အပိုင်း ၂
Viewers 436

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၂




တစ်ကယ်ပင်။ လင်းရှောင်ယွဲ့က ဇနီးအဖြစ် ပထမဆုံးညမှာပဲ အလုပ်စလုပ်ရသည်။



သူမ ရန်ယန်ကို ကျွေးပြီးသောအခါ စားပွဲပေါ်တွင် စားစရာမကျန်တော့ပေ။



လင်းရှောင်ယွဲ့က အဝါရောင် ပေါက်စီနှစ်လုံးကို ခြောက်ကပ်စွာ ဝါးစားရင်း ကိုယ့်ကိုယ်ကိုယ် ပြန်မသတ်မိအောင် ဖြည်းဖြည်း ဝါးလိုက်သည်။



သူမ စားပြီးတာနဲ့ ပန်းကန်တွေ၊ တူတွေကို ဆေးကြောရသည်။



အရင်က ဝမ်ရှို့ယင်က ပန်းကန်တွေကို ဆေးကြောသည်။ အခု သူမရှိနေပြီ ဖြစ်တာကြောင့် ဝမ်ရှို့ယင်က သူမ(ဝမ်ရှို့ယင်) အလုပ်တွေကို သူမ(လင်းရှောင်ယွဲ့) လက်ထဲ ထည့်လိုက်သည်။



လင်းရှောင်ယွဲ့က သူမအရင်ဘဝတွင် သူမမိသားစုက သူမရဲ့ ကောင်းမွန်တဲ့ ပညာရေးစွမ်းဆောင်ရည်ကြောင့် မြှင့်တင်ထားခဲ့ပြီး အိမ်တွင် ကျောင်းသားကောင်းတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။



ရလဒ်အနေဖြင့် ဤဆင်းရဲသော တောင်သူလယ်သမားများ ခေတ်တွင် ဒီလိုအထောက်အထား နောက်ခံကြောင့် သူမ အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။



ဒါပေမယ့် နောက်တစ်ခု စဉ်းစားမိတော့ သူမ ကံကောင်းတယ်လို့ ခံစားရတယ်။



နောက်ဆုံးတော့ သူမက စာကျက်တာ နောက်ကျတာကြောင့် စားပွဲရှေ့မှာ ရုတ်တရက် သေဆုံးသွားခဲ့သည်။ အခု သူမအသက်ရှင်နေသေးတာကြောင့် သူမရဲ့ ငယ်ဘဝလေးကို ပြန်ရယူဖို့ စဉ်းစားနေမိသည်။



ဤနေရာမှာ ရှိနေတာကြောင့်၊ တစ်နည်းနည်းဖြင့် လုံခြုံနေသေးသည်။



အသက်ရှင်ရတာ အရမ်းကောင်းတယ်။



လင်းရှောင်ယွဲ့က သူမကိုယ်သူမ နှလုံးသားထဲမှာ ပြောလိုက်သည်- ဒီဘဝမှာ သူမ သက်တောင့်သက်သာနဲ့ နေနေပြီး သူမကျန်းမာရေးကို ဘယ်အရာမှ မထိခိုက်စေရဘူး။



လင်းရှောင်ယွဲ့ ပန်းကန်ဆေးပြီးသွားတော့ ကောင်းကင်က လုံးဝမှောင်နေပြီး ခြံဝင်းကလည်း လွတ်နေသည်။ 



ဆောင်းဦးရာသီ ဖြစ်တာကြောင့် ခြံဝင်းက ဆောင်းဦးလေများ တိုက်ခတ်နေပြီး ပါးလွှာသောအဝတ်အစားဝတ်ထားသည့် လင်းရှောင်ယွဲ့က ခြံထဲ လျှောက်သွားချိန် အေးမြသောလေကြောင့် အေးနေခဲ့သည်။



သူမ လက်နှစ်ဖက်ကို အမြန်ပိုက်လိုက်ပြီး အနောက်ဘက် အခန်းလေးထဲ ခြေလှမ်းကျဲများဖြင့် အမြန် ပြေးသွားခဲ့သည်။



အနောက်ဘက်အခန်းလေးက သူမနဲ့ ရန်ယန်ရဲ့ မင်္ဂလာဦးအခန်းဖြစ်သည်။



အခန်းထဲတွင် ရေနံဆီမီးခွက်ကို ထွန်းညှိထားပြီး ရန်ယန်က စောင်ခြုံကာ ပုန်းပြီး စာအုပ်ဖတ်နေသည်။  



လင်းရှောင်ယွဲ့ ဝင်လာပြီးနောက် စောင်ခြုံလိုက်ပြီး ကုတင်အစွန်ဘက်မှာ ချက်ချင်းလှဲချလိုက်သည်။



