အပိုင်း ၁၀
Viewers 434

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၁၀



  ရန်ယန်သည် နှစ်ပေါင်းများစွာကြာအောင် သူ့ IQ နိမ့်ခြင်းကြောင့် ရန် မိသားစုဝင်များ အပါအဝင် ပြင်ပလူများ၏ ရှုံ့ချခြင်းကို ခံခဲ့ရသည်။



 တတိယမိသားစုအတွက်တော့ သူတို့ရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့ ရန်ယန်က ဝန်ထုပ်ဝန်ပိုးတစ်ခုလိုပဲ။



 သူက ပုံမှန်အားဖြင့် ကောင်းမွန်ပြီး ဒုက္ခမပေးတတ်ပေမယ့် သူလုပ်တဲ့အခါတွင် အပြစ်မှာ ဝမ်ရှို့ယင်နဲ့ ရန်တယုံ တို့အပေါ်တွင်သာ ရှိသည်။



 ညစာစားပွဲတွင် ရန်မိသားစုမှ ရန်ယန်အကြောင်း စောဒကတက်သည်။



 မိသားစုတိုင်းမှ အမျိုးသမီးများ အထူးသဖြင့် ချန်ချိုင်ယွင်နဲ့ ရန်လျန်ဟွာတို့ရဲ့ ပါးစပ်က ကြမ်းတမ်းစွာ ပြောဆိုခဲ့ကြသည်။



 ဒါက ကြီးမားတဲ့အရာ မဟုတ်ပေမယ့် သူတို့နှစ်ယောက်က ရွေးနုတ်ကယ်တင်ခြင်းထက် ဆိုးသွမ်းတဲ့ပုံပေါက်စေအောင်လုပ်ခဲ့ကြသည်။


 (TN: +- ရွေးနှုတ်ခြင်း (idiom) ကိုကျော်လွန်၍ ဆိုးသွမ်းသော သို့မဟုတ် ၎င်းကို ရက်စက်ကြမ်းကြုတ်သည်ဟုလည်း ဘာသာပြန်ဆိုနိုင်သည်)



ရန်ယန်ကြောင့်  ယောက်ျားလေး ပညာတတ်လူငယ်တွေက ရန်လျန်ဟွာကို မကြိုက်တာကြောင့်ဖြစ်သည်။



ရန်ယန်က ရန်လျန်ဟွာရဲ့ အိမ်ထောင်ရေးကို ပျက်စီးစေခဲ့သည်။



 သူ့မှာ အပြစ်တွေ အများကြီးရှိသည်။



ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က အရသာမရှိ စွာနဲ့ စားသောက်ခဲ့ကြပြီး အနည်းငယ် ဒေါသထွက်သွားကြသည်။



 ထမင်းစားပြီးနောက် ဝမ်ရှို့ယင်နဲ့ လင်းရှောင်ယွဲ့တို့က ပန်းကန်များကို ဆေးကြောပေးကြသည်။



 အခန်းထဲ၌ ယောက္ခမနှင့်ချွေးမတို့ ဘေးချင်းကပ်ထိုင်လျက် ဝမ်ရှို့ယင်က ပန်းကန်များကို ပထမအကြိမ် ဆေးကြောပြီး လင်းရှောင်ယွဲ့က ပန်းကန်များကို ဒုတိယအကြိမ် ဆေးကြောသည်။



 တိတ်ဆိတ်တဲ့လေထုက ခဏသာကြာပြီး မကြာခင် ဝမ်ရှို့ယင်က လေထုကိုချိုးဖျက်လိုက်သည်။ " ရှောင်ယန် ဒီနေ့  ........ ဘယ်လိုပုံစံရှိလဲ"



လင်းရှောင်ယွဲ့က သူမလုပ်နေတာတွေကို ရပ်လိုက်ပြီး ဝမ်ရှို့ယင်ကို ပြန်မဖြေခင် ဘယ်သူမှ ရှိမနေဘူးဆိုတာ သေချာအောင် လှည့်ကြည့်လိုက်သည်။  " ယောက္ခမ၊ ရှောင်ယန်က ဒီနေ့ အရမ်းဆိုးတယ်။ သူ့ကို ထိန်းလို့ မရဘူး"



 ဒီခေတ်ကျေးလက်အမျိုးသမီးတစ်ယောက်အနေနဲ့ ဝမ်ရှို့ယင်က Dissociative identity disorder* ကိုယ်ခွဲအထောက်အထားရောဂါကို သတိမထားမိခဲ့ပေ။


