အပိုင်း ၁၃
Viewers 432

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၁၃




 နောက်တစ်နေ့မနက်တွင် လင်းရှောင်ယွဲ့က အရူး ရန်ယန် ပေါ်လာတာကို အံ့အားသင့်ခြင်းမရှိပဲ သူမရဲ့ နေ့စဉ်အိမ်စာများကို စတင်လုပ်ဆောင်ခဲ့သည်။



 ကြင်နာတတ်တယ်၊ ရိုးရိုးရှင်းရှင်း၊ ရိုးသားပြီး လိမ္မာရေးခြားရှိတဲ့ ရန်ယန်နဲ့ မနေ့က ရက်စက်ယုတ်မာတဲ့ တတိယမြောက် ရန်ယန်တို့ရဲ့ ကွာခြားချက်က ကြီးလွန်းသည်။



လင်းရှောင်ယွဲ့ ခြံထဲတွင် အဝတ်လျှော်နေပြီး ရန်ယန် သူမကို ကူညီပေးသည်။ သူက အလွန်လိမ္မာရေးခြားရှိသည်။



 ထမင်းစားခန်းထဲမှာ ရန်ချန်ယွီက လင်းရှောင်ယွဲ့ ကို မနေ့ညက မိသားစုရဲ့ လက်ကျန်ပန်းကန်တွေကို ဆေးပေးဖို့ ခေါ်ခဲ့ပြီး ရန်ယန်က ဘာမှပြန်မပြောခဲ့ပေ။



 ထို့ကြောင့် လင်းရှောင်ယွဲ့ ကိုယ့်ဘာသာကိုယ်သာ အားကိုးနိုင်ခဲ့သည်။



 "အဒေါ် ၊ မနေ့ညက ကျွန်မ ငါးတစ်တုံးပဲစားပြီး သုံးခဲ့တဲ့ ပန်းကန်နဲ့ တူချောင်းတွေကို ဆေးပြီးသွားပြီ။ ကျန်တဲ့ ပန်းကန်နဲ့ တူတွေက ကျွန်မနဲ့ ဘာမှမဆိုင်ဘူး!"  လင်းရှောင်ယွဲ့က  ရန်ချန်ယွီကို မညှာမတာ ငြင်းဆန်ခဲ့သည်။



 ပန်းကန်ဆေးဖို့ မဖြစ်နိုင်ဘူး။



 မနေ့ညက ရှုပ်ထွေးပြီးနောက် သူတို့ကို ဆေးကြောဖို့ ဝမ်ရှို့ယင် အာရုံထဲမှာမရှိခဲ့ပေ။ သူမက  ဘယ်လိုလုပ်ဆေးရမှာလဲ။



 "ဘာ"



ရန်ချန်ယွီ အခန်းထဲမှာ ခြင်းတောင်းတစ်လုံးနဲ့ အမြန်ထွက်လာပြီး "နင် အခု အလုပ်တောင် မလုပ်တော့ဘူးလား။ ဒါမှမဟုတ် အခု ငါ့ကို အနိုင်ကျင့်ဖို့တောင် သတ္တိရှိနေပြီလား"



 "အဒေါ် အရမ်းမတွေးပါနဲ့"



လင်းရှောင်ယွဲ့ ခေါင်းမထောင်ဘဲ လက်ထဲက အဝတ်များကို ပွတ်ရင်း အလုပ်ရှုပ်နေသည်။ "ကျွန်မရဲ့အမြင်အရတော့ မီးဖိုချောင်တာဝန်ခံက ပန်းကန်ဆေးတဲ့သူပဲ။ ကျွန်မယောက္ခမက မီးဖိုချောင်တာဝန်ခံဖြစ်တုန်းက  ပန်းကန်တွေဆေးပေးတယ်။ ကျွန်မလည်း ကျွန်မ လုပ်သင့်လို့ကူဆေးပေးတယ်။ အခု ကျွန်မရဲ့ယောက္ခမမှမဟုတ်တာ။ အဲ့တော့ ထုံးစံအတိုင်း ကျွန်မလုပ်စရာမှ မလိုဘူး"



