အပိုင်း ၂၂
Viewers 444

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၂၂




 ဤစာကြည့်ခန်းနေရာလွတ်က ဘယ်လောက်အတိုင်းအတာရှိလဲ သူမ မသိပေ။



လင်းရှောင်ယွဲ့ အိပ်ပျော်ပြီးနောက် ဤနေရာကိုသာ ဝင်ရောက်နိုင်ပြီး သူမ ကမ္ဘာတွင် တည်ရှိနေသည့် တကယ့်နေရာနှင့် ညီမျှတဲ့ ဤနေရာလွတ်အချိန်ကို သူမသေဆုံးပြီး ဒုတိယပိုင်းတွင် သတ်မှတ်ထားသည်။



 ဤသည်မှာ သိပ္ပံပညာဖြင့် မရှင်းပြနိုင်သော ဖြစ်စဉ်တစ်ခုပင်။



 ကုတင်ပေါ်၌ ရန်ယန် သုံးယောက်က မျက်နှာချင်းဆိုင် အေးချမ်းစွာ အိပ်မောကျနေကြသည်။ သူတို့တစ်ဦးချင်းစီက သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထူးထူးခြားခြား အမှတ်အသားမပါပဲ တစ်ပုံစံတည်းဖြစ်သည်။



လင်းရှောင်ယွဲ့က သူတို့သုံးယောက်ကို ပြီးခဲ့တုန်းကလုပ်ပေးထားခဲ့သည့် အမှတ်အသားများပင် ပျောက်ကွယ်သွားခဲ့သည်။



လင်းရှောင်ယွဲ့  ဘယ်သူက ဘယ်သူမှန်း  မသိနိုင်တော့ပေ။



ဒါပေမယ့် သူမ ၎င်းတို့ထဲမှ တစ်ယောက်က်ို ရွေးထုတ်ရုံသာတက်နိုင်သည်။



 ဆိုလိုတာက ဒီလူသုံးယောက်ထဲက ဘယ်သူက ဘယ်သူလဲဆိုတာ သူမ မပြောပြနိုင်ဘူး။ ပြီးတော့ သူမ လိုချင်တဲ့ သူကို ခေါ်သွားနိုင်သည်။



 ပြီးတော့ သူမ သူတို့ကို ခွဲထုတ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူ့ကို နှိုးဖို့ ဖြစ်နိုင်သည်။



လင်းရှောင်ယွဲ့ သူတို့ကို နှိုးနိုင်ပါ့မလားဆိုတာ မသေချာဘူး...



 ဘာပဲဖြစ်ဖြစ် အဲဒါက သူမရဲ့ အိပ်မက်ထဲမှာ ရှိနေတော့ သူမ သတ္တိရှိရှိ ကြိုးစားရမယ်။



လင်းရှောင်ယွဲ့ ထိုလူရဲ့ ပခုံးကို ခါယမ်းပြီး ခေါ်လိုက်သည်။ "ရန်ယန် ထတော့ ရန်ယန် ......"



 ခဏကြာတဲ့အထိ ခေါ်ခဲ့ပေမယ့် မနိုးလာပေ။



လင်းရှောင်ယွဲ့ မှန်းဆလိုက်သည်။  'သူမရဲ့နေရာလွတ်ထဲမှာ  သူ မနိုးလာနိုင်ဘူးလား'



 "ထတော့။ ရန်ယန် "



လင်းရှောင်ယွဲ့က သူ့ကို အော်ဖို့ ကြိုးစားခဲ့ပြီး သူ့နားထဲအော်လိုက်သည်...



 ဒါတောင် သူ့ကို မနှိုးနိုင်သေးဘူး။



 နောက်တစ်ကြိမ်တွင် ရန်ယန် သုံးယောက်ကြား အပြန်ပြန်အလှန်လှန် ခေါ်ကာ သူမ နည်းလမ်းများကို ပြောင်းလဲခဲ့သည်။



 ဒါတောင် သူမအော်သံကြောင့် သူတို့ထဲက တစ်ယောက်ကိုတောင် မနှိုးနိုင်သေးဘူး....ဒါကြောင့် သူမရဲ့နေရာလွတ်လေးမှာ ရန်ယန်က ငြိမ်သက်စွာ အိပ်မောကျနေပြီး မနိုးထနိုင်ခဲ့ပေ။



