အပိုင်း ၁၁
Viewers 421

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၁၁



 သူ့အမေကပေးတဲ့ "မကောင်းဆိုးဝါး " ဘွဲ့နဲ့ထိုက်တန်ဖို့အတွက် ရန်ယန်က အဲဒီညမှာ နောက်ထပ် "မကောင်းမှုတစ်ခု" ကို ကျူးလွန်ခဲ့သည်။



ညစာစားပြီးနောက် ဝမ်ရှို့ယင်က အစားအသောက်နည်းနည်းနဲ့ ပေါင်မုန့်နှစ်လုံးယူကာ လင်မယားနှစ်ယောက်အခန်းထဲ ပို့ပေးဖို့ စီစဉ်ခဲ့သည်။



 ဤသည်မှာ သူမ လွန်ခဲ့သည့် အစားအသောက် အနည်းငယ်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။



 မိသားစုထဲက တစ်ယောက်ယောက်က မေးတဲ့အခါ ရန်ယန်က ဝုန်းဒိုင်းကြဲပြီး ထမင်းထွက်မစားဖို့ ငြင်းဆန်နေတယ်လို့ သူမ ပြန်ဖြေခဲ့သည်။



 ရန် မိသားစု၏ အမြင်တွင် ရန်ယန်က အနည်းငယ်ရူးမိုက်တာကြောင့် လူအများစုက အရူး၏စိတ်က ဘယ်လိုလုပ်ဆောင်လဲ နားမလည်နိုင်ကြပေ။



 ဒါကြောင့် သူတို့က ဤကိစ္စကို အလေးအနက်မထားခဲ့ကြချေ။



ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က အခန်းထဲ ပုန်းကာ ကောင်းကောင်းစားသောက်နေကြသည်။  နှစ်ယောက်လုံး လူတိုင်းရဲ့ထမင်းဖြူတစ်ပန်းကန် သိမ်းဖို့ အဝါရောင်ပေါက်စီတွေ စားကြသည်။



 "စားရအောင်၊ စားရအောင်"



ရန်ယန်က ဒီည ဝမ်ရှို့ယင် စကားကို နားမထောင်ဘူး။



ဝမ်ရှို့ယင်က စားပွဲပေါ်က ဟင်းသီးဟင်းရွက်တွေ ကောက်ကိုင်လိုက်စဥ် ရန်ယန်က  စားချင်တယ်လို့ အော်ကာ ပင်မအိမ်ထဲ ပြေးလာခဲ့သည်။



လင်းရှောင်ယွဲ့ က သူ့နောက်ကို အလျင်အမြန် လိုက်လာခဲ့သည်။  ပင်မအိမ်ထဲ ဝင်ပြီးနောက် သူမ ဝမ်ရှို့ယင်ကို ကြည့်လိုက်သည်။ "အမေ"



 သူမ မျက်လုံးတွေက အချက်ပြနေခဲ့သည် - ကျွန်မ သူ့ကို မတားနိုင်ဘူး။



ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ရဲ့ မျက်လုံးအချက်ပြမှုကို လက်ခံရရှိခဲ့သည်။



 "အမေ၊ ကျွန်တော် ထမင်းစားဖို့ရောက်လာပြီ!"



 ရန်ယန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြီး သူထိုင်နေကျနေရာမှာ ဝင်ထိုင်ခဲ့သည်။



 ညစာစားပွဲမှာ ရန် မိသားစုက သူ့ကို အရူးမို့ အလေးအနက်မထားဘူး။



ရန်လျန်ဟွာနဲ့ ရန်ဟုန်ရင်တို့က ဒေါသတကြီး စိုက်ကြည့်နေကြသည်။  သူတို့ ဘယ်လိုပျော်ရွှင်နိုင်မလဲ။



 အထူးသဖြင့် ရန်လျန်ဟွာပေါ့ ...