 "ကပ်သီးကပ်သပ်မပြောနဲ့။ ဒီလို စည်းကမ်းချက်မျိုး တစ်ခါမှ မတွေ့ဖူးဘူး"



ရန်ချန်ယွီက သူ့လေသံကို မြှင့်လိုက်ပြီး မျိုးဆက်သစ်ငယ်ကို ဆဲဆိုကြိမ်းမောင်းတဲ့ အကြီးအကဲတစ်ယောက်ရဲ့ လေသံနဲ့ပြောလိုက်သည်။ " ဒီမိသားစုမှာ အငယ်ဆုံးဇနီးက အိမ်မှုကိစ္စအားလုံးကို လုပ်ရတယ်။ အရင်က နင့်ယောက္ခမရဲ့တာဝန်ဖြစ်ပေမဲ့ အခုက နင့်ရဲ့တာဝန်ပဲ။  အမျိုးသမီးတွေက အိမ်မှုကိစ္စတွေကို လုပ်ကြရတယ်။ အခုတော့ သူတို့က အိမ်မှုကိစ္စမလုပ်ချင်ကြတော့ဘူး။  ငါတို့ နင့်ကို ဘာအတွက် ဝယ်ခဲ့တာလဲ"



ရန်ချန်ယွီက ရန်မိသားစု အိမ်တွင် အမြဲလိုလို ဟန်ဆောင်တတ်သူဖြစ်သည်။



 ဆူဆူညံညံဖြစ်သည့်အခါတိုင်း သူမက ချန်ချိုင်ယွင်ကို လွှဲပြောင်းပေးဖို့ နည်းလမ်းအချို့ကို အသုံးပြုသည်။  ရန်အိမ်တွင် သူမ အဆင့်အတန်းက မမြင့်မားကြောင်း သူမ သိတာကြောင့်ဖြစ်သည်။



ဒါပေမယ့် သူမ အဆင့်အတန်း ဘယ်လောက် နိမ့်ကျပါစေ၊ သူမက ဝယ်ထားတဲ့ မိန်းမဖြစ်တဲ့ လင်းရှောင်ယွဲ့ထက် သာလွန်နေသေးသည်။



လင်းရှောင်ယွဲ့ ရဲ့ ဈေးဆစ်မှုက သူမကို ငြင်းဆိုခဲ့ပြီး ရန်ချန်ယွီ လက်မခံနိုင်တဲ့ အရာဖြစ်သည်။ သူမ လင်းရှောင်ယွဲ့ ကို သင်ခန်းစာတစ်ခု သင်ပေးရမည်။



 "အဒေါ် "လင်းရှောင်ယွဲ့ က အဝတ်လျှော်ရင်းနဲ့ "ကျွန်မရောက်တဲ့နေ့မှာပဲ ယောက္ခမကြီးက ရှောင်ယန်ကို ပြုစုဖို့ ဝယ်ခဲ့တာလေ။ ကျွန်မရဲ့ အဓိကတာဝန်က ရှောင်ယန် ကို ပြုစုဖို့ပဲ။ ကျွန်မယောက္ခမကလည်း ကျွန်မ ရှောင်ယန်ကို ကောင်းကောင်း ဂရုစိုက်နေသရွေ့ အိမ်မှုကိစ္စ လျှော့ဖို့က ပြဿနာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒါတင်မကဘူး ကျွန်မကို ပန်းကန်ဆေးဖို့ ဘယ်သူကမှ မသတ်မှတ်ထားဘူး"



 "နင်ဘာပြောလိုက်တာလဲ"



ရန်ချန်ယွီက လင်းရှောင်ယွဲ့ရဲ့ ထက်မြက်တဲ့ ပါးစပ်ကို မြင်လိုက်ရပြီး သူမက ဆက်ဆံရခက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သူမ စိတ်ထဲ သိလိုက်သည်။



