အပိုင်း ၉
Viewers 443

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၉




 ရန် မိသားစု၌ ရန်လျန်ဟွာက ရန်ယန်ကို  အမြဲအနိုင်ကျင့်ခဲ့သည်။ ဒါပေမယ့် သူမ ရန်ယန်ရဲ့ အနိုင်ကျင့်ခြင်းကို တစ်ခါမျှ မခံရဖူးပေ။



 သူမ ဒီနေ့စိတ်ကောင်းဝင်နေသည်။ ဝတ်စားဆင်ယင်ပြီး ပညာတတ်လူငယ်တွေကို ရှာဖွေဖို့ စိတ်ကူးခဲ့သည်။



 ခြံဝင်းထဲ လမ်းလျှောက်လာချိန် ၁၉ ယွမ်နဲ့ ဝယ်ထားတဲ့ စျေးပေါတဲ့အမျိုးသမီးနဲ့ ရူးနေတဲ့ ရန်ယန်ကို သူမ အာရုံမစိုက်ချင်ဘူး။



ရန်ယန်က သူမရဲ့ စိတ်ကို တကယ်လာဆွလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။



 သူမကို ပြောင်းဖူးစေ့နဲ့ ပေါက်ရုံတင်မကဘဲ သူက အရမ်းကိုရယ်ပြီး သူမကို ရုပ်ဆိုးတယ်လို့တောင် ပြောသေးသည်။



ရန်လျန်ဟွာက ဒေါသအရမ်းထွက်ပြီး ခြံဝင်းထဲက တံမြက်စည်းကို ကောက်ကိုင်လိုက်သည်။ သူမ ကျိန်ဆဲပြီး ပြေးသွားခဲ့သည်။ "နင်က ဘာရယ်တာလဲ။ နင် ရူးနေလို့ဆိုပြီး ငါနင့်ကိုမရယ်ခဲ့ဖူးဘူး။ နင်ကများ ငါ့ကို ရယ်ရဲတယ်ပေါ့။ သင်ခန်းစာတစ်ခု သင်ပေးမှရမယ်"



 ၁.၈ မီတာ (၅ပေ၁၁ လက်မ) အရပ်မြင့်တဲ့ ရန်ယန်က သူမကို မကြောက်တာကြောင့် ပြောင်းဖူးတစ်ဖူးကို ကောက်ယူပြီး သူမဆီ တိုက်ရိုက် ပစ်လိုက်သည်။



 ပြောင်းဖူးက မျဉ်းကွေးပုံစံအတိုင်း ပြုတ်ကျပြီး ရန်လျန်ဟွာ ခေါင်းကို ထိမှန်သွားသည်။



 "ဘုတ်"



ရန်လျန်ဟွာက နောက်ယိုင်သွားကာ သူမ တင်ပါးနဲ့ လဲကျသွားပြီး အော်ဟစ်လိုက်သည်။



 "ဟားဟားဟားဟားဟား~"



 ရန်ယန်က ရယ်ခဲ့သည်။



 ရယ်မောရင်း လင်းရှောင်ယွဲ့ ကို စကားပြောလိုက်သည်။  "မိန်းမ၊ ကြည့်စမ်း၊ သူက ရုပ်ဆိုးပြီး ဒုံးဝေးတယ် ဟားဟားဟားဟား-"



လင်းရှောင်ယွဲ့ က သူ သူမကို တမင်တကာ ဒေါသဆွနေမှန်း သိသည်။  ဒီပြဇာတ်ကို ကြည့်ပြီးတော့ ဒီမြင်ကွင်းက တကယ် လန်းဆန်းသွားစေတာကိုတော့ ဝန်ခံရမည်။ 



 သူမ လည်ချောင်း ရှင်းပြီး သူ့ကို တားဖို့ သိက္ခာရှိတဲ့အသံတစ်ခု ထုတ်လိုက်သည်။ "အို့.....လူတွေကို မဆင်မခြင်နဲ့ ပစ်ပေါက်လို့မရဘူးလေ! သူ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေကျန်ခဲ့ရင် လူကြီးတွေဆီ သွားတိုင်လိမ့်မယ်..."