 "ကောင်းပြီ၊ စားရအောင်..." ဝမ်ရှို့ယင်က ရန်ယန် ထိုင်နေပြီကို မြင်လိုက်သဖြင့် သူမ ဘာမှပြန်မပြောနိုင်တော့ပေ။  လောလောဆယ်တွင် သူမသည် ခြေတစ်လှမ်းသာလှမ်းပြီး စောင့်ကြည့်နေနိုင်သည်။



 " ရှောင်ယွဲ့  လာစားလေ "



လင်းရှောင်ယွဲ့ သူမဆီ ရောက်လာခဲ့သည်။  သူမ ရန်ယန်ဘေးတွင်ထိုင်လိုက်ပြီး ဝမ်ရှို့ယင်က သူမကို ပန်းကန်တွေ ပေးကာ သူမ မျက်လုံးများကြားမှ အရိပ်အမြွက်ပြောလိုက်သည်။ " ရှောင်ယန်ကို ခွံ့ကျွေးသင့်တယ်"



 ထုံးစံအတိုင်း တစ်စုံတစ်ယောက်က သူ့ကို ခွံ့ကျွေးနေသမျှ ထမင်းစားပြီးရင် ဘာပြဿနာမှ မရှိဘူး။



 ရလဒ်အနေနှင့် လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်တာနဲ့ ရန်ယန်က ပန်းကန်နဲ့ တူတွေကို ကိုင်လိုက်ပြီး ဟင်းတွေ ကောက်ယူဖို့ မတ်တပ်ရပ်လိုက်သည်။



 "ဝိုး၊ ငါးတွေရှိတယ်"



 "ကြက်ဥမွှေကြော်က အရသာရှိတယ်..."



 "အသားက အရသာရှိတယ်!"



 "အရသာရှိတယ်..."



 ရန်ယန်က အငမ်းမရ စားပွဲကိုကြည့်နေတော့သည်။  ရန်ယန်က သူ့တူဖြင့် ဟင်းလျာများကို ကောက်ယူခဲ့သည်။  တစ်ကိုက်တည်းမဟုတ်ပေမယ့် ဟင်းပန်းကန်တွေအားလုံးကို တစ်ခုပြီးတစ်ခု စားနေခဲ့သည်။



 သူတို့က ကြီးမားတဲ့ မိသားစုတစ်ခုဖြစ်ပြီး စားပွဲပေါ်တွင် စားစရာများစွာရှိသည်။  ကြက်ဥမွှေကြော် ပန်းကန်လုံး၊ ငါးတစ်ပန်းကန်၊မှိုနဲ့ ဝက်သားမွှေကြော်၊ အသားဟင်းသုံးမျိုး။



 ကျန်တဲ့ ဟင်းပွဲတွေကတော့ သက်သတ်လွတ်...



 ထို့အပြင် ဤခေတ်၌ အသားက အဖိုးတန်သေးသည်။



 ယနေ့က မီးဖိုချောင်တာဝန်ခံ ရန်ချန်ယွီ၏ ပထမဆုံးနေ့ဖြစ်တာကြောင့် သူမက လူတိုင်းရဲ့ဗိုက်ကို အနိုင်ယူချင်ပြီး မှောင်ခိုဈေးကွက်၌ ဝက်သားတစ်ပိုင်းကို တွန့်ဆုတ်စွာ ဝယ်ခဲ့သည်။



 ရလဒ်အနေနဲ့... ရန်ယန်က ဝက်သားမွှေကြော် ထက်ဝက်ကျော်ကို စားခဲ့သည်။



 လွန်လွန်းတယ်!



 သက်ကြီးရွယ်အိုတွေရဲ့ မျက်နှာတွေ မှိန်ဖျော့နေပြီ။  မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ရန်လျန်ဟွာနဲ့ ရန်ဟုန်ရင် တို့က စိုးရိမ်တကြီးအော်လိုက်ကြသည်။ "ဟေ့! ဒီလောက်ဆို တော်လောက်ပြီ!"