 ဒါပေမယ့် သူမက အငယ်တစ်ယောက်ဖြစ်ပြီး ရန်ချန်ယွီ က သူမ ခေါင်းပေါ်ကို အစီးမခံနိုင်ဘူး။



 "လင်းရှောင်ယွဲ့၊ ငါ အခု ဟင်းချက်စရာ သွားဝယ်မယ်။ မပြန်လာခင် ပန်းကန်တွေ ဆေးထားတာကို တွေ့ချင်တယ်။ နင် ပန်းကန်ဆေးဖို့ ငြင်းရင် ငါလုပ်ထားတဲ့ နေ့လယ်စာ မစားနဲ့!"



  ကြမ်းတမ်းတဲ့ စကားများကို ထုတ်ဖော်ပြီးနောက် ရန်ချန်ယွီက ခြင်းတောင်းတစ်လုံးနဲ့အတူ ထွက်သွားခဲ့သည်။



 ပျောက်ကွယ်သွားတဲ့ သူမပုံရိပ်ကို မျက်နှာမူကာ လင်းရှောင်ယွဲ့ ကျိန်ဆဲလိုက်သည်။ "ပျောက်ကွယ်သွားလိုက်စမ်းပါ!"



ရန်ချန်ယွီ ရုပ်လုံးကျွတ် ပျောက်ကွယ်သွားသည်အထိ စကားမပြောခဲ့တဲ့ ရန်ယန်က နောက်ဆုံးတွင် ပြောလာခဲ့သည်။  "မိန်းမ ပန်းကန်ဆေးရတာ မကြိုက်ဘူးလား"



လင်းရှောင်ယွဲ့ က သူ့ကို 'နင် အဓိပ္ပါယ်မရှိတာပြောနေတာပဲ ' ဆိုတဲ့အကြည့်နဲ့ကြည့်ပေးလိုက်ပြီး စကားပြောလိုက်သည်။ "အဲ့တာက စိတ်ရှုပ်စရာကောင်းတယ်!"



 "ကောင်းပြီ ငါ့မိန်းမကို နားလည်ပြီ!" ရန်ယန်က နာခံမှုဖြင့် ခေါင်းညိတ်ခဲ့သည်။



 "ရှင် ဘာနားလည်တာလဲ"  လင်းရှောင်ယွဲ့ မေးလိုက်သည်။



 သူ့ပါးစပ်ထောင့်က ကျယ်လာသည်။  စိုစွတ်နေတဲ့ သူ့လက်ဖဝါးနဲ့ သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး "မိန်းမက ပန်းကန်ဆေးရတာ မုန်းတယ်၊ ငါအဲ့တာကိုလုပ်မယ်။ ငါ့မိန်းမ မုန်းတဲ့အရာဆိုရင် ငါကူပြီး ရှင်းပစ်ပေးမယ်!"



 ရိုးရိုးသားသားပြောရရင် လင်းရှောင်ယွဲ့  စိတ်လှုပ်ရှားသွားသည်။



သူမရဲ့လက်တစ်ပြင်လုံးမှာ ရေရှိတာကြောင့်သာ မဟုတ်ရင်တော့ လင်းရှောင်ယွဲက သူ့ခေါင်းကိုထိပြီး နာခံမှုကောင်းသူ ဖြစ်ကြောင်စ သူ့ကို တကယ်ချီးကျူးချင်ခဲ့သည်။



 "မိန်းမကို အဝတ်တွေကူလျှော်ပြီးရင် ငါပန်းကန်တွေဆေးလိုက်မယ်။ ဒါပေမယ့် ပန်းကန်တွေဆေးတာကို မင်းစောင့်ကြည့်နေပေးရမယ်~"



ရန်ယန် ရီစရာ အပြုံးလေးနဲ့ ပြောခဲ့သည်။ "ငါ့မိန်းမနဲ့နေချင်တယ်၊ ငါ့တို့အလုပ်တွေပြီးသွားရင် ငါ့မိန်းမနဲ့ကစားချင်သေးတယ်~"