***Dissociative identity disorder (DID) သည် စိတ်ကျန်းမာရေး အခြေအနေတစ်ခုဖြစ်သည်။ DID ရှိသူများတွင် သီးခြား ကိုယ်ခွဲ နှစ်ခု သို့မဟုတ် ထို့ထက်ပိုပါသည်။ ထိုကိုယ်ခွဲများသည် မတူညီသောအချိန်များတွင် ၎င်းတို့၏ အပြုအမူကို ထိန်းချုပ်သည်။ ကိုယ်ခွဲတစ်ခုစီတွင် ၎င်း၏ ကိုယ်ပိုင်သမိုင်း၊ စရိုက်လက္ခဏာများ၊ ကြိုက်နှစ်သက်မှုနှင့် မကြိုက်မှုများရှိသည်။



 သူမသားကို ငယ်စဉ်ကတည်းက မကောင်းဆိုးဝါးဖြစ်နိုင်တယ်လို့သာ သူမထင်ခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် မကောင်းဆိုးဝါးများ ပုန်းအောင်းနေတာကြောင့် သူ့စိတ်က မကြာခဏဆိုသလို ပြောင်းလဲသွားတာလို့ထင်ခဲ့သည်။



ရန်ယန်ရဲ့ ခန္ဓာကိုယ်တွင် ကိုယ်ခွဲများစွာရှိတာကို ဝမ်ရှို့ယင် မသိပေ။



 ဒါကြောင့် လင်းရှောင်ယွဲ့က သူဆိုးတယ်လို့ ပြောတဲ့အခါ ဝမ်ရှို့ယင်က အံ့သြသွားခြင်းမရှိပေ။



ဝမ်ရှို့ယင် စကားပြောလိုက်သည်။  "ဒီရက်ပိုင်း ရှောင်ယန် ရဲ့ အခြေအနေကို မြင်ခဲ့တယ်မလား။ အမေ့ကို မေးချင်တာတစ်ခုခုများရှိလား"



လင်းရှောင်ယွဲ့ ဟန်ဆောင်တွေးတောရင်း နှုတ်ခမ်းကို ပွတ်သပ်ပြီး "အမေ၊ ရှောင်ယန်မှာ တစ်ခါတလေမှာ ကြည်လင်တဲ့စိတ်ရှိတယ်"



ဝမ်ရှို့ယင်က ခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်။  "ဟုတ်တယ်၊ တစ်ခါတလေ စိတ်ကြည်နေတယ်။ တစ်ခါတလေတော့ သူက ဆိုးတယ်။ သူ့အခြေအနေကို သိတဲ့လူက သူ့အဖေနဲ့ ငါပဲ။ အခုတော့ နောက်တစ်ယောက်ဖြစ်တဲ့သမီး ရှိလာပြီ။ သမီး သူ့ကိုမကြောက်သင့်ဘူး။ သူ သမီးကို ဒုက္ခပေးမှာမဟုတ်ပါဘူး"



 "ကျွန်မ သူ့ကို မကြောက်ပါဘူး"



လင်းရှောင်ယွဲ့ ခေါင်းခါလိုက်ပြီး "သူ့အခြေအနေက သိပ်မဆိုးဘူးထင်တယ်၊ သူပြန်ကောင်းလာနိုင်တယ်"



ဝမ်ရှို့ယင် ခေါင်းယမ်းကာ ခါးသက်စွာ ပြုံးကာ "ပြန်ကောင်းလာဖို့ မဖြစ်နိုင်ဘူး။ သူ ငယ်ငယ်လေးတုန်းက အမေ သူ့ကို ဆရာ့ဆီ တိတ်တိတ်လေး ခေါ်သွားခဲ့ဖူးတယ်။ ဆရာက သူ့ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါး အများအပြား နေထိုင်ပြီး သူတို့ကို စွန့်ခွာသွားအောင်လုပ်နိုင်တဲ့ နည်းလမ်းမရှိဘူးတဲ့။ ပိုနက်နဲတဲ့ တာအိုအရှင်နဲ့ ဆရာ့ဆီသွားဖို့ ငွေအများကြီးလိုတယ်။ အလိုလေး ..."



ဝမ်ရှို့ယင် ပြောတဲ့အခါ လင်းရှောင်ယွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်...



 အဲ့လူလိမ်က ဘယ်မှာလဲ?



 စာရေးဆရာက ဤစာအုပ်ကိုရေးတဲ့အခါ သူက ကိုယ်ခွဲစရိုက်မျိုးစုံကို ရရှိခဲ့သည်။



 အဲဒါက လောကုတ္တရာဆန်လွန်းတယ်... သူတို့ ပိုက်ဆံတွေ အများကြီး လှည့်စားခဲ့တယ်ထင်တယ် ဟုတ်လား။



ထားလိုက်ပါတော့ ...



