အပိုင်း ၂၄
Viewers 435

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၂၄





 အခု အဲ့တာကို စဉ်းစားကြည့်လိုက်တော့ … သူမဘခန့်မှန်းတာက အမှန်ဖြစ်နိုင်သည်



 "အစ်ကို ရန်၊ အစ်ကို ဘာကိစ္စဖြစ်ခဲ့လို့လဲ။ ကျွန်တော့်ကို မမှတ်မိဘူးလား" 



ဝမ်ထျဲရှန်က သူ့ရှေ့က ရန်ယန်ကို စိုက်ကြည့်နေသည်။  ဘယ်လောက်ထူးဆန်းလိုက်လဲ?



 သူသိတဲ့ အကိုလို့ မခံစားရဘူး။



 အဲ့ဒီအစ်ကိုက.... သူ့မျက်လုံးထဲမှာ ဒီလောက်တုံးအနေမှာ မဟုတ်ဘူး။



 ထိုအစ်ကိုရဲ့ မျက်လုံးများကို ဝမ်ထျဲရှန်က သူ့ကို သေလောက်အောင် ကြောက်နေတာကြောင့် သူ့ကို သုံးစက္ကန့်ထက် ပိုမကြည့်နိုင်ပေ။



 "သူ ရှင့်ကို မှတ်မိပါတယ်။ ဒါပေမယ့် သူက ထူးခြားတဲ့ အခြေအနေမှာ ရှိနေလို့ ရှင့်ကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်တာ။ နောက်တစ်နေ့ည ရှင်တို့နှစ်ယောက် ထပ်တွေ့တဲ့အခါကျရင် ရှင့်ကို သူ သေချာရှင်းပြလိမ့်မယ်"



လင်းရှောင်ယွဲ့ သိပ်မရှင်းပြနိုင်တော့ဘဲ ခေါင်းစဥ်ကနေ ရှောင်ထွက်သွားခဲ့သည်။ "ဒီကြက်လေးကို ဘယ်လိုရောင်းလဲ၊ ကြက်အမေကြီးဖြစ်လာနိုင်လား? ဥကောဥလား" 



 "အင်း.....မရီး...."



ဝမ်ထျဲရှန်က လင်းရှောင်ယွဲ့ ကို အလျင်အမြန် တုံ့ပြန်လိုက်ပြီး "ဒါတွေအားလုံးက ကြက်အမတွေပဲ။ သူတို့ ကြီးလာတဲ့အခါ ဥဥနိုင်တယ်။ သားဥမပေါက်နိုင်တဲ့ မိခင်ကြက်မရှိဘူးလို့ မထင်ဘူးလား။ မရီး၊ လိုချင်ရင် နည်းနည်းတော့ ရမယ်"



 "ကျေးဇူးတင်ပါတယ် "



 သူမ အဲ့ဒါကို အလကားယူနိုင်တာကြောင့် လင်းရှောင်ယွဲ့က ယဉ်ကျေးနေမှာ မဟုတ်ပေ။ ရစ်ဌက်တွေပါတဲ့ နိုင်လွန်အိတ်ကို ချက်ချင်းဖွင့်လိုက်သည်။



ဝမ်ထျဲရှန် ပါးစပ်ထောင့်က မဲ့ရွဲ့သွားသည်။ နည်းနည်းတော့ နာကျင်ပေမယ့် သူ့အစ်ကိုအတွက်ပဲလို့ တွေးလိုက်တာနဲ့ အဲ့တာကထိုက်တန်တယ်လို့ ခံစားရသည်။



 သူက လင်းရှောင်ယွဲ့ ရဲ့ နိုင်လွန်အိတ်ထဲ ကြက် ၅ ကောင်ကို အမြန်ထုပ်ပိုးပေးပြီး "မရီး၊ ဒီကြက်က မွေးမြူရတာ အရမ်းလွယ်တယ်၊ မကြာခင် ကြီးလာလိမ့်မယ်။ ကြီးလာရင် နေ့တိုင်း ဥတွေရလိမ့်မယ်"



 "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။"  လင်းရှောင်ယွဲ့က အလကားရလာတဲ့ လတ်ဆတ်တဲ့ ကုန်ပစ္စည်း အိတ်ကြီးကြီးကို ကြည့်ကာ မပြုံးဘဲမနေနိုင်ခဲ့ပေ။



