၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်
အပိုင်း ၂၃
တိတ်ဆိတ်သည့်ညတွင် စိတ်ဓာတ်ကျနေပြီးသားဖြစ်တဲ့ ရန်ယန်က လင်းရှောင်ယွဲ့ရဲ့ အဖြေကို စောင့်မျှော်နေခဲ့သည်။
အခုလေးတင် သူ သူမ ခင်ပွန်းအစစ်ဖြစ်အောင် လုပ်လို့ရနိုင်မလားလို့ မေးခဲ့တာ။
သူ အခု မေးခဲ့တဲ့ဟာက သူ အရမ်း အလေးထားတဲ့ မေးခွန်းတစ်ခုပဲ။
စိတ်ဓာတ်ကျနေတဲ့ ရန်ယန်က သူ့ခန္ဓာကိုယ်တွင် ကိုယ်ခွဲသုံးမျိုးရှိကြောင်း သိသည်။
ကိုယ်ခွဲတွေကို ခေါ်နိုင်စွမ်းရှိတဲ့ ပင်ကိုယ်စရိုက်က ပေါ့ပေါ့တန်တန် မဟုတ်ဘဲ သူလုပ်ချင်တာမှန်သမျှ လုပ်တတ်တဲ့ ယန်ယန် မဟုတ်သလို ခြောက်နှစ်သားအရွယ်အိုင်ကျူပဲရှိတဲ့ ဖြူစင်ပြီး ကြင်နာတတ်တဲ့ ယန်ယန်လည်း မဟုတ်ပေ။
ဤကိုယ်ခန္ဓာ၌ စွမ်းအားကို ကိုင်ဆောင်သောသူက ထိုသူဖြစ်သည်။
ထိုပရော်ဖက်ရှင်နယ်စာအုပ်ကို လှန်လိုက်ရုံနှင့် ရန်ယန်က သူ့နှလုံးသားထဲက အတွေးများစွာကို ခံစားလိုက်ရသည်။
သူပြောင်းလဲလိုစိတ်ရှိရင် သူက ပုံမှန်လူတစ်ယောက်အဖြစ် ပြန်ဖြစ်လာနိုင်တယ်လို့ သူထင်ခဲ့သည်။
သူ ကုသနိုင်တာကြောင့် ကျန်နှစ်ယောက်လည်း ပျောက်ကွယ်သင့်သည်။
ထိုအချိန်တွင် ခန္ဓာကိုယ်၌ တစ်ယောက်တည်းသာ ကျန်ခဲ့ပေလိမ့်မည်။
သူသာ တကယ် ပျောက်ကင်းပြီး သာမန်လူတစ်ယောက်ဖြစ်လာရင် ရန်ယန်က သူမရဲ့ခင်ပွန်းအစစ်ဖြစ်ချင်သည်။
" လင်းရှောင်ယွဲ့..."
သူ သူမရဲ့အဖြေကို စောင့်နေမိသည်။
လင်းရှောင်ယွဲ့က သူမ မျက်နှာကို စောင်ထဲတွင် တစ်ဝက်ခန့် ဖုံးအုပ်ထားပြီး သူမ မျက်နှာ ပူလောင်နေတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
အချိန်အတော်ကြာပြီးသည်အထိ ရန်ယန်က သူမအဖြေကို မကြားခဲ့ရပေ။
ငြင်းပယ်ခံလိုက်ရကြောင်း သူနားလည်လိုက်သည်။
သူက သူမဘက်လှည့်ပြီး “ငါသိပြီ” လို့ အသံတိုးတိုးနဲ့ ပြောလိုက်သည်။
"ရှင်ဘာသိတာလဲ"
လင်းရှောင်ယွဲ့ မျက်လုံးလေးများက သူ့ဘက် စောင်းသွားကာ ပြတင်းပေါက်မှ လရောင်က သူမကို အမှောင်ထဲတွင် မမြင်ရစေခဲ့ပေ။
အမှောင်ထဲမှာ သူ့ခေါင်းနောက်ဘက်က သူမကို မျက်နှာမူနေတယ်...... သူဘာလုပ်နေတာလဲ။
"မင်းဘာကိုဆိုလိုတာလဲ ငါသိတယ်.......အိပ်တော့" ရန်ယန်ရဲ့ အသံက အေးစက်ပြီး ဘာမှမထူးခြားနားပင်။