လင်းရှောင်ယွဲ့လည်း သူ့ကို နှိုးဖို့ စွန့်လွှတ်လိုက်သည်။



 လင်းရှောင်ယွဲ့က နေရာလွတ်ထဲ လှည့်ပတ်ကြည့်ပြီး  DIDက  ဆေးစာအုပ်ကို ထုတ်ယူဖို့လုပ်လိုက်သည်။



 ရန်ယန်က မကောင်းဆိုးဝါးမဟုတ်ဘဲ နေမကောင်းရုံသာဖြစ်ကြောင်း သိပ္ပံနည်းကျရှုထောင့်မှ လူတိုင်းကို ဆွဲဆောင်လိုသည်။



 ယေဘူယျအားဖြင့်တော့ ဒီရောဂါရဲ့ အဖြစ်များဆုံး အကြောင်းအရင်းကတော့ ကလေးဘဝက စိတ် ဒဏ်ရာတွေကနေ ဖြစ်ပေါ်လာတာပင်။


.....


 တစ်ရေး နိုးလာပြီးနောက် လင်းရှောင်ယွဲ့က DID နှင့်ပတ်သက်သည့် ပရော်ဖက်ရှင်နယ်စာအုပ်တစ်အုပ်ကို ရရှိခဲ့ပြီး ၆ နှစ်အရွယ် ကလေး ရန်ယန်ကို ပေးခဲ့သည်။



 ညစာအတွက် ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ကို မုန့်အနည်းငယ် ယူလာပေးကာ ပင်မအိမ်မှာ မစားဖို့ နှစ်ယောက်စလုံးကို ပြောခဲ့သည်။



 မနက်ဖြန်က စပြီး မိသားစုသုံးယောက်က ၎င်းတို့ ကိုယ်ပိုင်မီးဖိုများ တပ်ဆင်ကြမည်ဖြစ်ကာ ယခုအချိန်မှစ၍ သူမတို့က ဝမ်ရှို့ယင်အိမ်ဆီ အစားစားဖို့ တိုက်ရိုက်သွားကြရမည်ဖြစ်သည်။



လင်းရှောင်ယွဲ့က ရန်ယန်ကို ခွံကျွေးဖို့ မလိုအပ်တော့ပေ။



 ငယ်ရွယ်တဲ့ လင်မယားနှစ်ယောက်က အခန်းကျဉ်းလေးထဲ မုန့်များ စားသောက်ခဲ့ကြပြီး ၆ နှစ်အရွယ် ရန်ယန်က လင်းရှောင်ယွဲ့ကို ပြုံးပြကာ စကားသံ ထွက်ပေါ်လာခဲ့သည်။  "မိန်းမ၊ ငါ မင်းကို ပိုပိုပြီး သဘောကျလာတယ်ထင်တယ်"



 ကိုယ်ခွဲသုံးယောက်ရဲ့ ခံစားချက်နဲ့ မှတ်ဉာဏ်များက ဆက်စပ်နေတာကြောင့် ၆ နှစ်အရွယ် ရန်ယန်ရဲ့ ခံစားချက်များက လင်းရှောင်ယွဲ့ အတွက် ပိုနက်ရှိုင်းလာသည်။



 ကျန်နှစ်ယောက်က သူမကို ပိုချစ်လာပြီး ရန်ယန်က မိုက်မဲစွာ လိုက်လုပ်ခဲ့သည်။



လင်းရှောင်ယွဲ့ကလည်း ရန်ယန် သုံးယောက်ကို သဘောကျသည်။



ဒါပေမယ့် သူမကို ပထမဆုံး ဝန်ခံမည့်သူမှာ ရန်ယန်လေး ဖြစ်မယ်လို့ သူမ မမျှော်လင့်ထားပေ။



 ကလေးတွေက ပိုဖော်ပြနိုင်လို့လား။



 "ကောင်းပြီ၊ ရှင် ကျွန်မကို အရမ်းသဘောကျတယ်ဆိုတော့ အနာဂတ်မှာ ကျွန်မကို ကောင်းကောင်းဂရုစိုက်ရမယ်နော် "  လင်းရှောင်ယွဲ့ ပေါင်မုန့်ကို တတိတိကိုက်စားပြီး ဒီစကားကိုပြောခဲ့သည်။



