၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်
အပိုင်း ၁၄
ရတ်တဟဲက လူသိများသည့် ဒုက္ခပေးသူဖြစ်ပြီး ရွာတွင် အလားအလာမရှိသော အငယ်တစ်ယောက်ဖြစ်သည်။
တစ်နေကုန် အနီးနားရွာမှ လူဆိုးများနဲ့ ဝိုင်းဖွဲ့ ကာ အလုပ်သွားမလုပ်ဘဲ လှည့်ပတ်ပြီး ကြွားဝါတတ်သည်။ သူက သူ့မိသားစုမှ စွန့်ပစ်ခံခဲ့ရသော လူစားမျိုးဖြစ်သည်။
ဒီရွာမှာ ရန်ယန်ကို ဖမ်းမိတိုင်း သူ့ကို အနိုင်ကျင့်တာ ဒါမှမဟုတ် ဆိုးသွမ်းမှုတစ်ခုခုလုပ်ဖို့ တောင်းဆိုသည်။ ရန်ယန်က "အရူး" ဖြစ်တာကြောင့် ကလဲ့စားချေဖို့ မလုပ်သလို၊ ခုလည်းမခုခံတာကြောင့် သူ့အကြောင်းကို မညည်းညူခဲ့ပေ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရန်တဟဲသည် ကွန်မြူနတီရှိ စာရင်းကိုင်တစ်ဦးဖြစ်သော ပိုင်ရှောင်ချွမ်းကို ချစ်မိသွားခဲ့သည်။ ပိုင်ရှောင်ချွမ်းကို ပြဿနာရှာဖို့ ရန်ယနကိုပြောခဲ့ပြီး သူ့ကိုအပြင်ထွက်လာဖို့အခွင့်အရေးပေးခိုင်းသည်။ သူက အလှလေးကို ကယ်တင်ပြီး အလှလေးရဲ့ စေတနာကို အနိုင်ယူဖို့ဖြစ်သည်။
ရလဒ်အနေနဲ့ ရန်ယန်က ပိုင်ရှောင်ချွမ်းကို ဒုက္ခမပေးရုံသာမက ပိုင်ရှောင်ချွမ်းကလည်း ရန်ယန်ကို သနားပြီး ကောင်းကောင်း ဆက်ဆံခဲ့သည်။
ရန်တဟဲက ရန်ယန်ကို အနိုင်ကျင့်တာကို မြင်ရင်တောင် ပိုင်ရှောင်ချွမ်းက သူ့ကို ကာကွယ်ဖို့ ပြေးလာရုံမက ရန်တဟဲကိုလည်း ဆူဆဲသည်။
ရန်တဟဲက ဤအကြွေးကို သူ့နှလုံးသားထဲထိ မှတ်မိနေသည်။
ဒီနေ့ နောက်ဆုံး သူ ရန်ယန်နဲ့ တိုးမိသည်။ ပိုင်ရှောင်ချွမ်း မရှိတာကို အခွင့်ကောင်းယူပြီး ရန်ယန်ကို အနိုင်ယူချင်ခဲ့သည်။ အရင်နေ့တွေတုန်းက သူ့ဒေါသတွေ အကုန်ပြန်ပေးဖို့ပေါ့။
ရလဒ်အနေနဲ့ ရန်တဟဲက ရန်ယန်ကို ခုခံကာကွယ်ပေးနေတဲ့ အခြားမိန်းကလေးနဲ့တိုးခဲ့သည်။ သူ့မိန်းမလို့တောင် ပြောခဲ့သေးလား။ ရန်တဟဲက ရန်ယန်ကို ကြည့်လိုက်သည်။ ဒီအချိန်မှာ သူ ပိုလို့တောင် စိတ်ဆိုးသွားတယ်!