လင်းရှောင်ယွဲ့က သူ့ လျစ်လျူရှုသောအသံကိုကြားလိုက်ပြီး ပြောလိုက်သည်။ "ရှင်ပြောနေတဲ့ပုံစံက ကျွန်မကိုအထင်လွဲနေပြီထင်တယ်။ အမှန်တော့ ရှင့်ကို ကျွန်မရဲ့ခင်ပွန်းလို့ အမြဲမှတ်ယူထားတာ။ မဟုတ်ရင် ရှင့်ကို ဘာအတွက်ယူထားတယ်လို့ ရှင်ထင်လဲ"
ရန်ယန်ရဲ့ နှလုံးသားက ကြည်လင်လာခဲ့သည်။ လယ်ကွင်း တစ်ဧကကို နေရောင်ဖြင့် လင်းထိန်သွားစေသလိုမျိုး သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာသည်။ "အိပ်တော့ "
"အိပ်ရမယ် "
"ဟေး၊ ဒီအကြောင်းအရာကို ရှင်ဒီအတိုင်း ပြောနေတာလား ဟမ်" လင်းရှောင်ယွဲ့ သူ့နောက်ကျောကို လက်ညှိုးနဲ့ ထိုးလိုက်သည်။ ငါတို့ ပိုပြီး နက်နဲသွားတော့မှာ မဟုတ်ဘူးလား။
ရန်ယန်က ဘာမှပြန်မပြောခဲ့ပေ။
လင်းရှောင်ယွဲ့ သူ့ကို အနောက်ကနေ လှမ်းရိုက်လိုက်သည်။ "ဟေး..."
ရန်ယန် သေချင်ယောင်ဆောင်နေခဲ့သည်။
လင်းရှောင်ယွဲ့ သူ့ကို နောက်တစ်ကြိမ် ရိုက်လိုက်သည်။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်...
သူတုံ့ပြန်ဖို့ အစီအစဉ်မရှိတာညမြင်လိုက်ရသဖြင့် လင်းရှောင်ယွဲ့က သူ့နောက်ကျောဘက်ကို လက်နှစ်ဘက်နဲ့ တို့ကြည့်လိုက်သည်။
ဒီတစ်ကြိမ်မှာတော့ ရန်ယန်က ယားယံတာကို မခံနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်က ထိန်းမရဘဲ တွန့်လိမ်သွားခဲ့သည်။
လင်းရှောင်ယွဲ့ သူ့ အလွန်အမင်း တုံ့ပြန်နေတာ တွေ့လိုက်ရတဲ့အခါ သူမ ပိုတက်ကြွလာခဲ့သည်။
သူ့ကို တို့မယ့်အစား ကလိထိုးလိုက်သည်။
"ရှင့်ကို စကားမပြောဖို့ ဘယ်သူပြောထားလို့လဲ၊ ဘယ်သူက စကားမပြောခိုင်းထားတာလဲ!" လင်းရှောင်ယွဲ့က ရယ်မောပြီး ကစားခဲ့သည်။
ရန်ယန်က သူမရဲ့ အနိုင်ကျင့်မှုကြောင့် တကယ် ယားလာခဲ့သည်။ သူ့ခန္ဓာကိုယ်က ငါးရှဉ့်လို တွန့်လိမ်နေပေမယ့် အသံမထွက်ချင်တာကြောင့် ပါးစပ်ကို တင်းတင်းကျပ်ကျပ် စေ့ထားခဲ့သည်။
ရန်ယန် လှည့်ကြည့်ပြီး သူမလက်လေးကို ဆုပ်ကိုင်လိုက်ရုံမှတပါး မနေနိုင်တော့ပေ။
လင်းရှောင်ယွဲ့ရဲ့ ရင်ခုန်သံများ ပြီးဆုံးသွားခဲ့သည်။
သူမက ခေါင်းမော့ထားပြီး သူက ခေါင်းငုံ့ထားသည်။ လင်းလက်တောက်ပတဲ့ မျက်လုံးနှစ်စုံက အမှောင်ထုထဲ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ကြည့်နေခဲ့ကြသည်။
ဒီအချိန်မှာ အချိန်တွေက အေးခဲသွားပုံရတယ်...
"မင်း...ဒုက္ခမပေးနဲ့....."