ရန်ဟုန်ရင်ရဲ့ ၈ နှစ်အရွယ်မောင်လေး ရန်ဟုန်ချင်း သည် ဤထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတဲ့ မြင်ကွင်းကိုမြင်ပြီး ဒေါသတကြီးအော်လိုက်သည်။  "မင်း အသားတွေ အကုန်စားလိုက်ပြီ။ အား!"



 " ရှောင်ယန်၊ ရှောင်ယန်၊ ထိုင်!" ဝမ်ရှို့ယင်လည်း စိုးရိမ်နေသဖြင့် သူမ ရန်ယန်ဘက် ပြေးသွားကာ အရပ် ၁.၈ မီတာရှိတဲ့ ရန်ယန်ရဲ့ ပခုံးကို ပုတ်ခဲ့သည်။  "ထိုင်!"



ရန်ယန် နာခံစွာထိုင်နေပေမယ့် သူ့လက်တွေက ရှည်လျားပြီး လှီးဖြတ်ထားတဲ့ ဝက်သားတုံးတွေဆီ တူကိုဆန့်ထုတ်ထားကာ ကောက်ယူနိုင်ဆဲပင်။



 "ထပ်မစားနဲ့တော့။ နင်စားလို့မရတော့ဘူး!"



ရန်ဟုန်ချင်းက စိုးရိမ်တကြီးထကာ ဝက်သားမွှေကြော်ပန်းကန်ကိုယူပြီး သူမလက်ထဲ ကိုင်ထားခဲ့သည်။



ရန်ဟုန်ချင်းက ရန်ယန်ကို မျက်လုံးကြီးကြီးနဲ့ စိုက်ကြည့်ရင်း ဒေါသတကြီးနဲ့ "ဒါက မင်းအတွက် မဟုတ်ဘူး၊ ငါ့အမေက ငါ့အတွက် ဝယ်ထားတာ၊ မင်း တစ်ဝက်လောက်စားပစ်တယ်။ မင်း ငါ့ကို ပြန်ပေးရမယ်!"



ရန်ချန်ယွီက သူမသားဖြစ်သူကို ဒီနေ့နံနက်မှာ စျေးဝယ်သွားဖို့တွက် စျေးဆီခေါ်သွားခဲ့သည်။



 စျေးဆိုင်များရှိ အသားများကို စိုက်ကြည့်နေတဲ့ ရန်ဟုန်ချင်းရဲ့ တောက်ပတဲ့ မျက်လုံးတွေနဲ့ ရန်ချန်ယွီက မှောင်ခိုဈေးကွက်မှာ စျေးဝယ်ပြီးနောက် ဝက်သားတစ်ပိုင်း ဝယ်လိုက်သည်။



ရန်ချန်ယွီက ရန်ဟုန်ချင်းကို ညနေခင်းမှာ အသားဟင်းချက်တဲ့အခါကျရင် အသားပိုလို့စားရတယ်လို့ ပြောပြီး အဲ့တာကို အကုန်စားလို့ရတယ်လို့ပြောခဲ့သည်။



 ရလဒ်အနေနဲ့ ရန်ယန်က ပန်းကန်တစ်ဝက်လောက်ကို စားလိုက်တော့ ရန်ဟုန်ချင်း အရမ်းဒေါသထွက်ပြီး ငိုချင်လာခဲ့သည်။



ရန်ယန်က အသက် ၈ နှစ်အရွယ်ကလေးကို လျစ်လျူရှုလိုက်ကာ သူ့တူတွေက ငါးကြီးဆီ ရောက်ရှိသွားပြန်သည်။



 အစားအသောက်ယူတာ ကျွမ်းကျင်လွန်းတယ်၊ ဗိုက်ထဲက ငါးကြီးကို ဖောက်ထုတ်နိုင်ခဲ့သည်။



 "ရှောင်ယန်! ဒီလိုလုပ်လို့မရဘူး!"  ဝမ်ရှို့ယင် တစ်ဖက်မှ စိတ်ပူလွန်းသဖြင့် ဒေါသထွက်လုနီးပါး ဖြစ်နေသည်။  "အဲ့လိုလုပ်ချင်ရင် စားပွဲမှာ စားတာရပ်သင့်ပြီ!"