 ပြောင်းဖူးနဲ့ ပေါက်ခံရတဲ့ သူမ ဦးခေါင်းမှာ နာကျင်နေသည်။



သူမ အော်ခဲ့သည်။ " နင် ဆိုးဆုံးမခက်တဲ့ကောင်! နင်တို့နှစ်ယောက်လုံး ဆိုဆုံးမရခက်တယ်သူတွေ။ ငါ နင်တို့ကို ဖော်ထုတ်ပြမယ်။ အရူးက ငါ့ကို ဘယ်လို အနိုင်ကျင့်ခဲ့တယ်ဆိုတာ ငါ့အမေကို ပြောပြမယ်"



 "မလုပ်ပါနဲ့ အစ်မရယ်။ ရှောင်ယန်ရဲ့ အခြေအနေကို အစ်မလည်း သိတာပဲ။ သူသေချာပေါက် အဲ့လိုဆိုလိုချင်တာမဟုတ်ဘူး" 



လင်းရှောင်ယွဲ့က ရန်ယန်ကို ကာကွယ်ဖို့ တမင်ဟန်ဆောင်ခဲ့သည်။  သူမက ရန်ယန် လက်ထဲ ပြောင်းဖူးတစ်ခုကို တွန်းထည့်လိုက်ပြီး သူ့ကိုစကားပြောလိုက်သည်။"အ ရှောင်ယန်၊ မြန်မြန်လုပ်၊ မကစားနေနဲ့။ သူ စိတ်ဆိုးနေပြီ"

...



 ထိုပြောင်းဖူးကို လက်ခံရယူပြီး ရန်ယန်က ထပ်ပစ်ပေါက်လိုက်သည်။



ရန်လျန်ဟွာက အရူးက သူမကို နောက်တစ်ကြိမ် ထပ်ပေါက်ရဲလိမ့်မယ်လို့ မထင်ခဲ့ပေ။



 ဒါကြောင့် ပြောင်းဖူးကို ရှောင်ဖို့ အချိန်နှောင်းသွားခဲ့ပြီး ပြောင်းဖူးရိုးနဲ့ ခေါင်းကို နောက်တစ်ကြိမ် ပေါက်ခံလိုက်ရပြန်သည်။



 "ဘုတ်"



 ရန်လျန်ဟွာက မြေပြင်ပေါ် တည့်တည့် လဲကျသွားပြီး မျက်လုံးတွေက ပြူးကျယ်ကာ မယုံနိုင်စွာဖြင့် ကောင်းကင်ပြာကြီးကို ရင်ဆိုင်လိုက်ရသည်။



 ဒီအရူးကတော့ ... သူ ဒီနေ့ ရူးသွားတာလား?



 "ဟားဟားဟား~ ပျော်စရာကြီး ~ "



ရန်ယန်က ရယ်မောပြီး လက်ခုပ်တောင်တီးနေလိုက်သေးသည်။



 ပါးစပ်ဖြင့်ပြောလိုက်တဲ့ 'ပျော်စရာကြီး'က ကလေးဆန်တဲ့ လေသံမဟုတ်ဘဲ ရင့်ကျက်တဲ့လေသံဖြစ်သည်။



လင်းရှောင်ယွဲ့ သူ့ကို စိုက်ကြည့်လိုက်သည်။ သူ ဖော်ထုတ်ခံရမှညကို သူမ စိုးရိမ်နေမိသည်။



ဒါပေမယ့် သူ့မျက်နှာပေါ်က မကောင်းဆိုးဝါးလို အပြုံးကို တစ်ချက် လှမ်းမြင်လိုက်ရပြီး နံနက်ခင်း အလင်းရောင်က သူ့ချောမောတဲ့ မျက်နှာပေါ် ဖြာကျနေခဲ့သည်။



 သူ့အမူအရာနဲ့ သူ့အလိုလို ပြတ်သားသော စိတ်နေသဘောထားက အန္တရာယ်မရှိဘူးဆိုတာ ထင်ရှားသည်။



 ပေါ်တော့မှာလား ဒါမှမဟုတ် မဖေမပေါ်ဘူးလားကို လျစ်လျူရှုလိုက်ပါ။  သူ့ရုပ်ရည်က ချောမောလွန်းလှသည်။



 အိုး အမေ...



 ငါမူးနေပြီး!  ငါမူးနေပြီ!