 တစ်ကယ်တော့ တတိယကိုယ်ခွဲဆီမှ ထွက်လာတဲ့ အလင်းတန်းများပင်။



 "ရပါတယ် မရီး။ အစ်ကို ယန်က ကျွန်တော့်အပေါ် အမြဲတမ်း ကောင်းပေးတယ်! ဒါက ဘာမှ မဟုတ်ဘူး၊ မရီး ဘာမှချီတုံချတုံမဖြစ်နဲ့ " ဝမ်ထျဲရှန်က သစ္စာရှိစွာ ပြောပြီး ခဏခဏ ရန်ယန်ကို မော့ကြည့်ခဲ့သည်။



 ယန်ကောရဲ့ အကြည့်ကို သူတကယ်မြင်ချင်ခဲ့ပြီး သူ့ကိုလက်ခံလိုက်ပေမယ့် ယန်ကောရဲ့ အကြည့်က ရီစရာကြီးဖြစ်နေသည်။



ဝမ်ထျဲရှန် ရှက်သွားသည်။



လင်းရှောင်ယွဲ့က ဝမ်ထျဲရှန်နဲ့ မိနစ်အနည်းငယ်ကြာ စကားပြောခဲ့ပြီး ညဘက် အပြင်ထွက်တဲ့အခါ ရန်ယန်က သူ့ကိုခေါ်သွားပြီး ဘာလုပ်လဲလို့ မေးချင်ခဲ့သည်။



 ဒါပေမယ့် မေးခွန်းအနည်းငယ်မမေးခင် ရုတ်တရက် ခေါင်းလောင်းသံကြားလိုက်ရသည်။



 လမ်းတစ်လျှောက်လုံက ဈေးသည်တွေက သူတို့ အိတ်ကပ်အတွင်းမှ ပစ္စည်းများကို ချက်ခြင်းစွန့်ပစ်ပြီး တတ်နိုင်လျှင် ထွက်ပြေးခြင်း၊ သို့မဟုတ် ပုန်းတာမျိုးလုပ်ကြသည်။



ဝမ်ထျဲရှန်လည်း ချက်ခြင်း ထွက်ပြေးသွားသည်..



 ဒါက မြို့ကရဲတွေဆီက ပုန်းနေရသလိုပပဲ၊ ဒါကြောင့် လင်းရှောင်ယွဲ့ အေးခဲသွားသည်။



 ဘဝကမလွယ်ဘူး!



လင်းရှောင်ယွဲ့ ဒီနေ့တွင် များစွာရရှိခဲ့သည်။



 သူမသည် ငါး၊ ပုစွန်၊ ဟင်းသီးဟင်းရွက်များကို ဝယ်ယူခဲ့ပြီး ရစ်ငှက်တစ်ကောင်နဲ့ ကြက်ပေါက်လေးတချို့ကို အလကားရခဲ့သည်။ မွန်းတည့်ချိန်ရောက်ရင် ဒီကမ္ဘာကြီးမှာ ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ရတဲ့ သူမကိုယ်ကို ဆုချဖို့ ကောင်းကောင်းစားရမယ်။



 အိမ်ပြန်ဖို့ လမ်းလျှောက်ရင် နောက်ထပ် တစ်နာရီလောက် ကြာလိမ့်မည်။



 ပစ္စည်းအားလုံးကို ရန်ယန်က သယ်ခဲ့ပေမယ့် လင်းရှောင်ယွဲ့က မောပန်းနွမ်းနယ်နေခဲ့သည်။



  အနာဂတ်မှာ စက်ဘီးစီးနိုင်ရင် ကောင်းလိမ့်မယ်လို့ သူမဘာသာတွေးမိသည်။



 မြို့ထဲမှာ သူမရှေ့ စက်ဘီးစီးတဲ့ လူတချို့ကို မြင်ခဲ့ရပြီး လင်းရှောင်ယွဲ့က သူတို့ကိုအားကျခဲ့သည်။



 ဒါပေမယ့် ဒီခေတ်မှာ စက်ဘီးတွေက အခြေခံအားဖြင့် အစိုးရအရာရှိတွေနဲ့ ချမ်းသာသူတွေသာစီးနိုင်ပြီး သာမန်လူများအဖို့ ယင်းအတွက် အရည်အချင်းမရှိကြပေ။



