရန်ယန် က ခေါင်းငုံ့ကာ ရှက်ရွံ့စွာကြည့်နေခဲ့သည်။  အမျိုးသမီးရဲ့ ခေါ်သံကို ကြားတဲ့အခါ တစ်လှမ်းချင်းစီလှမ်းပြီး အမျိုးသမီး အနားကို အပြေးသွားခဲ့သည်။



"ရှောင်ယန်၊ သူမနာမည်က လင်းရှောင်ယွဲ့ပါ။ ဒီနေ့ကစပြီး သူမက မင်းရဲ့ဇနီးပဲ"



အမျိုးသမီးက ရန်ယန် ရဲ့လက်ကို ပွတ်သပ်ပြီး လင်းရှောင်ယွဲ့ကို ညွှန်ပြခဲ့သည်။  "သူမက ဒီအခန်းထဲမှာ မင်းနဲ့အတူနေပြီး ညဘက်ဆို မင်းနဲ့အတု ကုတင်နှစ်လုံးပေါ်မှာ အိပ်လိမ့်မယ်"



"အမေ..."



၁.၈ မီတာ မြင့်သော ရန်ယန် က လင်းရှောင်ယွဲ့ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ခဲ့သည်။ "သူမက ရှောင်ယန်ကို မကြိုက်ဘူး... သူမ နံရံကို တိုက်လိုက်တယ်"



အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး လင်းရှောင်ယွဲ့ကို ကြည့်ခဲ့သည်။ "မင်းက အခု ယန်း မိသားစုရဲ့ချွေးမပါ။ မင်းရဲ့မိခင်းမိသားစုက မင်းကို ရောင်းပြီး ပိုက်ဆံနဲ့ လက်မှတ်တွေ စုဆောင်းခဲ့တယ်။ မင်းကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အနာဂတ်မှာ ရှောင်ယန်ကို ဂရုစိုက်ရလိမ့်မယ်။"



ထိုအမျိုးသမီးပြောတာကို သူမကြားပြီးနောက် သူမနဲ့မသက်ဆိုင်သော မှတ်ဉာဏ်တချို့က သူမစိတ်ထဲရောက်ရှိနေခဲ့သည်။ 



လင်းရှောင်ယွဲ့က သူမ စာအုပ်တစ်အုပ်ထဲ ကူးပြောင်းသွားကြောင်း သိလိုက်ရသည်။



အရင်က "၇၀ခုနှစ်က ချမ်းသာသော လယ်သမားရဲ့ဇနီး" ရဲ့ ဝတ္ထုကို ဖတ်ခဲ့ဖူးပြီး အဲဒီထဲမှာ သူမနဲ့ နာမည်တူ၊ မျိုးရိုးတူ အမြောက်အမြောက်စား မိန်းကလေးတစ်ယောက်ရှိသည်။



စာအုပ်ထဲတွင် မူလပိုင်ရှင် လင်းရှောင်ယွဲ့က သူမရဲ့ ဆင်းရဲသော မိသားစုကြောင့် အရူး ရန်ယန် ဆီ ဇနီးအဖြစ် ရောင်းစားခံခဲ့ရသည်။



ဒါပေမယ့် တကယ်တော့ ရန်ယန် က ဒီစာအုပ်ထဲက အကြီးမြတ်ဆုံး ဗီလိန်တစ်ယောက်ဖြစ်ပြီး ရိုးရှင်းတဲ့ အရူးတစ်ယောက် မဟုတ်ပေ။



သူက စိတ်ကျရောဂါရှိသူဖြစ်ပြီး စရိုက်ကွဲ သုံးမျိုးရှိသည်။ ဗီလိန် အသက် (၆)နှစ်အရွယ် ကလေးတစ်ဦးဖြစ်သောကြောင့် ယခုလို ဆေးဝါးကုသမှု မဖွံ့ဖြိုးသေးသောကာလတွင် တစ်ရွာလုံးက အရူးလို့ မှတ်ယူကြသည်။