 ၆ နှစ်အရွယ် ရန်ယန်က ရုတ်တရက် သန်မာလာပြီး ခေါင်းညိတ်ကာ "ငါ့ ဇနီးကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်။ မိန်းမကို ငါ ဂရုမစိုက်နိုင်ရင် ကျန်တဲ့ အစ်ကို နှစ်ယောက်က မင်းကို ပြုစုပေးလိမ့်မယ် "



 "ကျန်တဲ့ အစ်ကိုကြီးနှစ်ယောက်လား"  လင်းရှောင်ယွဲ့ မေးလိုက်သည်။



 ဒါဆို တခြားနှစ်ယောက်ဖြစ်တဲ့ ရန်ယန် အကြောင်းလည်း သူသိတာလား။



 "ဟုတ်တယ်"



 ရန်ယန်က ခေါင်းညိတ်ပြလိုက်သည်။ "တခြား အကိုနှစ်ယောက်က ငါ့ထက် ထက်မြက်ပြီး အရည်အချင်းပိုရှိပေမယ့် အမေက သူတို့ကို မကြိုက်ဘူး။ ဒါကြောင့် သူတို့နှစ်ယောက်လုံးက အမေအနားမှာ ရှိနေတာကို မကြိုက်ကြဘူး။ ကံကောင်းစွာနဲ့ပဲ ငါ့မိန်းမက တော်တယ်။  ငါ့မိန်းမက အားလုံးကို ကြိုက်တယ်!"



လင်းရှောင်ယွဲ့ က သူ့စိတ်က အနည်းငယ် ရှုပ်ထွေးနေသလို ခံစားလိုက်ရသည်။



သူ့ရဲ့ကိုယ်ခွဲသုံးယောက်စလုံးက အပြန်အလှန်အားဖြင့် အပြန်အလှန်ဖလှယ်နိုင်တဲ့ မှတ်ဉာဏ်တွေရှိတယ်လို့ သူမက အစပိုင်းမှာ တွေးခဲ့ပြီး သူတို့ထွက်သွားဖို့ ညှိနှိုင်းထားသလိုပဲ။



 အရမ်းသဟဇာတဖြစ်တာလား။



လင်းရှောင်ယွဲ့  ပေါင်မုန့်ကို ကိုက်ပြီး မေးလိုက်သည်။ “ဒါဆို ရှင့်အမေက အဲဒီညီအကိုနှစ်ယောက်ကို ဘာလို့မကြိုက်တာလဲ” 



 ရန်ယန်က တုံ့ပြန်ရင်းနဲ့ ပေါင်မုန့်ကို ကိုက်လိုက်သည်။  "အမေက အဲဒီညီအကိုနှစ်ယောက်ကို မကောင်းဆိုးဝါးလို့ထင်နေတဲ့အတွက် သူ့ရဲ့သားမဖြစ်စေချင်ဘူး။ အမေက ငါ့ကိုပဲ သူ့သားလို့ထင်တာ "



လင်းရှောင်ယွဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။ "မှန်တယ်..."



 သူမ သူ့ DID ကို ကုစားချင်ခဲ့သည်။



 သူမသာ လုပ်နိုင်မယ်ဆိုရင်ပေါ့။



 သူ့ရဲ့ကိုယ်ခွဲ သုံးခုကို သူမ ဂရုမစိုက်ပေမယ့် သူ့ကို အထင်လွဲနေတာ မမြင်ချင်ဘူး။  အထူးသဖြင့် သူချစ်ခင်ရသူတွေဆီကနေပေါ့ ...


........



 တတိယ မိသားစုက လက်တင်းကြပ်မှုကြောင့် ခွဲခွာခဲ့ရသောအခါတွင် မိသားစုမှာ အတော်လေး ခက်ခဲနေခဲ့သည်။



ဝမ်ရှို့ယင်က လင်မယားနှစ်ယောက်ရဲ့ အခန်းမှာ တံခါးကို ဖြိုဖျက်ပြီး မီးဖိုငယ်တစ်ခု၊ အိုးတွေ ဒယ်အိုးတွေနဲ့ တခြားအရာတွေ လုပ်ခဲ့ရတယ်...