 စာအုပ်ထဲ ရောက်လာတဲ့ အနာဂတ်မှ လူတစ်ယောက်နေနဲ့ လင်းရှောင်ယွဲ့က သူမ ၎င်းကိုကြိုတင်ရထားရမည်ဟု ခံစားမိသည်။



 မဟုတ်ရင် သူမက အလွန်အသုံးမကျတဲ့ စာအုပ်ထဲ ဝင်ရောက်သူ ဖြစ်နေလိမ့်မယ်။



 အိမ်ပြန်ဖို့ ခဲယဉ်းတယ်၊ အိမ်ပြန်ရောက်တော့ မွန်းတည့်ချိန်နီးနေပြီ။



လင်းရှောင်ယွဲ့ ခြေထောက်တွေက လမ်းလျှောက်ရင်းနဲ့ ကျိုးလုမတတ် ဖြစ်နေပြီ။ သူမ စားပွဲပေါ်ထိုင်ချလိုက်ပြီး ရန်ယန်က ပါဝင်ပစ္စည်းတွေအားလုံးကို မီးဖိုချောင်ထဲ ထားထားပေးသည်။



 ရေတစ်ခွက်သောက်ကာ အသက်ပြင်းပြင်းရှူရင်း လင်းရှောင်ယွဲ့က ရန်ယန်ကို ဝမ်းသာအားရနဲ့ ညွှန်ကြားခဲ့သည်။ "ရှောင်ယန် ရေသွားယူပြီး အသီးအရွက်တွေကို ဆေးပေးလို့ရမလား"



 "ရတာပေါ့ မိန်းမ၊ အခုချက်ချင်း သွားလုပ်လိုက်မယ်!"



 ရန်ယန်က ချက်ချင်း အင်္ကျီလက်ကို ခေါက်တင်ပြီး သူမစကားကို နာခံစွာ နားထောင်ခဲ့သည်။ သူက အင်တုံငယ်လေးကို ကောက်ယူပြီး ရေသွားယူဖို့ ထွက်သွားခဲ့သည်။



ခဏကြာတော့ သူတို့ နှစ်ယောက် နေ့လည်စာ ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်။



 ရစ်ဌက်နဲ့ ကြက်လေးတွေကို ထောင့်စွန်းတွင် ဖယ်ထားခဲ့သည်။



လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က စုံတွဲတစ်တွဲအဖြစ် လက်တွဲကာ ရရှိနိုင်သော ပါဝင်ပစ္စည်းများကို လုပ်ဆောင်ခဲ့ကြသည်။



 အိမ်မှာ ဆီမရှိတာကြောင့် လင်းရှောင်ယွဲ့က ဆီသန့်စင်ရန်အတွက် ဝက်ဆီအသုံးပြုကာ ဟင်းတစ်ပွဲချင်းစီတွင် အသားအရသာ အနည်းငယ်ထပ်ထည့်ခဲ့သည်။



 ဝက်သားအနည်းငယ်ကို လှီးဖြတ်ပြီး အစိမ်းကြော်တစ်ပန်းကန်ကို ဆီနဲ့ရေဖြင့် မွှေကြော်ခဲ့သည်။



 ဝက်သားကို နည်းနည်းပါးပါးလှီးပြီး မှိုတစ်ပန်းကန်နဲ့ ဆီနဲ့ရေနဲ့ မွှေကြော်လိုက်သည်။



 ၎င်းတို့က အရောင်ခြယ်ဖို့ မလိုအပ်သည့် ရိုးရှင်းသော သက်သတ်လွတ် ဟင်းပွဲ နှစ်ခုဖြစ်သည်။ ဝက်သားနည်းနည်းထည့်ရုံနဲ့ ကြော်ထားတဲ့ အရောင်တောက်လာကာ ပိုအရသာရှိသည်။



 အိုးထဲက ဟင်းတွေ ကျက်သွားတဲ့အခါ လင်းရှောင်ယွဲ့ က အဲ့တာတွေကို မီးဖိုခုံပေါ်တင်ပြီး တူတွေကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး အအေးခံဖို့ မှုတ်လိုက်ကာ ရန်ယန်ရဲ့ ပါးစပ်နား တည့်တည့်သွားလိုက်သည်။ "ရော့ စားကြည့်ကြည့် "



ရန်ယန်က သူမ ကျွေးတာကို စားချင်နေတာ သိသာသည်။  ဆီနဲ့ရေပါတဲ့ ဟင်းရွက်ပန်းကန်နဲ့ ဆီနဲ့ရေမပါတဲ့ ဟင်းရွက်ပန်းကန်ကြားက ကွာခြားချက်ကို ပြောပြနိုင်သည်။



 "အရမ်းစားကောင်းတာပဲ မိန်းမ....."