ရန်ယန် သူ့နှုတ်ခမ်းတွေကို ဖြည်းညှင်းစွာဖွင့်ဟလိုက်တော့ သူ့ပါးစပ်ထဲက အောရှတဲ့တဲ့အသံထွက်လာဖို့တောင် မမျှော်လင့်ထားသလိုပဲ။
သူ့ခန္ဓာကိုယ်ထဲမှာ ဖော်ပြရခက်ပြီး ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရှိနေသည်။
ရန်ယန် နောက်ပြန်ဆုတ်သွားသည်။
သူလွှတ်လိုက်တာနဲ့ လင်းရှောင်ယွဲ့က သူမလက်သေးသေးလေးကို ဆုတ်ခွာလိုက်ပြီး သူတို့နှစ်ဦးခြုံဖို့ စောင်ကိုပစ်လိုက်သည်။
သူမမှာ ပုံမှန် မျက်နှာထားအတိုင်းရှိနေခဲ့သည်။ "ရှင့်ကို မေးခွန်းတစ်ခုမေးချင်တယ်"
ရန်ယန်ရဲ့ အနက်ရောင်မျက်လုံးများက သူမကို စိုက်ကြည့်လာသည်။ သူက အာရုံစိုက်နေပြီး ဘာမှပြန်မပြောခဲ့ပေ။
လင်းရှောင်ယွဲ့က သူ့ကိုမေးခဲ့သည် "သူတို့နှစ်ယောက်လုံးက ကျွန်မကို ဇနီးမယားအဖြစ် အမြဲမှတ်ယူကြတယ်။ ကျွန်မကိုအရင်က ရှင့်ရဲ့ဇနီးလို့ ရှင်မထင်ခဲ့ဘူးလား၊ ဒါဆို ရှင်ငါ့ကို ဘယ်လိုထင်ထားတာလဲ၊ ရှင့်ကို ပြုစုဖို့ ဝယ်လာတဲ့ အစေခံတစ်ယောက်လို့လား"
"မဟုတ်ဘူး"
ရန်ယန်က အမြန်ငြင်းလိုက်သည်။ "ငါ မင်းကို မိန်းမတစ်ယောက်လို့ မှတ်ယူထားတာ..."
အရင်က သူမက ထူးဆန်းတဲ့ဇနီး၊ ထူးဆန်းတဲ့ဇနီးတစ်ဦးမျှသာဖြစ်သည်။
အခု သူမက အကျွမ်းတဝင်ရှိတဲ့ ဇနီး၊ သူနှစ်သက်တဲ့ဇနီးဖြစ်သည်။
"အိုး..."
လင်းရှောင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး သူ့ပုခုံးကို ကျေနပ်စွာ ပုတ်လိုက်သည်။ "ဒါဆို အိပ်တော့!*
"ကောင်းပြီ "
ရန်ယန်က တိတ်တဆိတ်လှည့်ပြီး သူမကိုကျောပေးထားသည်။
လင်းရှောင်ယွဲ့ သူ့နောက်ကျောကို မျက်နှာမူပြီး သူမရဲ့နှုတ်ခမ်းနဲ့ ထိကပ်လာခဲ့သည်။
ရန်ယန်က သူ့နှုတ်ခမ်းထောင့်ကို တိတ်တဆိတ် ပင့်လိုက်ပြီး နောက်ကျောပေးထားခဲ့သည် ...
