၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်
အပိုင်း ၂၁
ဝမ်ရှို့ယင်ရဲ့ အောက်ခြေလိုင်းကို ထိသွားခဲ့တာဖြစ်သည်။
သူ့အရိုးထဲထိ တော်တော်ခေါင်းမာတဲ့သူက အစွန်းရောက်တာကို ပြန်ထိန်းပြီး ပုန်ကန်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ စွမ်းဆောင်နိုင်မှုနှစ်ခုစလုံးက ရွေးရခက်သည်။
ဝမ်ရှို့ယင်က ဒီနေ့ အဖွားရန် ရှေ့တွင် ဒူးထောက်ကာ အနှိမ့်ချဆုံး အနေအထားဖြင့် အသက်ကြီးတဲ့သူကို ယွမ် ၁၀၀ တောင်းဆိုခဲ့သည်။
ရလဒ်အနေနဲ့ မိသားစုထဲရှိ လူတိုင်းက ပယ်ချခဲ့သည်။
ချန်ချိုင်ယွင်က ဝမ်ရှို့ယင်ရဲ့ နှလုံးသားကို ထုတ်ယူဖို့ သက်သက် အသက်ရှင်နေသယောင် မိုက်မဲစွာ နှုတ်ဆိတ်စွာ အော်လိုက်သည်။
ပင်မအိမ်မှ ထွက်လာပြီးနောက် ဝမ်ရှို့ယင်က ရွာသူကြီးဆီ တိုက်ရိုက်သွားပြီး အိမ်ခွဲနေရဖို့ တောင်းဆိုခဲ့သည်။
ရွာသူကြီး ရန်ကျန့်ဟုန်က ရန်မိသားစု၏ အရေးကိစ္စများကို ကောင်းစွာသိသည်။ အထူးသဖြင့် ရန်မိသားစု တတိယအိမ်ပေါ့ ...
တတိယ မိသားစုတွင် သားတစ်ယောက်သာရှိပြီး သူကရူးနေဆဲဖြစ်သည်။ ဒါက ရှန့်ရန် ရွာ။ ဒီကိစ္စကို တစ်ရွာလုံးသိကြသည်။
ဒါပေမယ့် တတိယမိသားစုက ဒီလိုအခြေအနေမျိုးရောက်နေတယ်လို့ ရွာလူကြီးက မမျှော်လင့်ထားပေမယ့် မိသားစုနဲ့ ခွဲချင်နေသေးတာလား။
ခွဲပြီးရင် တတိယမိသားစုမှာ ပိုခက်ခဲတဲ့အခြေအနေမှာ ရှိမှာမဟုတ်ဘူးလား?
ရန်ကျန့်ဟုန်က ဝမ်ရှို့ယင်ကို စိတ်အားထက်သန်စွာနဲ့ မိသားစုကနေ မခွဲထွက်စေရန် တွန်းအားပေးကာ သူမနဲ့ ရန်ယန် အကြောင်း စဉ်းစားစေခဲ့သည်။
ဒါပေမယ့် ဝမ်ရှို့ယင်က မိသားစုနဲ့ခွဲနေမှရမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားသည်။
ရန်ကျန့်ဟုန်က သူမကို မဆွဲဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်ရှို့ယင် နောက်သာလိုက်သွားခဲ့ရသည်။
နေ့ခင်းဘက်တွင် ရန်ကျန့်ဟုန်နဲ့ ဝမ်ရှို့ယင်တို့က ရန် မိသားစုနဲ့ ခွဲနေခြင်းကို သက်သေများအဖြစ် ရန်မိသားစုဆီ ရောက်လာကြသည်။
ဝမ်ရှို့ယင် ခင်ပွန်း ရန်တယုံသည်လည်း နေ့လည်ပိုင်းတွင် ထိုအကြောင်းကို သိရှိခဲ့သည်။
သားတစ်ယောက်အနေဖြင့် မိသားစုနဲ့ခွဲနေခြင်းလိုမှုး သစ္စာမဲ့ခြင်းကို မလုပ်သင့်ပေ။
ဒါပေမယ့် ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်အနေနဲ့ ရန်တယုံက ယောက်ျားတစ်ယောက်အနေနဲ့ ပခုံးပြောင်းရမယ့်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။
ဝမ်ရှို့ယင်က ရန်တယုံနဲ့ သဘောထားမတူပေမယ့် ပြတ်ပြတ်သားသား ပြောခဲ့တယ်...
