အပိုင်း ၈
Viewers 433

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၈



 အသင့်စားခေါက်ဆွဲဗူးကို စားပြီးနောက် လင်းရှောင်ယွဲ့က ဤအခွင့်အရေးကို ယူပြီး ရေချိုးဖို့ ရေနွေးတည်လိုက်သည်။ သူမသည် အသင့်စားခေါက်ဆွဲဗူးကို မီးထဲ တိုက်ရိုက်ပစ်ထည့်ပြီး အထောက်အထားတွေကို ဖျက်ဆီးပစ်လိုက်သည်။



 ဒီဘက်ခေတ်မှာ ရေချိုးရတာ သိပ်အဆင်မပြေပေ။ ရေကို ကိုယ်တိုင်တည်ဖို့ လိုသည်။ ရေချိုးဖို့ ခြေထောက်ဆေး ဇလုံကြီးကို သုံးရမှာဖြစ်ပြီး ရေချိုးခန်း သီးသန့်မရှိပေ။



 ရန် မိသားစုက အမျိုးသမီးတွေက သူတို့ရဲ့ သက်ဆိုင်ရာ အိမ်များတွင် ရေချိုးကြသည်။ သူတို့က သဘက်နဲ့ ပေါ့ပေါ့ပါးပါး ပွတ်နေတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဇလုံကြီးတစ်ခုထဲမှာ ထိုင်ကြလိမ့်မည်။  ယောက်ျားတွေက အများအားဖြင့် ခြံထဲမှာ ရေချိုးကြသည်။



လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က တစ်အိမ်တည်းတွင် နေထိုင်သည်။  အကြင်လင်မယားအဖြစ် သတ်မှတ်ကြပေမယ့် အိမ်ထောင်သည် လင်မယားဆိုတာက အပေါ်ယံသာဖြစ်ကြောင်း သူမ သိသည်။



 ထို့ကြောင့် သူမ အိမ်ငယ်လေးထဲမှာ ရေမချိုးနိုင်ပေ။ သဘက်နဲ့ပဲ သုတ်နိုင်ခဲ့သည်။



 ညဘက်တွင်တော့ ရန်ယန်ရဲ့ ဒုတိယကိုယ်ခွဲနဲ့ သူမ အိပ်စက်ခဲ့သည်။



 သူမ အိပ်ရာမဝင်ခင် အင်္ဂလိပ် စကားလုံး ၁၀ လုံးရွတ်ခဲ့ပြီး သူမအနားမှာရှိနေတဲ့ ရန်ယန်က သူမစကားကို ဂရုတစိုက်နားထောင်ခဲ့သည်။



 နိုးနေဆဲဖြစ်တဲ့ ရန်ယန်က လင်းရှောင်ယွဲ့က အလွတ်ရွတ်ဆိုပြပြီး အိပ်ပျော်နေတာကို တွေ့လိုက်ရပြီးနောက်တွင် သူ သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။



 ရေနံဆီမီးသေသွားပြီးနောက် ပတ်ဝန်းကျင်က မှုန်ဝါးလာခဲ့သည်။  ရန်ယန်က အမှောင်ထဲတွင် ဝှက်ထားသည့် နောင်တရနေတဲ့ မျက်နှာဖြင့် သူ့နှုတ်ခမ်းတွေကို ဖိထားသည်။



 ဒီည... အချိန်တွေ အရမ်းကုန်သွားသလိုပဲ။



 သူလည်း နည်းနည်းကြာကြာနေချင်တယ်...



 နောက်တစ်နေ့မနက်တွင် လင်းရှောင်ယွဲ့က အိပ်မက်နေရာမှ နောက်ထပ် အသင့်စားခေါက်ဆွဲထုပ်ကို ယူခဲ့သည်။



 သူမ နေရာလွတ်ထဲ သုံးကြိမ်ဝင်ရောက်ပြီးနောက် သူမသေဆုံးသည့်အချိန်မှာပဲ ထိုအိပ်မက်နေရာလွတ်က အချိန်က ရပ်တန့်နေတာဖြစ်ကြောင်း သိလိုက်ရသည်။



 စာကြည့်ခန်းမှာ တစ်ခုခုကို ရွှေ့လိုက်တိုင်း  နောက်တစ်နေ့သွားတဲ့အခါ စာကြည့်ခန်းက သူမသေဆုံးချိန်ကအတိုင် မူလပုံစံကို ပြန်ပြောင်းသွားလိမ့်မည်။