 သူဝါးစားကြည့်လိုက်သည်။ ကောင်းကင်ဘုံဆီ တက်သွားတော့မယ်လို့ တွေးမိကာ ဝမ်းသာသွားသည်။



 "ဒီဟာကိုလည်း ထပ်စားကြည့်ကြည့်"



လင်းရှောင်ယွဲ့က သူ့ကို နောက်ထပ် တစ်လုတ်စာ ပေးခဲ့ပြီး ရန်ယန် ဝမ်းသာအားရ ပါးစပ်ကို ဖွင့်ကာ ခုန်ပေါက်ပြီး နေရာယူခဲ့သည်။



 "အရသာရှိလိုက်တာ၊ အရသာရှိတယ်!"



လင်းရှောင်ယွဲ့က သူ့ တုံ့ပြန်မှုကို အရမ်းကျေနပ်ခဲ့သည်။  သူမက ပန်းကန်ပြားပေါ်က တူများကို ချလိုက်ပြီး "ကောင်းရင် နည်းနည်းစား၊ နောက်ထပ်ပုစွန်ကို ကြက်သွန်မြိတ်နဲ့ ကြော်လိုက်ဦးမယ်"



လင်းရှောင်ယွဲ့ ပုဇွန်များကို ရေဆေးပြီး ပုစွန်ချီးများကို ဖယ်ထုတ်ကာ ကြက်သွန်မြိတ်များကို အပိုင်းပိုင်းလှီးဖြတ်ပြီး ဂျင်းကို အခွံခွာကာ အတုံးလေးများဖြစ်အောင် လှီးထားသည်...



 အိုးထဲတွင် ဆီထည့်ကာ ကောင်းစွာပူလာသည်အထိ စောင့်ခဲ့သည်။ ထို့နေယက် ပုစွန်နှင့် ဂျင်းအတုံးများကို ထည့်ပြီး မီးပြင်းပြင်းဖြင့် ကြော်လိုက်သည်။ ပုစွန်အနည်းငယ်နီလာသည်အထိ မွှေပြီး ဆားဖြူးကာ နှစ်ချို့ဝိုင်ကို လောင်းထည့်လိုက်သည်...



 "ရှဲ-"



 နှစ်ချို့ဝိုင်က ဒယ်အိုးပူပူနဲ့ ထိတွေ့လိုက်တာကြောင့်  အသံထွက်လာခဲ့သည်။



 ပုစွန်တွေရဲ့ လတ်ဆတ်တဲ့ ရနံ့က အိုးထဲမှာ ပေါက်ကွဲပြီး လေထဲမှာ ချက်ချင်း လွင့်ပျံသွားတော့သည်။



 ခြံဝင်းထဲမှာ ရန်ဟုန်ရင်က တံမြက်စည်းလှည်းနေရင်း ချွေးများထွက်နေခဲ့ကာ အဲ့အချိန်မှာပဲ တတိယအိမ်က သင်းပျံ့တဲ့ မွှေးရနံ့ကို ရုတ်တရက် ရလိုက်သည်။



ရန်ဟုန်ရင်က သူမ နှုတ်ခမ်းကို သပ်လိုက်ပြီး တတိယအိမ်ရဲ့ တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်ကာ မနေနိုင်တော့ဘဲ တတိယအိမ်က ချက်ပြုတ်နေတာကို ချောင်းကြည့်နေခဲ့သည်။



 အနံ့က အရမ်းမွှေးနေတာကြာပြီ။ ရန်ဟုန်ရင်က နောက်ဆုံး သူမကိုယ်သူမ မကူညီနိုင်တော့ပေ။



လင်းရှောင်ယွဲ့ ပုစွန်ချက်နေစဥ် အိုးအဖုံးဖုံးပြီး ဘေးဘက်ကို ကြည့်လိုက်တော့ ချောင်းကြည့်နေတဲ့ ရန်ဟုန်ရင်ကို တွေ့လိုက်ရသည်။



 သူမ နှုတ်ခမ်းထောင့်စွန်းကို ပင့်လိုက်ပြီး "ဘာကိစ္စရှိလို့လဲ အစ်မ၊ ကျွန်မတို့မိသားစုရဲ့ အစားအသောက်က အနံ့မွှေးနေလို့ အစ်မ လာစားချင်နေတာ မဟုတ်လား"



 "မဟုတ်ပါဘူး!"



