အပိုင်း ၃
Viewers 441

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၃





လင်းရှောင်ယွဲ့  ကျောင်းရောက်တဲ့အခါ အရပ် ၁.၈ မီတာခန့်ရှိတဲ့ ရန်ယန်ကို ရှစ်နှစ်၊ ကိုးနှစ် အရွယ်ကလေးငယ်များက မြင်းအဖြစ်အသုံးပြုကြပြီး လူနှစ်ဦး တက်စီးနေကြတာကို တွေ့လိုက်ရသည်။



ဒီမြင်ကွင်းက လင်းရှောင်ယွဲ့ကို တကယ် ဒေါသထွက်စေခဲ့သည်။



မိနစ်အနည်းငယ်အကြာတွင် သူမ မိသားစုကို အသိအမှတ်မပြုဘဲ အရှိန်ဖြင့် ပြေးသွားကာ ဝမ်ရှောင်ရှန်းလက်ကို ဆုပ်ကိုင်ကာ ဆွဲဖယ်လိုက်သည်။


(TN : မိသားစုကို အသိအမှတ်မပြုဘဲ ဆွေမျိုးများ၏ လိုအပ်ချက်များအတွက် အထောက်အပံ့ တစ်စုံတစ်ရာ မပေးခြင်း)



"မင်းတို့ လူဆိုးလေးတွေ! မင်းတို့ ဘာလုပ်နေတာလဲ!"



ဝမ်ရှောင်ရှန်းက လင်းရှောင်ယွဲ့ကို မမြင်ဖူးပေမယ့် သူမကို လုံးဝ မကြောက်ဘဲ လည်ပင်း မော့ပြီး ပြောခဲ့သည်။ "ငါတို့ အရူးနဲ့ ဂိမ်းဆော့နေတာ။ မင်း ကိစ္စမဟုတ်ဘူး! မင်းက ဘယ်သူလဲ"



"ငါက သူ့မိန်းမ!"



လင်းရှောင်ယွဲ့က သူမ အင်္ကျီလက်ကို ခေါက်ကာ တင်ပါးပေါ်လက်တင်ပြီး ဝမ်ရှောင်ရှန်းကို ပြင်းထန်စွာ စိုက်ကြည့်ခဲ့သည်။ 



ဝမ်ရှောင်ရှန်းက ခဏလောက် ထိတ်လန့်သွားပြီး နောက်ခဏမှာပဲ ရယ်မောခဲ့သည်။  "ဟားဟားဟား၊ အရူးမှာ မိန်းမရှိတယ်! ဟားဟားဟားးး~"



ဝမ်ရှောင်ရှန်းရဲ့ သရော်လှောင်ပြောင်မှုပုံစံက သူ့ ယုတ်ညံ့သောသဘာဝနှင့် ပြည့်နှက်နေသော်လည်း သူ့ပတ်ဝန်းကျင်ရှိ ကောင်လေးတွေက သူနဲ့အတူ ရယ်မောခဲ့ကြသည်။




"ဟားဟား၊ မိန်းမယူနိုင်တဲ့ အရူးကို ငါ မတွေ့ဖူးဘူး!"



"အရူးတောင် မိန်းမနဲ့လက်ထပ်နိုင်တယ် ဟားဟား~"



ဒီဝက်ဝံလေးတွေက သူတို့ရဲ့ စကားလုံးတွေကို ထပ်ခါတလဲလဲ ပြောခဲ့ကြသည်။ သူတို့ လူတွေကို လှောင်ပြောင်ဖို့ နာမဝိသေသနတွေ ရှာမတွေ့မှာတောင် သူမ ကြောက်မိသည်။



လင်းရှောင်ယွဲ့က ရန်ယန်ကို မကူညီခင် ဝက်ဝံလေးတွေကို စိုက်ကြည့်ခဲ့ကာ သူ့ရှေ့မှာ ရပ်နေတဲ့ သူမ ခန္ဓာကိုယ်သေးသေးလေးက သူ့ကို ကာကွယ်ပေးနေသလိုပင်။



"မင်းက ဘယ်သူ့သားသမီးလဲ။ မင်းမှာ အရည်အချင်းရှိရင် မင်း နာမည်ကို ပြော။"



လင်းရှောင်ယွဲ့က သူမ ခါးထောက်ကာ ပြင်းထန်စွာပြောခဲ့သည်။ “မင်းမိဘတွေက မင်းကို ဒီလိုလုပ်တတ်အောင် သင်ပေးခဲ့တာလား။ လူတွေကို အနိုင်ကျင့်ဖို့ ကျောင်းလာခဲ့တာလား။ ယုံချင်မှ မယုံချင်နေ။ ငါ မင်းတို့ရဲ့ဆရာကို ရှာပြီး တိုင်ပြမယ်!"