 "ကောင်းပြီ"



 လင်းရှောင်ယွဲ့ နွေးထွေးတဲ့ အပြုံးနဲ့ ခေါင်းညိတ်ပြပြီး "ရှင် ပန်းကန်တွေဆေးစရာ မလိုပါဘူး။ ကျွန်မတို့ အဝတ်အစားတွေ လျှော်ပြီးရင် လမ်းလျှောက်ထွက်ကြရအောင်"



 သူမ ဒီကို ရောက်နေတာ ရက်အတော်ကြာနေပြီ။ သူမ အများကြီးလျှောက်မလည်ရတာတော့ အမှန်ပဲ။



 သူမ လယ်လုပ်ဖို့ အပြင်ထွက်တာရယ်၊ ရန်ယန်ကို ရှာတာ ဒါမှမဟုတ် အိမ်မှာအလုပ်လုပ်ဖို့ ပိတ်လှောင်ခံထားရသည်။



 အသက်ကြီးလာတဲ့အခါ အမျိုးသမီးတွေရဲ့ ဝမ်းနည်းစရာဘဝပဲ...



ရန်ချန်ယွီ စျေးဝယ်ပြန်လာတဲ့အခါ လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့က ခြံဝင်းထဲမှာ အဝတ်များနဲ့ အိပ်ယာများ လှန်းနေကြသည်။ နှစ်ယောက်သား ရယ်မောကာ ကစားနေကြသည်။ အချင်းချင်း လိုက်ဖမ်းတိုင်း ဆော့နေကြတာ။



 မြေပြင်ပေါ်ရှိ အင်တုံကြီးထဲ၌ မနေ့ညက ညစ်ပတ်နေတဲ့ ပန်းကန်များနှင့် တူများကို ရေထဲ စိမ်ထားဆဲပင်...



 "ဟမ်!"



ရန်ချန်ယွီ မျက်နှာက တိုက်ရိုက်မှိန်ဖျော့သွားပြီး ခြင်းတောင်းကိုချပြီး ထမင်းစားခန်းထဲမှ ထွက်က  ခြံဝင်းထဲက လင်းရှောင်ယွဲ့ကို "လင်းရှောင်ယွဲ၊ နင့်မှာ သတ္တိရှိတယ်ဆိုရင် နေ့လည်မှာ ငါ့ချက်ထားတာကိုလာမစားနဲ့!"



လင်းရှောင်ယွဲ့က ရန်ယန်ကို လိုက်မဖမ်းဘဲ ရပ်လိုက်ပြီး အပြုံးလေးနဲ့စကားပြောလိုက်သည်။ "အဒေါ်၊ ကြည့်ပါဦး၊ ဒါက အဒေါ့် ရဲ့ ၈နှစ်အရွယ်သားလေးရဲ့ ဂွမ်းကပ်လား သူစိုအောင်လုပ်ခဲ့မိတာလား"



ရန်ချန်ယွီ ကြိုးပေါ်တွင် လှန်းထားသည့် ဂွမ်းကပ်ကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသတကြီး မျက်လုံးများဖြင့် "အဲ့တော့ ဘာဖြစ်လဲ"



 "အဒေါ့်ရဲ့ဝေယျာဝစ္စတွေကို ကျွန်မလုပ်ခဲ့ပြီးပြီ အဒေါ့် အိပ်ယာနဲ့အဝတ်တွေကို လျှော်ထားတယ်။ အဒေါ် လုပ်ထားတဲ့ အစားအစာကို ဘာလို့ မစားခိုင်းတာလဲ"



လင်းရှောင်ယွဲ့က အပြုံးလေးနဲ့ပြောလိုက်သည်။ "အဒေါ် ဒီလောက် တွက်ချက်ချင်ရင် မနက်ဖြန်ကစပြီး အဒေါ့် အိမ်အတွက် အိမ်အလုပ်တွေ ကျွန်မ မလုပ်တော့ဘူး။ ကျွန်မ အစားအသောက်ကို တစ်ယောက်တည်း ကိုင်တွယ်လိုက်မယ်။ ဟုတ်တယ်မလား"