 ရန်ဟုန်ရင်က မျက်လုံးပြူးကျယ်ကျယ်နဲ့ ပြန်ခံပြောခဲ့သည်။ "နင့်အိမ်က အနံ့တွေ အရမ်းထွက်နေလို့။ အနံ့က မကောင်းလို့ ငါ နင့်ကို သတိပေးဖို့ လာခဲ့တာ"



 "စိတ်မကောင်းပါဘူး၊ ဒါပေမယ့် အစ်မ စားချင်နေတာ မဟုတ်လား"  လင်းရှောင်ယွဲ့က သူမကို အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။



 "မစားချင်ဘူး!"



ရန်ဟုန်ရင်က လေသံမာမာနဲ့ ပြန်ပြောပြီး နောက်လှည့်ကာ ထွက်သွားခဲ့သည်။ ထို့ကြောင့် သူမထွက်သွားသည်နှင့်တစ်ပြိုင်နက် ရန်ယန် က "မိန်းမ၊ သူစားချင်နေတာ၊ ငါတို့ သူ့ကိုမကျွေးဘူးနော်။ သူ အရင်က ငါ့ကိုမကျွေးခဲ့ဘူး"



 " သိပါတယ်၊ နောက်မှ အစားကြီးတဲ့သူမကို အရသာရှိရှိစားပြကြရအောင်!" လင်းရှောင်ယွဲ့က ဆိုးသွမ်းတဲ့အပြုံးနဲ့ ပြောလိုက်သည်။



 ပုစွန်တွေကို ကြော်ပြီးတာနဲ့ လင်းရှောင်ယွဲ့ က ရန်ယန် ကို တခြားပန်းကန်သေးသေးလေးတစ်လုံးနဲ့ ပုစွန်သုံးကောင်နဲ့ စောနက သက်သတ်လွတ်ဟင်းနှစ်မျိုး ထည့်ပေးလိုက်သည်။



 သူမသည် ပန်းကန်လုံးနှင့် တူတွေကို ရန်ယန်ဆီ ပေးကာ ဆိုးသွမ်းတဲ့ အပြုံးနဲ့ ပြောလိုက်သည်။ " ရှင် ဒါကို ခြံထဲ သယ်သွားပြီး ရှင့် အစ်မရှေ့မှာ စား၊ ရှင့် အစ်မကို ဘယ်တော့မှ မပေးနဲ့ မှတ်ထားနော်!"



 "ကောင်းတယ် ကောင်းတယ်!"



ရန်ယန်က ဝမ်းသာပြီး စိတ်လှုပ်ရှားနေမိသည်။



 သူက ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး လင်းရှောင်ယွဲ့ကို ခဏလောက် ကြည့်နေသည်။



လင်းရှောင်ယွဲ့ အံ့ဩသွားသည် - "ရှင် ဘာရပ်လုပ်နေတာလဲ။ ဘာလို့ မသွားတာလဲ  "



ရန်ယန်ရဲ့ မျက်နှာပေါ် ရိုးရှင်းတဲ့ အပြုံတစ်ခု တောက်ပလာခဲ့သည်။ "မိန်းမ၊ မင်းက ငါ့ကို ဒီလိုအရာတွေလုပ်ဖို့ ပထမဆုံးသင်ပေးတဲ့သူပဲ။ မင်းနဲ့အတူနေရတာ ငါပျော်တယ် "



 အရင်တုန်းကတော့ ဝမ်ရှို့ယင်က သူ့ကို လိမ္မာဖို့နဲ့ နာခံမှုရှိဖို့သာ ပြောခဲ့ပြီး တတိယမိသားစုကို ဒုက္ခမဖြစ်ရစေအောင်နဲ့ မိသားစုကို မနှောင့်ယှက်ဖို့ပဲ ပြောခဲ့သည်။



ရန်ယန်က နှစ်အတော်ကြာအောင် ထိန်းထားခဲ့ရသည်။



လင်းရှောင်ယွဲ့က သူ့ကို မကောင်းတာတစ်ခုခုလုပ်ဖို့ သူ့အား ပထမဆုံးပြောတဲ့သူဖြစ်သည်။



 တကယ်တော့ အဲ့ဒါက မကောင်းတဲ့အရာမဟုတ်ဘူး...