 ထို့ကြောင့် ရန်ယန်က ငါးတစ်ဖဲ့ကိုယူပြီး လင်းရှောင်ယွဲ့ကို ပေးလိုက်သည်။  "မိန်းမ၊ စားလိုက်၊ ငါမစားနိုင်တော့ဘူး!"



လင်းရှောင်ယွဲ့ ရှက်ရွံ့ဟန်ဆောင်ပြီး ရှောင်တိမ်းသွားကာ သူပေးထားသည့်ငါးကို ယူကာ ဝါးရင်း "ကျွန်မကို မကျွေးနဲ့ ... ကျွန်မက အသားနဲ့ မထိုက်တန်ဘူး" လို့ပြောလိုက်သည်။



 ဟုတ်တယ်... အရမ်းအရသာရှိတယ်!



 "မိန်းမ အရသာရှိလား"  ရန်ယန်က သူမကို ပြုံးပြုံးလေး ကြည့်နေခဲ့သည်။



 အသက် (၆)နှစ်အရွယ် ရိုးရိုးရှင်းရှင်းလေးလို ဟန်ဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ အပြုံးကိုတော့ မပြောင်းလဲနိုင်ဘူး။



 ဘယ်လိုပဲကြည့်ကြည့် ဒီပုံစံက အမြဲတမ်း ပေါ်လွင်နေမှာပင်။



 သူ့ရဲ့ ချောမောပြီး ကြင်နာတတ်တဲ့ အပြုံးလေးနဲ့။  လင်းရှောင်ယွဲ့ သူမ စိတ်ထဲတွင် သက်တောင့်သက်သာ ခံစားနေရသည်။



 အပေါ်ယံတွင်တော့ သူမသည် မျက်မှောင်ကြုတ်ကာ ရှက်ရွံ့ဟန်ဆောင်နေသေးသည်။ “အရသာရှိပေမယ့် ဒီငါးနဲ့အသားကို ကျွန်မ မစားသင့်ဘူး၊ ရှင်နဲ့လည်းမထိုက်တန်ဘူး။ ဒါမှမဟုတ် ကျွန်မတို့အိမ်ထဲပြန်သွားသင့်လား။ ကျွန်မတို့ ပေါင်မုန့်နှစ်လုံးယူသွားမယ်လေ "



 "လင်းရှောင်ယွဲ့၊ တော်လိုက်တော့ "



ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ရဲ့ စကားအပြောမတတ်တာကို မကြိုက်သဖြင့် ပါးစပ်ပိတ်ဖို့ ပြောခဲ့သည်။



 သူမသည် သူမရဲ့ အရူးသားကိုသာမက စကားဆက်ပြောနေသည့် လင်းရှောင်ယွဲ့ကိုလည်း ကာကွယ်ရပေမည်။  သူမ အလွန်ခက်ခဲတဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောနိုင်သည်။



 "အမေ၊ ကျွန်မ ရှောင်ယန် ကို အိမ်ပြန်ခေါ်သွားလိုက်ပါ့မယ်။ ငါး၊ အသားနဲ့ ကြက်ဥတွေရှိတဲ့ ဒီစားပွဲကို သူကြည့်နေတာ တားလို့ကိုမရဘူး။ သူ တကယ်စားချင်နေတာ "



လင်းရှောင်ယွဲ့ ဒီလိုပြောပြီး ထကာ ရန်ယန်ရဲ့လက်ကိုဆွဲပြီး သူ့ကိုဆွဲထုတ်ဖို့ပြင်လိုက်သည်။  "လာပါ ရှောင်ယန်၊  ထမင်းစားဖို့ အိမ်ပြန်ရအောင်"



 "ဟုတ်ပြီ စားဖို့ အိမ်ပြန်မယ်"



ရန်ယန် ထလိုက်ပြီး လက်ကိုဆန့်ကာ ငါးပန်းကန်နှင့် ကြက်ဥမွှေကြော် ပန်းကန်ကို တိုက်ရိုက်ကောက်ယူသွားခဲ့သည်။ "မိန်းမ၊ အိမ်ပြန်ရအောင်!"