ရန်ချန်ယွီ ရုတ်တရက် ဒေါသထွက်လာပြီး ရင်ဘတ်ကို ကာကာ အသက်ပြင်းပြင်းရှူရင်း "လင်းရှောင်ယွဲ့ ၊ နင့်မှာသွန်သင်ဆုံးမမှာ မရှိဘူး မဟုတ်လား။ နင်လက်ထပ်တဲ့အချိန် နင့်အမေက နင့်ကို ဘယ်လိုဇနီးမယားဖြစ်အောင်လို့လုပ်ရမယ်လို့ မသင်ပေးခဲ့ဘူးလား "



 "မဟုတ်ရပါဘူး။ တောင်းပန်ပါတယ် အဒေါ် ~"



လင်းရှောင်ယွဲ့ ပခုံးတွန့်ပြီး ခေါင်းယမ်းရင်း "ကျွန်မအမေက ကျွန်မကို ဒီမှာ ၁၉ ယွမ်လောက်နဲ့ရောင်းစားပြီး တရားမ၀င်တဲ့ လုပ်ရပ်ကို လျစ်လျူရှုခဲ့တယ်။ ဆိုလိုတာကတော့ ဇနီးမယားဖြစ်ပုံအကြောင်း သိပ်အများကြီး မသင်ပေးခဲ့ဘူး! ကျွန်မ ပြောတာတွေ လုပ်နေတာတွေက ကျွန်မရဲ့ ယောက္ခမ သင်ပေးထားတာတွေ! ကျွန်မယောက္ခမက ရှောင်ယန်ကို ကျွန်မ ဂရုစိုက်နေသရွေ့ အိမ်မှုကိစ္စ လျှော့လုပ်လို့ အဆင်ပြေတယ်လို့ပြောတယ်။ ဒါ့ထက် ကျွန်မ သိပ်မလုပ်တတ်ဘူး ”



 "နင်!"



ရန်ချန်ယွီက လင်းရှောင်ယွဲ့ကို ဒေါသပေါက်ကွဲသွားသည့်အတွက် စိတ်တိုသွားသော်လည်း သူမ၏ ကောင်းမွန်တဲ့ ပြုစုပျိုးထောင်မှုနှင့် အရည်အသွေးက လင်းရှောင်ယွဲ့ အပေါ် ရိုင်းစိုင်းမှုမဖြစ်စေဖို့ တားဆီးထားသည်။



 မဟုတ်ရင် သူမ တံမြက်စည်းကို ကောက်ကိုင်ပြီး လင်းရှောင်ယွဲ့ ကို သင်ခန်းစာကို သင်ပေးချင်ခဲ့တာ။



 "ရှောင်ယန်၊ ကျွန်မတို့ အပြင်ထွက်ကစားကြမလား"



 အိမ်မှုကိစ္စလုပ်ပြီးသား လင်းရှောင်ယွဲ့ က ရန်ယန်ကို တမင်တကာ မေးခဲ့သည်။



 "ကောင်းပြီ၊ မိန်းမက ငါ့ကို ကစားဖို့ ခေါ်သွားပေး "



ရန်ယန်က လင်းရှောင်ယွဲ့ လက်ကို ဝမ်းသာအားရ ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား ထောင်ထောင်ထောင်ထောင်ဖြင့် အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။



 အိမ်တံခါးဝမှာရပ်နေတဲ့ ရန်ချန်ယွီက သူတို့ထွက်ပြေးသွားတာကိုကြည့်ပြီး ဒေါသအရမ်းထွက်နေခဲ့သည်။



 ထိုအချိန်တွင် ရန်ဟုန်ရင်က သူ့အမေ ချက်ပြုတ်နေသင့်တယ်လို့ တွေးကာ အပြင်မှ ပြန်လာခဲ့သည်။



ရန်ဟုန်ရင်က အစားအစာအချို့ကို ခိုးယူချင်ခဲ့သည်။



 ရလဒ်အနေနဲ့ ရန်ချန်ယွီ ရဲ့မျက်နှာက နီမြန်းနေခဲ့သည်။ "နင် ပန်းကန်တွေကို အရင်ဆေး!"