"ဟေ့ မင်းဘာဖြစ်နေတာလဲ? ငါတို့ အရူးကို အနိုင်ကျင့်တာ မဟုတ်ဘူး၊ ငါတို့ အရူးနဲ့ ကစားနေတာ။"



ဝမ်ရှောင်ရှန်းက သူတို့ အနိုင်ကျင့်တာကို ဝန်ခံဖို့ ငြင်းခဲ့သည်။



ဝမ်ရှောင်ရှန်းနဲ့ အခြားသူတွေက စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့ ရန်ယန်ကို အနိုင်ကျင့်ဖို့ သတ္တိရှိသည်။ ဒါပေမယ့် လင်းရှောင်ယွဲ့က သာမန်အရွယ်ရောက်ပြီးသူဖြစ်သည်။



ရှစ်နှစ် သို့မဟုတ် ကိုးနှစ်အရွယ် ကလေးတွေက လူကြီးတွေကို ကြောက်နေကြဆဲဖြစ်တာကြောင့် လင်းရှောင်ယွဲ့ကို ကြောက်ကြသည်။



"ဟမ့်~"



လင်းရှောင်ယွဲ့ နှာခေါင်းရှုံ့လိုက်သည်။ "သူက အရူး၊ ဒါပေမယ့် ငါက မဟုတ်ဘူး။ အဲ့ဒါကို ကစားတယ်လို့ ခေါ်တာလား၊ အိမ်ပြန်သွားပြီး မင်း အဖေကို ကစားခိုင်း။ မင်းတို့အားလုံး မင်းတို့ နာမည်တွေပြောခဲ့။ မင်းတို့ အိမ်ဆီ သွားပြီး ငါ မင်းတို့မိဘတွေနဲ့ စကားပြောမယ်။"



လင်းရှောင်ယွဲ့က ဟန်ဆောင်ပြီး စကားအနည်းငယ်ပြောကာ ဝက်ဝံလေးတွေကို ကြောက်လန့်စေခဲ့သည်။ သူတို့က ရာ်လည်းမရယ်ရဲသလို စကားလည်း မပြောရဲကြပေ။  တစ်ကယ်ကိုပဲ သူတို့က သူတို့မိဘတွေဆီ လင်းရှောင်ယွဲ့ သွားတိုင်မှာကို ကြောက်ပြီး သူတို့ နာမည်ကို မပြောရဲပေ......



"အာ ဟုတ်တယ်။ မင်း မကစားချင်ရင် ငါတို့ မကစားဘူး! အခုချိန်ကစပြီး ငါတို့ အရူးနဲ့မကစားတော့ဘူး!"



ကလေးတွေရဲ့ခေါင်းဆောင် ဝမ်ရှောင်ရှန်းက သူ့လက်ကို ဝှေ့ယမ်းခဲ့ပြီး ပြောပြီးတာနဲ့ ချက်ချင်း လှည့်ထွက်ပြေးသွားသည်။



သူ့ညီအစ်ကို ဝမ်တရှန်းက သူ ထွက်ပြေးသွားတာကို မြင်တော့ ဝက်ဝံလေးတွေနဲ့အတူ ချက်ချင်း နောက်ကလိုက်ပြေးကြသည်။



အနိုင်ကျင့်တဲ့ ဝက်ဝံလေးတွေ နောက်ပြန်ဆုတ်သွားသလိုပဲ...



 လင်းရှောင်ယွဲ့က လှည့်ပြီး ဒူးထောက်ထားတဲ့ ရန်ယန်ကို ထူခဲ့သည်။  "သူတို့နဲ့ မကစားနဲ့တော့။"



"ငါ သူတို့နဲ့ ကစားချင်တယ်" အရူး ရန်ယန်က အားနည်းစွာ ပြောခဲ့သည်။



လင်းရှောင်ယွဲ့က မျက်မှောင်ကြုတ်ပြီး သူ့ပုခုံးပေါ် လက်တင်ပြီး သံကို သံမဏိ မဖြစ်တဲ့အတွက် မုန်းခဲ့သည်။{1}  "ပျော်စရာ ကောင်းလို့လား?! အဲ့ဒါ လုံးဝ ပျော်စရာမကောင်းဘူး! ရှင်လည်း အရမ်းပျော်နေပုံမပေါ်ဘူး"



 အရူး ရန်ယန်က နှုတ်ခမ်းဆူပြီး ဘာမှမပြန်ပြောခဲ့ပေ။ 



ထိုကဲ့သို့ ချောမောသော မျက်နှာနှင့် သူမကို နစ်နာသလို ကြည့်နေသော အမူအရာကြောင့် လင်းရှောင်ယွဲ့အတွက် သူ့ကို အပြစ်ပြောဖို့ ခဲယဉ်းသည်။



"ကောင်းပြီ... ကျွန်မ ရှင့်ကို စိတ်မဆိုးဘူး..."