အဲ့ဒါက ရန်ယန် တကယ်လုပ်ချင်တဲ့အရာတစ်ခုပဲ။



 သူ လွတ်မြောက်သွားပြီလို့ ခံစားရသည်။



 သူ အရမ်းပျော်သွားတယ်။



လင်းရှောင်ယွဲ့က သူ့ပခုံးကို ပုတ်ပြီး ရယ်မောရင်း “ရှင် ကျွန်မနဲ့ အတူရှိတဲ့အချိန် သေချာပေါက်ကို ပျော်ရမှာပေါ့။ ကျွန်မက ရှင့်ကို ကောင်းကောင်း ဆက်ဆံတယ်လေ။ ကျွန်မ ရှင့်ကို အလိုလိုက်မှာပါ"



ရန်ယန်က သူမ စကားကြောင့် လုံး၀ ထိမိသွားသည်။



 သူသယ်ထားတဲ့ ပန်းကန်တွေကို ချက်ချင်းချလိုက်ပြီး လင်းရှောင်ယွဲ့ကို ဖက်လိုက်သည်။



 မမျှော်လင့်ထားတဲ့ လင်းရှောင်ယွဲ့  အံ့အားသင့်သွားခဲ့သည်။



 သူမ တုံ့ပြန်နိုင်တဲ့အခါ ရန်ယန်က သူဖက်ထားတာကနေ လွှတ်ပေးလိုက်ပြီး ပန်းကန်ကို ကောက်ယူကာ အိမ်ထဲမှ ထွက်သွားခဲ့သည်။



လင်းရှောင်ယွဲ့က ရန်ယန်က တစ်စုံတစ်ခုမှ ဝေးရာဆီ ပြေးသွားသလိုမျိုး အိမ်မှ ထွက်သွားတာကို သူမ မမြင်လိုက်မီ အစောက ပွေ့ဖက်ထားမှုကို တန်ဖိုးထားဖို့ သူမ အချိန်မရှိခဲ့ပေ။



 သူမ နှုတ်ခမ်းစူရင်း “ဘာ အင်နိုးစန့်တာလဲ …” လို့ တိုးတိုးလေး ပြောလိုက်သည်။



ဒါပေမယ့် လင်းရှောင်ယွဲ့ မထင်မှတ်ထားသည့်အရာမှာ ရန်ယန်ရဲ့ ကိုယ်ခွဲသုံးယောက်အနက် ၆ နှစ်သား ရန်ယန်က ဖက်တာကို ပထမဆုံးလုပ်ဆောင်ခဲ့သူဖြစ်သည်။



 ကလေးတွေက တကယ်ရဲတယ်။



လင်းရှောင်ယွဲ့ ဝက်သားတစ်ပန်းကန်ကြော်လိုက်ပြီး ကျန်တဲ့ဝက်သားကိုလည်း ကြော်ထားလိုက်သည်။



 တကယ်တော့ သူမက ဟင်းချက်တာ သိပ်မကျွမ်းကျင်ဘူး။ ရောင်စုံမွှေးကြိုင်တဲ့ ဟင်းလျာမျိုးတွေကို မလုပ်တတ်ဘူး၊ ပေါ့ပေါ့ပါးပါး မွှေကြော်တာပဲ လုပ်နိုင်တာ။



 ကြီးမားတဲ့ ဝက်သားတုံးကြီးကို ကြည့်ပြီး လင်းရှောင်ယွဲ့က နှလုံးထဲထိ နူးညံ့ပျော့ပျောင်းတဲ့ ဝက်သားကင်ကို တကယ် စားချင်နေမိသည်။



 ကံမကောင်းစွာပဲ သူမ မလုပ်တတ်ဘူး။



 သူမ အဲ့တာကို မွှေကြော်ပြီးရင် ဟင်းခတ်အမယ်ထည့်ခဲ့တာ၊ လိုင်းပေါ်က ဟင်းချက်တာလို ရိုးရိုးရှင်းရှင်းလေးပဲ။



 ဒီလို ကြော်နည်းက မဆိုးဘူး၊ ဒါပေမယ့် အရသာ တစ်မျိုးမျိုးကတော့ ကင်းမဲ့ပေမယ့် အရသာတော့ ရှိသေးသည်။