နောက်နေ့မနက်မှာတော့ လင်းရှောင်ယွဲ့က အံ့သြစရာမရှိဘဲ ၆ နှစ်အရွယ် ရန်ယန်ကို ကြိုဆိုခဲ့သည်။
သူမ သူတို့ ပုံစံကို ဖော်ထုတ်နိုင်ခဲ့သည်။
နေ့ခင်းဘက်မှာ ကလေး ရန်ယန်၊ ညဘက်မှာ စိတ်ဓာတ်ကျနေတဲ့ ရန်ယန်၊ တတိယကိုယ်ခွဲ ရန်ယန်က ကံတရားအပေါ်မှာပဲ မူတည်သည်။
ဒါကြောင့် တတိယရန်ယန်နဲ့ တွေ့တိုင်း အံ့သြစရာဖြစ်မှာပင်။
ဘဝဆိုတာ နေရာတိုင်းမှာ အံ့သြစရာတွေ ပြည့်နှက်လို့ မရဘူး။ သူမက ရန်ယန်ရဲ့ ကိုယ်ခွဲတိုင်းကို လက်ခံရမည်။
မိသားစုခွဲနေ ပြီးနောက် လင်းရှောင်ယွဲ့ရဲ့ အိမ်မှုကိစ္စများလုပ်ဖို့ တာဝန်လျော့သွားခဲ့သည်။
သူမမှာ ဘာမှလုပ်စရာမရှိသလို စိတ်ပေါ့ပါးသွားသည်။ နံနက်ခင်းမှာ ရန်ယန်နဲ့ ပေါင်းထားတဲ့ မုန့်နှစ်ခုကို စားပြီး သူမက သက်တောင့်သက်သာနဲ့ အားလပ်ချိန်ကို ရရှိခဲ့သည်။
သူမတို့ ဝမ်ရှို့ယင် အခန်းထဲက ထွက်လာတဲ့အခါ လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့က ရန်ဟုန်ရင် အဝတ်တွေ လျှော်ဖွပ်နေတာ တွေ့လိုက်ရသည်။
မြင်ကွင်းက အရမ်းမိုက်တယ်။
"မင်္ဂလာနံနက်ခင်းပါ အစ်မ "
လင်းရှောင်ယွဲ့က ရန်ဟုန်ရင် ရှေ့မှာ အေးအေးဆေးဆေး လမ်းလျှောက်ခဲ့ပြီး ဘေးမှာရပ်ကာ နှုတ်ဆက်ခဲ့သည်။
ရန်ဟုန်ရင်က နှုတ်ဆက်စကား မပြောဘဲ လင်းရှောင်ယွဲ့ကို မျက်ဖြူလှန်ပြခဲ့သည်။
တတိယမိသားစု ခွဲထွက်သွားပြီးနောက် လင်းရှောင်ယွဲ့က အိမ်မှုကိစ္စများမှ လွတ်မြောက်သွားခဲ့ပြီး သဘာဝအတိုင်း တစ်စုံတစ်ဦးက အိမ်မှုကိစ္စများကို ထမ်းဆောင်ရသည်။
ထို့ကြောင့် ဒုတိယမိသားစုရဲ့ ဖိအားအောက်တွင် အမြဲရှိနေသော ပထမမိသားစုက အိမ်မှုကိစ္စများကို ထမ်းဆောင်ရမည်ဖြစ်သည်။
မနက်အိပ်ယာထချိန်တွင် ချန်ချိုင်ယွင်က ရန်လျန်ဟွာကို သူမနဲ့အတူလျှော်ခိုင်းပေမယ့် ရန်ဟုန်ရင်သာ မိသားစုနှစ်စုစလုံးရဲ့ အဝတ်အစားများကို လျှော်ခဲ့ရသည်။
ပျင်းရိတဲ့မိန်းကလေး ရန်လျန်ဟွာက ခဏအကြာမှာ ရေမချိုးဘဲ အဝတ်လဲဖို့ အခန်းထဲပြန်ပြေးသွားပြီး အစ်ကို ရှမင်ကိုရှာဖို့ ပညာတတ်လူငယ်နေရာကို မွန်းတည့်ချိန်မတိုင်ခင် သွားရမယ်လို့ပြောခဲ့သည်။
ရန်ဟုန်ရင် စိတ်ထဲ အရမ်းစိတ်တိုနေပေမယ့် ရန်လျန်ဟွာကို ဘာမှပြန်မပြောနိုင်တာကြောင့် သူမစိတ်ထဲက မကျေမနပ်ဖြစ်နေတာကို သည်းခံပြီး တိတ်တိတ်လေးပဲ အလုပ်လုပ်နေခဲ့သည်။
အခု လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က သူမရှေ့မှာ အေးအေးဆေးဆေး လမ်းလျှောက်နေတာကို ကြည့်ရင်း ရန်ဟုန်ရင်က ဒေါသထွက်ကာ စိတ်ဆိုးသွားသည်။