မိသားစုနဲ့မခွဲဘူးဆိုရင် ရန်ယန်နဲ့သူမ အပြင်မှာနေပြီး သူ့ကို ကွာရှင်းလိမ့်မယ်။
ဒီဘက်ခေတ်မှာ အိမ်ထောင်ရေးပြိုကွဲမှုက အလွန်ရှက်စရာကောင်းတဲ့ ကိစ္စပင်။
ဝမ်ရှို့ယင်က ခေါင်းမာကြောင်း ရန်တယုံလည်းသိပြီး သူမ ဒါကိုလုပ်ရမယ်လို့ ညွှန်ပြပြီး ရွာလူကြီးကို တိုက်ရိုက်ရှာဖွေခဲ့သည်။
ရန်တယုံက နှစ်ပေါင်းများစွာ အိမ်တွင် စိတ်ပျက်စရာများစွာကို ခံစားခဲ့ရသည်။ ဒီနေ့အခြေအနေက ဒီလိုဖြစ်နေပြီဆိုတာကိုမြင်တော့ ဇနီးသည်ရဲ့ဆန္ဒကို လိုက်လျှောက်ပြီး ဆက်လျှောက်သွားမည်။
မိသားစုမှ ခွဲထွက်ခြင်း။
ရွာလူကြီးက သက်သေအဖြစ်နဲ့ တတိယမိသားစုနဲ့ ရန်မိသားစု ဒီနေ့ နေ့လယ်မှာ တရားဝင် ခွဲခွာပြီး မိသားစုနဲ့ အဆုံးသတ်ခဲ့သည်။
ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့နေထိုင်မည့်အခန်းက ဘေးခန်းတွင်ရှိနေဆဲဖြစ်ပြီး နေရာက တော်တော်လေးကောင်းသည်။
အိမ်၏ တစ်ဖက်ခြမ်းတွင် တံခါးငယ်လေး တစ်ခုဖွင့်ထားပြီး မီးဖိုငယ်တစ်လုံးကို ဆောက်လုပ်ထားတာကြောင့် ၎င်းကို မိမိကိုယ်မိမိ ရပ်တည်နိုင်တယ်လို့ ယူဆသည်။
ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က တွက်ချက်ဖို့မလိုဘဲ ၎င်းတို့၏ ဘေးခန်းကျဉ်းလေးထဲ နေထိုင်ဆဲဖြစ်သည်။
ဒါမှလွဲလို့ တတိယအိမ်မှာ တခြားဘာမှမရှိဘူး။
ဒီည ထမင်းနှစ်နပ်စားပြီးရင် မနက်ဖြန်ကစပြီး တတိယအိမ်က ပင်မအိမ်မှာ မစားတော့ဘူး။
တတိယအိမ်က လေးယောက်က ကိုယ့်အိမ်မှာ မီးဖိုတွေ ဆောက်ပြီး စားသောက်ကြလိမ့်မည်။
ရှိပြီးသား ပစ္စည်းကို သီးခြားရေတွက်ခြင်း မပြုတော့ဘဲ လကုန်တွင် တပ်မဟာ၌ ငွေရတဲ့အခါ လက်မှတ်တွေကို ပြန်ရေတွက်ပြီး တတိယအိမ်က သူတို့ရဲ့ဝေစုကို တိုက်ရိုက်လက်ခံနိုင်သည်။ အရင်တုန်းကတော့ မိသားစုတစ်စုလုံးရဲ့ဝေစုကို အဖွားရန်က ယူပြီးတော့ တစ်အိမ်ပြီးတစ်အိမ်ကို ဝေပေးသည်။
နောက်ဆုံး၌ မိသားစု ခွဲဝေမှုကိစ္စက ပြီးမြောက်သွားခဲ့သည်။
ခွဲပြီးနောက်တွင် ရန်မိသားစုမှ လူကြီး နှစ်ဦးက နှလုံးသားထဲ စိတ်မသက်မသာဖြစ်ခဲ့ရသည်။
အကြီးဆုံးမိသားစုဝင် ရန်ချန်ယွီလည်း စိတ်မချမ်းသာချေ။
ဒီမိသားစုကြီးမှာ ပျော်ရွှင်နေသူက ဒုတိယမိသားစုပင်။
အမြဲမှီခိုစားသောက်နေတဲ့ တတိယမိသားစု ကွဲကွာသွားတာကို ချန်ချိုင်ယွင်နဲ့ ရန်လျန်ဟွာတို့ မြင်လိုက်ရပြီး အဲ့တာက အရမ်းကောင်းသည်။
သူတို့နှစ်ဦးက တတိယမိသားစု သနားစရာကောင်းစွာ ဒုက္ခရောက်ပြီး ထင်ရာစိုင်းတာကို စောင့်ကြည့်နေကြသည်။
အဲ့ဒီနေ့က မဝေးတော့ဘူးလို့ ထင်တယ်....