 လင်းရှောင်ယွဲ့က ဒီနေ့ည စာကြည့်ခန်းထဲ ဝင်တဲ့အချိန် သူမ နောက်ထပ် ဟင်းချက်စာအုပ်ကို ထုတ်လာခဲ့သည်။



 သူမက အနာဂတ်တွင် ဟင်းချက်သည့်အလုပ် ခန့်အပ်ခံရမည်ဖြစ်ပြီး မိသားစု လေးယောက်ရဲ့ ဝမ်းစာအတွက်  တာဝန်ယူရမည်ဖြစ်သည်။



 ခြံထဲမှာတော့ ရန်ယန်က ရန်ဟုန်ရင် ရှေ့မှာ သူ့ပန်းကန်ထဲက ပုစွန်တွေကို စားပြနေသည်....



 "ဟား အရသာရှိလိုက်တာ....."



 အိုးထဲက ထွက်လာတာဆိုတော့ အစားအသောက်က ပူနေတုန်းပဲ။  ရန်ယန်က ပုဇွန်တစ်ကောင်ကို ပါးစပ်ထဲ ထည့်ပြီး စားလိုက်ကာ ချောမွတ်တဲ့ အသံကို ထုတ်လိုက်သည်။



 အဲ့နေရာမှာ ရန်ဟုန်ရင်က သူ ထမင်းစားနေတာကို ကြည့်နေပြီး သူမ တံတွေး မြိုချလိုက်မိသည်!



 "မိန်းမရဲ့ ပုစွန်ကြော်က တကယ်အရသာရှိတယ်!"



 ရန်ယန်က တတိယအိမ်ရှေ့က ခုံတန်းလျားတွင် ထိုင်ကာ ပန်းကန်သေးသေးတစ်လုံးနဲ့ စားပြနေပြီး ရန်ဟုန်ရင် ကြားစေဖို့ တမင်တကာ ပြောလိုက်သည်။



ရန်ဟုန်ရင်က စိတ်ကုန်နေပြီ။



 သူက မကျေပွဲနွှဲနေတုန်းပဲ။



ရန်ဟုန်ရင်က သူမ မစားခင် ထပ်ခါထပ်ခါပြောခဲ့သည် ... အရူးက အသားစားချင်နေသေးတယ်!  သူ တကယ်ကို ကြည့်ကောင်းချင်နေတာပဲ။



 ဟားဟား...



တန်ပြန် အလှည့်အပြောင်းပင်။ အခုတော့ ရန်ယန်က ရန်ဟုန်ရင် ရှေ့မှာ ထိုင်ပြီး အသားစားနေသည့် အခြေအနေဖြစ်သည်။



ရန်ယန်က အသီးအရွက်တွေနဲ့ ကြော်ထားတဲ့ အသားတစ်တုံးကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်ကာ ဝါးစားလိုက်သည်။  "အသားကလည်း ကောင်းနေတာပဲ"



ရန်ဟုန်ရင်က သူ့တူပေါ်က အသားကို တည့်တည့်စိုက်ကြည့်နေသည်။ ဒီအသားက အရူး ရန်ယန်ရဲ့ ပါးစပ်ထဲဝင်သွားတာ။



 သူမနှလုံးသား....... အက်ကွဲသွားပြီ



ရန်ဟုန်ရင်က အဝေးကို မကြည့်နိုင်ခဲ့ပေ။



 သူမ လှည့်သွားကာ တံမြက်စည်းကို လွှင့်ပစ်ပြီး အခန်းထဲ ပြေးဝင်သွားကာ ဟင်းရွက်ကြော်နေတဲ့ ရန်ချန်ယွီကို မေးလိုက်သည်။ "အမေ၊ ဒီနေ့ သမီးတို့မိသားစု ဘာဟင်းစားကြမှာလဲ၊ အသားလား ဒါမှမဟုတ် ပုစွန်လား"



 "ဘာ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။

 ဒီလောက်ကောင်းတဲ့ဟင်းကို ဘယ်မှာရနိုင်မလဲ"



ရန်ချန်ယွီက မျှစ်ခြောက်ကို မုန်လာဥနီနဲ့ မွှေကြော်နေခဲ့သည်။ "ဗိုက်ဆာနေပြီလား။ လာ တူယူပြီး နည်းနည်းလောက် အရင်စားကြည့်"



 "အာ......"