 "မဆေးချင်ဘူး! သမီးထမင်းလာစားတာ။ ဘာလို့ ပန်းကန်ဆေးရမှာလဲ"



 ရန်ဟုန်ရင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ ပြီးတော့ သူမကို ဘာကြောင့်ဒီလိုလုပ်ခိုင်းတာလဲဆိုပြီး အံ့သြသွားရသည်။



 "ဘယ်သူမှ ပန်းကန်မဆေးကြဘူး။ နင် မလုပ်နိုင်ဘူးလား။"



ရန်ချန်ယွီ ဒေါသတကြီးနဲ့ "မနေ့ညကနဲ့ ဒီမနက်က ပန်းကန်တွေ တစ်ချပ်ပြီးတစ်ချပ် အပေါ်မှာ ထပ်ထားကြတယ်။ ငါ ဟင်းတွေကို ဘယ်လိုချက်ရမလဲ!"



 "ဒါဆို အမေ အဲ့တာတွေကိုဆေးဖို့ တတိယအဒေါ်ကို ဘာလို့ လွှဲမပေးတာလဲ။ အင်း။ ဒီဟာက သမီးတို့ဘယ်တုန်းကမှတာဝန်မယူထားပါဘူး" ရန်ဟုန်ရင်က သူမကို ပြန်ပြောခဲ့သည်။



"နင့်ရဲ့ တတိယအဒေါ်က အခု မီးဖိုချောင်ကို ဂရုမစိုက်တော့ဘူး။ ပန်းကန်တွေကိုလည်း မဆေးချင်ဘူး"



ရန်ချန်ယွီ ဒေါသတကြီးနဲ့ "မမေးနဲ့ ပန်းကန်တွေ အတူတူ လာဆေးပေး!"



 "မဆေးချင်ပါဘူး၊ ဒါဆို ဒါကိုနှမြောတွန့်တိုတဲ့သူအတွက် တာဝန်ပေးမှာလား"  ရန်ဟုန်ရင် ထပ်ပြောပြန်သည်။



ရန်ချန်ယွီက ဒေါသတကြီးဖြင့် လက်ကိုဝှေ့ယမ်းကာ "နင်သွားခေါ်လိုက်။ သူ မလာရင် နင်ပန်းကန်တွေဆေးဖို့ ပြင်!"



 "သွားမယ်! သမီး သွားတော့မယ်!"



ရန်ဟုန်ရင် အမြန်လှည့်ကာ ပန်းကန်ဆေးဖို့အတွက် မီးဖိုချောင်ဆီ ပြန်လာဖို့ လိုအပ်ကြောင်း လင်းရှောင်ယွဲ့ ကို ရှာပြီးပြောဖို့ သွားခဲ့သည်။



 သူမ အိမ်ပြန်လာပြီးနောက် အပြင်ထွက်ကစားနေတဲ့ လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့ဆီ ပြေးသွားခဲ့ရသည်။



 သူမက သူမဝေယျာဝစ္စများကိုပင် မပြီးမြောက်ခဲ့ဘဲ အပျော်လွန်သွားခဲ့သည်။



 ဤစျေးလျှော့မှုက တကယ်ကို ပိုပိုပြီး ဂုဏ်ယူစရာဖြစ်လာသည်။



 တစ်ဖက်တွင် လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့က တစ်လမ်းလုံး ရယ်မောကာ နောက်ပြောင်ကာ အော်ဟစ်ခဲ့ကြပြီး ထုတ်လုပ်ရေးအဖွဲ့ရဲ့ စပါးခင်းဆီ ပြေးသွားကြသည်။