 ရုပ်ဝါဒကို ယုံကြည်ပေမယ့် ဤခေတ်တွင် လူတို့ တွေးပုံထင်မြင်ပုံမှာ ဤအတိုင်းပင်။



 "ရှောင်ယွဲ့..." ဝမ်ရှို့ယင် သက်ပြင်းချလိုက်သည်။



 " ဟုတ်ကဲ့ အမေ "  လင်းရှောင်ယွဲ့က ကမန်းကတန်း တုံ့ပြန်လိုက်သည်။



 "ရှောင်ယန်ရဲ့ အခြေအနေက ပိုပြင်းထန်နိုင်တယ်"



ဝမ်ရှို့ယင် ဝမ်းနည်းနေတဲ့မျက်နှာနဲ့ ပြောလိုက်သည်။  “ဒီရက်ပိုင်းမှာ အမေ ကိုယ်ပိုင်အလုပ်တွေ ပိုလုပ်မယ်။နှစ်မကုန်ခင် ဆရာ့ဆီ သူ့ကို ထပ်သွားပြဖို့ အမေတို့ ကြိုးစားနေတယ်။ သမီးက အိမ်မှာနေပြီး သူ့ကို ပိုစောင့်ကြည့်ရလိမ့်မယ်"



လင်းရှောင်ယွဲ့က လေးနက်တဲ့မျက်နှာအမူအရာနဲ့ပြောလိုက်သည်။ "ဟုတ်ကဲ့ ရှောင်ယန်ကို သေချာစောင့်ကြည့်ပါ့မယ်။ ရှောင်ယန်ကို ဂရုစိုက်ပါ့မယ်!"



 သူမရဲ့ ရိုးသားမှုကိုမြင်တော့ ဝမ်ရှို့ယင်က စိတ်သက်သာရာရသွားသလိုပဲ။ "ဒီကလေး... မင်းက တော်တော်ကောင်းတာပဲ"



လင်းရှောင်ယွဲ့ မျက်ခုံးပင့်လိုက်သည်။ "အမေ၊ ကျွန်မမှာ စရိုက်ကောင်းရှိပါတယ် "



ဝမ်ရှို့ယင် ကျေးဇူးတင်စွာ ပြုံးလိုက်သည်။ "တော်တော်ကောင်းတယ်၊ ငါ မင်းကို အရမ်းသဘောကျတယ် "



လင်းရှောင်ယွဲ့က ယောက္ခမရဲ့ မျက်နှာသာ ရရှိပြီး  ယောက္ခမနှင့်ချွေးမကြား ဆက်ဆံရေးကို

ကနဦး အခြေချခဲ့သည်။



 မင်းတို့ သိသင့်သည်။ မူလက ဒီအိမ်မှာ မူလပိုင်ရှင် လင်းရှောင်ယွဲ့က ယောက္ခမနဲ့ ယောက္ခထီးတို့ရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။ ဘာလို့လဲဆိုတော့ သူမက ရန်ယန်ကို မနှစ်မြို့တာကြောင့်ဖြစ်သည်။



 အခု သူမက မူလပိုင်ရှင် လင်းရှောင်ယွဲ့ထက် လူတိုင်းနဲ့ ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်သည်။



လင်းရှောင်ယွဲ့ ပန်းကန်ဆေးနေတုန်း ရန်ယန်ရဲ့ တတိယကိုယ်ခွဲက တင်ပျဥ်ခွေထိုင်ပြီး ဘာမကောင်းတာတွေ ထပ်လုပ်ရမလဲဆိုတာကို စဥ်းစားနေကာ ဘေးခန်းမှာ ရှိနေသည်။



 ပန်းကန်တွေ ဆေးကြောပြီးနောက် လင်းရှောင်ယွဲ့ အိမ်အသေးလေးထဲ အမြန်ပြေးသွားခဲ့သည်။



 တံခါးတွန်းလိုက်တော့ ရန်ယန် ကုတင်ပေါ်မှာ လှဲနေတာကို တွေ့လိုက်ရသည်။  "ဟေး မအိပ်နဲ့။ ရှင် အိပ်ပျော်သွားရင် ရှင်ဖြစ်လာတော့မှာ မဟုတ်ဘူး။ ထ!"