 ဝေယျာဝစ္စကိစ္စများစွာရှိခဲ့သည်။



 ကောင်းတာက ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က အများအားဖြင့် အလုပ်ကြိုးစားကြပြီး သူတို့ရဲ့ ကျော်ကြားမှုကလည်း တော်တော်ကောင်းသည်။



ရန်တယုံက ရွာရှိ သူငယ်ချင်းတချို့နဲ့ မီးဖိုငယ်တည်ဆောက်ခြင်း အကြောင်းပြောပြီး နောက်တစ်နေ့တွင် လူတိုင်းက သူတို့အိမ်ဆီသွားကာ အရာအားလုံးကူလုပ်ပေးခဲ့ကြပြီး မီးဖိုကိုတပ်ဆင်ဖို့ တစ်မနက်သာသုံးခဲ့ရသည်။



 ဒီနေ့ နေ့လည်စာအတွက် ရန်တယုံက မိသားစုလေးယောက်ကို သူ့သားရဲ့အစ်ကို (ရွာမှာရှိတဲ့ မျိုးနွယ်တူ) ရန်ကောပင်းရဲ့အိမ်မှာ ထမင်းစားဖို့ ခေါ်သွားခဲ့သည်။



 ရန်ယန် ထိုထမင်းကိုစားပြီးနောက် အလွန်ဒေါသထွက်သွားမိသည်။



ရန်ကောပင်း၏သား ရန်ရွှေ့ချန်က အဲ့သူခိုးမျက်လုံးတွေနဲ့ လင်းရှောင်ယွဲ့ကို စိုက်ကြည့်နေသောကြောင့်ပင်။



 နေ့လယ်စာစားပြီးနောက် ရန်ရွှေ့ချန်က ရန်ယန် ယကို စကားမပြောဘဲ လင်းရှောင်ယွဲ့နဲ့ စကားပြောဖို့ အခွင့်အလမ်းကို ရဲရင့်စွာနဲ့ ပြောင်ပြောင်တင်းတင်းဖြင့် မကြာခဏ ရှာဖွေခဲ့သည်။ ဝင်ရှို့ယင်တောင် ဒါကို မြင်နိုင်သည်။



 တခြားသူရဲ့အိမ်မှာစားတာသာ မဟုတ်ရင် ဝမ်ရှို့ယင် ဒေါသထွက်ပြီးနေပြီ။ မဟုတ်ဘူး ဝမ်ရှို့ယင်က ရန်ရွှေ့ချန်ကို ကျိန်ဆဲမှာ သေချာသည်။



 ဘယ်လိုပဲဖြစ်ဖြစ် မီးဖိုငယ်ကို တည်ဆောက်ပြီးသွားခဲ့သည်။  မနက်ခင်းမှာ တပ်ဆင်ကြသည် နေ့ဘက်ခြောက်ဖို့ စောင့်နေပြီး ညဘက်မှာ အသုံးပြုလို့ရနိုင်သည်။



ဝမ်ရှို့ယင်က မိသားစုရဲ့ တစ်ခုတည်းသော စုဆောင်းငွေ ယွမ် ဒါဇင်များစွာနဲ့ လက်မှတ်များကို ရက်အနည်းငယ်ကြာမျှ ထောက်ပံ့နိုင်သည့် အိုးများနှင့် ဒယ်အိုးများ ဝယ်ဖို့ ထုတ်ယူခဲ့သည်။



 အဲဒီနောက်မှာတော့ ရန်တယုံနဲ့ ဝမ်ရှို့ယင်တို့င တစ်နှစ်မတိုင်ခင်အထိ ကိုယ်ပိုင်အလုပ်တွေကို ဆက်လုပ်ကိုင်ဖို့သွားခဲ့ကြသည်။



 ရလာတဲ့ငွေတွေကို နှစ်သစ်ကူးအတွက် သုံးကြမည်ဖြစ်သည်။



 သူတို့နှစ်ဦးက လကုန်တွင် တပ်မဟာဆီမှ ငွေလက်ခံရရှိပြီးနောက် ရန်ယန်ကို ဆရာသမားဆီခေါ်ဆောင်သွားဖို့ စီစဉ်ဆဲဖြစ်သည်။