တောက်ပနေသော အနက်ရောင်မျက်လုံးတစ်စုံက သူမကိုအနား မချဉ်းကပ်ဖို့ သတိပေးနေသလိုမျိုး လျစ်လျူရှုမှုနှင့် စိမ်းကားသော လေထုကို ထုတ်လွှတ်နေခဲ့သည်။



"မင်္ဂလာပါ"



လင်းရှောင်ယွဲ့က သူ့ကို ခေါင်းညိတ်ပြပြီး သူ့ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့သည်။



သူမရောက်လာတာကိုမြင်တော့ ရန်ယန်က စောင်ကို ပိုတင်းကျပ်စွာ ခြုံလိုက်ပြီး သူ့မျက်နှာက နှင်းခဲလို အေးစက်သွားသည်။



သူ့မျက်လုံးထဲက အကြည့်ကို မြင်လိုက်ရတော့ လင်းရှောင်ယွဲ့ရဲ့ စိတ်တွေ နိုးကြားလာပြီး ဒုတိယ ကိုယ်ခွဲ ဖြစ်ကြောင်း သိလိုက်သည်။  



ရန်ယန်ရဲ့ ဒုတိယ ကိုယ်ခွဲက သာမာန်အသက်အရွယ် ယောက်ျားတစ်ယောက်ဖြစ်သည်။



အစထဲက ဒုတိယကိုယ်ခွဲက ကိုယ်ခွဲ ၃ ခုလုံးရဲ့ ပိုင်ရှင် ဖြစ်သင့်ပေမယ့် ဒုတိယကိုယ်ခွဲမှာ စိတ်ဓာတ်ကျပြီး အခြားသူတွေနဲ့ မဆက်ဆံလိုတာကြောင့် မူလ ကိုယ်ခွဲ (၆) နှစ်အရွယ်ဆီ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဒုတိယကိုယ်ခွဲ ညအချိန်တွင်သာ ထွက်ပေါ်လာတက်သည်။



ဒါတွေ အားလုံးကို စာအုပ်ထဲမှာ ရေးထားတယ်။



စာအုပ်ထဲက အမျိုးသမီးဇာတ်လိုက် ပိုင်ရှောင်ချွမ်းက တစ်ည၌ ရန်ယန်ရဲ့ ဒုတိယ ကိုယ်ခွဲကို တွေ့ခဲ့တာကို လင်းရှောင်ယွဲ့ မှတ်မိသွားသည်။ 



ထိုအချိန်တွင် ရန်ယန်က အနိုင်ကျင့်ခံနေရပြီး အမျိုးသမီးဇာတ်လိုက် ပိုင်ရှောင်ချွမ်းက သူ့ကို ပြုစုစောင့်ရှောက်ကာ ကူညီခဲ့သည်။



ဒါကြောင့် ရန်ယန်ရဲ့ ဒုတိယကိုယ်ခွဲက ပိုင်ရှောင်ချွမ်းကို  နှစ်သက်သည်။ ညမှထွက်လာပြီး ပိုင်ရှောင်ချွမ်းဆီ တိတ်တဆိတ် သွားခြင်းက ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်လာသည်။ အကြမ်းတမ်းဆုံး တတိယကိုယ်ခွဲတောင် ပိုင်ရှောင်ချွမ်းကို ချစ်ကြောင်း ပြသခဲ့သည်။ 



ဇာတ်ကွက်အားလုံးကိုသိတဲ့ လင်းရှောင်ယွဲ့က တွေးခဲ့သည်။ - အမျိုးသမီးဇာတ်လိုက်က ဘာအတွက် လိုအပ်တာလဲ။ အနာဂတ်မှာ သူမ ဒုတိယကိုယ်ခွဲကို ဂရုစိုက်လိုက်မယ်။



"မင်္ဂလာပါ"



လင်းရှောင်ယွဲ့က ရန်ယန်ဆီ ချဉ်းကပ်သွားစဉ် ဖြူစင်ပြီး ချိုမြိန်သော အပြုံးကို ပြသဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။



"ဒီကိုမလာနဲ့။"



ရန်ယန်ရဲ့ အသံက အနည်းငယ် အေးစက်နေပြီး ထိုအေးစက်သော မျက်လုံးများက သူမအပေါ် ကျရောက်လာကာ နှစ်ယောက်ကြားက အကွာအဝေးကို ခံစားနိုင်သည်။



"ကျွန်မ ရှင့်ကို မထိဘူး။ ဒါပေမယ့် ကျွန်မ ရှင်နဲ့ စကားပြောမယ်။ အဆင်ပြေလား"



လင်းရှောင်ယွဲ့ ကုတင်ပေါ်ထိုင်လိုက်ချိန် ကုတင်ပေါ်က အထက်တန်းကျောင်း သင်္ချာစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ သူမ မေးလိုက်မိသည်။  "ရှင် အထက်တန်းကျောင်းအတွက် စာဖတ်နေတာလား။ ရှင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေချင်တာလား"