 လင်းရှောင်ယွဲ့က သူ့ကို နှစ်သိမ့်ပေးဖို့ ခေါင်း ပွတ်ပေးခဲ့သည်။ "ဝမ်းမနည်းတော့နဲ့။ အိမ်ပြန်ရအောင်"



ရန်ယန်ရဲ့ မျက်လုံးဝိုင်းကြီးတွေက လင်းရှောင်ယွဲ့ကို စိုက်ကြည့်နေပြီး သူ့အမူအရာ အနည်းငယ် အေးခဲနေခဲ့သည်။



"သွားမယ်"



လင်းရှောင်ယွဲ့က သူ့လက်ကို ကိုင်လိုက်ပြီး သူမတို့အိမ်ဆီ ဦးတည်သွားခဲ့သည်။



လင်းရှောင်ယွဲ့က သူ့ကို ကလေးလေးလို ဆက်ဆံပြီး သူ့လက်ကို ကိုင်ထားကာ လမ်းပေါ်မှာ လျှောက်သွားခဲ့သည်။ လင်းရှောင်ယွဲ့က ရှက်ရွံ့မှု လုံးဝမခံစားရဘူး။



သူတို့ လမ်းလျှောက်လာရင်း ရန်ယန်က ရုတ်တရက် ပြောခဲ့သည်။ "ဇနီးလေး.... မင်းက အရမ်းကောင်းတာပဲ"



စကားရဲ့ ဒုတိယပိုင်းကို လင်းရှောင်ယွဲ့က ချက်ချင်း လစ်လျူရှုခဲ့သည်။



အရှေ့စကားလုံးက...



လင်းရှောင်ယွဲ့ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။  "ရှင် ကျွန်မကို ဇနီးလေးလို့ ခေါ်လိုက်တာလား"



ရန်ယန် - "အမ်း..."



လင်းရှောင်ယွဲ့ -  "ဒါဆို အနာဂတ်မှာ ရှင် ကျွန်မစကား နားထောင်မှာလား"



ရန်ယန် အံ့ဩသွားသည် -  "မင်း ပြောတာ နားထောင်ရမှာလား?"



လင်းရှောင်ယွဲ့က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။  "ကျွန်မက ရှင့်ရဲ့ဇနီးပဲ။ ရှင့် ဇနီးပြောတာကို နားထောင်ရမယ်။ ဇနီးက ရှင့်အပေါ် ကောင်းလိမ့်မယ်။ ရှင် မနာခံရင် ကျွန်မ ရှင့်အပေါ် ကောင်းမှာမဟုတ်ဘူး။



ရန်ယန် ရုတ်တရက် ထိတ်လန့်သွားသည် - " ကောင်းပြီ..... ဒါဆို ငါ မင်းပြောတာ နားထောင်မယ် " 



 အရူး ရန်ယန်က မထင်မှတ်ပဲ ချော့ဖို့ လွယ်ကူသည်.....



မနေ့ညက စိတ်ဓာတ်ကျနေတဲ့ ရန်ယန်နဲ့ ယှဉ်ရင် သူက ပိုပျော်ဖို့ကောင်းတယ်။ လင်စရှောင်ယွဲ့က ထပ်တွေးမိသည် - ဒါက ဗီလိန်ကို အနိုင်ယူဖို့ အစလို့ ယူဆလို့ရလား။



အိမ်ပြန်ရောက်တာနဲ့ ဝမ်ရှို့ယင်က ရန်ယန်ကို မီးဖိုချောင်ထဲ ခေါ်သွားပြီး လင်းရှောင်ယွဲ့က နောက်ကနေ လိုက်သွားခဲ့သည်။



ဒီနေ့ အဘွားကြီးက ကြက်ဥထပ်ထည့်ခဲ့သည်။



ဝမ်ရှို့ယင်က ကြက်ဥပေါင်း ပန်းကန်ကို တိတ်တဆိတ် တိတ်တဆိတ် မွှေပြီး ကျန်တဲ့သူတွေ ပြန်မလာသေးချိန် သူမက ရန်ယန်ကို အမြန်စားခိုင်းခဲ့သည်။



"မြန်မြန်လေးစား၊ ပြီးရင် မင်း မစားဖူးယောင်ဆောင်လိုက်။ ဘယ်သူကိုမှ ဘာမှ မပြောရဘူး" ဝမ်ရှု့ယင်က ရန်ယန်ကို ဒီနည်းအတိုင်း သင်ပေးခဲ့သည်။



မီးဖိုချောင်ထဲမှာ ရှိနေတဲ့ လင်းရှောင်ယွဲ့က မီးဖိုခုံပေါ် စိုက်ကြည့်ရင်း ပါးစပ်က အရူးလို သွားရည်တွေကျလာသည်...



ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ အမူအရာကိုမြင်ပြီး မျက်မှောင်ကြုတ်ကာ သူမကို တူနဲ့ ပန်းကန်ပေးခဲ့သည်။  "နည်းနည်းစားလိုက်။ ဘယ်သူ့မှ မမြင်စေနဲ့" 



"ကျေးဇူးတင်ပါတယ် အမေ"



လင်းရှောင်ယွဲ့က တူ ကိုင်လိုက်ပြီး အသီးအရွက် အနည်းငယ်ကို အမြန်စားလိုက်သည်။



အစက တော်တော်အရသာရှိပေမယ့် ဆီလုံးဝမရှိတော့ အရသာက ဒီအတိုင်းပဲ...



လင်းရှောင်ယွဲ့ မြက်စားနေရသလို ခံစားလိုက်ရကာ သူမရဲ့ အစာစားချင်စိတ်က တစ်ဝက်လောက် ချက်ခြင်း လျော့ကျသွားသည်။



"ဘာလဲ? မကောင်းဘူးလို့ ထင်လို့လား"



ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ "မင်းက အရမ်း နူးညံ့တာကို ငါ သတိမထားမိဘူး။ ဟမ့်?"



တကယ် အရသာမရှိပေမယ့် လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ကို ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြခဲ့သည်။  "ဒါက အရသာရှိတယ်။ ကျွန်မ စားဖို့ မဝံ့ရဲဘူး"



"ဘယ်သူမှမရှိတဲ့ အချိန်ကို အခွင့်ကောင်းယူ။ နောက်ထပ် နည်းနည်းလောက် စားဦး။"



ဝမ်ရှု့ယင်က သူမကို သတိပေးခဲ့သည်။ "ငါတို့ ညစာစားပွဲကို နောက်ကျမှရောက်ရင် စားစရာတောင် မရနိုင်တော့ဘူး"



 မနေ့ညက ရန်ယန်ကို သူမ ကျွေးပြီးနောက် သူမပန်းကန်မှာ အလွတ်ဖြစ်နေပြီး ဟင်းသီးဟင်းရွက် အရည် အနည်းငယ်သာ ကျန်တော့သည်ကို လင်းရှောင်ယွဲ့ မှတ်မိသွားသည်...



ထို့ကြောင့် သူမ ဝမ်ရှို့ယင်ကို ရဲဝံ့စွာ ပြောလိုက်သည်။ " အမေ ရှောင်ယန်ကို တစ်ယောက်တည်း စားခွင့် မပေးဘူးလား? အခု သူ့ကို ကြည့် သူကိုယ်တိုင် ကြက်ဥပေါင်း စားနေတယ် မဟုတ်ဘူးလား"



"မဖြစ်နိုင်ဘူး"



ဝမ်ရှို့ယင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "သူကိုယ်တိုင်စားရင် သူ့ဒုတိယဦးလေးရဲ့ဇနီးက သေတဲ့အထိ ကြိမ်းမောင်းလိမ့်မယ်!"



လင်းရှောင်ယွဲ့က မေးခဲ့သည်။  "ဘာလို့လဲ?"



ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို သူမချွေးမအဖြစ် ဆက်ဆံခဲ့သည်။ " ရှောင်ယန်ကို သူ့ဘာသာသူ စားခွင့်ပေးလိုက်ရင် သူက အကောင်းဆုံးအစားအစာကို ရွေးလိမ့်မယ်။ ကြက်ဥ၊ အသား၊ ငါး၊ ဒီအရာတွေအားလုံးကို ငါတို့မိသားစုက စားခွင့်မပေးဘူး။ သူ့ ဒုတိယဦးလေး ဇနီးရဲ့ ပါးစပ်က “သူက အလုပ်မလုပ်ဘူး၊ ဒါကြောင့် အရှုံးပေါ်တယ်” လို့ ပြောတတ်တယ်။"



လင်းရှောင်ယွဲ့က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ရန် မိသားစုထဲက သူမတို့ မိသားစု အခြေအနေကို တဖြည်းဖြည်း နားလည်လာသည်။



ထိုအချိန်တွင် ရန်ယန်က ကြက်ဥပေါင်း စားပြီးပြီဖြစ်သည်။ "အမေ၊ ကျွန်တော် ပြီးပြီ!"



"မင်း ပါးစပ်ကို သန့်ရှင်းချေ။ ဘာမှ မပြောနဲ့!"