 ဆိုလိုသည်မှာ စာကြည့်ခန်းထဲရှိ အရာအားလုံးက အကန့်အသတ်မရှိဟု ဆိုလိုသည်။



 သူမ စာကြည့်ခန်းထဲဝင်ဖို့ တစ်ခုတည်းသော နည်းလမ်းက အိပ်ဖို့ပင်။



လင်းရှောင်ယွဲ့ ခေါက်ဆွဲခြောက်ကို ဗီရိုထဲတွင် ဝှက်ထားလိုက်သည်။ ဒီည စားဖို့ စိတ်ကူးထားတယ်။



 သူမလှည့်ကြည့်လိုက်တော့ ရန်ယန် နိုးလာတာကို တွေ့လိုက်ရသည်။



 "ဒီနေ့ အစောနိုးလာတာလား"



လင်းရှောင်ယွဲ့ သူ့ကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်ပြီး အပြင်ထွက်ပြီး မျက်နှာသစ်ဖို့ အဆင်သင့်ဖြစ်နေပြီ။



 တံခါးဝနား လျှောက်သွားတဲ့အခါ ရုတ်တရတ် သူမ ရပ်တန့်သွားသည်။ သူမ မျက်ခုံးပင့်ကာ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်..



 သူမအကြည့်ကို ကုတင်ပေါ်လှည့်လိုက်ရာ ရန်ယန်က သူ့ဖိနပ်ကို သာမန်လို ဝတ်ထားတာကို သတိပြုမိခဲ့သည်။



 ဖိနပ်စီးတဲ့အခါ ဘယ်လောက် သပ်ရပ်နေလဲဆိုတာမြင်ပြီး သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ သူမ မျက်ခုံးတစ်ဖက်ကို ဖြည်းညှင်းစွာ ပင့်လိုက်ပြီး နှုတ်ခမ်းက အပေါ်ဘက် ကော့တက်သွားသည်။



 ဒီလူမိုက်ပုံစံက...



 ဝိုး...



 တတိယကိုယ်ခွဲ ရောက်လာပြီ!



လင်းရှောင်ယွဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ပျော်ရွှင်မှု လှိုင်းလုံးများက သူမ နှလုံးသားထဲ ပြေးဝင်သွားသည်။ သူမ စိတ်လှုပ်ရှားနေတာ သေချာတာယ်!



 ဒါပေမယ့် သူမ မပြခဲ့ဘူး...



 မိန်းမဆိုတာက သူမကြိုက်တဲ့ ယောက်ျားရှေ့မှာ သီးသန့်ထားရမယ့် သတ္တဝါပင်။



 "ဒီနေ့တော့ ရှင်ပေါ့ "လင်းရှောင်ယွဲ့ ဘာသိဘာသာနဲ့ ပြောလိုက်သည်။



 ရန်ယန်က ဓားနဲ့တူတဲ့ မျက်ခုံးကို ပင့်တင်ခဲ့သည်။ သူက ထိုအရူမဟုတ်တာကို သူမ ချက်ချင်း သိလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။



 ဒီစျေးပေါတဲ့မိန်းမက မတုံးဘူးထင်တယ်!



 "ငါ ဘယ်သူလဲဆိုတာ မင်းသိလား" ရန်ယန် သူမကို မဝံ့မရဲမေးလိုက်သည်။



 သူမက သူ့ကို သိမှန်း သိပေမယ့် သေချာချင်သေးသည်။



 "ဟုတ်တယ် ကျွန်မသိတယ်"



လင်းရှောင်ယွဲ့ မေးမော့လိုက်သည်။  "ရှင်က ကျွန်မကို အသားပေါင်မုန့် ယူလာပေးတဲ့ တတိယမြောက်လူ မဟုတ်လား"



 "တတိယမြောက်?"



 ရန်ယန် ရယ်ပစ်လိုက်သည်။



 သူထပြီး လင်းရှောင်ယွဲ့ဆီ လျှောက်သွားခဲ့သည်။



 နီးကပ်တဲ့ အကွာအဝေးမှာ ရပ်ခဲ့ပြီး သူထုတ်လွှတ်လိုက်တဲ့ ဩဇာက ပြင်းထန်လွန်းတော့ လင်းရှောင်ယွဲ့ရဲ့ ခန္ဓာကိုယ်က တံခါးဝဆီ ပြန်ဆုတ်သွားခဲ့သည်။



ဗီလိန် ရန်ယန်ရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားကာ မထီမဲ့မြင်ပြုတဲ့ လေသံနဲ့ ပြောခဲ့သည်။  "မင်းကို ငါရှင်းအောင်ပြောမယ်။ ဒီခန္ဓာကိုယ်မှာ ငါက သူဌေးပဲ"



 လင်းရှောင်ယွဲ့ - "အိုး..."