၁၉၇၇ ခုနှစ် အောက်တိုဘာလက ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ ပြန်စတင်သည့်နေ့ဖြစ်သည်။



ပြီးတော့ နိုဝင်ဘာလရဲ့အစပဲ။ လင်းရှောင်ယွဲ့က အမျိုးသမီးဇာတ်လိုက် ပိုင်ရှောင်ချွမ်းလည်း ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုချင်နေကြောင်း မှန်းဆမိပြီး သူလည်း အဲ့ဒိအတွက် စပြီးပြင်ဆင်ခဲ့သည်။



သူမက အခြေအနေဆိုးတဲ့အချိန် ရောက်လာပုံရတယ်။သူက ပိုင်ရှောင်ချွမ်းနဲ့ အဆက်အသွယ်ရှိနေပြီ။ သူ သူမကို ချစ်နေပြီလားလို့ တွေးမိတယ်။



"ဒီစာအုပ်ကို ရှင်ဘယ်လောက် နားလည်နိုင်လဲ။"



လင်းရှောင်ယွဲ့က ၁၉၇၇ ခုနှစ်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် သင်္ချာစာအုပ်ကို လှန်လိုက်သည်။ ၎င်းတွင်ရှိသော ဂဏန်းသင်္ချာက ရိုးရှင်းလွန်းလှသည်တော့ မဟုတ်ပေ။



"ဒါတွေ အကုန်သိတယ်။ ရှင့်ကို သင်ပေးမယ်လေ။ အဆင်ပြေလား?"  



သူမ ခေါင်းမော့ပြီး ရန်ယန်ကို ကြည့်လိုက်သည်။ ရန်ယန်ရဲ့ စိတ်ဓာတ်ကျသော ကိုယ်ခွဲ မျက်နှာက တင်းမာနေပြီး သူမနဲ့ ဆက်သွယ်လို စိတ်မရှိသော အတားအဆီးတစ်ခုကို ခြားထားသည်။



"ကျွန်မက ရှင့်ရဲ့ ဇနီးပဲ။ ကျွန်မတို့က အိမ်ထောင်သည် စုံတွဲတွေဖြစ်နေပြီ။ ရှင့်ရဲ့ စိုးရိမ်မှုက ကျွန်မရဲ့ စိုးရိမ်မှုပဲ"



သူ့ယုံကြည်မှုကို ရရှိဖို့အတွက် လင်းရှောင်ယွဲ့က ပရော်ဖက်ရှင်နယ် အတုအယောင် အပြုံးကို ပြုံးထားကာ သူမ နှလုံးသားနဲ့ ဆန့်ကျင်ပြောဆိုခဲ့သည်။



ဒါပေမယ့် အသုံးမဝင်ခဲ့ပေ...



 အံ့ဩစရာကောင်းစွာပဲ ရန်ယန်က သူမကို လျစ်လျူရှုလိုက်သည်။ သူမကို လှည့်ပြီး နောက်ကျောခိုင်းလျက် အိပ်သွားသည်။ 



တကယ် စိတ်ပျက်စရာပဲ!



သူ ဆက်သွယ်ဖို့ ငြင်းဆိုနေရင် ရေခဲတောင်ကို ဘယ်လိုပြောင်းလဲရမှာလဲ?



"ကျွန်မ ရှင့် ဘေးမှာ အိပ်လို့ရမလား"



လင်းရှောင်ယွဲ့က သင်္ချာစာအုပ်ကို ကောက်ကိုင်လိုက်ပြီး သူမဖင်ကို သူ့ဘက် ရွှေ့ကာ သူ့နောက်တွင် ထိုင်လိုက်သည်။



ရန်ယန်က သူမကို လျစ်လျူရှုထားတုန်းဖြစ်သည်။ 



လင်းရှောင်ယွဲ့က သက်ပြင်းချလိုက်ပြီး ရေနံဆီမီးခွက်ကို ကုတင်ဘေးမှာ ထားကာ သူမလည်း လှဲချလိုက်တယ်။



လေထုသည် တစ်မိနစ်ခန့် အေးခဲသွားပြီး ၁၂ လပိုင်းရဲ့  နှင်းခဲတွေလို ဖြစ်နေသည်။



လင်းရှောင်ယွဲ့က စောင်စကို ဆွဲပြီး "ကျွန်မကို စောင်နည်းနည်းပေး။  ကျွန်မ အေးတယ်"



အစပိုင်းမှာတော့ စိတ်ဓာတ်ကျနေတဲ့ ရန်ယန်က သူမကို စောင်ပေးဖို့ တွန့်ဆုတ်နေခဲ့သည်။ခဏလောက် ခုခံပြီး နောက်ဆုံးမှာတော့ သူမကို စောင် ပေးခဲ့သည်။