ဒီအရူးက ဘယ်လိုများ ဒီလောက်တောင် ယောကျ်ားမပီသရတာလဲ။ သူ့ကို အမျိုးသမီး နှစ်ယောက်က အကာအကွယ် ပေးထားပြီး ဒီလို တောက်ပတဲ့ ဇနီးမယားကို ရနိုင်တာလား။
ရန်တဟဲက လင်းရှောင်ယွဲ့ရဲ့ လက်ဖဝါးအရွယ် အစားကို ကြည့်လိုက်သည်။ သူမပုံက အနည်းငယ် ပိန်ပါးပေမယ့် သူမ မျက်နှာအသွင်အပြင်က တကယ်ကို သပ်ရပ်လှသည်။ ဒီလိုမိန်းမမျိုးကို မင်းရဲ့အိမ်မှာ သပ်သပ်ရပ်ရပ် သပ်သပ်ရပ်ရပ်ထားပေးရုံနဲ့ သူမကို အပြင် ခေါ်ထုတ်လာတာဟာ ဂုဏ်ယူစရာပဲ။
သနားစရာပဲ။ အရူးနဲ့လက်ထပ်တာက သူမကိုယ်သူမ ဖြုန်းတီးပစ်လိုက်တာ။
ဒါမှမဟုတ်....... အရူးက သူမကို ဘယ်လို အလိုလိုက်ရမှန်းမသိဘူး ဟုတ်တယ်မလား?
ရန်တဟဲက လင်းရှောင်ယွဲ့နဲ့ ပတ်သက်ပြီး ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။ သူ့မျက်နှာမှာ ဆိုးရွာတဲ့ အပြုံးနဲ့။ "မိန်းကလေး၊ မင်းအရူး ရန်ယန်ကို လက်ထပ်ပြီးရင် မင်းအအိုမဖြစ်သေးဘူး မဟုတ်လား။ ဒီအစ်ကိုက မင်းကိုကူညီပေးရမလား " လို့ သူမအနားကို တိုးလာရင်း ပြောခဲ့သည်။
"ရှင်က ဘာကောင်လဲ၊ လွန်မလာနဲ့!"
လင်းရှောင်ယွဲ့က ရန်ယန်ကို ကာကွယ်ပြီး နောက်ပြန်ဆုတ်ခဲ့သည်။
ရိုးရိုးသားသား ပြောရရင် သူမ စိတ်ရှုပ်သွားသည်။
လင်းရှောင်ယွဲ့က မူရင်းစာအုပ်ထဲမှာ ဒီလို ဇာတ်ကောင်ရှိ၊ မရှိကို မေ့သွားခဲ့သည်။
ဒါက သူမ သူ့ကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ သေချာမသိဘူး...
"ဘယ်လိုလုပ် ရန်လိုရမှာလဲ။ ငါ မင်းအတွက် စိတ်မကောင်းဖြစ်နေတာ ~"
ရန်တဟဲ ပါးစပ်ထောင့်ရှိ အပြုံးက ပိုမြင့်လုသည်။ သူလင်းရှောင်ယွဲ့ မျက်နှာ လှမ်းကိုင်တော့မည့်အချိန်၊ လင်းရှောင်ယွဲ့ကလည်း သူမရှေ့က လက်ကိုမြင်လိုက်တော့ လက်ကို ပုတ်ချတော့မည့်အချိန်၌ အသံတစ်သံထွက်လာခဲ့သည်။ "မင်းကို ငါ့မိန်းမကို အနိုင်ကျင့်ဖို့ ခွင့်မပြုဘူး။ မင်း ငါ့ကို ရိုက်လို့ရတယ်။ ငါ့မိန်းမကိုတော့ လာမထိနဲ့!"
အခုချိန်တွင် သူက အသက် (၆)နှစ်အရွယ် ရန်ယန် ဖြစ်ပေမယ့် သူ့ အရပ်ရှည်တဲ့ အသွင်အပြင်က သူမရှေ့မှာ ခိုင်မြဲစွာ ရပ်နေပြီး လင်းရှောင်ယွဲ့ပို နှလုံးသားထဲထိ စွဲလန်းသွားစေသည်။
လင်းရှောင်ယွဲ့ အနည်းငယ်ရွှေ့လိုက်ပြီး သူ့ကို မော့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ မြဲမြံတဲ့ ပုံစံက သူမကို တင်းကျပ်စွာ ကာပေးထားတာက တွေ့လိုက်ရသည်။ သူဘယ်သူဖြစ်ပါစေ သူမကို ကာကွယ်စောင့်ရှောက်နေမှာပဲဆိုတာ သိလာရသည်။
"ထွက်သွား!"