ဝမ်ရှို့ယင်က ပန်းကန်တွေ သိမ်းဖို့ အမြန်သွားခဲ့ကာ လင်းရှောင်ယွဲ့ဘက် လှည့်ပြီး ပြောခဲ့သည်။ " မင်း ပေါက်စီ စားရမှာ မဟုတ်လို့ နည်းနည်း ထပ်စားလိုက်ဦး။" 



လင်းရှောင်ယွဲ့က မနေ့ညက ခြောက်ကပ်နေတဲ့ ပေါက်စီကို  တွေးမိသွားပြီး ကပျာကယာ တူကို ကောက်ကိုင်ကာ အရသာရှိတဲ့ ဟင်းအနည်းငယ်ကို စားခဲ့သည်။


ဒါပေမယ့် ထိုအချိန်တွင် မီးဖိုချောင်မှ စကားပြောသံကို မီးဖိုချောင်ဘက် ဖြတ်သွားသော ရန်ဟုန်ရင် ကြားသွားခဲ့သည်။



ရန်ဟုန်ရင် တံခါးပေါက် အပေါက်က ချောင်းကြည့်ခဲ့သည်။ ရန်ယန်က ကြက်ဥပေါင်း စားနေတယ်!



အရူးတောင် ကြက်ဥပေါင်း စားနိုင်တယ်!



၁၉ယွမ် ၉ ဆင့်နဲ့ ဝယ်လာတဲ့ အမျိုးသမီးကလည်း အသီးအရွက်တွေ စားနေတယ်! ဒါက ဒီအမျိုးသမီးရဲ့တံတွေးကိုစားဖို့ မိသားစုကို တောင်းဆိုတာမဟုတ်ဘူးလား။



ရန်ဟုန်ရင်က ဒါကို တွေးပြီး ဒေါသအရမ်းထွက်သွားသည်။



ဒါပေမယ့် သူမ ဒေါသကို ထုတ်ဖော်မပြခဲ့ဘူး။



ရန်ဟုန်ရင်က ညစာမစားခင် ဒုတိယဦးလေး မိသားစုရဲ့ ရန်လျန်ဟွာကို ပြောပြီး ရန်လျန်ဟွာကို ဒုတိယအဒေါ်ဆီ ပြောပြခိုင်စလို့ရသည်။



ဒုတိယအဒေါ်က နှုတ်ကြမ်းတာကြောင့် သူတို့ကို သေသည်အထိ ကြိမ်းမောင်းလိမ့်မည်။



ခဏကြာတော့ နေ့လည်စာစားချိန်ရောက်ပြီ။



သက်ကြီးရွယ်အို အများအပြား တစ်ယောက်ပြီး တစ်ယောက် အိမ်ပြန်ရောက်လာပြီး အိမ်က တဖြည်းဖြည်း အသက်ဝင်လာသည်။



နေ့လည်စာကို ပင်မအိမ်၏ ဧည့်ခန်းတွင် စားပြီး စားပွဲကို နွေးထွေးစွာ ခင်းကျင်းထားသည်။



လူတိုင်းမထိုင်ခင် ရန်ဟုန်ရင်က ရန်လျန်ဟွာကို ထောင့်တစ်နေရာဆီ ဆွဲခေါ်သွားပြီး သူမနားနားကပ်ကာ မနက်က သူမ မီးဖိုချောင် တံခါးအပြင်ဘက်မှာ ကြားခဲ့တာကို ယန်လျန်ဟွာဆီ တိုးတိုးတိတ်တိတ် ပြောခဲ့သည်။  



သူမက(ရန်လျန်ဟွာ) မိသားစု၏ အကြီးဆုံးသမီးဖြစ်ပြီး ဒုတိယမိသားစုရဲ့ သမီးဖြစ်သည်။ အသက်ကွာခြားမှုက နှစ်နှစ်အောက်သာရှိသည်။ သာမန်အချိန်များတွင် တူညီသည်ဟု ယူဆကြပြီး အပြင်လူများ၏အမြင်တွင် ၎င်းတို့နှစ်ဦးက ဆက်ဆံရေးကောင်းသည်ဟု ထင်ရသည်။ 



ထို့အပြင် နှစ်ယောက်စလုံးက တူညီသောလူဖြစ်တဲ့ -ရန်ယန်ကို ရွံရှာကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးက ပိုကောင်းလာခဲ့သည်။



ယနေ့ ရန်ဟုန်ရင်က ရာသီလာချိန်မို့ တစ်ရက်လောက် ပျင်းပြီး အလုပ်မလုပ်ရဖို့ သူမမိခင်ကို ခွင့်တောင်းခဲ့သည်။



ရလဒ်အနေဖြင့် ဝမ်ရှို့ယင်က ရန်ယန်ကို ကြက်ဥပေါင်း တိတ်တဆိတ် ပေးနေပြီး သူတို့ ၁၉.၉ယွမ်နဲ့ ဝယ်ထားတဲ့ အမျိုးသမီးကို သူမတို့ အသီးအရွက်စားဖို့ ခွင့်ပြုထားကြောင်း သိလိုက်ရသည်။



ရန်ဟုန်ရင်က ရန်လျန်ဟွာကို ထိုအကြောင်း ပြောပြပြီးနောက် ချက်ချင်းပဲ ရန်လျန်ဟွာရဲ့ ဒေါသတကြီး အသံထွက်လာခဲ့သည်။ "သူတို့ ဒါကို ဘယ်လိုလုပ်ရဲကြတာလဲ။ အဲ့ဒါက ရှက်စရာပဲ"