မူလပိုင်ရှင် လင်းရှောင်ယွဲ့က အရူး ရန်ယန် ကို လက်မထပ်ချင်ခဲ့ပေ။ 



အစက သူမသည် အရူး ရန်ယန် ကို အချိန်အတော်ကြာအောင် အနိုင်ကျင့်ခဲ့သည်။ နောက်ပိုင်းတွင် သူမ အမျိုးသား ဇာတ်လိုက်ကို ချစ်မိသွားပြီးနောက် ပိုးသတ်ဆေး သုံးပြီး သတ်ဖို့ ကြိုးစားခဲ့သည်။



သူမရဲ့ နည်းလမ်းအမျိုးမျိုးက သူ့ရဲ့ ကြမ်းတမ်းတဲ့ စရိုက်ကွဲကို အသက်သွင်းမိခဲ့ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်ကို(ရန်ယန် ) သိမ်းပိုက်နိုင်ခဲ့ကာ ဗီလိန်ကြီးဖြစ်သွားသည်။



အမှောင်ဖုံးသွားပြီးနောက် သူပထမဆုံးလုပ်ခဲ့သည့်အရာမှာ မူလပိုင်ရှင် လင်းရှောင်ယွဲ့ကို ကွာရှင်းပြီး သူတောင်းစားလက်ထဲ အပ်လိုက်ခြင်းဖြစ်သည်။ထို့နောက် သူမ အမြဲတမ်းသဘောကျခဲ့သော အမျိုးသားဇာတ်လိုက်ကို ဆန့်ကျင်ကာ အချစ်ဦးနောက် လိုက်ခဲ့သည်။  



ယခုအချိန်က ဗီလိန်ဇာတ်လမ်း၏ အစဖြစ်သည်။



မူလပိုင်ရှင် လင်းရှောင်ယွဲ့က ယန်း အိမ်ဆီ ရောင်းချခံခဲ့ရပြီး အရူးနဲ့လက်ထပ်ဖို့ မလိုလားတာကြောင့် နံရံကိုတိုက်ပြီး ခုခံခဲ့သည်။



ရလဒ်အနေဖြင့်  နိုးထလာသူမှာ ၂၁ ရာစု၏ ဝိညာဉ်ဖြစ်သော သူမ လင်းရှောင်ယွဲ့ ဖြစ်သည်။



ဘုရားရေ...



လင်းရှောင်ယွဲ့က အသက်ပြင်းပြင်းရှူရင်း တောက်ပတဲ့ မျက်လုံးတွေက အနည်းငယ်ပြူးကျယ်သွားကာ သူမရဲ့ ပုံမှန်မဟုတ်တဲ့ မျက်လုံးတွေက ရန်ယန် ပေါ် ကျရောက်သွားခဲ့သည်။



သူမ ဗီလိန်ဇနီး အဖြစ် ကူးပြောင်းသွားတယ်!



ဘယ်လောက် ကံဆိုးလိုက်လဲ!



ရန်ယန် က အမျိုးသမီး၏ နောက်တွင် မဝံ့မရဲ ပုန်းနေပြီး "အမေ၊ သူမ ကျွန်တော့်ကို စိုက်ကြည့်နေတယ်..."



ထိုအမျိုးသမီးက လင်းရှောင်ယွဲ့ကို ပြန်ကြည့်ခဲ့ကာ သူမမျက်လုံးတွေက ပြင်းထန်လွန်းသဖြင့် လင်းရှောင်ယွဲ့ စကားမပြောရဲခဲ့ပေ။



"ရှို့ယင်!"



ခြံထဲမှ လူတစ်ဦးအသံ ထွက်လာခဲ့သည်။ "ထွက်ခဲ့!"



"အင်း!"