ရန်လျန်ဟွာက မြေပြင်ပေါ် လဲလျောင်းနေပြီး မိနစ်ဝက်ခန့် ကြောင်အနေခဲ့သည်။



 ရန်ယန်က သူမကို ပြောင်းဖူးရိုးအနည်းငယ်နဲ့ ထပ်ပစ်ပေါက်ခဲ့ပြီး သူမကို ထပ်တိုက်တွန်းလိုက်သည်။  "ထတော့၊ အရူး၊ ထပြီး ကစားလေ "



 ရူးနေပြီ ရူးနေပြီ...



 ဒီအရူးက လုံးဝကိုအရူးပဲ။



ရန်လျန်ဟွာက မတ်တတ်ထရပ်ရင် သူထပ်ပြီးပစ်ပေါက်မှာကိုကြောက်လို့ ထတောင်မထိုင်ရဲဘူး။



 ပြောင်းဖူးရိုးက မာနေပြီး သူမရဲ့နဖူးကို နှစ်ကြိမ်ထိမှန်ခဲ့ကာ အခုတော့ ဦးခေါင်းခွံက နာကျင်နေသလို ခံစားရသည်။



 ရန်လျန်ဟွာ ထပ်ပြီး မခံစားရဲတော့ပေ။



 "လင်းရှောင်ယွဲ့! မင်းရဲ့အရူးကို ဂရုစိုက်ဦး!" ရန်လျန်ဟွာက မြေပြင်ပေါ် လှဲဲရင်း ဒေါသတကြီးအော်လိုက်သည်။



 "ကောင်းပါပြီ၊ ဒါဆို မတိုင်နဲ့နော် "



လင်းရှောင်ယွဲ့က ရန်ယန်ရဲ့လက်ကို ဖိထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အကျယ်ကြီးပြောခဲ့သည်။ "ရှောင်ယန်၊ ထပ်မကစားတော့ပါဘူးလို့ ကတိပေး။ ငါ့ရဲ့အစ်မနဲ့ ထပ်ကစားခဲ့ရင် ငါဒေါသထွက်ရလိမ့်မယ်နော် "



ရန်ယန် သူ့လက်ပေါ်က အမှိုက်တွေကိုပုတ်ချလိုက်သည်။  သူ လင်းရှောင်ယွဲ့ကို ကြည့်ဖို့ ခေါင်းလှည့်လိုက်ပြီး ပါးစပ်ထောင့်က လှောင်ပြုံး ပြုံးကာ "ကောင်းပြီ။ ငါ့မိန်းမပြောတာ နားထောင်မယ်။ ငါ့မိန်းမ ပြောတာ ငါ နားထောင်မယ်!"



ရန်ယန် ချောမောပြီး ထူးကဲတဲ့ မျက်နှာနဲ့ သူ့ပါးစပ်စွန်းတွင် ချိတ်ဆွဲထားသော လှောင်ပြုံးက ရံဖန်ရံခါရှိနေသည်။ ရိုးရှင်းစွာပင် လင်းရှောင်ယွဲ့ ကို မခံမရပ်နိုင်ဖြစ်စေသည်။



 လင်းရှောင်ယွဲ့က သူမ အရူးအမူးစွဲလန်းနေတာကို တွန်းလှန်ဖို့ သူ့ကိုယ်သူ အတင်းအကြပ် တွန်းလှန်ပြီး အကျယ်ကြီးထပ်အော်ခဲ့သည်။ "အစ်မ၊ ရှောင်ရန် ထပ်မကစားတော့ပါဘူး။ အစ်မ မြန်မြန်ထတော့ "



ရန်လျန်ဟွာ မြေပြင်မှ အမြန်ထရန် အခွင့်အရေး ယူလိုက်သည်။ သူမ တံမြက်စည်းကို ကောက်ကိုင်ကာ အရူးကို သင်ခန်းစာပေးချင်နေသည်။



 ဒါပေမယ့် ဒီနေ့တော့ ဒီအရူးက ရူးသွားပြီ။ သူဘယ်လောက် အရပ်ရှည်တယ် ဆိုတာကို တွေးကြည့်မိတော့ ရန်လျန်ဟွာ သူ့ကို တကယ် မအနိုင်ယူနိုင်ခဲ့ပေ။