ရန်ယန်က လုံးဝ မလိုလားဘူး။ ရန်ယန်က ခန္ဓာကိုယ်ကို ကွေးကား ကုတင်ထောင့်မှာ လှဲနေခဲ့သည်။



သူ့နောက်ကျောကနေ သူ့မျက်ခုံးတွေကြားက မကျေနပ်မှုတွေ အနည်းငယ် တိုးလာသည်။



လင်းရှောင်ယွဲ့က စောင်တစ်ဝက် ခြုံပြီး တစ်ဝက်ကို သူ့အတွက်ထားခဲ့သည်။ "ရှင့်ကို ငါဘယ်လိုခေါ်ရမလဲ ယောက်ျား (ခေတ်ပေါ်အခေါ်အဝေါ်) ဒါမှမဟုတ် ခင်ပွန်း (ရှေးဟောင်း/တရားဝင်)"



လင်းရှောင်ယွဲ့က ဤခေတ်တွင် တစ်ဖက်လူကို ဘယ်လိုခေါ်ရမလဲ မသိခဲ့ပေ။



"မေ့လိုက်တော့ ကျွန်မ ရှင့်ကို ရှောင်ယန်လို့ခေါ်မယ်"



လင်းရှောင်ယွဲ့က ရန်ယန်ဘက် ခေါင်းဘက် မျက်နှာလှည့်ပြီး ပြောခဲ့သည်။ "ကျွန်မက အိပ်ရာမဝင်ခင် အင်္ဂလိပ်စကား ခဏလောက်ရွတ်ဆိုတတ်တဲ့ အကျင့်ဆိုးတစ်ခုရှိတယ်။ ရှင် စိတ်ရှိလား။"



သူမကို နောက်ကျော ခိုင်းထားသော ရန်ယန် မျက်လုံးတွေထဲ အနည်းငယ် လှုပ်ရှားသွားသည်..



"ကျွန်မ အင်္ဂလိပ်စကားလုံး နည်းနည်းရွတ်မယ်"



Lin Xiaoyue deliberately said, "power, p-o-w-e-r, that word means: ability, power."

လင်းရှောင်ယွဲ့က တမင်တကာ ပြောလိုက်သည်။ "စွမ်းအား၊ p-o-w-e-r၊ ဒီစကားလုံးရဲ့ အဓိပ္ပါယ်က စွမ်းရည်၊ စွမ်းအား" 



ဒါက သူ့ကို မြှောက်ပင့်နေသလိုပဲ။



လင်းရှောင်ယွဲ့က ရည်ရွယ်ချက်ရှိရှိ အသံထွက်ဖတ်ပြီးသူ့ကို တမင်တကာ နားထောင်စေခဲ့သည်။



စိတ်ဓာတ်ကျနေသော ရန်ယန်က နှုတ်ဆိတ်နေသော်လည်း သူ့နားက စူးစိုက်ထားပြီး သူမရွတ်ဆိုသော စကားလုံးများကို စိတ်ထဲ တိတ်တဆိတ် ချရေးခဲ့သည်။



လင်းရှောင်ယွဲ့က ကျပန်းစကား ၁၀ လုံးကို ရွတ်ဆိုကာ အိပ်သွားခဲ့သည်။  "အိပ်တော့!"



ရန်ယန် - "..."



ဒါက ပြီးပြီလား?



ခဏအကြာတွင် ရန်ယန် တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။ သူ့ မျက်ဝန်းနက်များက သူမ အိပ်နေသော မျက်နှာလေးကို စိုက်ကြည့်နေမိသည်။



ဒါက သူ့မိန်းမပဲ



အံ့သြစရာကောင်းစွာပဲ အပြင်းအထန် မသန်မစွမ်းဖြစ်ခဲ့တဲ့ "သူ့" မှာ ဇနီးတစ်ယောက် ရှိနိုင်တယ်...



သူမက သူ့ကို မကြိုက်ဘူးလို့ ထင်တယ်။ 



ရန်ယန်က သူ့နှုတ်ခမ်းကို တိတ်တဆိတ် ကိုက်လိုက်မိသည်။



ညဥ့်နက်လာချိန် လင်းရှောင်ယွဲ့ အိပ်မက်မက်ခဲ့သည်။



သူမ အိပ်မက်ထဲတွင် ၂၁ ရာစုဆီ ပြန်ရောက်သွားခဲ့သည်။



သူမတွင် စာအုပ်စင်ပေါ်တွင် စာအုပ်မျိုးစုံရှိသည့် စာကြည့်ခန်းကြီးတစ်ခုရှိသည်။



နှစ်အတော်ကြာ အတူရှိနေတဲ့ လက်ပ်တော့တွေအပြင် မသေခင် မကုန်ခဲ့တဲ့ ကော်ဖီခွက်၊ သူမချက်တဲ့ ခေါက်ဆွဲခြောက်တွေ၊ ထောင့်ဘက်မှာ သူမ ဖွင့်ဖို့အချိန်မရှိတဲ့ ပစ္စည်းပို့ထားတာတွေလည်း ရှိသည်။ 