ဝမ်ရှို့ယင်က ကျယ်လောင်စွာ တုံ့ပြန်လိုက်ပြီး ကမန်းကတန်း ထလိုက်သည်။ အခန်းထဲက မထွက်ခင်မှာ သူမက ခေါင်းလှည့်ပြီး လင်းရှောင်ယွဲ့ကို စိုက်ကြည့်ကာ ပြောခဲ့သည်။  "နိုးရင် ရှောင်ယန်နဲ့ စကားပြောလိုက်။ သေခြင်းကို ရှာနေတာ ရပ်လိုက်တော်။ အဲဒါ အသုံးမဝင်ဘူး!"



လင်းရှောင်ယွဲ့ -  "..."



ဝမ်ရှို့ယင် ထွက်သွားပြီးနောက် လင်းရှောင်ယွဲ့နဲ့ ရန်ယန် သာ အတွင်းခန်းလေးထဲ ကျန်နေခဲ့သည်။



နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။



ခဏကြာတော့ ရန်ယန်က အံကြိတ်ပြီး အခန်းအပြင်ကို လှည့်ထွက်ပြေးသွားတယ်..



လင်းရှောင်ယွဲ့ -  "..."



သူက သူမကိုကြောက်သွားတယ်



သူမက ကြောက်ရမယ့်သူ ဖြစ်တာမဟုတ်ဘူးလား? နောက်ဆုံးတော့ သူက ဗီလိန်ပဲ။



"ဟစ်စ်--"



သူမခေါင်းမှ နာကျင်မှုကို ခံစားလိုက်ရသည်။ လင်းရှောင်ယွဲ့က လက်ဆန့်ကာ နဖူးကိုထိလိုက်ချိန် ခေါင်းပေါ်ရှိ ဘုသီးတစ်လုံးကို ထိလိုက်မိသည်။



အစောက မူလပိုင်ရှင် နံရံကို တိုက်တုန်းက ကျန်ခဲ့တာ။



လင်းရှောင်ယွဲ့က မတ်တပ်ထရပ်ပြီး အခန်းတံခါးဝဆီ လျှောက်သွားကာ မျက်လုံးဝိုင်းကြီးတစ်စုံကို ဖော်ထုတ်ပြီး ခြံဝင်းအတွင်းရှိ မြင်ကွင်းကို ကြည့်လိုက်သည်။



ခြံထဲမှာ မိသားစုနှစ်စု အရောင်းအဝယ်လုပ်နေကြတယ်။



လင်းရှောင်ယွဲ့က လူကြီး လက်ထဲတွင် ပိုက်ဆံကိုင်းထားတာတွေ့လိုက်ရသည်။ ရှို့ယင် အမည်ရှိ အမျိုးသမီးက  ဆန့်ကျင်ဘက်အခန်းထဲ ဝင်သွားပြီး ပြန်ထွက်လာသောအခါတွင် လက်မှတ်တစ်အုပ်နှင့် အိတ်တစ်လုံးကို သူမ လက်ထဲ ကိုင်ထားခဲ့သည်။



အကွာအဝေးက ဝေးလွန်းတော့ လင်းရှောင်ယွဲ့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။



အဲဒီလူပြောတာပဲ ကြားလိုက်ရသည် - "၁၉.၉ ယွမ်၊ အစားအသောက်လက်မှတ် ၁၀ ခု၊ အထည်လက်မှတ် ၅ စောင်၊ ပြောင်းဖူးမှုန့် ၁၀ ကီလိုဂရမ်။ အားလုံးက ဒီမှာ ရှိတယ်။ အနာဂတ်မှာ အဲ့ဒီမိန်းမက ပြန်ပြေးရင်တောင် ငါတို့ဆီ ပြန်ပို့ရမယ် "