 ဒါနဲ့ သူမ ထပြီး ပြေးသွားသည်။ ထို့နောက် သူမ ဒေါသတကြီးအော်လိုက်သည်။ "ငါလူကြီးတွေကို သွားပြောမှာ နင် အရူးကောင်။ ပြီးတော့ နင်ကောပဲ။ ဒါကမပြီးသေးဘူး။ ငါ့အမေကိုသွားပြောမှာ။ နင်တို့နှစ်ယောက် ခဏလေးပဲစောင့်။ နင်တို့နှစ်ယောက်လုံး အပြစ်ပေးခံရလိမ့်မယ်"



 အော်ဟစ်ပြီးနောက် ရန်လျန်ဟွာက ဒေါသတကြီးနဲ့ အိမ်ထဲမှ ပြေးထွက်သွားခဲ့သည်။



 သူမ အိမ်အပြင်မှာ ပုန်းနေသည်။ ရန်လျန်ဟွာ သူ့ကိုယ်သူ လျင်မြန်စွာ သန့်စင်လိုက်သည်။ သူမကျစ်ဆံမြီးတွေကို ပြင်ပြီး သူမမျက်နှာကို ကိုင်လိုက်သည်...



 သူမ အနိုင်ကျင့်ခံခဲ့ရပေမယ့် ရန်လျန်ဟွာက ပညာတတ်လူငယ်တစ်ဦး ရှာဖွေတာကို ဘယ်အရာမှ တားဆီးနိုင်မည်မဟုတ်ပေ။



  သူမက သူမ စိတ်ခံစားချက်ကို လျင်မြန်စွာ ဖယ်ရှားခဲ့ပြီး ပညာတတ်လူငယ် နေအိမ်ဆီ ဆက်လျှောက်သွားခဲ့သည်။



ရန်လျန်ဟွာ ထွက်သွားပြီးနောက် လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က ခြံထဲမှာ ပြောင်းဖူးတွေကို ဆက်ခြွေခဲ့သည်။



ရန်ယန်က လင်းရှောင်ယွဲ့ကို အခါအားလျော်စွာ စိုက်ကြည့်ကာ ပြုံးခဲ့သည်။ "မိန်းမ၊ မင်းက ထင်ထားတာထက် ပိုထက်မြက်တာပဲ"



 အစောက ပူးပေါင်းဆောင်ရွက်မှုက တိတ်တဆိတ် နားလည်မှုရှိခဲ့ကြောင်း ခံစားရစေသည်။



လင်းရှောင်ယွဲ့ အနည်းငယ် ကြွားခဲ့သည်။ "ဟုတ်တာပေါ့၊ ကျွန်မက IQ မြင့်တယ်!"



ရန်ယန်က ပြုံးပြီး "မင်းက အရမ်း ဉာဏ်ကောင်းလို့ အရှုပ်ထုပ်ကို မင်းနဲ့ ထားခဲ့တာက ပိုကောင်းတယ် ဟုတ်တယ်မလား"



 ယနေ့တွင် သူက မကောင်းမှုတစ်ခုကို ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေသည်။



 အခြားအရူး ရန်ယန် နှစ်ယောက်က နာခံလွန်းသည်။ သူ နေ့ခင်းဘက် တခါတည်း ထွက်လာတာ ရှားလွန်းတော့ ကြီးကျယ်တဲ့အရာတစ်ချို့ကို လုပ်ရမယ်။



လင်းရှောင်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ "ပြဿနာသိပ်မရှိဘူး"



 ရန်ယန်က စူးရှတဲ့ မျက်လုံးနဲ့ သူမကို စိုက်ကြည့်နေသည်။ သူ့မိန်းမကို ပိုကြည့်လေ ပိုအဆင်ပြေလေပဲ။  "ငါ ခဏခဏ မထွက်လာဘူး။ မင်း ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်။ မင်း ကိုင်တွယ်ဖို့ အရမ်းခက်နေတဲ့အရာရှိရင် ငါ့ကို ပြန်မထနိုင်အောင် အလဲထိုးချလိုက်။ ငါ နှိုးလာအောင် နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ခါထပ်ခါ လှုပ်နှိုးလိုက်။ အဲဒီအချိန်ကျရင် ငါ သေချာပေါက် ထွက်လာနိုင်လိမ့်မယ် "



လင်းရှောင်ယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။ " ရှင့်ကို အဲ့လိုလုပ်စေချင်တာလား"



 ရှင့်ကို ထိခိုက်အောင်မလုပ်နိုင်ဘူး.....