ရန်တဟဲက ရန်ယန်ကို အဝေး တွန်းထုတ်ဖို့ ကြိုးစားခဲ့ကာ ရန်ယန်ရဲ့ ခန္ဓာကိုယ်က မောင့်ထိုက်လို တည်ငြိမ်စွာ ရပ်တန့်နေတာကို တွေ့လိုက်ရသည်။ သူ့ကို လုံးဝမတွန်းနိုင်ဘူး!
ထိုအချိန်တွင် ရန်တဟဲ မပျော်မရွှင်ဖြစ်ပြီး ရှေ့ကိုတက်လာကာ ရန်ယန် နဖူးကို ရိုက်လိုက်သည်။
ဖက်...
အသံက ပြတ်သားပြီး ကျယ်သည်။ လင်းရှောင်ယွဲ့ အံ့အားသင့်သွားပေမယ့် သူမရှေ့မှာရှိတဲ့ ရန်ယန်က မြဲမြံစွာရပ်နေပြီး လင်းရှောင်ယွဲ့ ကို ကာထားပေးဖို့ ကြိုးစားနေသေးသည်။
လင်းရှောင်ယွဲ့ လည်း ဒေါသတကြီး ပေါက်ကွဲသွားသည်။ သူမ ဒေါသတကြီး ပြေးလာပြီး ရန်တဟဲရဲ့ မျက်နှာကို ရိုက်ပစ်လိုက်သည်။
နောက်ထပ် " ဖြန်း " ဆိုတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့သည်...
အလွန်ပြတ်သားပြီး အသံလည်းထွက်ခဲ့သည်။
အခင်းဖြစ်ပွားရာနေရာ၌ ရန်တဟဲရဲ့ လူဆိုးအဖွဲ့များအားလုံး အံ့အားသင့်သွားကြသည်။ ရန်ယန်က အံ့အားသင့်စွာ ပါးစပ်ကို ဖွင့်လိုက်ရာ ရန်တဟဲ ကိုယ်တိုင်ပင် တုံ့ပြန်မှု မရှိခဲ့ပေ။
ကောင်မလေးက သူ့ကို တစ်ကယ် ပါးရိုက်ခဲ့တာလား။
ရန်ယန်က ပထမဆုံး တုံ့ပြန်ခဲ့သည်။
သူရုတ်တရက် လင်းရှောင်ယွဲ့ လက်ကိုဆွဲပြီး ခေါင်းလှည့်ကာ သူမကို ပြေးခေါ်သွားခဲ့သည်။ သူက "မိန်းမ၊ ပြေး!"လို့အော်ခဲ့သည်။
သူက ၆ နှစ်သား ကိုယ်ခွဲ ဖြစ်ပေမယ့် သူ့ အကြပ်အတည်းနှင့် လွတ်မြောက်မှု အာရုံမှာ အတော်လေး လေးလံနေသေးသည်။
လင်းရှောင်ယွဲ့ က သူ့ရဲ့လွတ်မြောက်ဖို့ ဆုံးဖြတ်ချက်က.... ထူးကဲတယ်လို့ ခံစားမိသည်။
ဒီလိုမှမဟုတ်ရင် နောက်ဘာဆက်ဖြစ်မလဲဆိုတာ သူမ တကယ်မသိတော့ဘူး။
"သူတို့ကိုဖမ်း!"