လင်းရှောင်ယွဲ့က ထိုယောက်ျားပါးစပ်မှ “မိန်းမ”မှာ သူမ ဖြစ်သည်ကို သိသည်။



ဒါဆို ဆင်းရဲတဲ့မိခင်က သူမကို ၁၉ ယွမ် ၉ ဆင့်နဲ့ ရောင်းစားခဲ့တာပေါ့။



လင်းရှောင်ယွဲ့ နှလုံးသားက အေးခဲသွားခဲ့သည်။



၎င်းက မူလလင်းရှောင်ယွဲ့၏ ဘဝဖြစ်သည်ကို သူမသိသော်လည်း သူမ ရောင်းစားခံရသောအခါ သူမမျက်လုံးတွေ နီရဲလာတာက မကူညီနိုင်ခဲ့ပေ။



သူမ လူကြီးဆီ ငွေယူနေသော အမျိုးသမီးဆီ လှမ်းကြည့်လိုက်သည်။ အမျိုးသမီးက ပိုက်ဆံနဲ့ လက်မှတ်တွေအားလုံးကို ရေတွက်ပြီး ပိုက်ဆံတွေကို အိတ်ကပ်ထဲ အမြန်ထည့်လိုက်တယ်။ "ကောင်းပြီ ဒါဆို ငါတို့ ထွက်သွားတော့မယ်။"



ငွေသိမ်းတာက မြန်ဆန်လွန်းတယ်။



သူမ ထုံကျင်သွားသည်။



ဒီအခြေအနေကိုမြင်တော့ လင်းရှောင်ယွဲ့က လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။ ပြီးခဲ့တဲ့အခိုက်အတန့်က ကျလာတဲ့ မိကျောင်းမျက်ရည်တွေ ပြန်ဝင်လာသလိုပဲ။



ဒီလို မိသားစုမျိုးနဲ့ ခွဲရတာ ပိုကောင်းတယ်။



လင်းရှောင်ယွဲ့ မိသားစုက ခြံဝင်းအတွင်းရှိ အရာအားလုံးကို လက်ခံရရှိပြီးနောက် လင်းရှောင်ယွဲ့ကိုတောင် မကြည့်ဘဲ လှည့်ထွက်သွားကြသည်။



နောက်ဆုံးတော့ ဒါက သူ့သမီးကို တစ်ယောက်ယောက်ကို လက်ထပ်ခွင့်ပေးတာမဟုတ်ဘဲ သူ့သမီးကို ရောင်းစားနေတာ။



သူမရဲ့ မိခင်မိသားစုက ဘယ်လောက်ဆင်းရဲနေမှန်း သူမ မသိပေမယ့် သူတို့က သူတို့ သမီးကို ရောင်းစားဖို့ ဆန္ဒရှိနေတယ်...



ဒါပေမယ့် လင်းရှောင်ယွဲ့ကတော့ အခုအချိန်ကစပြီး သူမ မိခင်မိသားစုနဲ့ ဆက်နွယ်နေတော့မည်မဟုတ်ပေ။ 



အဲ့ဒါကို စာအုပ်ထဲမှာ ပြောထားသည်။ 



ရန် မိသားစုသာ ခြံဝင်းထဲမှာ ကျန်ခဲ့ပြီး အခုချိန်မှာတော့ လင်းရှောင်ယွဲ့ရဲ့ ယောက္ခမတွေလို့ မှတ်ယူနိုင်သည်။



ဤအချိန်တွင် ဇာတ်ကွက်က စာအုပ်၏ ပုံမှန်အစောပိုင်းတွင် ရှိနေဆဲဖြစ်ပြီး ၁၉၇၇ ခုနှစ် ဆောင်းဦး၌ဖြစ်သည်။



ရန်ယန်က အမှောင်မဖုံးသွားသေးဘဲ ၆ နှစ်သား စရိုက်ကွဲဖြစ်ပြီး ၁၉ နှစ်အရွယ် ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည်။



အရင်တုန်းကတော့ လင်းရှောင်ယွဲ့က ဇာတ်လမ်းတစ်ခုလုံးရဲ့ အပျော်ရဆုံးအပိုင်းတွေက ရန်ယန်ရဲ့ဇာတ်လမ်းတွေလို့ ထင်ခဲ့သည်။