ဧည့်ခန်းရှိ သက်ကြီးရွယ်အိုများအားလုံးက သူမကို စိုက်ကြည့်နေကြသည်။ လင်းရှောင်ယွဲ့လည်း သူမကို ကြည့်ခဲ့သည်။



လူအများက သူမကို အာရုံစိုက်နေကြတာ သိသဖြင့် ရန်လျန်ဟွာက သူမကိုယ်သူမ ဘယ်လိုထိန်းရမှန်းမသိဘဲ စူးစူးရှရှ အသံနဲ့ တမင်တကာ ထပ်အော်လိုက်သည်။ "ဒီလိုလူတွေ ဘယ်လိုရှိနိုင်တာလဲ? အဲဒါက ရွံရှာစရာကောင်းလိုက်တာ!"



"မင်းရဲ့ အသံကို လျှော့၊ မပြောနဲ့တော့..."



ရန်ဟုန်ရင်က  ရန်လျန်ဟွာ အဝတ်အစားကို ဆွဲကာ သူမပြောနေသည့် စကားကို ဆက်ခဲ့သည်။  "ဒါကပြောဖို့အချိန်မဟုတ်သေးဘူး။ ဒါက တတိယဦးလေး မိန်းမရဲ့အကြံအစည် ဖြစ်နိုင်တယ်။ ဒီကိစ္စကို လူကြီးတွေပြောပြရမယ်... “



ရန်လျန်ဟွာက ရန်ဟုန်ရင် ပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားမိပေမယ့် သူမရဲ့ စိတ်ကတော့ ဒေါသဖြစ်နေဆဲပင်။



လင်းရှောင်ယွဲ့ကို စိုက်ကြည့်နေတဲ့ ထိုမျက်လုံး တစ်စုံသည် မီးလျှံများ ပေါက်ကွဲတော့မလိုပဲ...။



"ထိုင်ပြီး စား။"



စားစရာတွေအကုန်လုံး စားပွဲပေါ်တင်ပြီးချိန် အဘွားကြီးနဲ့ အဘိုးကြီးက စားပွဲမှာ ဝင်ထိုင်ခဲ့သည်။



စားပွဲကြီးတဝိုင်းမှာ လူတော်တော်များများ ထိုင်နေကြပြီး ဟင်းကောင်းတွေက ပထမနဲ့ ဒုတိယမိသားစုတွေရှေ့မှာ ရှိနေတုန်းပဲ။ တတိယမိသားစုကတော့ အရင်အတိုင်း ပေါက်စီအိုးကြီး ဒါမှမဟုတ် ထမင်းအိုးကြီးသာ သူတို့ရှေ့မှာ ရှိနေသည်။



လင်းရှောင်ယွဲ့ ရှေ့မှာ အဝါရောင် ပေါက်စီအိုးကြီးရှိပြီး ရန်ယန်ရှေ့မှာ ထမင်းအိုးကြီးဖြစ်သည်။



လင်းရှောင်ယွဲ့က ရန်ယန်ကို အရင်ကျွေးခဲ့သည်။ သူ့ကို ကျွေးပြီးချိန် ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေ ကုန်လောက်ပြီဖြစ်သည်။ သူမက ပေါက်စီတစ်လုံးသာစားနိုင်တယ်။ 

 


ရန်လျန်ဟွာက အသီးအရွက်တွေ မစားဘဲ ပေါက်စီကိုသာ ကိုက်ခဲ့သည်။ ဟင်းသီး ဟင်းရွက်တွေကို လင်းရှောင်ယွဲ့ စားထားတာကြောင့် သူမ မကြိုက်ပေ။ လင်စရှောင်ယွဲ့ရဲ့ တံတွေးကို သူမ မစားချင်ဘူး။



*မင်း စားရမယ်။"



ရန်လျန်ဟွာရဲ့ အမေ ချန်ချိုင်ယွင်က သူမ သမီးဖြစ်သူ ပေါက်စီစားနေတာပဲ မြင်နေရသည်။ သူမ အမူအရာက သိပ်မကောင်းနေဘူး။ "ဘာလို့ ထမင်းနဲ့ အသီးအရွက်တွေ မစားတာလဲ? ဘာလို့ ပေါက်စီတွေပဲ စားနေတာလဲ။"



"အမေ့ကို အခု မပြောနိုင်သေး ဘူး" ရန်လျန်ဟွာက ပေါက်စီကို ကိုက်လိုက်ပြီး လင်းရှောင်ယွဲ့ကို တည့်တည့် စိုက်ကြည့်ခဲ့သည်။



လင်းရှောင်ယွဲ့က ရန်လျန်ဟွာရဲ့ အကြည့်တွေကို သတိပြုမိပြီး သူမ မျက်လုံးတွေက မီးတောက်တော့မလိုပဲ ...