 ဆောင်းဦးရာသီ ရိတ်သိမ်းပြီးပြီ၊ စပါးခင်းတွေ မြုံနေတော့ မြေဆီလွှာက မာကျောပြီး အပေါ်ကနေ ပြေးရတာ အရမ်းအဆင်ပြေသည်။



လင်းရှောင်ယွဲ့က လယ်ကွင်းထဲတွင် ပြေးရင်း ကလေးဘဝကို ပြန်ရောက်သွားသလိုပဲ။  အဲဒီတုန်းက ပျော်ရွှင်မှုက အရမ်းရိုးရှင်းသည်။



 "မိန်းမ၊ မိန်းမ၊ ဖားပေါက်လေးကိုကြည့် "



 ရန်ယန်က စပါးခင်းထဲ ခုန်ပေါက်နေသည့် အလွန်သေးငယ်တဲ့ ဖားတစ်ကောင်ကို တွေ့ရှိခဲ့သည်။



 သူ ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိသည်နှင့်အမျှ လင်းရှောင်ယွဲ့ကို လာကြည့်ဖို့ အလျင်အမြန်ခေါ်ခဲ့သည်။



လင်းရှောင်ယွဲ့ ခေါင်းငုံ့ကာ ကြည့်လိုက်သည်။  သူမ မျက်ခုံးပင့်ကာ မျက်မှောင်ကြုတ်လိုက်သည် "ရွံစရာကောင်းလိုက်တာ၊ လွှင့်ပစ်လိုက်!"



ရန်ယန် နာခံမှုရှိရှိ ပစ်လိုက်ပြီး သူမလက်ကို ပုတ်လိုက်သည် "မရှိတော့ဘူးနော် မိန်းမ။ ကျေးဇူးပြုပြီး ငါ့ကို မကြိုက်ဘဲမနေပါနဲ့ နော် မိန်းမ!"



 "ကျွန်မ ရှင့်ကို မကြိုက်ဘဲမနေပါဘူး!"



လင်းရှောင်ယွဲ့ ဟက်ဟက်ပက်ပက် ရယ်မောရင်း "ဒီရွာမှာ ချောင်းတွေ မြစ်တွေ ရှိလားဆိုတာကို သိလား၊ ငါးတွေ ဖမ်းဖို့ မြစ်ထဲကို သွားကြမလား"



 "ကောင်းတယ် မိန်းမ!"



 ရန်ယန် ကျေနပ်သွားသည်။ သွားဖြူဖြူလေးတွေ အတန်းလိုက် ပေါ်လာခဲ့သည်။ "ငါ မင်းကို ခေါ်သွားမယ်။ ငါ့နောက်လိုက်ခဲ့၊ မြန်မြန် လာ!"



 နှစ်ယောက်သား လယ်ကွင်းထဲ ပြန်ပြေးသွားကြသည်။  လင်းရှောင်ယွဲ့ က ရန်ယန်ရဲ့နောက်ကနေ ပြင်းပြင်းထန်ထန် လိုက်ခေါ်ခဲ့သည်။ " ဖြည်းဖြည်းသွား။ အား။ ငါ လိုက်မမီဘူး"



 ဒီမိုက်မဲတဲ့ကောင်လေးက သူမနဲ့ လိုက်ဖမ်းတဲ့ဂိမ်းကစားနေတယ်လို့ ထင်ခဲ့တာ။



 အားကစားလုပ်သူတွေလို အသဲအသန်ပြေးနေတာ....



 သူမ မီတာရာနဲ့ချီပြီး တစ်ခါတည်း စွန့်ပစ်ခံလိုက်ရတဲ့အတွက် အရမ်းဖြောင့်ဖြောင်းတန်းတန်းသွား မနေချင်တော့ဘူး။



လင်းရှောင်က သူ့နောက်ကို လိုက်လာပေမယ့် သူမ မပြေးနိုင်တော့ဘူး... သူမ ရပ်တန့်ပြီး ခါး ကိုင်းကာ အသက်အနည်းငယ် ရှူလိုက်သည်။