 ဒါပေမယ့် တစ်ခြား ကိုယ်ခွဲနှစ်ယောက်ရဲ့ ဖိနှိပ်တာခံနေရတုန်းပဲ မဟုတ်လား?



 ဒုတိယ ကိုယ်ခွဲက သူ့ကို အပြင်ထွက်ခွင့်ပြုမှ သူ ထွက်လာနိုင်သည်..



 ဗီလိန် ရန်ယန်က ဒီမှာ။



 ဒါက လူတိုင်းမသိတဲ့ အရာတစ်ခုပင်။



မနက်စာစားဖို့ လင်းရှောင်ယွဲ့ ပြောင်းဖူးယာဂုပန်းကန်နှစ်ခု ယူလာပြီး ရန်ယန်နဲ့ ပုန်းစားခဲ့ပေမယ့် ဝမ်ရှို့ယင်က ဘာမှ မပြောခဲ့ပေ။



 နံနက်စာစားပြီးနောက် ဝမ်ရှို့ယင်နဲ့ သူမခင်ပွန်း ရန်တယုံတို့က ကိုယ်ပိုင်အလုပ်လုပ်ဖို့ ထွက်သွားကြပြီး ကိုယ်ပိုင်အိမ်တွင် ငွေထည့်ကြသည်။



 မနေ့မွန်းတည့်အချိန်က နလန်မထူနိုင်အောင်ရှုံးနိမ့်မှုကြောင့် သူတို့မိသားစုမှာ ပိုက်ဆံနည်းပြီး တစ်နှစ်တာအတွက် သူတို့ရဲ့ငွေကို ၅ ယွမ် နုတ်ယူသွားမည်။ ဒီနှစ်ဆောင်းရာသီမှာ အခက်အခဲတွေ ကြုံရနိုင်သည်။



 မထွက်ခင်မှာ ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို ရန်ယန်ကို စောင့်ကြည့်ခိုင်းပြီး စကားမစပ်သူမက ရိတ်သိမ်းပြီးတဲ့ ပြောင်းတွေကို ခြွေဖို့နည်းကို ပြောခဲ့သည်။  ဒါက လင်းရှောင်ယွဲ့ကို ပေးခဲ့တဲ့ အလုပ်ပဲ။



 လင်းရှောင်ယွဲ့က ခုံတန်းလေးပေါ်တွင် ထိုင်ပြီး လက်တစ်ဖက်စီက ပြောင်းဖူး တစ်ဖူးဆီကိုင်ပြီး ပြောင်းဖူးစေ့တွေကို ခြွေခဲ့သည်။



 သူမ အနားတွင် ရန်ယန်က မျက်မှောင်ကြုတ်ကာ သူမနဲ့အတူ လယ်ယာထဲတွင် အလုပ်လုပ်ခဲ့သည်။



 ပြောင်းဖူးကို ပြောင်းစေ့တွေအဖြစ် ခြွေပြီး ပြောင်းစာအဖြစ် ကြိတ်ချေသည်။ အဆင့်တစ်ဆင့်ပြီး တစ်ဆင့် စီမံဆောင်ရွက်ပြီးနောက် ရန် မိသားစု ဗိုက်ထဲရောက်သွားပြီး ၎င်းတို့က မစင်အဖြစ် ပြောင်းလဲပြီး စွန့်ပစ်ရမည့်နေရာဖြစ်သည်။



 အဆုံးသတ်တွေက အတူတူနီးပါးပဲ။  ကွာခြားချက်မှာ တတိယမိသားစုက အမျိုးသမီးတွေက ဤလယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။



ဝမ်ရှို့ယင် အဲ့တာကို လက်လွှတ်လိုက်ပြီးနောက်၊ အလုပ်က လင်းရှောင်ယွဲ့ လက်ပေါ် ကျရောက်သွားပြီး လင်းရှောင်ယွဲ့ ကို စိတ်ဆိုးစေခဲ့သည်။