လင်းရှောင်ယွဲ့က စာအုပ်စင်ပေါ်တွင် "၇၀ခုနှစ်က ချမ်းသာသော လယ်သမားရဲ့ဇနီး" စာအုပ်ကို ရှာတွေခဲ့သည်။



ဤစာအုပ်က တစ်ဦးကိုတစ်ဦး ချစ်ခင်ရင်းနှီးမှု၊ ရုန်းကန်ခဲ့ရပြီး ၁၉၇၀ ခုနှစ်များအတွင်း ချမ်းသာကြွယ်ဝလာသော အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့ရဲ့ ဇာတ်လမ်းကို မှတ်တမ်းတင်ထားသည်။



ဒီစာအုပ်ထဲ၌ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က အမြောက်စာ ဇာတ်ကောင်များဖြစ်သည်။



စာအုပ် အစပိုင်းတွင် လင်းရှောင်ယွဲ့ကို အမှောင်ဖုံးနေတဲ့ ရန်ယန်က ကိုင်တွယ်ဖြေရှင်းခဲ့ပြီး သူမဘဝရဲ့ ဒုတိယပိုင်းတွင် သူတောင်းစားများနှင့် နေထိုင်ခဲ့ရသည်။



နောက်ပိုင်းတွင်၊ ရန်ယန်ရဲ့ ကိုယ်ခွဲတွေက အမျိုးသားဇာတ်လိုက်အတွက် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ အဓိကနည်းလမ်းဖြစ်လာသည်။



အမျိုးသားဇာတ်လိုက် အကြံအစည်အရ ရန်ယန်ရဲ့ ဒုတိယနှင့် တတိယကိုယ်ခွဲတွေက တစ်ခုပြီးတစ်ခု ဖျောက်ဖျက်ခံခဲ့ရပြီး နောက်ဆုံးတွင် အသက် (၆) နှစ်အရွယ် ကလေး ကိုယ်ခွဲသာ ကျန်ရစ်ခဲ့ကာ စိတ်ကျန်းမာရေးဆေးရုံကို ပို့ခံခဲ့ရသည်။



သူမ အိပ်မက်ထဲမှာ လင်းရှောင်ယွဲ့က စာအုပ်ကိုဖွင့်ပြီး ပြန်ဖတ်ဖို့ ထိုင်လိုက်သည်။



နောက်နေ့ မနက်စောစောမှာ လင်းရှောင်ယွဲ့က ကျယ်လောင်တဲ့အသံနဲ့ နိုးလာခဲ့သည်။



"ထတော့! လင်းရှောင်ယွဲ့!"



ဝမ်ရှို့ယင်ရဲ့ အသံက အိမ်အပြင်ဘက်မှ ထွက်ပေါ်လာပြီး လင်းရှောင်ယွဲ့ကို ဒေါသတကြီး ထခိုင်းခဲ့သည်။



"အရမ်းဆူညံနေတာပဲ"



လင်းရှောင်ယွဲ့က အိပ်ငိုက်နေသော မျက်လုံးများဖြင့် ထထိုင်ခဲ့သည်။ "ကျွန်မ ထနေပြီ!"



"နင် အခုမှ ထတယ်၊ နင် အရမ်းပျင်းတာပဲ လင်းရှောင်ယွဲ့! ထတော့!"



ဝမ်ရှို့ယင်က တံခါးထုခဲ့ပြီး သူမအသံက အရင်ကထက် ပိုပြင်းထန်လာသည်။



လင်းရှောင်ယွဲ့ သက်ပြင်းချလိုက်ပြီး အိပ်ယာမှထလိုက်သည်။ သူမ ဖိနပ်စီးခါနီးတွင် သူမလက်ထဲမှာ တစ်စုံတစ်ခုရှိနေတာကို တွေ့လိုက်ရသည်။



အောက်ကို ငုံ့ကြည့်လိုက်တော့ လင်းရှောင်ယွဲ့က သူမလက်ထဲမှာကိုင်ထားတဲ့အရာကို တွေ့လိုက်ရသည်။ အဲဒါက "၇၀ခုနှစ်က ချမ်းသာသော လယ်သမားရဲ့ဇနီး" ဖြစ်ပြီး အိပ်မက်ထဲမှာ သူမ ဖတ်နေတဲ့စာအုပ်ပင်။



လင်းရှောင်ယွဲ့ အံ့သြသွားသည်။



အိပ်မက်ထဲမှာ စာဖတ်နေတာပဲလို့ သူမထင်ခဲ့တာ။ သူမနိုးလာတဲ့အခါ သူမလက်ထဲ ဒီအရာပေါ်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားဘူး။



ဒါက ထူးဆန်းတယ်...