ဘာလို့လဲ?



သူမ အရမ်းလှတယ်လို့ ထင်လို့လား?



"မရှုပ်နဲ့တော့ စားလိုက်!" ချန်ချိုင်ယွင်က သူမရဲ့ တူနဲ့ မွှေထားတဲ့ ကြက်ဥပေါင်းကို ရန်လျန်ဟွာရဲ့ ပန်းကန်ထဲမှာ ထည့်ပေးချင်ပေမယ့် ရန်လျန်ဟွာက ငြင်းခဲ့သည်။  "ဟင့်အင်း၊ ဟင်းသီးဟင်းရွက် မစားချင်ဘူး! သမီးကို တစ်ယောက်တည်း ထားပေ။ သမီး ပေါက်စီပဲစားမယ်!"



ချန်ချိုင်ယွင်က ပြောခဲ့သည်။ -  "မင်း ကြိုက်လား မကြိုက်ဘူးလား!"



ထို့နောက် မွှေထားတဲ့ ကြက်ဥပေါင်းကို သူမပါးစပ်ထဲ ထည့်လိုက်သည်။



ရန်လျန်ဟွာရဲ့ ဒေါသထွက်နေတဲ့ မျက်လုံးတွေက လင်းရှောင်ယွဲ့ကို စိုက်ကြည့်နေဆဲဖြစ်ပြီး၊ သူမ ဒီအကြောင်းကို နောက်မှ သူ့အမေကို ပြောပြပြီး ညနေဘက်မှာ ဖမ်းဖို့ သူမ အမေကို ပြောလိုက်မယ်။



ဒါမှ ဖျော်ဖြေ ပွဲကောင်းတစ်ပွဲ ရရှိမှာဖြစ်သည်။



ရန်လျန်ဟွာက သူမကို စိုက်ကြည့်နေဆဲဖြစ်ကြောင်း လင်းရှောင်ယွဲ့ တွေ့သွားခဲ့သည်....



သူမသည် အလွန်ချစ်စရာကောင်းတာကြောင့် ဖြစ်နိုင်တယ်!



အာ ငါ တကယ် လှတာဖြစ်နိုင်တယ်။



မွန်းလွဲပိုင်းတွင် လင်းရှောင်ယွဲ့က ဆောင်းဦးရာသီရဲ့ နောက်ဆုံးအလုပ်အတွက် ထုတ်လုပ်ရေးအဖွဲ့ဆီ ရန် မိသားစုနဲ့ အတူ အလုပ်သွားခဲ့သည်။



နေ့ခင်းတစ်ခင်းလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးနောက် လင်းရှောင်ယွဲ့က အလုပ်သမားတွေရဲ့ အခက်အခဲတွေ သိရှိလာခဲ့သည်။



ကံကောင်းထောက်မစွာနဲ့ ဒီနေ့က ဆောင်းဦးပေါက်ရာသီ၏ နောက်ဆုံးနေ့ဖြစ်သည်။ နောက်ဆုံးတော့ အခုက နိုဝင်ဘာလဖြစ်နေပြီဖြစ်သည်။



ဆောင်းဦးရာသီ ရိတ်သိမ်းချိန် ကုန်ဆုံးတဲ့အခါ ထုတ်လုပ်ရေး အဖွဲ့ရဲ့ အလုပ်သည်လည်း ယခုနှစ်အတွက် ကုန်ဆုံးတော့မှာဖြစ်သည်။



ခဏအကြာတွင် ရွာမှ အစားအသောက်၊ အသား၊ ငွေ၊ လက်မှတ်တွေကို တစ်ဦးချင်း အလုပ်အမှတ်အလိုက် ဖြန့်ဝေပေးလိမ့်မည်။



လင်းရှောင်ယွဲ့က လုပ်အားရဲ့ အမြှီးကို သိမ်းပိုက်ခဲ့ပြီး နေ့တစ်ဝက် အလုပ်လုပ်ရတာကြောင့် သူမသည်လည်း ရှယ်ယာတစ်ခုရခဲ့သည်။



ဝမ်ရှို့ယင်က ညစာအတွက် ပြင်ဆင်နေရသည်။  



ရန်လျန်ဟွာက ဒီနေ့ မွန်းလွှဲပိုင်းမှာ အလုပ်က ခဏထွက်ပြီး သူမအမေ ချန်ချိုင်ယွင်ကို ဝမ်ရှို့ယင် အကြောင်းပြောပြခဲ့သည်။



ချန်ချိုင်ယွင်လည်း ခဏတာ ဒေါသထွက်ပြီး ကျိန်ဆဲခဲ့သည်။ သူမက ဝမ်ရှို့ယင်ကို ဒီနေ့ညမှာ လက်ပူးလက်ချက်ဖမ်းဖို့ ပြင်ဆင်နေခဲ့သည်။ သူမ လုပ်ခဲ့တဲ့အရာတွေအတွက် တတိယမြောက်မိသားစုက ပေးဆပ်ရမှာဖြစ်ပြီး ဒီနှစ်ကုန်အတွက် ဝေစုနည်းသွားပြီ။