 ရန်ယန်လည်း မပျော်ဘူး။



 အတိအကျပြောရလျှင်... ၎င်းက ရန်ယန်ရဲ့ တတိယမြောက် ကိုယ်ခွဲဖြစ်သည်။



 သူကိုယ်တိုင်လည်း ဒီအလုပ်ကို လုပ်ရတာ မပျော်ဘူး။ ဒါပေမယ့် လင်းရှောင်ယွဲ့လည်း ဒီအလုပ်ကို လုပ်ရတဲ့အတွက် သူလည်း စိတ်ဆိုးသွားသည်။ ဒီအလုပ်ကို တတိယ မိသားစုသာ လုပ်ရသည်။  ထို့ကြောင့် ရန်မိသားစုကို ပိုစိတ်ဆိုးမိသည်။



 ကျန်တဲ့ နှစ်ယောက်က တုံးအတယ်။  ရန်ယန် ဘာမှမတတ်နိုင်ပေ။  သူတို့က အခွင့်ကောင်းကို သိမ်းပိုက်ဖို့ ဆန္ဒမရှိကြဘဲ သူ့ကိုလည်း အပြင်မထွက်စေခဲ့ပေ။



 ရန်ယန်ရဲ့ တတိယကိုယ်ခွဲက လက်ရှိအနေအထားကို ပြောင်းလဲဖို့ တစ်ခုခုကို လုပ်ချင်နေပေမယ့် "ရန်ယန်" နှစ်ယောက်ရဲ့ ဖိနှိပ်ခြင်းကို ခံရတာကြောင့် မရနိုင်ပေ။  အမှိုက်ပုံးကို ပစ်ချတာနဲ့ အတူတူပဲ။



 ထို့ကြောင့် သူက အပြင် ထွက်လာခဲပြီး အိမ်ရဲ့ ကြီးမားတဲ့ လုပ်ဆောင်ချက်တွေကို မလုပ်ဆောင်နိုင်ပေ။



 အခုချိန်မှာ သူတော်တော်လေး ဒေါသဖြစ်သွားသည်။



လင်းရှောင်ယွဲ့ က အလုပ်ဆင်းနေတုန်း မနေ့က နေ့လည်မှာ ဖြစ်ပျက်ခဲ့တာကို ပြောပြခဲ့သည်။



 အဆုံးတွင် သူမ အပြုသဘောဆောင်တဲ့ အကြံပြုချက်တောင်ခဲ့သည်။ "ကျွန်မတို့ ခွဲနေသင့်တယ်လို့ ထင်တယ်။  ကျွန်မတို့ မိသားစုက သူတို့အိမ်နဲ့ ဝေးနေရင်တောင် ကျွန်မတို့ကို ဒုက္ခဖြစ်အောင်တောင် လုပ်ကြလိမ့်မယ်။ ရှင် ဘယ်လိုထင်လဲ။"



 ရန်ယန် မျက်ခုံးပင့်ကာ မျက်လုံးစွေ ကြည့်လိုက်သည်။  သူက မျက်ခုံးပင့်ပြီး သူမရဲ့မျက်နှာဘေးတခြမ်း ကြည့်လိုက်သည် ။



"အဲ့တော့ "



 "အဲ့တော့.......ကျွန်မတို့ ခွဲနေကြမယ် "



 သူမ ထင်မြင်ချက်ကို ငြင်းဆိုခြင်းမရှိတာကိုတွေ့လိုက်ရသဖြင့် လင်းရှောင်ယွဲ့က သူမ ဆက်လုပ်ခဲ့သည်။  "အဲဒါကို ကျွန်မစဉ်းစားပြီးပြီ။ ခွဲနေရတာ ကောင်းတယ်။ ခွဲနေပြီးရင် ကျွန်မတို့မိသားစု ပိုကောင်းလာမှာ သေချာတယ်"



 အထူးသဖြင့် ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့ နီးကပ်လာတဲ့အခါ လင်းရှောင်ယွဲ့က သူမမိသားစုကို အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်နိုင်စေမည်မှာ သေချာသည်။



 အခုချိန် မိဘတွေကို ပိုက်ဆံအကုန်ပေးလိုက်ရင် အရမ်းဒုက္ခရောက်လိမ့်မယ်။



 "ဘာဖြစ်တာလဲ"  ရန်ယန် နှုတ်ခမ်း ကော့ကာ မေးလိုက်သည်။



 "ဘာဖြစ်တာလဲ ဆိုတော့ ရှင့်ရဲ့ထင်မြင်ချက်ကို ကျွန်မရှာနေတာ။ ရှင့်မှာ အကြံဥာဏ်တွေရှိလား" လင်းရှောင်ယွဲ့ သူ့ကို တံတောင်နဲ့ တွတ်လိုက်ပြီး သူ့ကို တာဝန်ရှိသူလို ပြောခဲ့သည်။