ရန်ယန် ခပ်တိုးတိုးလေသံနဲ့ "ဟုတ်တယ်၊ ဒီအတိုင်းပဲလုပ်။ အဓိက က ငါ့ကို ထုတ်ဖို့ပဲ။ အဲဒီနှစ်ယောက်က အရူးတွေ"



 လင်းရှောင်ယွဲ့ -  "အန်..."



 သူ့ကို အတတ်နိုင်ဆုံး ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခွင့်ပေးခဲ့သည်။



 ဒါကလည်း သူမ တစ်ယောက်တည်းအတွက် ခွင့်ပြုချက် တစ်ခုလည်း ဖြစ်သည်။



 နောက်ပိုင်းတွင် ရန်ဟုန်ရင် အိမ်ပြန်ရောက်တဲ့အခါ ရန်ယန်လည်း သူမကို အနိုင်ကျင့်ဖို့ နည်းလမ်းရှာခဲ့သည်။



 သို့သော်လည်း ရန်ဟုန်ရင် အနိုင်ကျင့်ခံရတဲ့အခါ၊ ရန်ချန်ယွီက အခန်းထဲ ချက်ပြုတ်နေခဲ့သည်။ ဆူညံသံကို ကြားလိုက်တဲ့အခါ တုန်လှုပ်ချောက်ချားသွားပြီး တားဖို့ ချက်ချင်း ထွက်လာခဲ့သည်။



 လူကြီးတွေရှေ့မှာ ရူးသွပ်မိုက်မဲဟန်ဆောင်ဖို့ ခက်နေသေးတာမို့ ရန်ယန်က သူ့ရဲ့အနိုင်ကျင့်တဲ့ အပြုအမူကို ရပ်လိုက်သည်။



 နေ့လယ်စာစားဖို့ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က အိမ်သေးသေးလေးမှာ စားဖို့ မုန့်ပေါင်းနဲ့ အသီးအရွက်တွေကို ယူနေတုန်းပဲ။



 နှစ်ယောက်သား ကောင်းကောင်းစားနေကြတဲ့အချိန် .......



 အိမ်ရှေ့ခန်းတွင် ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က မိသားစုဆီမှ တိုင်ကြားစာများစွာကို လက်ခံရရှိခဲ့ကြသည်။



ရန်လျန်ဟွာနဲ့ ရန်ဟုန်ရင်တို့က ပူးပေါင်းပြီး တိုင်ကြားခဲ့သည်။



 အထူးသဖြင့် ရန်လျန်ဟွာပေါ့ ..



 သူမက အနိုင်ကျင့်မှု အများဆုံးခံခဲ့ရသည်။ နဖူးမှာ အနီကွက်တွေ ရှိနေတုန်းပဲ။



တိုင်ကြားလာတဲ့အခါတွင် သူမက "ကျွန်မ ဒီနေ့ အစ်ကို ရှမင်ဆီ သွားတော့ သူက ကျွန်မနဖူးက အနီကွက်တွေကို ကြည့်ပြီး ရယ်တယ်။ အမေ၊ ရှမင်က ရွာမှာ အကျော်ကြားဆုံးဖြစ်ပြီး ပညာတတ်လူငယ်ဆိုတာ အမေလည်းသိတာပဲ။  အဲဒီအရူးကြောင့် ကျွန်မကို သူ လှောင်ရယ်ခဲ့တာ။  ကျွန်မ အရမ်းဒေါသထွက်တယ်!"



ချန်ချိုင်ယွင်လည်း အရမ်းဒေါသထွက်နေတာကြောင့် ဝမ်ရှို့ယင်ကို လေသံမာမာနဲ့ပြောလိုက်သည်။ "တတိယညီမ၊ နင့်ရဲ့သားရဲ့မိန်းမကို အရူးကို စောင့်ရှောက်ခွင့်ပေးထားတာလေ။ သူ့ကို ဂရုစိုက်ဖို့ တစ်ယောက်ယောက်ထားတာက ဘာထူးမှာလဲ!"



ဝမ်ရှို့ယင်က နှုတ်ဆိတ်နေပြီး စကားမပြောဘဲ "ဟုတ် " ဆိုပြီး တုံ့ပြန်ခဲ့ကာ မျက်နှာတောင် မဖော်နိုင်ခဲ့ပေ။