 ထိုအချိန်တွင် သူမ မော့ကြည့်လိုက်တော့ အဝေးက ရန်ယန်ကို လူငယ်များစွာ ဝန်းရံထားတာကို တွေ့လိုက်ရသည်။



 အကွာအဝေးက ဝေးကွာလွန်းသဖြင့် လင်းရှောင်ယွဲ့

 ထိုလူငယ်ရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။



 ထိုလူငယ်များကြားတွင် တစ်စုံတစ်ယောက်က ရန်ယန်ကို မြေပြင်ပေါ် တိုက်ရိုက်တွန်လဲချခဲ့သည်ကို သူမမြင်လိုက်ရသည်။



 "ဟေး!"



လင်းရှောင်ယွဲ့ ချက်ခြင်း တစ်စုံတစ်ခု မှားယွင်းသွားတာကို သတိပြုမိပြီး သူမ သူတို့ဆီ ချက်ချင်း ပြေးသွားခဲ့သည်။



 ထိုနေရာ၌ လူငယ်အနည်းငယ်က ရန်ယန် အနီးတွင် ရှိနေပြီး သူမ ဘာပြောရမှန်းမသိ ဖြစ်နေသည်...



 သူတို့က ရန်လိုနေပုံရပြီး သူတို့က အနိုင်ကျင့်သူတွေ ဖြစ်ပုံရသည်။



 "ဟေ့! မင်းဘယ်သူလဲ၊ ဘာလုပ်နေတာလဲ!"



 လင်းရှောင်ယွဲ့ ရန်ယန်ဆီ ပြေးသွားဖို့ များစွာ အားထုတ်ခဲ့ရသည်။  သူမ ရန်ယန်ကို ချက်ချင်းကာကွယ်လိုက်ပြီး ထိုလူငယ်များကို ပြူးကျယ်တဲ့ မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။



လင်းရှောင်ယွဲ့ တက်လာတာကို ရန်ယန် မြင်လိုက်တဲ့အခါ သူ့စိတ်ထဲမှာ ကြောက်ရွံ့နေပေမယ့် အမြန်ထရပ်ပြီး "မိန်းမ၊ မြန်မြန်သွားရအောင်..."



 "အိုး! ဒါက မင်းမိန်းမပဲ!"



လူငယ်လေးက ကဲ့ရဲ့ခဲ့သည်။  သူ့မျက်နှာပေါ် လှောင်ပြောင်တဲ့ အပြုံးနဲ့ ပြောခဲ့သည်။ "ဘယ်လောက်ကြာပြီလဲ၊ အရူးတွေက မိန်းမတောင်းနေတာ။ ဟားဟားဟား"



 အခြားလူငယ်များကလည်း အတူတူရယ်မောခဲ့ကြသည်။



 လူငယ်လေးရဲ့ ရန်လိုတဲ့ မျက်လုံးများက လင်းရှောင်ယွဲ့ မျက်နှာပေါ် ကျရောက်သွားပြီး အကြာကြီးကြည့်ကာ "ကလေးမလေးက တော်တော်ကြည့်ကောင်းတာပဲ၊ အရူးရဲ့မိန်းမ ဖြစ်လာအောင် ဘယ်လိုလုပ်အတွေးတွေ ခေါင်ခိုက်နေရတာလဲ။ ဒါဆို ငါနဲ့မလိုက်ချင်ဘူးလား"



 လူငယ်က သူ့လက်ကို ဆန့်တန်းကာ လင်းရှောင်ယွဲ့  မေးစေ့ကို ဖျစ်ညစ်လိုက်သည်...



လင်းရှောင်ယွဲ့ သူ့လက်ကို ပုတ်ချလိုက်သည်။ သူမက သူ့ကို စိုက်ကြည့်ရင်း “နင်တို့အားလုံးက ဘယ်သူတွေလဲ” လို့ ပြန်မေးခဲ့သည်



 သတ္တိရှိလိုက်တာ။



ဗီလိန်ကို အနိုင်ကျင့်ရဲတယ်။