သူ့ရဲ့ စရိုက်ကွဲ သုံးခုနဲ့ ဆိုးသွမ်းတဲ့ ဇနီးနဲ့ ဆက်ဆံရာမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်တာကြောင့်၊ အမျိုးသားဇာတ်လိုက်နှင့် သူ့စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတွေ၊ အမျိုးမျိုးသော ဇာတ်ကွက်များက စာဖတ်သူကို သက်တောင့်သက်သာ စာဖတ်သည့် အတွေ့အကြုံကို ရရှိစေသည်။



ဒါပေမယ့်... ထိုယောက်ျားက သူမ ခင်ပွန်းဖြစ်လာပြီးနောက် လင်းရှောင်ယွဲ့ ထိတ်လန့်သွားခဲ့သည်။



သူမ ခြံထဲကို ကြည့်လိုက်တော့ ရန်ယန်ကို တွေ့လိုက်ရပြီး ကျောက်တုံးလေးတွေနဲ့ ဆော့ကစားရင်း မြေပြင်ပေါ်မှာ ထိုင်နေခဲ့သည်။ လင်းရှောင်ယွဲ့ မျက်လုံးတွေက ရှုပ်ထွေးတဲ့ ခံစားချက်တွေဖြင့် ပြည့်နှက်နေခဲ့သည်။



သူမဒီမှာ ဘယ်လိုအဆုံးသတ်သွားမှန်း မသိပေမယ့် သူမက သူ့ရဲ့ အကျော်ကြားဆုံး ပထမဇနီးသာ ဖြစ်နိုင်သည်။



မဟုတ်ရင် သူ...သူမကို နောက်ပိုင်းမှာ သူတောင်းစားဆီ ပို့လိမ့်မယ်။



"ကောင်းပြီ၊ အခု သူတို့ထွက်သွားပြီဆိုတော့ အထဲဝင်ပြီး စားရအောင်!"



အဘွားကြီး၏ တိုက်တွန်းသံက ပင်မအိမ်မှ ထွက်ပေါ်လာသည်။



လင်းရှောင်ယွဲ့က ခြံဝန်းထဲကလူတွေ ပင်မအိမ်ဆီ တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားတာကို မြင်တဲ့အခါ သူမဗိုက်က အော်လာခဲ့သည်။



မနီးမဝေးက မြေပြင်မှာ ထိုင်နေတဲ့ ရန်ယန်က ရုတ်တရက် ခေါ်အော်လိုက်သည်။ " အမေ"



"ဘာမှားနေလို့လဲ" ဝမ်ရှို့ယင်က ရန်ယန်ဆီ လှည့်ကြည့်လိုက်သည်။



ရန်ယန်က သူ့လက်ကို မြှောက်ပြီး သူ့ဘေးက လင်းရှောင်ယွဲ့ကို လက်ညိုးထိုးလိုက်တယ်။



ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို သေချာ စိုက်ကြည့်လိုက်သည်။ သူမ(ဝမ်ရှို့ယင်) မျက်လုံးတွေက သူမ(လင်းရှောင်ယွဲ့) ကို ဓားမြှောင်များဖြင့် ပစ်ခတ်နေသည်။ သူမ ပါးစပ်ကိုဖွင့်ပြီး ပြောခဲ့သည်။ "သွား အတူစားကြမယ်"



လင်းရှောင်ယွဲ့က အသက်ရှူသွင်းပြီး နောက်ခန်းထဲက ထွက်လိုက်သည်။



ထိုအချိန်တွင် ရန်ယန်လည်းထပြီး ဝမ်ရှို့ယင်နောက် ခုန်ပေါက်ပြီး လိုက်သွားခဲ့သည်။ "အမေ၊ ဒီနေ့ စားဖို့ အသားရှိလား"



ဝမ်ရှို့ယင်က သူ့ကို နောက်ကျောကို ပုတ်လိုက်သည်။ "ဟင့်အင်း...အသားကို ဘယ်က သွားရှာရမှာလဲ"