ရန်တဟဲက ဒေါသတကြီးနဲ့ အမိန့်ပေးလိုက်သည်။ သူ့ လူဆိုးအဖွဲ့ သူငယ်ချင်းများက သူတို့နောက် လိုက်ကာ ဒေါသအမျက်နှင့် မီးတောက်လောင်နေတဲ့ မြှားတစ်စင်းလို ပြေးလိုက်ခဲ့ကြသည်။
ရှည်လျားတဲ့လမ်းက ပြေးလွှားဆော့ကစားသည့်ပုံစံဖြစ်နေသည်။
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ကက သူတို့ မှီတော့မှာကို မြင်လိုက်ရပြီး မှီသွားရင် သူတို့ မလွှဲမရှောင်သာ အရိုက်ခံရပေလိမ့်မည်။ ထိုအချိန်တွင် လင်းရှောင်ယွဲ့ ကို ရှာဖို့ ထွက်လာသော ရန်ဟုန်ရင်သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ ရန်ဟုန်ရင် အလွန်ကြောက်လန့်သွားပြီး ထောင့်တစ်နေရာတွင် ပုန်းအောင်းကာ မထွက်ရဲပေ။
ဒါပေမယ့် ထောင့်မှာ ပုန်းအောင်းပြီးတဲ့ နောက်မှာတော့ ရန်ဟုန်ရင် ခေါင်းကို တချက်ထွက်ပြီး တိတ်တိတ်ဆိတ်ဆိတ် ချောင်းကြည့်ခဲ့သည်... လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့ သင်ခန်းစာတစ်ခု သင်ကြားနေတာကို သူမမြင်လိုက်ရရင် သူမ အရမ်းစိတ်သက်သာရာရသွားလိမ့်မည်။
"ဖမ်း၊ ဖမ်း!"
ထောင့်စွန်းမှ ရန်ဟုန်ရင်က သူမပါးစပ်နဲ့ ပန့်ခ်အဖွဲ့ကို အားပေးနေဆဲဖြစ်ပြီး လင်းရှောင်ယွဲ့ နဲ့ ရန်ယန် တို့၏ အနိုင်ကျင့်ခံနေရပုံကို မြင်တွေ့ဖို့ မစောင့်နိုင်တော့ပေ။
ဒါပေမယ့် အချိန်တန်တော့......
ရုတ်တရက် တိုင်တစ်တိုင်ကို ထမ်းလာတဲ့ လူတစ်ယောက်ကို ရန်ယန်နဲ့ လင်းရှောင်ယွဲ့တ်ု့ ဖြတ်သွားခဲ့သည်။ သူက ရှေ့ကို အမြန်ပြေးသွားတော့ ရန်တဟဲရဲ့ပခုံးကို တိုက်မိသွားသည်။
"အာ့!"
ရန်တဟဲ နာကျင်စွာ အော်ဟစ်လိုက်သည်။ ချက်ချင်း သူတို့ကို လိုက်မဖမ်းတော့ပေ။
ထိုလူရဲ့ ရုတ်တရက်အသွင်အပြင်ကြောင့် ပန့်ခ်အများအပြားလည်း ထိတ်လန့်သွားကြသည်။
တိုင်ကို မြင့်တင်လိုက်သောလူကို သူတို့ မြင်လိုက်ကြပြီး အဲ့လူက မာဆက်ဆက်လေသံဖြင့်ပြောခဲ့သည်။ "ရန်တဟဲ၊ မင်း ငါ့ရွာကလူတွေကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ။ ယုံချင်ရုံ မယုံချင်နေ။ ငါ ရွာသူကြီးကို ချက်ချင်းသွားပြောပစ်မယ်"
"လုရှမင်၊ ဒါ မင်းရဲ့ကိစ္စမဟုတ်ဘူး။ မင်းက ငါတို့ရွာကမဟုတ်ဘူး၊ ကိုယ့်အလုပ်ကိုယ်လုပ်စမ်းပါ!" ရန်တဟဲက ဒေါသတကြီးအော်လိုက်သည်။
လင်းရှောင်ယွဲ့ကနဲ့ ရန်ယန်တို့က အကျပ်အတည်းမှ ခေတ္တလွတ်မြောက်ခဲ့ကြသည်။
သူတို့နှစ်ယောက်က လုရှမင် နောက်တွင် ရပ်နေကာ လင်းရှောင်ယွဲ့ရဲ့ စူးစမ်းလိုစိတ်ရှိတဲ့ မျက်လုံးတွေက လုရှမင်ပေါ် ကျရောက်လာသည်...