 "ရှောင်ယန်!"  ဝမ်ရှို့ယင်က ရန်ယန် လက်ကို အမြန် ဆုပ်ကိုင်လိုက်သည်။



 "နင်က အရူးပဲ!"



 ရန်လျန်ဟွာ မကူညီနိုင်ခဲ့ပေ။ သူမက တူတွေ ချိုးကာ ထပြီး ကျိန်ဆဲလိုက်သည်။  "နင် အစားအသောက်တွေ သိမ်းသွားတယ်။ ငါတို့ ဘာစားရမှာလဲ။  နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ။ နင် စားချင်တိုင်း စားလို့မရဘူး။ နင်က အရူးလေ။ နင် ဘာစားနေတာလဲ။ နင်က  ပိုက်ဆံမရှာဘူး၊  အလုပ်ရမှတ်တွေလည်း မရဘူး! ငါ့မိသားစုက နင့်ကို ကျွေးမွေးထားရတယ်။ နင်က အလကားသမား၊ အဲဒါကို နင်သိလား"



ရန်လျန်ဟွာ ပြောသည့်စကားက သူမမိခင် ချန်ချိုင်ယွင်ဆီမှ ကြားလေ့ရှိသည့်စကားဖြစ်သည် ...



ချန်ချိုင်ယွင်က သူမရဲ့ ဒုတိယမိသားစုက ပိုက်ဆံအများဆုံးပေးရပြီး ဘာမှမလုပ်ရဘဲ ထမင်းစားရတဲ့ အရူးကို ပြုစုပျိုးထောင်နေရတယ်လို့ တစ်ချိန်လုံးပြောခဲ့သည်။



ရန်လျန်ဟွာက အဲ့တာကို အလွန်အကျွံ နားထောင်ခဲ့ပြီး ၎င်းက အမှန်တရားဖြစ်ကြောင်း သဘာဝကျကျ ခံစားခဲ့ရသည်။



ဒါပေမယ့် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ ကြမ်းတမ်းတဲ့ စကားတွေက အဘွားကြီးရန်ရဲ့ မိသားစုမှ သက်ကြီးရွယ်အိုများကို အံ့အားသင့်စေခဲ့သည်။



ဝမ်ရှို့ယင် ထိုစကားကိုကြားတဲ့အခါ သူမ ရင်ဘတ်က ပိတ်ဆို့သွားခဲ့သည်။



ရန်ယန်က ရန်လျန်ဟွာကို လျစ်လျူရှုပြီး လင်းရှောင်ယွဲ့ ကို "သွားမယ် မိန်းမ၊ အိမ်ပြန်ပြီး စားရအောင်"



 " မရဘူး ရှောင်ယန် ..."



လင်းရှောင်ယွဲ့ ရှက်ရွံ့ဟန်ဆောင်ပြီး ရန်ယန်ကို ဖမ်းကိုင်လိုက်ပြီး "ဒီပန်းကန်နှစ်ခုလုံးကို ချလိုက်။ ကျွန်မတို့ ပေါင်မုန့်နှစ်လုံး ယူလို့ရတယ်" 



 ရန်ယန် ငြင်းဆန်ခဲ့သည်။ "ငါ ပေါင်မုန့် မစားဘူး။ ဒါတွေကိုပဲ စားမှာ။ သူတို့နဲ့ တူတူစားမယ့်အစား အိမ်ပြန်ကြရအောင် "



 "မရဘူး"



လင်းရှောင်ယွဲ့ က ရန်ယန်ကို ဆက်ပြီးပြောခဲ့သည်။ "စကားနားထောင်။ စကားနေားထောင်ပါ အဲ့တာကို ချထားလိုက်။ ကျွန်မ ယောက်မ ဘယ်လောက် ဒေါသကြီးနေလဲဆိုတာ ရှင် မြင်နေတာပဲ။ အဲဒါတွေက ယောက်မ စားဖို့၊ ရှင် စားလို့မရဘူး"



 "မှန်တယ်!"