လင်းရှောင်ယွဲ့က သားအမိနှစ်ယောက်နောက် လိုက်သွားခဲ့သည်။ သူတို့ ပင်မအိမ်က ဧည့်ခန်းဆီ အတူတူလျှောက်သွားကြသည်။



ဧည့်ခန်းအလယ်တွင် သစ်သားစတုရန်းစားပွဲကြီးတစ်ခုကို ချထားပြီး စားပွဲဝိုင်းမှာ ထိုင်နေသူတွေက လင်းရှောင်ယွဲ့အတွက် မျက်နှာသစ်တွေ ဖြစ်သည်။ ဝမ်ရှို့ယင် အောက်တွင် လင်းရှောင်ယွဲ့က ရန်ယန် ဘေး၌ ထိုင်ခဲ့သည်။



သူမ တူတောင် မမြှောက်ရသေးခင် ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ဆီ ထမင်းတစ်ပန်းကန် ယူလာပြီး "မင်း ရှောင်ယန် အရင်ကျွေး။ သူ ပြီးရင် မင်းစားလို့ရပြီ"



လင်းရှောင်ယွဲ့က သူမ ဘေးနားက ရန်ယန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့လက်ထဲတွင် စာအုပ်ငယ်တစ်အုပ်ကို ကိုင်ထားပြီး အောက်ငုံ့ကာ အာရုံစိုက်နေသည်။



အခုချိန်က စာအုပ်ထဲက ဇာတ်ကွက်အတိုင်းပဲ။



ဝမ်ရှို့ယင်က ရန်ယန်ရဲ့ (၆) နှစ်သား စရိုက်ကွဲ ရန်ယန်ကို ထိန်းကျောင်းဖို့ တာဝန်ရှိသည်။ သူ့ကို ကျွေးမွေးပြုစုခြင်းက ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။



ဝမ်ရှို့ယင် ရန်ယန် အတွက် ဇနီးတစ်ယောက် ဝယ်ပေးရတဲ့ အကြောင်းရင်းက ရန်ယန်ကို ဇနီးဖြစ်သူဆီ ပေးပြီး စောင့်ရှောက်ခွင့်ပေးလိုက်တာ ဖြစ်သည်။



မူလပိုင်ရှင် လင်းရှောင်ယွဲ့က ဤအရာကို အလွန်မုန်းတီးခဲ့သည်။ အစတုန်းက သူမ ရန်ယန်ကို ဂရုစိုက်ဖို့ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ဝမ်ရှို့ယင်က မူလပိုင်ရှင်ကို အပြစ်တင်ရှုတ်ချခဲ့သည်။



ကြေကွဲဖွယ် အကျိုးဆက်များကိုတွေးတောရင်း လင်းရှောင်ယွဲ့က ထမင်းပန်းကန်ကို နာခံစွာကောက်ယူပြီး ထမင်းအရင်ကျွေးကာ ခုခံမှုအကြောင်း မပြောခဲ့ပေ။



"အာ"



ရန်ယန်က ပါးစပ်ဖွင့်ကာ စာအုပ်လှန်ကြည့်ရင်း လင်းရှောင်ယွဲ့ အစာကျွေးတာ စားခဲ့သည်။



ထိုအချိန်တွင် နှစ်ယောက်ကြား အကွာအဝေးက အလွန်နီးကပ်နေပြီး လင်းရှောင်ယွဲ့က ရန်ယန်ကို ဂးရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။



သူ့ ဓားမျက်ခုံး၊ ကြယ်ရောင် မျက်လုံးတွေနဲ့ သူ့နှာခေါင်းသည် မြင့်မားပြီး၊ ၎င်း အောက်တွင် ပြုံးနေသောနှုတ်ခမ်း ရှိကာ သူ့မျက်နှာအသွင်အပြင်က ခုခံဖို့ ခက်ခဲသလို ဆွဲဆောင်မှုအညွှန်းကိန်းမှာလည်း မနိမ့်ပေ။