လင်းရှောင်ယွဲ့ အံ့သြဘဲ မနေနိုင်ခဲ့ပေ။ သူမက စာအုပ်ကမ္ဘာထဲ ရှိနေတာလား၊ ဒါမှမဟုတ် သူမ ကမ္ဘာထဲက စာအုပ်လား?



"လင်းရှောင်ယွဲ့!"



ဝမ်ရှို့ယင်ရဲ့ တိုက်တွန်းသံက ထွက်ပေါ်လာသည်။



"အဝတ်လဲနေပြီ ခဏစောင့်။"



လင်းရှောင်ယွဲ့က အိပ်ယာမှ အမြန်ထကာ အခနးြလေးထဲ လှည့်ပတ်ကြည့်ရှုပြီးနောက် ကုတင်ပေါ်မှ အမြန်ထကာ အိပ်ရာအောက်တွင် "၇၀ခုနှစ်က ချမ်းသာသော လယ်သမားရဲ့ဇနီး" စာအုပ်ကို ဝှက်ထားခဲ့သည်။



ဤစာအုပ်က ဒီခေတ်မှာ ရှိနေဖို့ ခေတ်မီလွန်းတာကြောင့် အခြားသူများ ရှာတွေ့လို့မဖြစ်ဘူး။



စာအုပ်ကို ဝှက်ပြီးနောက် လင်းရှောင်ယွဲ့ စိတ်ငြိမ်သက်စွာဖြင့် ထွက်သွားခဲ့သည်။ သူမ မထွက်သွားခင်  အိပ်ပျော်နေသေးသော ရန်ယန်ကို ကြည့်ပြီး  ခါးသီးစွာ အံကြိတ်လိုက်မိသည်။ 



ငါ မနာလိုဘူး ...



နံနက်ခင်းတွင် ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို အိမ်ထောင်စုစာရင်းသွင်းဖို့ ရဲစခန်းဆီ ခေါ်သွားခဲ့ပြီး ရန်မိသားစု အမည်အောက်တွင် ကပ္ပတိန်ကိုရှာဖို့ ရွာဌာနခွဲဆီသွားခဲ့သည်။



ဤနည်းအားဖြင့် လင်းရှောင်ယွဲ့ နေ့ခင်းဘက် အလုပ်လုပ်သောအခါ၊ သူမ ရရှိသော အလုပ်အမှတ်များကို ရန် မိသားစုဆီ ပေးမည်ဖြစ်သည်။



ဝမ်ရှို့ယင်က လမ်းမှာ လင်းရှောင်ယွဲ့နဲ့ စကားတွေ အများကြီးပြောခဲ့သည်။ 



ပထမဆုံး သူမက လင်းရှောင်ယွဲ့ကို ယခု ရန် မိသားစု၏ အဖွဲ့ဝင်ဖြစ်နေပြီဖြစ်ပြီး သူမမိခင်မိသားစုက သူမကို လက်မခံကြောင်း သတိပေးခဲ့သည်။ ဒါကြောင့် အိမ်ပြန်ဖို့ မစဉ်းစားဖို့ ပြောခဲ့တယ်....



အဲဒီနောက်မှာတော့ လင်းရှောင်ယွဲ့ကို ရန်ယန်ရဲ့ အခြေအနေအကြောင်း ပြောပြခဲ့ကာ ရန်ယန်ကို ဘယ်လို ဂရုစိုက်ရမလဲနဲ့ အဲဒီအိမ်မှာ နေထိုင်တဲ့ ရန် မိသားစုရဲ့ အိမ်တော်တော်များများကို သူမအကြောင်း ပြောခဲ့သည်။



ရန်မိသားစု အဘွားကြီးနဲ့ အဘိုးကြီးတို့က အသက်ရှင်လျက် ရှိဆဲဖြစ်သည်။ ရန်မိသားစုတွင်လည်း သားသုံးယောက်နှင့် အိမ်ထောင်သည် သမီးနှစ်ယောက်ရှိသည်။



ရန်ယန်ရဲ့ ဖခင် ရန်တယုံက မိသားစုရဲ့ တတိယမြောက်သားဖြစ်သည်။



ရန်မိသားစုမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူနှစ်ယောက်ရှိသည်။ ပထမအိမ်က ရန်ထကျွင်းနဲ့ အပေါ်ဆုံးက အဘွားကြီး၊ ဒါ့အပြင် ဒုတိယအိမ်က ရန်တလင်းလည်း ရှိသေးသည်။



ရန်ယန်တို့ မျိုးဆက်တွင် ရန်ယန်က ပထမဆုံး လက်ထပ်ခဲ့တာဖြစ်သည်။



သူ့စိတ်အခြေအနေက မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး မိသားစုအတွက် အလုပ်ရမှတ်တွေ မပေးနိုင်တာကြောင့် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး သက်သာစေဖို့ အမျိုးသမီးတစ်ဦးကို ရှာဖွေခဲ့ကြသည်။



ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို ဒီအကြောင်းပြောတဲ့အချိန် သူမ မျက်နှာက နီရဲနေခဲ့သည်။



လင်းရှောင်ယွဲ့က သူမ(ဝမ်ရှို့ယင်) အလွန်ရိုးသားကြောင်း မြင်တာကြောင့် သူမ ယောက္ခမကို လက်ခံခဲ့သည်။



ဆင်းရဲတဲ့ တောင်သူလယ်သမားခေတ်မှာ ပြုပြင်ပြောင်းလဲရေး မဖွင့်ခင် လူတိုင်းဟာ ဆင်းရဲတဲ့ဘဝရဲ့ ဖိနှိပ်မှုအောက် အခက်အခဲကိုယ်စီ ရှိကြသည်။



လင်းရှောင်ယွဲ့က ပြုပြင်ပြောင်းလဲရေး ဖွင့်လှစ်ပြီးနောက် ဘဝပိုမိုကောင်းမွန်လာမယ်လို့ ထင်ခဲ့သည်။ ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့က အတားအဆီးတစ်ခုဖြစ်သည်။ အဲ့ဒါကို ကျော်ဖြတ်ပြီးရင် လူ့အဖွဲ့အစည်း တိုးတက်နိုင်လာလိမ့်မယ်။



ဒါပေမယ့် အဲ့ဒါမတိုင်ခင် သူမ ပိုမိုကောင်းမွန်သောဘဝဖြင့် နေထိုင်ရသေးသည်။



ရန်ယန်ကို ပြုစုစောင့်ရှောက်ခြင်း၊ အစာကျွေးခြင်း၊ ရေချိုးပေးခြင်း၊ လက်ဆေးပေးခြင်း၊ မျက်နှာသစ်ပေးခြင်းစသည့် အချို့အရာများကို လုပ်နိုင်သည်။



ဒါတွေကို သူ့ဘာသာသူ လုပ်တတ်အောင် သင်ပေးတာ ကောင်းတယ် မဟုတ်ဘူးလား။



မနက်ခင်းကုန်တဲ့အခါ လင်းရှောင်ယွဲ့နဲ့ဝမ်ရှို့ယင်တို့က အိမ်ပြန်ခဲ့ကြပေမယ့် ရန်ယန်က အိမ်မှာ မရှိဘူးဆိုတာ သိလိုက်ရသည်။



ဝမ်ရှို့ယင်က နေ့လယ်စာပြင်ဖို့ လိုတာကြောင့် သူမက လင်းရှောင်ယွဲ့ကို ရန်ယန်ကို ရှာဖို့ အပြင်ထွက်ခိုင်းသည်။



စာအုပ်ကိုဖတ်ဖူးသူ လင်းရှောင်ယွဲ့အနေနဲ့ အရူးရန်ယန်က နေ့ခင်းဘက်မှာ ကျောင်းဆီပြေးသွားရတာ နှစ်သက်ကြောင်း သိသည်။



ဒါကြောင့် သူမ သူ့ကိုရှာဖို့ ကျောင်းကို တိုက်ရိုက်သွားခဲ့သည်။



ရှန့်ရန် ရွာတွင် စာသင်ခန်း တစ်ခန်းတည်းသာရှိသော အလွန်ရိုးရှင်းသော ကျောင်းတစ်ကျောင်းရှိသည်။ ပညာတတ် လူငယ်တစ်ဦးတည်းက ရွာက ကလေးတွေကို စာရေးတတ်အောင် သင်ပေးနေသည်။



ရန်ယန်က ကျောင်းကို ပြေးသွားပြီး၊ အတန်းထဲက ကျောင်းသားတွေကို အတန်းဆင်းချိန် သူနဲ့ ကစားမယ့် သူကို စောင့်ရတာ ကြိုက်သည်။



နောက်ဆုံးတော့ ပိုင်ရှင် ကိုယ်ခွဲက အသက် ၆ နှစ်ပဲ ရှိသေးတယ်။



နောက်ဆုံး ကျောင်းဆင်းချိန်ရောက်တဲ့အခါ ရန်ယန်က  ပျော်ရွှင်စွာ မတ်တတ်ထရပ်ပြီး တောက်ပသော မျက်လုံးများဖြင့် စာသင်ခန်းထဲက ကျောင်းသားတွေကို ကြည့်လိုက်သည်။



ထိုအချိန်တွင် အသက် ကိုးနှစ်အရွယ် ဝမ်ရှောင်ရှန်းက ရန်ယန်ကို လက်ညှိုးထိုးပြပြီး အော်ခဲ့သည်။  "ဟေး၊ ဒီအရူးက ထပ်လာပြန်ပြီ!"