ရန်လျန်ဟွာက လင်းရှောင်ယွဲ့ ပြောတာဟာ အမှန်တရားဖြစ်တယ်လို့ ခံစားရသည်။  သူမ မှန်ကန်စွာပြောခဲ့သည်။  "နင်ကအရူး၊ နင်ဘာလို့ ဒါတွေစားနေတာလဲ။ နင် မိသားစုကို မထောက်ပံ့ဘူး၊ နင် အလုပ်တောင် မလုပ်ဘူး။ နင်စားဖို့ ပေါင်မုန့်တွေပေးရတာက ဖြုန်းတီးရာရောက်တယ် "



 ဝမ်ရှို့ယင်က ရန်လျန်ဟွာ စကားကို နားမထောင်နိုင်ခဲ့ပေ။  "လျန်ဟွာ နင်က အငယ်တစ်ယောက်လေ။ နင်ဒီလိုပြောလို့ရမလား။ ရှောင်ယန်က အလုပ်မလုပ်ဘူး ဒါပေမယ့် ငါနဲ့သူ့အဖေနှစ်ယောက်လုံး အလုပ်လုပ်နေတယ်လေ။ မိသားစုရဲ့ပိုက်ဆံကို ငါမသုံးရင်တောင် သူ့အဖေနဲ့ငါက သူ့ကိုထောက်ပံ့နိုင်တယ်! တစ်ခါတလေ ငါးနဲ့ကြက်ဥစားတာက ပြဿနာမရှိဘူး။ ငါ့တို့မိသားစုက တစ်စုံတစ်ယောက်ဆီက အခွင့်ကောင်းယူနေတာမဟုတ်ဘူး"



 "အိုး! အဒေါ် ရဲ့ရူးနေတဲ့သားကို ကျွန်မတို့စကားနည်းနည်းပြောတာကို အဒေါ်က မပျော်ဘူးလား"



ချန်ချိုင်ယွင် ကြားဖြတ်ပြောလိုက်သည်။  "နင့်ရဲ့ ရူးနေတဲ့သားလေးက အလုပ်မလုပ်ဘဲ လစာလည်းမရဘူး။ာသူ့ကို ကပ်ပါးရပ်ပါးလို့ ပြောတာက ဘာများမှားနေလို့လဲ "



ချန်ချိုယွင်က ထူးဆန်းတဲ့လေသံနဲ့ ပြောပြီး မျက်လုံးတွေကို မှိတ်ထားသည်။



 သူမသမီး ဒီလိုမျိုးပြောနေတာကို သူမ မတွေ့ခဲ့ရဘူး။ ပြောစရာလည်းမလိုဘူး၊ သူမသမီးလည်း အရမ်းယုတ္တိရှိမယ်လို့ ထင်တယ်။



 "ဒုတိယ ယောက်မ၊ နင့်ကို မေးပါဦးမယ်၊ ရှောင်ယန်ရဲ့အဖေနဲ့ ငါ တချိန်လုံး ဘာတွေ လုပ်နေကြ လဲ၊ ငါတို့ နှစ်ယောက်စလုံးက ထုတ်လုပ်ရေး အဖွဲ့မှာ တခြားသူတွေထက် ပိုကြိုးစားတယ်"