"နင် ဘာတွေဂုဏ်ယူနေတာလဲ၊ ငါက အရူးနဲ့လက်ထပ်မှာတော့ မဟုတ်ဘူး! နင်အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်နိုင်မယ်ဆိုတာ ငါမယုံဘူး" ရန်ဟုန်ရင်က ဒေါသတကြီးပြောလိုက်သည်။
ရန်ဟုန်ရင်က တတိယအိမ်မိသားစုကို ရန်ယန် ဆွဲချသွားမည့်နေ့ကို စောင့်နေခဲ့သည်။
သူမ ရယ်မောပြီး သူတို့ ငတ်ပြတ်မှု ခံစားနေရတာကို ကြည့်နေမည်။
လင်းရှောင်ယွဲ့နဲ့ ရန်ယန်က ရန်ဟုန်ရင်ရဲ့ မကောင်းတဲ့ စိတ်ဓာတ်ကို မသိခဲ့ပေ။ သူတို့က ဝါးခြင်းတောင်းတွေကို ကောက်ကိုင်ပြီး အသီးအရွက်ဝယ်ဖို့ ဈေးသွားဖို့ ပြင်ဆင်ကြသည်။
ဝမ်ရှို့ယင်က သူမကို ဟင်းချက်ဖို့ တာဝန်ပေးခဲ့ပြီး လင်းရှောင်ယွဲ့ က ၎င်းကို နှစ်သက်ဆဲပင်။
တကယ်တော့ ဒီနှစ်တွေမှာ အစားအသောက်က အရေးကြီးဆုံးပဲ။
ဝမ်ရှို့ယင်က သူမကို ပိုက်ဆံမပေးပေမယ့် လင်းရှောင်ယွဲ့ မှာ တတိယ ရန်ယန် ဆီက ယွမ် ၃၀ ကျော်ရှိတာကြောင့် သူမလိုချင်သလောက် ဝယ်နိုင်သည်။
ဒီဘက်ခေတ်မှာ ဟင်းသီးဟင်းရွက်ဈေးတွေက အရမ်းနည်းတယ်။ ရှန့်ရန်ကျေးရွာနှင့် အနီးနားရှိ ရွာငယ်များတွင် မရှိပေ။ မြို့ထဲမှာပုြ ဟင်းသီးဟင်းရွက်ဈေးကြီး တစ်ခု ရှိသည်။
ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့အတွက် လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က မြို့ထဲက ဟင်းသီးဟင်းရွက်ဈေးကြီးဆီ ရောက်ဖို့ တစ်နာရီကျော်ကြာ လမ်းလျှောက်ခဲ့ကြသည်။
တတိယကိုယ်ခွဲ ရန်ယန်ဆီမှ ယွမ် ၃၀ ကျော်ဖြင့် လင်းရှောင်ယွဲ့က ဝက်သား ၂ ကတ်တီ၊ ပုဇွန် ၁ ကတ်တီ၊ ငါးကြီးတစ်ကောင်နဲ့ ဟင်းသီးဟင်းရွက်အချို့ကို ဟင်းသီးဟင်းရွက်ဈေးရဲ့ မှောင်ခိုလမ်းကြားတွင် ဝယ်ယူခဲ့သည်။
ပြုပြင်ပြောင်းလဲရေးနဲ့ ပြင်ပဆီ ပွင့်လင်းမြင်သာမှုမပြုလုပ်မီက လူ့အဖွဲ့အစည်းတစ်ခုလုံးက ငွေထက် လက်မှတ်များကို အသိအမှတ်ပြုသော နိုင်ငံပိုင် ယူနစ်တစ်ခုဖြစ်ခဲ့သည်။
ဒါပေမယ့် မှောင်ခိုဈေးကွက်လို အရိပ်ရပုဂ္ဂလိကလုပ်ငန်းများလည်း ရှိခဲ့သည်။ မှောင်ခိုဈေးကွက်မှာ အရာအားလုံးကို ဖလှယ်နိုင်သည်။ သကြားအတွက် ကြက်မွေးနဲ့ ဖလှယ်လို့ရတာနဲ့ ဆင်တူသည်။
ဒီဘက်ခေတ်မှာ ပစ္စည်းတွေ လဲလှယ်တာ၊ ပစ္စည်းအတွက် ပိုက်ဆံ၊ လက်မှတ်တွေ… အစရှိသဖြင့် ရာဇ၀တ်မှုလို့ ထင်ကြေးပေးခံရတာ ကျင့်သားရစေရုံပဲ။
လူထုတစ်ရပ်လုံးက တာဝန်ရှိသူတွေတောင် မှောင်ခိုလုပ်သူတွေကို ဖမ်းဆီးခိုင်းလျှင်ပင် မှောင်ခိုလုပ်သူများက အမြဲရှိနေခဲ့ပြီး အထူးအဆန်းမဟုတ်ပေ။