လုရှမင် ... သူက မူရင်းစာအုပ်၏ အမျိုးသားဇာတ်လိုက်ဖြစ်သည်။
သူက မူလပိုင်ရှင် လင်းရှောင်ယွဲ့ အရူးအမူးစွဲလမ်းတဲ့သူလည်းဖြစ်သည်။
မူရင်းစာအုပ်တွင် မူလ လင်းရှောင်ယွဲ့က ရန်ယန်နဲ့ လက်ထပ်ခဲ့ရတာကြောင့် ဒေါသထွက်ခဲ့ပြီး ပထမတွင် သူမ လွတ်မြောက်သွားပြီးရင် ရန်ယန် မိသားစုကို လူကုန်ကူးမှုဖြင့် လူသိရှင်ကြားစွပ်စွဲ ရှုတ်ချဖို့ စီစဉ်ထားသည်။
ရလဒ်အနေဖြင့် မူလ လင်းရှောင်ယွဲ့ က လုရှမင်ကို ပထမဆုံး စတွေ့လိုက်ထဲက ချစ်မိသွားခဲ့သည်။
သူမက ရန်မိသားစုအကြောင်း သတင်းမပို့ရုံသာမက ဒီရွာမှာနေဖို့ စီစဉ်ထားပြီး လုရှမင်နဲ့ ပိုဆက်သွယ်ရန် အခွင့်အလမ်းများ ရှာဖွေခဲ့သည်။
မူလ လင်းရှောင်ယွဲ့က လုရှမင် ရှေ့မှာရှိနေတဲ့အခါ ရန်ယန်ကို စောင့်ရှောက်ရန် ရန် မိသားစုမှ သူမကို ဝယ်ထားကြောင်း မကြာခဏ ထုတ်ဖော်လေ့ရှိသည်။ သူမကိုယ်သူမ ရန်ယန်ရဲ့ ဇနီးအဖြစ် မသတ်မှတ်ထားခဲ့သလို ရန်ယန်နဲ့လည်း လက်ထပ်ခဲ့ခြင်းမရှိပေ။
လုရှမင်ကို သူမက ဖြူစင်နေသေးကြောင်း သိသွားစေရန် စိတ်ကူးခဲ့သည်။ ရလဒ်အနေဖြင့် ဤအရာက လုရှမင်၏ ရွံရှာမှုကိုသာ နှိုးဆွစေခဲ့သည်။
လင်းရှောင်ယွဲ့ ခေါင်းထဲတွင် မူလပိုင်ရှင်၏ အခြေအနေကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီးနောက် လုရှမင်ကို ထပ်ပြန်ကြည့်လိုက်တဲ့အခါ သူမကိုယ်သူမ သူနဲ့ဝေးဝေးနေဖို့ ပြောခဲ့သည်။ သူက မကောင်းတဲ့လူပဲ!
"ရန်တဟဲ၊ ငါက မင်းတို့ရွာကမဟုတ်ရင်တောင် ရွာသားတွေကို အနိုင်ကျင့်တဲ့ မင်းရဲ့သဘောထားကို ငါထိန်းလို့ရနေတုန်းပဲ!" လုရှမင်က သူ့ရဲ့ ရွာ၏ ထူးချွန်သော လူငယ်ဖြစ်သည်ဟူသော အချက်ကို အားကိုးပြီး ရွာလူကြီးက သူ့ကို မျက်နှာပေးလိမ့်မည်။
ထို့ကြောင့် ရန်တဟဲကို မျက်နှာချင်ဆိုင်ကာ သူ့လေသံက ပြင်းထန်ရုံမျှမက အားလည်းမနည်းပေ။ "မင်းက ရှန့်ရန်ရွာက လူတွေကို နေ့တိုင်း အမြဲအနိုင်ကျင့်တယ်။ ငါ ရွာလူကြီးကို ဒီအကြောင်း ပြောပြလိုက်မှာ။ မင်းယုံချင်ယုံ မယုံချင်နေ မင်းအိမ်ပြန်သွားရင် မင်းမှာပိုကောင်းတဲ့ဘဝရှိလာတော့မှာမဟုတ်ဘူး"
"မင်းက ဘယ်သူ့ကို လာခြောက်နေတာလဲ။ လုရှမင်!"