ရန်ယန် ကျိတ်ရယ်လိုက်ပြီး ထထိုင်ကာ ကုတင်ပေါ်လက်တင်ပြီး သူမကို ပျင်းရိစွာ ကြည့်လိုက်သည်။ "ဘာလဲ။ ငါ့ကို သွားခွင့်မပြုနိုင်ဘူးလား"



 ဟုတ်တယ်၊ သူမ ဝန်လေးနေတယ်။



 သုံးယောက်ထဲမှာ သူက အချောဆုံးလေ။



လင်းရှောင်ယွဲ့ တံခါးကိုပိတ်ပြီး သူ့ဆီ ပြေးလာသည်။  သူမက ပြုံးပြီး ကုတင်ပေါ်ထိုင်ကာ “ကျွန်မ ရှင့်ကိုအရမ်းစိတ်ဝင်စားဖို့ကောင့်တဲ့ဟာ ပြောချင်လို့ "



ရန်ယန် မျက်ခုံးပင့်ပြီး ပျင်းရိစွာနဲ့ပြောလိုက်သည်။ "ဘာလဲ"



လင်းရှောင်ယွဲ့က သူမ ဖိနပ်ကို ချွတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။  “အမေက ပိုက်ဆံတွေ ဒီထက်မက ပိုရှာချင်ပြီး ရှင့်ကို ဆရာနဲ့တွေ့ဖို့ ခေါ်သွားမယ်လို့ပြောပြတယ်။  ရှင့်ရဲ့ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင် ပုန်းနေတယ်လို့ ပြောတယ်။ များသောအားဖြင့် အဲ့တာက ကောင်းပါတယ်။  မကောင်းဆိုးဝါး ထွက်လာသရွေ့ အခြေအနေက ဆိုးရွားနေလိမ့်မယ်။  ရှင့်ရဲ့ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါးကို ချုပ်တည်းဖို့ နည်းလမ်းရှာဖို့ ဆရာ့ဆီ သွားမယ်လို့လည်း ပြောတယ်!"



ဒါက စကားစမြည်ပြောပြီးနောက် ဝမ်ရှို့ယင်က သူမနဲ့ စကားအများကြီးပြောခဲ့တာဖြစ်သည်။



လင်းရှောင်ယွဲ့  ဒါကို ကြားလိုက်တဲ့အချိန် ရယ်ချင်လာသည်... ဝမ်ရှို့ယင်ရဲ့ပါးစပ်မှ မကောင်းဆိုးဝါးက... တတိယလူ ဖြစ်တာကို သူမ သိတာကြောင့်ပင်



 ကျန်တဲ့ ကိုယ်ခွဲ နှစ်ခုက နူးညံ့သိမ်မွေ့ပြီး နာခံမှု ရှိသည်။



 "ဟေး"



 ရန်ယန်က မထီမဲ့မြင်ပြုတဲ့ အသံထုတ်လိုက်သည်။ သူက လှည့်ပြီး ကုတင်ပေါ် လှဲလျောင်းလျက် လက်တွေကိုထပ်ကာ ခေါင်းနောက်ဘက်၌ ထားခဲ့သည်။



 အဲဒါက လှည့်စားခြင်းဟုတ်၊ မဟုတ် မသိပေမယ့် လင်းရှောင်ယွဲ့ သူ့မျက်နှာကို မြင်လိုက်ရပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ စိတ်ပျက်လက်ပျက်ဖြစ်နေတာကိုတွေ့လိုက်ရသည်။



 အာ...



 သူမပြောတာ တစ်ခုခုမှားသွားလို့လား?



 သူ့ရှေ့မှာ ဒီလိုစကားမျိုး မပြောသင့်ဘူးလား။



 သူ့အမေရဲ့ ပါးစပ်ထဲမှာ သူက မကောင်းဆိုးဝါးဆိုတာလည်း သူ သိထားမှရမယ်လေ ဟုတ်တယ်မလား။



"ကျွန်မ ...ပြောချင်တာက အမေက အရမ်းအယူသီးလွန်းတယ်"



လင်းရှောင်ယွဲ့ က "တကယ်တော့ ရှင့်ရဲ့အခြေအနေက ဆေးပညာအရ ရှင်းပြလို့ရတယ်။အဲ့တာ စိတ်ရောဂါတစ်ခုပဲ..."