ကိုးနှစ်အရွယ် ကောင်လေး၏ ဦးဆောင်မှုအောက်တွင် အသက်အရွယ်တူ ကောင်လေး အများအပြားက ရန်ယန်ကို မြင်ပြီး ရယ်မောကြသည်။ "ဟာဟား၊ အရူးက ဒီကို ထပ်ရောက်လာပြန်ပြီ!"



"အရူးနဲ့ သွားကစားရအောင်!"



"သွားမယ်!"



ကောင်လေး လေး၊ ငါးယောက်က ရန်ယန်ဆီ ပြေးသွားပြီး မေးခဲ့သည်။ "အရူး၊ ဒီနေ့ အစာ လာယူခဲ့သလား"



ရန်ယန်က ခေါင်းခါလိုက်သည်။ "အမေက ဘာမှ မလုပ်ခဲ့ဘူး "



"မေ့လိုက်တော့၊ မြင်းစီးတိုင်း ကစားရအောင်!"



ဝမ်ရှောင်ရှန်းက ရန်ယန် ပုခုံးပေါ် တက်လိုက်ပြီး " မြင်းစီးရအောင်။ ငါ အရင် သွားလိုက်မယ်။



"ဒါပေမယ့် ငါ မြင်းစီးတိုင်း မကစားချင်ဘူး။ မင်းတို့နဲ့ တခြားအရာတွေ ကစားချင်တာ..." ရန်ယန်က အားနည်းစာပြောခဲ့သည်။ 



ဝမ်ရှောင်ရှန်းက သူ့ကို ထောက်ပြခဲ့သည်။ "မင်း ငါတို့နဲ့ ကစားမယ်ဆို ငါတို့ပြောတာကို နားထောင်ရမယ်။ မဟုတ်ရင် ဘယ်သူကမှ မင်းလို အရူးနဲ့ ကစားမှာ မဟုတ်ဘူး။ မြန်မြန်ထိုင်ချလိုက်။"



"အို..."



ရန်ယန်က နာခံစွာ ငုံ့ပြီး ဝမ်ရှောင်ရှန်းကို သူ့နောက်ကျောပေါ် စီးခွင့်ပေးလိုက်သည်။ သူက မြင်းတစ်ကောင်လို လေးဘက်ထောက်လျက် ရှိနေသည်။



ဝမ်ရှောင်ရှန်းက သူ့နောက်ကျောမှာထိုင်ပြီး "သွား သွား သွား"  "မြင်းကြီးကို မြန်မြန်သွားစမ်း" ဟူသော အသံကို ထုတ်ဖော်ခဲ့သည်။



"ဝမ်ရှောင်ရှန်း၊ ငါလည်း ကစားချင်တယ်!" သူ့ဘေးမှာ ရှိတဲ့ ဝမ်တရှန်းက ပြောခဲ့သည်။



"ငါလည်း ကစားချင်တယ်!"



ကောင်လေးတော်တော်များများ တစ်ယောက်ပြီး တစ်ယောက် ပြောခဲ့ကြသည်။ 



ဝမ်ရှောင်ရှန်းက ဝမ်တရှန်းကို လက် ဝှေ့ယမ်းပြီး ပြောခဲ့သည်။ "တရှန်း ငါနဲ့ နှစ်ယောက်အတူထိုင်မယ်။ တစ်ကြိမ်မှာ နှစ်ယောက်ထိုင် ပြီးရင် လဲလိုက်!"



ဝမ်ရှောင်ရှန်းက ခေါင်းဆောင်ငယ်တစ်ဦးလို နေထိုင်ခဲ့ပြီး လူတိုင်းအတွက် စီစဉ်ပေးခဲ့သည်။



ဝမ်တရှန်းလည်း ရန်ယန်ရဲ့ ကျောပေါ်တွင် ထိုင်ခဲ့သည်။



နောက်ဆုံး၌ ရန်ယန်တွင် ကလေးနှစ်ယောက်ရဲ့ အလေးချိန်ကို ထိန်းဖို့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ရှိသည်။



"ငါ အရမ်းပင်ပန်းနေပြီ..."



ဒါပေမယ့် တစ်ပတ်လောက် လှည့်ပြီးချိန် ရန်ယန်ရဲ့ နဖူးက ချွေးတွေ စီးကျလာသည်။ "ငါ မြင်းစီးတိုင်း မကစားချင်တော့ဘူး..."



ဒါပေမယ့် ဝမ်ရှောင်ရှန်းက သူ့ကို လျစ်လျူရှုပြီး ဆက်ရယ်မောကာ အော်ဟစ်နေခဲ့သည်။ "ရာ့ ရာ့ !"



"ဟေး! မင်းတို့ ဘာလုပ်နေကြတာလဲ! "



အဲ့ဒိအချိန်မှာ လင်းရှောင်ယွဲ ရောက်ရှိလာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည်...