ရန်တဟဲနဲ့ လုရှမင်တို့ ရန်ဖြစ်ကြပေမယ်ြ စကားများရန်ဖြစ်ခြင်းသာဖြစ်သည်။
လုရှမင် ရှေ့မှာ ရန်တဟဲက ကြမ်းကြမ်းတမ်းတမ်း မလုပ်ရဲပေ။
လုရှမင်က အခြေအနေကို တစ်ယောက်တည်း ကိုင်တွယ်နိုင်ကြောင်း လင်းရှောင်ယွဲ့ မြင်ခဲ့သည်။ သူမညရန်ယန် လက်ကို ပွတ်သပ်လိုက်ပြီး ရန်ယန်ကို တိုးတိုးလေးပြောလိုက်သည်။ "သွားရအောင်၊ သူ့ကိုထားခဲ့လိုက် "
"ဒါပေမယ့် မိန်းမ..."
ရန်ယန်က တခြားသူက သူတို့ကို ကူညီနေတာလို့ ပြောချင်နေသည်။ သူတို့ထွက်သွားပြီးတော့ သူအနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ။
ဒါပေမယ့် ရန်ယန် ဘာမှမပြောခင့ လင်းရှောင်ယွဲ့က သူ့ကို ဆွဲထုတ်ပြီး ထွက်ပြေးသွားခဲ့သည်။
လုရှမင်က စကားအနည်းငယ်နဲ့ ရန်တဟဲကို မောင်းထုတ်လိုက်သည်။ သူပြန်လှည့်ကြည့်လိုက်တော့ သူကယ်တင်ပေးထားတဲ့ လူနှစ်ယောက်လည်း ထွက်ပြေးသွားတာကို တွေ့လိုက်ရသည်။
သူတို့ပြေးတာမမြန်ဘူး။ လူနှစ်ယောက် အလျင်စလို ပြေးနေတာကို သူ မြင်လိုက်သေးသည်။
လုရှမင်က အကူအညီမဲ့စွာ ကြည့်နေမိသည်။
သူလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုအတွက် ဘာတစ်ခုမှ မတောင်းဆိုခဲ့ပေမယ့် သူတို့ထွက်ပြေးသွားပြီး သူ့ကိုချန်မထားခဲ့သင့်ဘူး မဟုတ်လား?
ပြီးတော့ အဲဒီလူငယ်တွေက ဘယ်သူတွေလဲလို့ တွေးမိသွားသည်။
လုရှမင် ခေါင်းယမ်းကာ ပခုံးပေါ်မှ တိုင်ကို ကိုင်ပြီး လမ်းပြန်လျှောက်သွားခဲ့သည်။
ဘာကိုမှကောင်းကောင်း မမြင်လိုက်တဲ့ ရန်ဟုန်ရင်က စိတ်ပျက်လက်ပျက်နဲ့ အံကြိတ်ရင်း ထောင့်နားမှာ ရှိနေသည်။
လင်းရှောင်ယွဲ့ ရဲ့ ကံကောင်းခြင်းတွေက ဘယ်လောက်ကောင်းလိုက်လဲလို့ သူမ တွေးနေမိသည်။ တစ်ယောက်ယောက်က သူတို့ကို ကူညီဖို့ ရောက်လာခဲ့သည်။ အဲ့တာ အစ်ကို ရှမင် ပဲ။
အစ်ကို ရှမင်က ရွာက မိန်းကလေးတွေရဲ့မျက်လုံးထဲမှာ မွှေးကြိုင်တဲ့ အသားလိုပဲ..
လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့က လျင်မြန်စွာ သူတို့အိမ်အဝင်ပေါက်ဆီ ပြန်ပြေးသွားခဲ့ကြသည်။
ရန်ဟုန်ရင်လည်း သူတို့နောက်ကို လိုက်သွားခဲ့သည်။ သူမ သူတို့ကို ဒုက္ခပေးမလိုကြည့်လိုက်သည်။ "လင်းရှောင်ယွဲ့!"
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ နှစ်ယောက်စလုံး ခေါင်းလှည့်လာကြသည်။
ရန်ဟုန်ရင်ကို မြင်လိုက်ရတော့ လင်းရှောင်ယွဲ့ သက်ပြင်းချလိုက်သည်။ နောက်ထပ်ပြဿနာတစ်ခု ထပ်ဖြစ်မလား။
မျှော်လင့်ထားသည့်အတိုင်းပင်....
ရန်ဟုန်ရင်က ပါးစပ်ဖွင့်ပြီး စကားပြောခဲ့သည်။ "လုံလောက်ပြီလား။ နင်ဘာလို့ ပန်းကန်တွေ ပြန်မဆေးတာလဲ။"
"ပန်းကန်ဆေးရမယ်"
လင်းရှောင်ယွဲ့ အံ့အားသင့်သွားပေမယ့် "ဒါဆို ပန်းကန်ဆေးဖို့ နင်ထွက်လာပြီး ငါ့လာရှာတာပေါ့။ ဒါဆိုရင် ရန်ယန်နဲ့ငါ့ကို လူဆိုးကောင်တွေ လိုက်ဖမ်းနေတာကို နင်မြင်လိုက်လား"
"ငါမြင်တယ် ဒါနဲ့ ဘာဖြစ်လဲ"
ရန်ဟုန်ရင်က ဂုဏ်ယူစွာ မေးမော့လျက် ကြည့်ခဲ့သည်။ "ငါထွက်လာပြီး နင့်ကို ကူညီပေးသင့်တယ်လို့ နင်တွေးနေတာလား။ ငါဘာလို့ ထွက်လာရမှာလဲ"
လင်းရှောင်ယွဲ့ မျက်ခုံးပင့်ကာ ဘာမှမထူးခြားဘဲ "ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ယောက္ခမနဲ့ စကားပြောဖို့ လိုနေပြီထင်တယ်"
"အိုးးးးး~"
ရန်ဟုန်ရင် ရွံရှာစွာ ခေါင်းခါလိုက်ပြီး "နင်က တိုင်ပြောချင်သေးတာလား၊ သွား တိုင်လိုက်စမ်းပါ! ငါလည်းပြောစရာတွေ အများကြီးရှိသေးတယ်။ နင် အိမ်မှုကိစ္စတွေကို ချန်ထားခဲ့တယ်၊ အရူးကို ဆော့ကစားဖို့ ခေါ်ထုတ်သွားတယ်၊ လူဆိုးလိုက်လို့ ပြေးရတယ်။ အရူးကို လူဆိုး အနိုင်ကျင့်တာခံရအောင် ခွင့်ပြုထားတယ်ဆိုတာကို နင့်ယောက္ခမကိုပြောလိုက်ရင် နင်အဆူခံရမလားဆိုတာ ကြည့်လိုက်!"
"အမေက ငါ့မိန်းမကို မဆူဘူး!"
ရန်ယန်က သူ့မိန်းမလင်းရှောင်ယွဲ့ကို ရှေ့၌ စောင့်ရှောက်ပေးခဲ့သည်။ "ငါ့မိန်းမက ငါ့ကိုကာကွယ်ပေးတယ်။ သူငါ့ကိုရိုက်တဲ့အချိန် ငါ့မိန်းမလည်း သူ့ကိုပြန်ရိုက်ခဲ့တယ်!"