 ဆရာသမားနဲ့ ပတ်သက်ပြီး ဝမ်ရှို့ယင်က လက်လျှော့ရန် သို့မဟုတ် အရှုံ့ပေးဖို့ ငြင်းဆန်ရန် နှလုံးသားရှိသည်။



 အိမ်ခွဲနေရတဲ့ နေ့ရက်တွေက နည်းနည်းတော့ ခါးသီးသည်။



 ဒါပေမယ့် ထမင်းစားချိန်တွင် စားပွဲတစ်လုံးတည်း၌ထိုင်နေသည့် မိသားစုလေးယောက်က အဓိကမိသားစုနှင့်အတူ စားသောက်ခြင်းထက် ပိုကောင်းမွန်တဲ့ လေထုရှိကြောင်း သိသာထင်ရှားသည်။



 စားပွဲပေါ်တွင် အဝါရောင်မုန့်တစ်အိုးနှင့် တောရိုင်းဟင်းသီးဟင်းရွက်ကြော် တစ်ပန်းကန်ရှိသည်။  အစားအသောက်က နည်းနည်းတော့ ငြီးငွေ့စရာကောင်းပေမယ့် စားသောက်ဖို့ သတိထားနေစရာ မလိုဘူး၊ နည်းနည်းတော့ ပိုကောင်းတယ်...



လင်းရှောင်ယွဲ့က ရန်ယန်ကို ခွံ့ကျွေးဖို့ မလိုအပ်ပေ။ မုန့်တစ်ကိုက်နှင့် တောရိုင်းအသီးအရွက်တစ်ကိုက်ကို နာခံစွာစားခဲ့သည်။



ဝမ်ရှို့ယင်က သူမမိသားစုနဲ့ မျှဝေထားတဲ့ စားပွဲကို ကြည့်လိုက်ရာ သူမက အိမ်ထောင်ဦးစီး ဖြစ်လာခဲ့သည်။  တောရိုင်း အသီးအရွက်တွေပဲ စားရင်တောင် စိတ်ထဲမှာ အရမ်းလှုပ်ရှားမိသည်။  "ရှောင်ယန် အဖေ၊ ခွဲနေတဲ့ မိသားစုလေးဖွဲ့ရတာ ဘယ်လောက်ကောင်းလဲဆိုတာ ရှင်မြင်လား။ ကျွန်မတို့ ဒုတိယအိမ်ကို ကြည့်နေစရာ မလိုတော့ဘူး"  ဝမ်ရှို့ယင်က ရန်တယုံကို တောရိုင်း အသီးအရွက်တွေ ထည့်ပေးလိုက်သည်။ သူမ မျက်လုံးများက ပျော်ရွှင်မှုတဲ့ စိတ်ခံစားမှုများနှင့် ပြည့်နှက်နေသည်။



ရန်တယုံ ပါးစပ်က အစားအစာကို ကိုက်စားလိုက်ပြီး ယောင်ဝါးဝါး ပြန်ဖြေခဲ့သည်။ “မိသားစုနဲ့ခွဲခွာရတာက လန်းဆန်းနေတုန်းပဲ၊ ကောင်းကျိုး၊ ဆိုးကျိုးတွေတော့ရှိတယ်။ နောင်တစ်ချိန် မင်းလက်ထဲမှာ အပိုပိုက်ဆံနည်းနည်းရှိရင် မင်းရဲ့မိဘတွေကို ပေးရမယ်နော်။ တစ်လ ၁၀ ယွမ် ကောင်းပါတယ်။  မိဘနှစ်ပါးကို သူတို့နှစ်အိမ် ထောက်ပံ့ပေးရုံနဲ့ မင်းနေလို့မရဘူး"



ဝမ်ရှို့ယင်က ရန်တယုံရဲ့ ဆိုလိုရင်းကို နားလည်သည်။ "ကောင်းပါပြီ၊ ကျွန်မတို့ရဲ့ အခြေအနေပေါ်မှာ မူတည်တယ်"



မိသားစုကွဲသွားပေမာ့် အထူးသဖြင့် ကျန်မိသားစုနှစ်စုက သက်ကြီးရွယ်အိုများကို ပြုစုပျိုးထောင်နေချိန် သူတို့ သက်ကြီးရွယ်အိုများကို မထောက်ပံ့နိုင်ခဲ့ပေ။