 မူ... မူရင်းစာအုပ်ထဲမှာ သူက ထက်မြက်တဲ့ ဇာတ်ကောင်ဖြစ်သည်။



 သူ့ကို အမှောင်ဖုံးခွင့်မပေးပေမယ့် သူလည်း မတ်တတ်ရပ်နေရမယ်။



 ရန်ယန်က အခွံခွာထားတဲ့ ပြောင်းဖူးကို ပစ်ချလိုက်သည်။



 သူက လှောင်းပြုံး ပြုံးလိုက်သည်။ “ငါ့မိန်းမရဲ့ စကားကို နားထောင်ရမယ်ပေါ့ ဟုတ်လား”



လင်းရှောင်ယွဲ့ လည်း နှုတ်ခမ်းကို ကွေးကောက်ကာ ပြုံးလိုက်သည်။ "အ ဟမ်"



 ရန်ယန်က မရေမရာ ပြုံးလိုက်သည်။  ညီညာနေတဲ့ သွားဖြူဖြူလေးတွေနဲ့  "ဒါဆို ငါ တစ်ခုခုလုပ်ရလိမ့်မယ်"



လင်းရှောင်ယွဲ့ က "ရှင် ဘာလုပ်မှာလဲ"



 အဲ့တာမေးပြီးတဲ့နောက်  ဒုတိယမိသားစုမှ ရန်လျန်ဟွာ က သူမအခန်းတံခါးကို ဖွင့်လာခဲ့သည်။  သီချင်းလေးတစ်ပုဒ် ရွတ်ဆိုရင်း လမ်းလျှောက်ကာ ကျော်တက်သွားသည်။



ဆောင်းဦးရာသီ ရိတ်သိမ်းပြီးတဲ့နောက် လွတ်လပ်ပြီး ချုပ်နှောင်မှုမရှိတဲ့ ရန်လျန်ဟွာက ပညာတတ်လူငယ်ရဲ့ နေအိမ်ဆီ ပြေးသွားရခြင်းကို နှစ်သက်သည်။



 ပညာတတ်လူငယ်များ နေအိမ်တွင် လူသိများထင်ရှားတဲ့ ပညာတတ်လူငယ်တစ်ဦးက ရွာတွင်ရှိနေသည်။



 အိမ်ထောင်မရှိသူဖြစ်ပြီး မည်သူ့ကိုမျှ မတွဲပေ။



 ယနေ့တွင် ရန်လျန်ဟွာက တြိဂံပုံကျစ်ဆံမြီးနှစ်ခုနဲ့ အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ဒီနေ့ သူမ တကယ်လှတယ် ထင်တယ်! ဒါကြောင့် သူမက ထူးချွန်တြ အမျိုးသား ပညာတတ် လူငယ်တွေနဲ့ တွေ့ဆုံချင်သည်။



 ရလဒ်ကတော့... သူမ ခြံနားကို ဖြတ်သွားတဲ့အခါ ပြောင်းစေ့က ရုတ်တရက် ခေါင်းကို ထိမှန်သွားခဲ့သည်။



 "အ!"



ရန်လျန်ဟွာက နာလို့အော်လိုက်သည်။ သူမ အထိခံလိုက်ရတဲ့ ခေါင်းကို ကိုင်ထားပြီး ခေါင်းလှည့်လိုက်သည်။ "ငါ့ကို ဘယ်သူပစ်တာလဲ"



ကောက်ကျစ်တဲ့အပြုံးနဲ့ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့သာ ခြံဝင်းထဲ ရှိနေကြသည်။ သူက အကျယ်ကြီး ရယ်နေတယ်!



 ရှင်းရှင်းပြောရရင် ရန်ယန်က သူမကို ပစ်ခဲ့တာ။



 ဒီငတုံး... ဒီနေ့ ဆဲခံချင်နေတာပဲ!



 ရန်လျန်ဟွာက ဒေါသတကြီးနဲ့ ရန်ယန်ဆီ လျှောက်သွားကာ "အရူး၊ နင်ကများ ငါ့ကို ပစ်ရဲတယ်ပေါ့လေ။

 ရယ်တောင် ရယ်ရဲသေးတယ် !"


 "ဟားဟား~"



ရန်ယန် ရယ်မောပြီး လင်းရှောင်ယွဲ့ ကို စကားပြောလိုက်သည်။ "သူမက ရုပ်ဆိုးတယ်လို့ မထင်ဘူးလား ဟားဟား~*



 လင်းရှောင်ယွဲ့  သက်ပြင်းချလိုက်မိသည်။