လင်းရှောင်ယွဲ့က ဤခရီးစဉ်မှ ရိတ်သိမ်းမှုကောင်းကောင်းရခဲ့သည်။
အဲ့တာကမှောင်ခို လမ်းကြားက စျေးသည်တစ်ယောက်က ရန်ယန်ကို သိတာကြောင့်ဖြစ်သည်။
အတိအကျပြောရလျှင် စျေးရောင်းသမားက ရန်ယန်ရဲ့ တတိယကိုယ်ခွဲကို သိပြီး သူ့ကိုအစ်ကိုရန်ယန်လို့ခေါ်ခဲ့ကာ လင်းရှောင်ယွဲ့ကို တောရိုင်းရစ်ငှက်တစ်ကောင် ပေးခဲ့သည်။
စျေးရောင်းသူရဲ့ နာမည်က ဝမ်ထျဲရှန် ဖြစ်သည်။ သူက အသက်ကြီးပုံမပေါ်ဘဲ ရန်ယန်ကို မှတ်မိသွားတဲ့အခါ လူငယ်လေး အံ့သြသွားသည်။
"အစ်ကို ရန်၊ မတွေ့ရတာ ရက်တော်တော်ကြာပြီနော်။ အစ်ကိုနဲ့ ဒီမှာတွေ့ဖို့ အရမ်းခက်တာပဲ"
ဝမ်ထျဲရှန်က သူ့ကျေးဇူးရှင် ရန်ယန်ကို မြင်လိုက်ရသလို နှုတ်ဆက်ပြီး တစ်ခုခု ပေးရမယ်လို့ ချက်ခြင်း တွေးလိုက်သည်။ "အစ်ကို ကျွန်တော် မနေ့က တောင်နက်ကြီးထဲမှာ တောရိုင်းငှက်တစ်ကောင်ကို ပစ်ခဲ့တယ်။ ကျွန်တော် ကိုယ်တိုင် ပစ်ထားတာနော်။ အခုထိ အသက်ရှင်နေသေးပြီး နွေးနေသေးတယ်။ ကျွန်တော် အဲ့အကောင်ကို အစ်ကို့ဆီ ပို့ပေးမယ်!"
လင်းရှောင်ယွဲ့က မူလက သူ့ဆိုင်က ကြက်ကလေးရဲ့ ဆွဲဆောင်တာကို ခံလိုက်ရပေမယ့် သူမက ကြက်လေးကို စွဲလန်းနေချိန် ဆိုင်ပိုင်ရှင်က ရန်ယန်ဆီ ချဉ်းကပ်လာမယ်လို့ သူမ မမျှော်လင့်ခဲ့ပေ။
လှမ်းကြည့်လိုက်တော့ စျေးဆိုင်ပိုင်ရှင်က ရန်ယန်ထံ တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ ရစ်ငှက်ကို ပေးဖို့စိတ်အားထက်သန်နေကြောင်း လင်းရှောင်ယွဲ့ မြင်လိုက်သည်။ တောရိုင်း ရစ်ငှက်လေးတွေပါရှိတဲ့ နိုင်လွန်အိတ်ကို သူမ အမြန်လှမ်းယူခဲ့သည်။ " မောင်လေး၊ အစ်မတို့ဆီ ဒီဟာကို တကယ်ပေးနေတာလား"
"ဒါက ကျွန်တော့်မရီးလား"
ဝမ်ထျဲရှန်က ခေါင်းကို ချက်ချင်း လှည့်လိုက်ပြီး သူက မျက်လုံးတစ်မှိတ်အတွင်း လင်းရှောင်ယွဲ့ကို ပြုံးပြကာ စကားပြောလိုက်သည်။ "အရင်တစ်ခေါက် အစ်ကို ရန်နဲ့တွေ့ခဲ့တဲ့ အချိန်တုန်းကတောင် မရီးအကြောင်း ပြောခဲ့သေးတယ်၊ ဒီနေ့ ကျွန်တော့်မရီးနဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ မရီးက အရမ်းလှတာပဲ"
"မဟုတ်ပါဘူး ကျေးဇူးပါပဲ..."
လင်းရှောင်ယွဲ့က နိုင်လွန်အိတ်ထဲက ရစ်ငှက်သား အရသာကို တွေးရင်း အသားစားရတော့မှာဆိုတော့ ပါးစပ်က သွားရည်ထွက်ကျလာသည်။
ဝမ်ထျဲရှန်က ရန်ယန် ကို မျက်ခုံးပင့်ကာ ပြောလိုက်သည်။ " အစ်ကို ရန်၊ ကျွန်တော်တို့နောက်တစ်ခေါက်......"