ရန်ဟုန်ရင် ရန်ယန်ကို စက်ဆုပ်စွာ စိုက်ကြည့်ရင်း "အရူး၊ နင်နဲ့ ဘယ်သူက စကားပြောချင်နေလို့လဲ။ လင်းရှောင်ယွဲ့ ငါ နင့်ကို မဟုတ်တဲ့ စကားတွေ မပြောဘူး။ မြန်မြန် ပန်းကန်တွေ သွားဆေး၊ မဟုတ်ရင် နင့်ယောက္ခမ ဒီအကြောင်း ငါ သွားပြောပြလိုက်မယ်။ ဒီနေ့ ရန်ယန်ကို လူဆိုးတွေက ဘယ်လိုလုပ်လိုက်တယ်ဆိုတာကိုလေ!"
"ငါ ပန်းကန် မဆေးဘူး။ နင့်အမေတောင် ငါ့ကို လုပ်ခိုင်းလို့ မရဘူး၊ နင့်ဘာသာနင်ဆေး "
လင်းရှောင်ယွဲ့ ဖြောင့်မှန်စွာပြောလိုက်ပြီး ရန်ယန် ပခုံးကို ပုတ်ကာ "သွားရအောင် ရှောင်ယန် အနားယူပြီးရင် နေ့လည်စာစားဖို့ အခန်းထဲပြန်သွားကြမယ် "
"ကောင်းပြီ မိန်းမ!" ရန်ယန်က ပြုံးပြုံးရွှင်ရွှင် တုံ့ပြန်ခဲ့သည်။
သူတို့နှစ်ဦးက ရန်ဟုန်ရင်ကို လျစ်လျူရှုကာ အိမ်ထဲ ဝင်သွားကြသည်။
ရန်ဟုန်ရင်က လင်းရှောင်ယွဲ့ ကျောပြင်ကို ကြည့်ကာ ဒေါသထွက်နေခဲ့သည်။
ထိုအချိန်တွင် ရန်ဟုန်ရင် အသံကိုကြားလိုက်ရာ ရန်ချန်ယွီ မီးဖိုချောင်မှ ထွက်လာပြီး ပြောခဲ့သည်။"ဟုန်ရင်၊ ပန်းကန်တွေ လာဆေး!"
ရန်ဟုန်ရင်က ဒေါသတကြီးနဲ့ မီးဖိုချောင်ထဲ ဝင်ပြီး ပန်းကန်များကို ဆေးကြောခဲ့သည် .....
ပန်းကန်ဆေးနေရင်း အံကြိတ်ကာ တတွတ်တွတ်ရွတ်နေခဲ့သည်။ "ဒီလို မိန်းမတစ်ယောက်ကို ယွမ် ၁၉.၉ နဲ့ ဝယ်ခဲ့တယ်တဲ့။ ဘာလို့ ဒီထက်ပိုပြီး အကျင့်ကောင်းတဲ့သူကို သူတို့ မဝယ်နိုင်ရတာလဲ!"
ရန်ချန်ယွီက လင်းရှောင်ယွဲ့ရဲ့ ခက်ခဲလှတဲ့ ဒေါသကို ကောင်းစွာ သိရှိပြီး အနာဂတ်မှာ ဤအိမ်၌ သူမခေါင်းကိုတက်စီးနိုင်ဆဲဖြစ်ကြောင်းကိုလည်း နားလည်ခဲ့သည်။
ရန်ချန်ယွီ တွေးနေခဲ့သည်...
လင်းရှောင်ယွဲ့ က အခိုင်အမာ ခြေကုပ်မရသေးပေမဲ့ သူမကို တတ်နိုင်သမျှ အမြန်ဆုံး အစားထိုးဖို့ ဘယ်လိုလုပ်ရမလဲ။
ငါ့ဒုတိယမိသားစုနဲ့ အဲ့အကြောင်းကိုဆွေးနွေးပြီး အရမ်းရိုးသားတဲ့ မိန်းမတစ်ယောက် ပြောင်းပစ်ဖို့ ပိုက်ဆံတစ်ချို့ထည့်ရမယ်။