 "သူမက ငါ့ကို မကောင်းဆိုးဝါးလို့ပြောတာ။ အခု မင်းပြောနေတာက ငါ့မှာ စိတ်ရောဂါရှိတယ်"


 

ရန်ယန်  "ရယ်စရာပဲ" ဟု နှာမှုတ်လိုက်သည်။



 သူ့အသွင်အပြင်က မိမိကိုယ်ကို ကာကွယ်ရန်သာဖြစ်သည်ကို သူကိုယ်တိုင်သိသည်။



 "မဟုတ်ဘူး၊ ဒါက တကယ်ကို စိတ်ရောဂါပဲ"



လင်းရှောင်ယွဲ့က သူက သူမရဲ့နှလုံးသားကို နားထောင်ခဲ့ကြောင်း မြင်ခဲ့သည်။  သူမသည် ဖြည့်စွက်စာများကို အလျင်အမြန်ရှာဖွေခဲ့သည်။ "ဆေးပညာမှာ ရှင့်ရဲ့အခြေအနေက Multiple personality disorder လို့ခေါ်တယ်။ အဲဒါက မတူညီတဲ့ ကိုယ်ခွဲတွေအဖြစ် ကွဲသွားပေမယ့် ကိုယ်ခွဲတစ်ခုစီတော့ ရှိနေတယ်။ ဒါကစိတ်ရောဂါတွေထဲက တစ်ခုဖြစ်ပြီး ပျောက်ကင်းအောင် ကုသလို့ရတယ် "


****Multiple personality disorder - ယခင်က မျိုးစုံသော ကိုယ်ခွဲရောဂါဟု လူသိများသော ဤရောဂါသည် သမရိုးကျ လက္ခဏာများဆီသို့ "ကူးပြောင်းခြင်း" ဖြင့် လက္ခဏာရပ် ဖြစ်သည်။ သင့်ခေါင်းအတွင်း၌ စကားပြောနေသော  လူနှစ်ဦး သို့မဟုတ် ထိုထက်ပိုသော လူများရှိနေခြင်းကို သင်ခံစားရနိုင်ပြီး သင့်တွင် အခြားအထောက်အထားများ ပိုင်ဆိုင်ထားသကဲ့သို့ ခံစားရပေမည်။



 "ဒီလောက်ဆိုရပြီ!"



ရန်ယန် ညည်းညူရင်း မျက်လွှာချထားပြီး  သူမကို ကြည့်လိုက်သည်။ "ဘယ်လိုကုသရမလဲ၊ ငါ့ကို သတ်မှာလား။ ငါတို့ သုံးယောက်လုံးကိုသတ်မှာလား။ ငါတို့ထဲက တစ်ယောက်ကို ချန်ထားမှာလား"



လင်းရှောင်ယွဲ့  - "ဟင်......."



 ဒီရောဂါအကြောင်း သူမတကယ်မသိဘူး။



 မူရင်းဝတ္ထုမှာ အမျိုးသားဇာတ်ဆောင် လုရှမင်က ရန်ယန်နဲ့ဆက်ဆံတဲ့အခါ သူနဲ့ အမျိုးသမီး ဇာတ်ဆောင်က သူ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားခဲ့ပြီး သူ့ရဲ့ အခြား ကိုယ်ခွဲနှစ်ခုကို သတ်ပစ်ခဲ့ကာ ... အသန့်ရှင်းဆုံး၊ ခြောက်နှစ်သား စရိုက် ကိုယ်ခွဲကိုသာ ချန်ထားခဲ့သည်။



 တကယ်တော့ အသက်ခြောက်နှစ်အရွယ် ရန်ယန်ကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ခဲ့တာ။



 မူရင်းဝတ္ထုအတိုင်းသာဆို ဒီကုထုံးက ရက်စက်လွန်းသည်။



 "ဟေး..."



ရန်ယန် သူမကို မမျှော်လင့်ဘဲ ခေါ်လိုက်သည်။ "မင်း ငါတို့ထဲက တစ်ယောက်ယောက်ကို ကုသဖို့ တကယ်ချန်ထားချင်တယ်ဆိုရင် ဘယ်တစ်ယောက်ကို မင်း ချန်ထားချင်လဲ"



 လင်းရှောင်ယွဲ့ စက္ကန့်ပိုင်းအတွင်းမှာ "သေချာပေါက် ရှင်ပဲပေါ့ " လို့ ပြန်ဖြေလိုက်သည်။



 မူရင်းစာအုပ်တွင် သူမသည် သူ့ကို အနှစ်သက်ဆုံးဖြစ်သည်။



 ရန်ယန်ရဲ့ နှုတ်ခမ်းထောင့်များက အထက်ကို ကော့တက်သွားခဲ့သည် "အိုး။ သေချာလား "



လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "သေချာတယ် "



 ထိုအချိန်တွင် ရန်ယန် စိတ်ကောင်းဝင်နေခဲ့သည်။



 ဒီစျေးပေါတဲ့မိန်းမကို ပိုပိုပြီး ကြိုက်လာသလိုပဲ။