ဝမ်ရှို့ယင် ဒေါသထွက်သွားသည်။  "ရှောင်ယန်က ကပ်ပါးရပ်ပါးလို့ နင်အမြဲပြောနေတော့ ငါတို့နှစ်ယောက်လုံးက ညစာအတွက် အသားဟင်းကို မထိရဲကြဘူး။ မိသားစုမှာ လူအင်အား ပိုရှိဖို့အတွက် ငါတို့က သူ့အတွက် အလုပ်လုပ်တဲ့ ဇနီးတစ်ယောက်ဝယ်ဖို့ ငါတို့ စုဆောင်းထားတဲ့ စုဆောင်းငွေအားလုံးကို ဖောက်ထုတ်ပစ်လိုက်တာလေ။ ငါတို့မိသားစုက ဘာမှားနေလို့လဲ။  ငါတို့မိသားစုက အသုံးစရိတ်ကြီးနေလို့လား။ နင်ပြောတာကို ငါတို့ကခံနေရအောင်"



 "အိုး! နင်ကငါ့ကို ငြင်းနေတာလား"



ချန်ချိုင်ယွင်က ဝမ်ရှို့ယင်ရဲ့စကားကြောင့် စိတ်ဆွခံခဲ့ရသည်။ "နင်တို့နှစ်ယောက် အသားမစားဘူးပြောတယ် ဘယ်သူယုံမှာလဲ။ နင် ငါတို့ကို လှည့်စားခဲ့တာ နှစ်အတော်ကြာပြီ မဟုတ်လား။ မနေ့တနေ့ကမှ နင့်ကို ဖမ်းမိခဲ့တာလေ။ ပြီးတော့ ဒီနေ့ နင့်ရဲ့ အမာရွတ်တွေကို မေ့သွားပြီလား။ ဘာလဲ။ နင်က အသက်မကြီးသေးပေမယ့် မေ့ကုန်ပြီလား "



 "ဟုတ်တယ်!"



ရန်လျန်ဟွာကလည်း တစ်ချိန်တည်းမှာ ကြားဖြတ်ပြောခဲ့သည်။ "မနေ့က အဒေါ့ရဲ့ လုပ်ရပ်ကို ဖမ်းမိခဲ့တာလေ။ ဒီနေ့ အဒေါ် အပြစ်ကင်းသလို ဟန်ဆောင်နေတာလား။ တတိယ အဒေါ်၊ အဒေါ်က တကယ်ရယ်စရာပဲ"



 "လူကြီးတွေပြောတဲ့အချိန် မျိုးဆက်သစ်လူငယ်တွေ ကြားဖြတ် ပြောရမယ့်အလှည့်မဟုတ်ဘူး!"  ဝမ်ရှို့ယင် ဒေါသအရမ်းထွက်ပြီး သူမရဲ့ တူကိုလည်း ချလိုက်သည်။



 လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ရဲ့ဒေါသကိုမြင်တဲ့အခါ သူမယောက္ခမလည်း တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သိလိုက်ရသည်။



 အရမ်းကောင်းတယ်!



 "ဟုတ်ပြီ အဲဒါ အသေးအမွှားကိစ္စပဲ၊ ဆူညံသံက ဘာဖြစ်နေတာလဲ!"  တတိယ မိသားစု ခေါင်းဆောင် ရန်တယုံက ပြောခဲ့သည်။ အမျိုးသမီး ရန်ပွဲ ဆူညံနေသည့် မြင်ကွင်းကြောင့် သူ စိတ်ရှုပ်သွားသည်။



 သူ့မိသားစုမှာ အားနည်းချက်ရှိကြောင်း သူသိသည်။ ရန် မိသားစုတစ်ခုလုံးမှာ သူတို့ကို ဘယ်သူမှ မကူညီနိုင်ဘူးဆိုတာကိုလည်း သူသိသည်။



 ထို့ကြောင့် သူသး အရှုံးကို လက်ခံရယူရန် အစပြုကာ "ဒီဟင်းကို ငါတို့ တတိယမိသားစုပေးမယ်။ ပိုက်ဆံကို နှစ်ကုန်ငွေနဲ့ ဖြတ်နိုင်တယ်"