လင်းရှောင်ယွဲ့ -  ဝတ္ထုထဲက ဗီလိန်ကြီးတွေက တကယ်ကို မျက်နှာတန်ဖိုးကြီးတယ်လို့ ထင်ရပြီး ဒီဝတ္ထုမှာတောင် ကင်းလွတ်တာ မရှိဘူး။



ဒါပေမယ့် စဉ်းစားကြည့်ရင် ဗီလိန်တစ်ယောက်က သူ့မျက်နှာတန်ဖိုးနိမ့်ရင် အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကို ဘယ်လိုယှဉ်ပြိုင်နိုင်မှာလဲ။



"ပိန်းဥ မစားဘူး။"



ရန်ယန်က ပိန်းဥကို ကိုက်မိတာကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သူက အပြစ်ကင်းပေမယ့် မျက်မှောင်ကြုတ်နေသည့် မျက်ခုံးတွေက လင်းရှောင်ယွဲ့ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။



လင်းရှောင်ယွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ကို ဗီလိန်ကြီးလို့ သူမ တွေးလိုက်မိတဲ့အခါ လင်းရှောင်ယွဲ့က အနည်းငယ် ထိတ်လန့်သွားပြီး "ဒါဆို ကျွန်မ ရှင့်အတွက် ပိန်းဥမထည့်တော့ဘူး"



ရန်ယန်က ထပ်မေးခဲ့သည်။ “အသားရှိလား” 



လင်းရှောင်ယွဲ့က အစားအသောက် စားပွဲတစ်ခုလုံးကို ကြည့်လိုက်သည်။ ပန်းကန်လုံးတစ်လုံးကို စားပွဲ တစ်ဖက်ထောင့်မှာ ချထားတယ်။ "မရှိဘူး"



ဒီမိသားစုမှာ ဝမ်ရှို့ယင်ကလွဲပြီး အရူး ရန်ယန်ကို ဘယ်သူမှမကြိုက်တာကြောင့် သူတို့က ရန်ယန်ငို ဟင်းကောင်းများ ချထားသော ထိုင်ခုံတွင် ထိုင်ခွင့်မပြုပေ။



 ကြက်ဥအကာရှေ့မှာ ထိုင်နေတဲ့ ပထမ မိသားစုရဲ့ သမီး ရန်ဟုန်ရင်က ပြောခဲ့သည်။ " အရူးက အသားလိုချင်နေသေးတယ်။ နင့်ကိုယ်နင် အရမ်းအထင်ကြီးနေတာပဲ " 

 


ရန်ယန်က “ဟင့်”ခနဲ့ ညည်းကာ လင်းရှောင်ယွဲ့ဘက် လှည့်ပြီး စကားမပြောတော့ပေ။



ထိုအချိန်တွင် မိသားစုမှ လူကြီးဖြစ်သူ ရန်တကျွင်းက ပြောခဲ့သည်။  “တတိယသား၊ မနက်ဖြန် မင်းရဲ့ချွေးမကို ရဲစခန်းခေါ်သွားပြီး အိမ်ထောင်စုစာရင်းသွင်းရမယ်။ ပြီးရင် ရွာဌာနခွဲဆီသွား။ ကပ္ပတိန်ကို ရှာပြီးရင် အမည်ပေးလိုက်။ နေ့ခင်းဘက်ဆို သူမကို အလုပ်သွားလုပ်ခိုင်း။ ငါတို့က ဘာမှမလုပ်ဘဲ စားနေတဲ့လူနှစ်ယောက်ကို မတတ်နိုင်ဘူး”


 

လင်းရှောင်ယွဲ့ - "..."



ငါ ဘာမှမစားရသေးဘူး ...



သူတို့က ချက်ချင်းပဲ ငါ့အတွက် အလုပ်စီစဥ်ကြတော့တာလား။