 ရွာသားများ၏ အတင်းအဖျင်းစကားများကို ရှောင်ရှားဖို့သာဖြစ်ပြီး အချို့မှာ သက်ကြီးရွယ်အိုများဆီ လွှဲပြောင်းပေးရသေးသည်။



 ဝမ်ရှို့ယင်က ရန်ယန်ကောင်းကောင်း ပြုမူနေထိုင်နိုင်သရွေ့ သူတို့နေ့ရက်များက အနာဂတ်မှာ ပိုကောင်းလာမယ်လို့ ခံစားမိသည်။



 " ရှောင်ယွဲ့၊ အခုကစပြီး သမီး လူတိုင်းရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးစရာ မလိုတော့ဘူး"



ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို "သမီးက အိမ်မှာနေပြီး ရှောင်ယန်ကို စောင့်ရှောက်။ သူ့အဖေနဲ့ ငါ ပြန်လာခင် ထမင်းချက်ပေးထား။ ဒီလောက်ပဲ "



လင်းရှောင်ယွဲ့ စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။ "နားလည်ပါပြီ အမေ "



 ဒီအချိန်မှာ အရူး ရန်ယန်ကလည်း "ကျွန်တော်လည်း ကျွန်တော့်မိန်းမကို ပြုစုစောင့်ရှောက်ပါ့မယ်။ အဖေနဲ့အမေကိုလည်း ပြုစုပါ့မယ်"



ဝမ်ရှို့ယင် ရယ်လိုက်သည်။



 ဒါက မိသားစုပုံစံပါ။  ဒါ သူ့အိမ်လေ ...



ဝမ်ရှို့ယင် စိတ်ထဲ နောက်ထပ် အကြံတစ်ခု ရှိနေသည်။



 သူမ သိမ်းထားတာ ကြာပြီ။



 နောက်ပိုင်းတွင် သူတို့နှစ်ဦး ညစာစားပြီးနောက် လင်းရှောင်ယွဲ့နဲ့ ခြံထဲ ပန်းကန်ဆေးနေစဉ် ဝမ်ရှို့ယင် မမေးဘဲ မနေနိုင်ခဲ့ပေ။



" ရှောင်ယွဲ့ .....သမီးနဲ့ ရှောင်ယန်။ သမီး ရန်ယန်နဲ့အဲ့တာလုပ်ပြီးပြီလား "



 အမျိုးသမီးတစ်ယောက်အနေနဲ့ ဝမ်ရှို့ယင်က အရူး ရန်ယန်ကို ဒီလိုမေးခွန်းမျိုး မမေးနိုင်ဘူး။



 ဒါပေမယ့် ဒီမေးခွန်းကို သူမ စိတ်ထဲမှာ ရက်အတော်ကြာအောင် ထိန်းထားခဲ့သည်။



 သူမစိတ်ထဲမှာ တစ်ခုခုတော့ ရှိတယ်...



 သူမ သားက နေ့ခင်းဘက် ရူးပြီး တစ်ခါတစ်ရံ ညဘက်တွေမှာ ပုံမှန်ပဲ။



 ထို့ကြောင့် လင်းရှောင်ယွဲ့ ကို ဇနီးအဖြစ် ဝယ်ယူသည့်နေ့တွင် ဝမ်ရှို့ယင်က သူတို့နှစ်ဦး ပုံမှန်အိမ်ထောင်ပြုမည့်နေ့ကို စောင့်မျှော်နေပြီး လင်းရှောင်ယွဲ့ နဲ့ သူမသားတို့ကြား တစ်စုံတစ်ခု ဖြစ်ခဲ့လားဆိုတာကို သိချင်နေခဲ့သည်။  



လင်းရှောင်ယွဲ့ မေးခွန်းအတွက် အံ့အားသင့်သွားပေမယ့် ရိုးရိုးသားသားဖြေခဲ့သည်။ "အမေ၊ ရှောင်ယန်နဲ့ ကျွန်မ.... အဲ့တာမလုပ်ရသေးဘူး..."



 "အိုး မလုပ်ရသေးဘူး..."