 "ဘာဖြတ်တာလဲ "



 ဒါပေမယ့် ဝမ်ရှို့ယင်က ဒီငွေစာရင်းကို လက်ခံဖို့ ငြင်းဆိုခဲ့သည်၊ "ကျွန်မတို့ မိသားစုက တစ်နှစ်စာအတွက် ပိုက်ဆံအများကြီး မရှိဘူး။ မနေ့က သူတို့ ၅ ယွမ် နုတ်တယ် ဒီနေ့လည်း ဒီထမင်းဖိုး ပိုက်ဆံကို ဖြတ်ဖို့ စီစဉ်ကြတယ်။ ကျွန်မတို့မိသားစု အသက်တောင် မရှင်နိုင်တော့ဘူး။ ကျွန်မတို့ကို မြစ်ထဲဘာလို့မပစ်ချရတာလဲ!"



 "ပါးစပ်ပိတ်ထား!"



ရန်တယုံက ဝမ်ရှို့ယင်ကို အော်လိုက်သည်။



အော်ဟောက်သံနှင့်အတူ ထမင်းစား စားပွဲတစ်ခုလုံးရဲ့ လေထုက ပြိုကျသွားခဲ့သည်။



 ရန် မိသားစုက အမျိုးသမီးတွေရဲ့ အော်ဟစ်သံက အမျိုးသားများ၏ အမြင်တွင် အသေးအဖွဲ့သာဖြစ်သည်။



 ဒါပေမယ့် ယောက်ျားတစ်ယောက် ဒေါသထွက်လာတဲ့အခါ အခြေအနေက ပြင်းထန်လာသည်။



 ညစာ စားပွဲမှာ ဘယ်သူမှ တူတွေ မရွှေ့ရဲကြတော့ဘူး။



ရန်ယန်က ပန်းကန်နှစ်လုံးကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး စားပွဲကလူတွေရဲ့ အမူအရာကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေခဲ့သည်။



လင်းရှောင်ယွဲ့ က စိတ်လှုပ်ရှားစွာနဲ့ ဆက်ရန်ဖြစ်နေတာကို မြင်ချင်သေးသည်။



 ရလဒ်ကောင်းက ဤကဲ့သို့ ရပ်တန့်သွားခဲ့လေ သည်။



 သူမ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။



 သိပ်မကြာခင်မှာပဲ ဝမ်ရှို့ယင်က မျက်နှာမည်းမှောင်လာပြီး ဖန်ခွက်ကိုခွဲလိုက်ပြီး " ရှောင်ယန်၊ ဒီဟင်းနှစ်ပန်းကန်ကို စားဖို့ အခန်းထဲ ယူသွား။ မင်းဘာစားချင်လဲ၊ ဒီအစားအစာကို ငါတို့ တတိယမိသားစုက ပေးလိုက်မယ်!"



ရန်ယန် မျက်ခုံးပင့်လိုက်ပြီး ရန်ဟုန်ချင်းကို ခေါ်လိုက်သည်။ "ကောင်လေး၊ မင်းလက်ထဲက အသားတွေ ပေး!"



ရလဒ်အနေနဲ့ ရန်ဟုန်ချင်းက ပန်းကန်ပြားကို မြှောက်လိုက်ပြီး အသားပန်းကန်ကို လွှတ်ပစ်လိုက်သည်။



 အသံတစ်ခုထွက်သွားတဲ့နောက်... ရန်ဟုန်ချင်း မျက်လုံးများ နီမြန်းလာပြီး ကျလာတဲ့ မျက်ရည်တွေကို ထိန်းထားလိုက်သည်။  "ငါအသားမစားရရင် မင်းလည်းမစားရဘူး! မင်းကအရူး၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ "



လင်းရှောင်ယွဲ့က ဇာတ်ပွဲကောင်းများ ဆက်ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။