ဒါပေမယ့် အခု ရန်ယန်က (၆) နှစ်သားကလေးမျှသာဖြစ်သည်။ သူ့တွင် ဝမ်ထျဲရှန်ကို အထင်ကြီးနေပြီးသူ့ကို မသိပေ။ သူနဲ့ ဘယ်လိုဆက်ဆံရမလဲ။
ရန်ယန်က လင်းရှောင်ယွဲ့ရဲ့ အဝတ်ကို မဝံ့မရဲ ဆွဲလိုက်သည်။ "မိန်းမ..."
"ဟေး!"
လင်းရှောင်ယွဲ့က ရစ်ငှက်ဆီက အကြည့်ကို ဆုတ်ခွာလိုက်ပြီး ခေါင်းလှည့်ကာ ရန်ယန်ကို စိုက်ကြည့်ရင်း သူတို့ရှေ့မှ ဈေးရောင်းသူကို ကိုယ်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သဘောပေါက်မှသာ လင်းရှောင်ယွဲ့ ရှောင်ယန်ကို ကြည့်လိုက်သည်။
သူမ ရန်ယန် နဲ့ စကားပြောလိုက်သည်။ "ရှင့်ညီက ရှင့်ကို တောရိုင်းငှက်တစ်ကောင် ပေးထားတယ်လေ ကျေးဇူးတင်လိုက်ဦး "
ရန်ယန်က ဝမ်ထျဲရှန်ကို ကြည့်ရင်း "ကျေးဇူးတင်ပါတယ် " လို့ ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဝမ်ထျဲရှန် အံ့အားသင့်သွားပြီး သူ့အမူအရာက တောင့်တင်းသွားသည်...
သူ့ကို အပြစ်မတင်ပါနဲ့။ ရန်ယန်ကို ဒီလိုမြင်ရတာ အသစ်အဆန်းပဲ။
ဘာလို့လဲဆိုတော့ သူသိတဲ့ ရန်ယန်က မင်းကို ကျေးဇူးတင်တာမျိုး ဒါမှမဟုတ် တောင်းပန်တာမျိုး ဘယ်တော့မှ မပြောဘူး။ သူသိတဲ့ ရန်ယန်က အရမ်းမာနကြီးပြီး ကြီးစိုးတယ်။
ငါ့ရှေ့က ဒီလူနဲ့ လုံးဝနှစ်ယောက်ဖြစ်နေတယ်.....
ဝမ်ထျဲရှန်က လင်းရှောင်ယွဲ့ရဲ့ လက်ထဲမှ ရစ်ငှက်လေးကို စိုက်ကြည့်နေမိသည်။
'လူမှားတာကို ငါ ဝန်ခံမှာ မဟုတ်ဘူး ဟုတ်တယ်နော်။ ငါ ရစ်ငှက်ကလေးကို ပြန်ယူလို့ဦးရမလား ' ဟု ဆင်ခြင်မိသည်။
လူမှားတာကို အသိအမှတ်ပြုလိုက်ရင် သူ့ငှက်ကိုပေးလိုက်ရတာက သနားစရာပဲ...
လင်းရှောင်ယွဲ့ ဝမ်ထျဲရှန် အမူအရာကို သတိပြုမိပြီး နောင်တရမှာ ကြောက်တာကြောင့် သူမက ပြုံးပြီး မေးခဲ့သည်။ " ရှောင်ယန် ကို ရှင်ဘယ်တုန်းက နောက်ဆုံးတွေ့ခဲ့တာလဲ "
"အင်း..မရီး....."
ဝမ်ထျဲရှန်က "ကျွန်တော် အချိန်အတိအကျကိုတော့ မေ့သွားပြီး၊ လွန်ခဲ့တဲ့ ရက်အနည်းငယ် ညဘက်တုန်းကပဲ"
လင်းရှောင်ယွဲ့ က သူမ ဒီကမ္ဘာကို ပထမဆုံးရောက်လာတုန်းက ဖြစ်သင့်တယ်လို့ တွေးခဲ့သည်။ ညသန်းခေါင်မှာ ပြေးထွက်သွားတဲ့ တတိယ ကိုယ်ခွဲကို သူမ ပထမဆုံးမြင်လိုက်ရတဲ့ အချိန်ဖြစ်နိုင်တယ်... သူထွက်သွားပြီး ဘာတွေလုပ်ခဲ့လဲဆိုတာ သူမ အမြဲတွေးနေခဲ့မိသည်။