ဝမ်ရှို့ယင်က ဤအဖြေကို သိပေမယ့် အနည်းနဲ့အများတော့ စိတ်ပျက်သွားပြီး "ဒီကိစ္စကို ဘယ်လိုထင်လဲ၊ မနေ့က ကောပင်းရဲ့ မိသားစုညစာစားပွဲမှာ သူ့သားက သမီးကို စိုက်ကြည့်နေတာ အမေ တွေ့လိုက်ရတယ်..."



ဝမ်ရှို့ယင် က လင်းရှောင်ယွဲ့  နံရံမှ ထွက်လာမည်ကို အနည်းငယ် စိုးရိမ်နေမိသည်။



 (TN- နံရံမှ ထွက်လာခြင်းဆိုသည်မှာ တစ်စုံတစ်ဦးကို လှည့်စားခြင်း သို့မဟုတ် အိမ်ထောင်ရေးဖောက်ပြန်ခြင်းဟု ဆိုလိုသည်။)



 နောက်ဆုံး သူမသားက ရူးနေတာလေ။



 "အမေ၊ ဒီနှစ်ခုကို မရောနှောသင့်ဘူး"



လင်းရှောင်ယွဲ့ အမြန် ငြင်းဆိုခဲ့သည်။ "ကျွန်မတို့ အဲ့တာ မလုပ်ရသေးပေမယ့် ကျွန်မက ရှောင်ယန်ရဲ့ ဇနီးဖြစ်နေတုန်းပဲ၊ ရှောင်ယန်ကို ကျွန်မယောကျ်ားအဖြစ် တစ်သက်လုံး အသိအမှတ် ပြုမှာပါ။ တခြားသူတွေက ပိုကောင်းပြီး ပိုထက်မြက်နေရင်တောင် ကျွန်မ ဘယ်တော့မှ သူတို့ကို မကြည့်ဘူး"



ဝမ်ရှို့ယင် နှလုံးသားထဲက သက်ပြင်းချလိုက်မ်သည်။ "ကောင်းပြီ ..." ထို့ကြောင့် သူမ စိတ်သက်သာလာခဲ့သည်။



 လင်းရှောင်ယွဲ့  - "အင်း..."



 ဒါပေမယ့် လင်းရှောင်ယွဲ့ က အကြင်လင်မယားဖြစ်ခြင်းကိစ္စကို တွေးတောနေမိသည်။ ...တကယ်လို့နောက်ပိုင်းမှာ ရန်ယန် အဲ့တာကိုဖော်ပြလာရင် သူမ ဘယ်လို ရင်ဆိုင်ရမလဲ?


......



 အိပ်ယာမဝင်ခင် ဘေးဘက်အခန်းလေးဆီ ရောက်သွားချိန် လင်းရှောင်ယွဲ့က စိတ်ဓာတ်ကျနေတဲ့ ရန်ယန် ထွက်လာတာကို တွေ့လိုက်ရသည်။



 စာအုပ်တစ်အုပ်ကို ငြိမ်ငြိမ်လေးဖတ်ရင်း တစ်ယောက်တည်း ကုတင်ထောင့်မှာ ပုန်းနေပြန်သည်။



 ရန်ယန်ကိုယ်ခွဲက မြင့်မားသော စွမ်းအင်ဖြင့် ပေါ်လာပြီး မှားယွင်းစွာ ကစားတတ်တာကြောင့် ညစာစားပြီးနောက် နေ့တိုင်း စိတ်စွမ်းအင် နည်းပါးသွားမည်ဖြစ်သည်။



 ဒါကြောင့် တစ်ချိန်တည်းမှာပဲ နေ့တိုင်း စိတ်ဓာတ်ကျတဲ့ ကိုယ်ခွဲ ပေါ်လာလိမ့်မည်။



 စိတ်ဓာတ်ကျနေတဲ့ ကိုယ်ခွဲက လင်းရှောင်ယွဲ့ ကို မြင်တိုင်း သူမကို မရှောင်ပေ။ သူမ လမ်းလျှောက်လာတာကို အေးဆေးတည်ငြိမ်စွာ ကြည့်ခဲ့သည်။ သူမ ဖိနပ်ချွတ်ပြီး အိပ်ရာဝင်တော့ သူက စောင်ကိုတောင် ဖြန့်ခင်းပေးသည်။