 

ဒါပေမယ့် မိသားစုက ညစာစားဖို့ရှိနေကြသည်။ ဝမ်ရှို့ယင်က ရန်ယန်နဲ့ လင်းရှောင်ယွဲ့ကို ကျွေးဖို့ အစားအစာကို မခိုးခဲ့ဘူး။


 

အခွင့်အရေး ဆုံးရှုံးသွားတဲ့ ချန်ချိုင်ယွင်က ဝမ်ရှို့ယင်ကို တစ်ချိန်လုံး စိုက်ကြည့်နေပြီး ဝမ်ရှို့ယင်ကို ရအောင်ဖမ်းမယ်လို့ စိတ်ထဲတွင် ကျိန်ဆိုခဲ့သည်။


.

လင်းရှောင်ယွဲ့က ဒီလူတွေရဲ့ အကြံအစည်ကို မသိခဲ့ချေ။



ညဘက်တွင် ပေါက်စီ နှစ်လုံးသာ စားခဲ့ရသည့် လင်းရှောင်ယွဲ့က ရန်ယန်နဲ့ သူ့ကို ဆက်မကျွေးခိုင်းလို့မရဘူးလားလို့ မေးကာ အသီးအရွက်တွေပဲ ယူစားပြီး ယောက်ျားကောင်းဖြစ်အောင် လုပ်လို့မရဘူးလားဆိုပြီး ဆွေးနွေးဖို့ ရည်စူးထားခဲ့သည်။  



သူမ ပန်းကန်ဆေးပြီးတာနဲ့ အခန်းကို ပြန်ခဲ့သည်။ လင်းရှောင်ယွဲ့ ဝင်သွားချိန် ရန်ယန်က သူ့ဘောင်းဘီ လဲနေတာကို တွေ့လိုက်ရသည်။ သူမ ကြောက်လန့်တကြားနဲ့ အော်ဟစ်လိုက်မိသည်။ "အိုး! ဟေး!"



သူမ လှည့်ပြီး တံခါးပိတ်လိုက်ကာ မျက်နှာကို ဖုံးပြီး နောက်ကျောပေးထားခဲ့သည်။ "ရှင် ရှင် အဝတ်လဲနေတာကို! ဘာလို့ တံခါး သေချာ မပိတ်တာလဲ!"



"အဲ့တော့ ဘာဖြစ်လဲ?"



ရန်ယန်ရဲ့ ပျင်းရိသောအသံက အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။



လင်းရှောင်ယွဲ့ တစ်ခုခုမှားနေပြီလို့ ခံစားမိသည်။ "လဲပြီးပြီလား?"



"မင်းက ငါ့ဇနီးပဲ။ ဟုတ်တယ်မလား။ မကြည့်ရဲဘူးလား"



ရန်ယန်ရဲ့ လေသံက အပြောင်အပျက်နဲ့ လှောင်ပြောင်နေခဲ့သည်။ သူ့ ဓားမျက်ခုံးတွေက အနည်းငယ် မြင့်တက်လာပြီး သူ့မျက်နှာက ချောမောပြေပြစ်သည်။



သူက အဝတ်အစားလဲပြီး ကုတင်ပေါ်ထိုင်ကာ အနက်ရောင်မျက်လုံးတွေနဲ့ လင်းရှောင်ယွဲ့ကို ရယ်ချင်တဲ့အမူအရာနဲ့ စိုက်ကြည့်နေခဲ့သည်။

 


လင်းရှောင်ယွဲ့ သူမနောက်က လှုပ်ရှားမှုတွေ ရပ်သွားသလို့ ခံစားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်တော့ သူမရဲ့ မျက်ဝန်းတွေက အနည်းငယ် ပြူးသွားခဲ့သည်...



သူက အရူးမဟုတ်ဘူး။ သူက စိတ်ဓာတ်ကျမနေဘူး။ ဒါပေမယ့် အထက်စီးဆန်နေသည်။



ဒါက......



တတိယကိုယ်ခွဲ ထွက်လာပြီ။



ဒါက တကယ့် ဗီလိန်ပဲ!




...............


ရှင်းလင်းချက် 


{1} သံကို သံမဏိ မဖြစ်တဲ့အတွက် မုန်းခဲ့သည် - မျှော်လင့်ချက်များ ပြည့်မီရန် ပျက်ကွက်ခြင်းနှင့် တိုးတက်မှုကိုမြင်ရန် စိတ်မရှည်ခြင်းအတွက် တစ်စုံတစ်ဦးကို မကျေမနပ်ဖြစ်မိသည်။