 အခြား ကိုယ်ခွဲနှစ်ခုက သူ့ကို လွှမ်းမိုးထားသည်။  စိတ်ဓာတ်ကျနေတဲ့ ကိုယ်ခွဲကလည်း သူမကို အရမ်းသဘောကျသည်။



 "ဘာစာအုပ်ဖတ်နေတာလဲ" လင်းရှောင်ယွဲ့ သူ့ကို မေးလိုက်သည်။



 ရန်ယန်က လင်းရှောင်ယွဲ့ ကိုပြဖို့ စာအုပ်ကို မြှောက်ပြလိုက်သည်။ သူမ စာကြည့်ခန်းထဲက ထုတ်ယူခဲ့သည့် DID နှင့်ပတ်သက်သော ဆေးပညာစာအုပ်ကို သူဖတ်နေမှန်း သူမ သိလိုက်ရသည်။



 "အင်း......"



လင်းရှောင်ယွဲ့  ရှက်သွားသည်။  "ဖတ်နိုင်လား"



 ရန်ယန်က ခေါင်းညိတ်လိုက်သည်။



လင်းရှောင်ယွဲ့ က ရန်ယန် ဘေးမှာထိုင်ပြီး စောင်ကိုဆွဲတင်လိုက်သည်။ "ဒါကို အတူတူဖတ်ရအောင်။ ကျွန်မလည်း ဒါကို နားမလည်ဘူး"



ရန်ယန်က စာအုပ်တစ်ဝက်ကို သူမနဲ့ မျှဝေခဲ့သည်။



နှစ်ယောက်သား ခဏလောက် ငြိမ်ငြိမ်လေး စာအုပ် ဖတ်နေခဲ့သည်။ နောက်တော့  လင်းရှောင်ယွဲ့က အိပ်ချင်နေတာကြောင့် စောင်ကိုခြုံဖို့ လှဲလိုက်သည်။



 ရန်ယန်က သူမ လဲလျောင်းနေတာကို မြင်တော့ ရေနံဆီမီးခွက်ကို မှုတ်ပြီး သူတို့နှစ်ယောက် အတူတူ အိပ်ခဲ့ကြသည်။



 တိတ်ဆိတ်တဲ့အမှောင်ထုထဲ လင်းရှောင်ယွဲ့က  ရန်ယနကို စောင်ခြုံပေးလိုက်ကာ သူ့ကို နွေးထွေးတဲ့ အသက်ရှုသံဖြင့် ရစ်ပတ်ထားခဲ့သည်။



ရန်ယန် ချက်ချင်း တောင့်တင်းသွားသည်။



 "ဆောင်းရာသီရောက်ပြီ၊ စောင်မပါဘဲ အိပ်လို့မရတော့ဘူး။ ကျွန်မတို့က လင်မယားပဲ..." လင်းရှောင်ယွဲ့  တိုးတိုးလေးနဲ့ စိမ်ပြေနပြေ ပြောလိုက်သည်။



ရန်ယန် အံအားသင့်စွာဖြင့် ပြန်ဖြေခဲ့သည်။ "အင်း..."



 ငါတို့က လင်မယား.....



 "လင်းရှောင်ယွဲ့  ......"



 စိတ်ဓာတ်ကျနေတဲ့ ရန်ယန် သူ့ပါးစပ်ကို ဖွင့်ဟတာ ရှားရှားပါးပါးပင်။ "တကယ်တော့ ငါ......တစ်ချို့ကို ပြောင်း......"



လင်းရှောင်ယွဲ့  မော့ကြည့်လိုက်သည်။ "အာ?"



ရန်ယန်က "ငါနည်းနည်းပြောင်းလဲနိုင်တယ်..... ငါအဲ့ဒီနေတဲ့သူ ဖြစ်လာနိုင်မယ်....ထင်တယ်"



လင်းရှောင်ယွဲ့ - ...



အဲ့စာအုပ်က သူ့အပေါ် အနည်းငယ် ဖိအားဖြစ်စေတာလား။



ရန်ယန်က သတ္တိရှိရှိနဲ့ ပြောလိုက်သည်။ "ငါ.....မင်းရဲ့ခင်ပွန်းအစစ်ဖြစ်ချင်တယ်၊ ရမလား"



လင်းရှောင်ယွဲ့ မျက်နှာက ချက်ချင်း နီရဲသွားခဲ့သည်....