*
ထိုနေ့မွန်းလွဲပိုင်းတွင် လင်းရှောင်ယွဲ့က ရန်ယန်ကို အိမ်ပြန်ခေါ်လာခဲ့သည်။
ရန်ယန်က ခေါင်းကိုက်ပြီး အိပ်ချင်နေတာကြောင့် သူတို့နှစ်ယောက် အိမ်ပြန်ခဲ့ရသည်။ လမ်းဘေးမှာ သူ ထွက်သွားပြီး သူ မဟုတ်တဲ့တစ်ခြားသူ နိုးလာမှာကို သူ ကြောက်သည်။
ဒီလိုအခြေအနေမျိုး အရင်က မကြားဖူးဘူး။
ရန်ယန်ရဲ့ စိတ်အခြေအနေ အားနည်းနေသည့်အခါတိုင်း သူ့ခန္ဓာကိုယ်ထဲက အခြား ပင်ကိုယ်စရိုက် နှစ်ခုက သူ့ကို ခန္ဓာကိုယ်ထဲ စုပ်ယူသွားသည်။
ရန်ယန်က မောပန်းနွမ်းနယ်သွားသည်အထိ အပြင်ထွက်ကစားသည့် မိုက်မဲသည့်အချိန်တစ်ခုရှိခဲ့ပြီး ရလဒ်အနေဖြင့် အိမ်မပြန်နိုင်တော့ဘဲ တိုက်ရိုက် မူးလဲသွားခဲ့သည်။
ထို့နောက် စိတ်ဓာတ်ကျနေတဲ့ ရန်ယန် နိုးလာခဲ့သည်။
စိတ်ဓာတ်ကျနေတဲ့ ရန်ယန်က အိမ်ကနေဘယ်မှ မထွက်ဘဲ အပြင်ဘက်မှာ နိုးလာခဲ့ပြီး နောက်ဆုံးတွင် စိတ်ဓာတ်ကျမှုကို ပိုဆိုးရွားစေသည့် ပန့်ခ်များ၏ ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများကိုပင် ခံစားခဲ့ရသည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦးက သူ့ကို ကယ်တင်ခဲ့သည်။
ရန်ယန်က အဲဒီအမျိုးသမီးကို သူ့ခေါင်းထဲမှာ စွဲမှတ်ထားပြီး ဒါက အထင်ကြီးစရာ ကောင်းနေဆဲပဲ။
နောက် ပြန်ထွက်လာတော့ အဲဒီ့မိန်းမကိုတောင် သွားမေးသည်။
ဒါပေမယ့် ဒီကိစ္စက ပြီးသွားပြီ။
ဘာလို့လဲဆိုတော့ တတိယ ရန်ယန်က ယခုအခါ ဇနီးတစ်ယောက်ရှိနေပြီဖြစ်သည်။
သူ့နှလုံးသားထဲတွင် လင်းရှောင်ယွဲ့ တစ်ယောက်တည်းသာရှိပြီး သူ့ကိုယ်ခွဲသုံးယောက်က လင်းရှောင်ယွဲ့ ကိုသာ အသိအမှတ်ပြုသည်။
နှစ်ယောက်သား ရန်မိသားစုအိမ်ဆီ ပြန်လာခဲ့ကြသည်။ လင်းရှောင်ယွဲ့ က ရန်ယန်ကို ချက်ချင်း ဘေးအခန်းငယ်လေးဆီ ပြန်ခေါ်သွားပြီး ကုတင်ပေါ် အမြန်လှဲအိပ်ဖို့ ပြောလိုက်သည်။
"သွားအိပ်လိုက်၊ ရှင်ထပ်ပြီး မထိန်းနိုင်တော့တဲ့ပုံစံကိုကြည့်လိုက်ဦး"
လင်းရှောင်ယွဲ့ ရန်ယန်ကို စောင်ခြုံပေးလိုက်ပြီး သူ့ရဲ့ အားနည်းနေတဲ့ အသွင်အပြင်ကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။
ဒီအခြေအနေကို သူမ သိတယ်။
မူရင်းစာအုပ်မှာ ရေးထားသည်။
ပထမအဆင့်တွင် ကိုယ်ကွဲသုံးမျိုးသည် အညီအမျှ လိုက်ဖက်ပြီး ခန္ဓာကိုယ်ကို ဖမ်းစားနိုင်သော အခြေအနေတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။
စိတ်အခြေအနေ အားနည်းသည်နှင့် တပြိုင်နက် အခြားကိုယ်ခွဲတစ်ခု ပေါ်လာလိမ့်မည်။
ဒါပေမယ့် မူရင်းစာအုပ်ရဲ့ နောက်ဆုံးအပိုင်းမှာတော့ မူလပိုင်ရှင် လင်းရှောင်ယွဲ့ ကြောင့် ပထမနဲ့ ဒုတိယ ကိုယ်ခွဲတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးက အပြင်လောကကို တိုက်ရိုက်ပိတ်ပစ်ကာ ခန္ဓာကိုယ်ကို တတိယကိုယ်ခွဲက လုံးလုံးလျားလျား လွှမ်းမိုးသွားခဲ့သည်။
ထိုအချိန်တွင် တတိယကိုယ်ခွဲက ခန္ဓာကိုယ်၏ သခင်ဖြစ်လာပြီး အခြားကိုယ်ခွဲများဆီ ပြောင်းဖို့လွယ်ကူမည်မဟုတ်ပေ။
ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းက မူလ လင်းရှောင်ယွဲ့ ဒီမှာရှိတုန်းကဖြစ်ပြီး နောက်ပိုင်းမှာ ဖြစ်လာမယ့်ဟာပါ....
လင်းရှောင်ယွဲ့က သူ့ကို နာကျင်စေမှာ မဟုတ်ဘူး။ သူအားနည်းနေအောင် တစ်ယောက်တည်းပစ်ထားမှာလည်း မဟုတ်ပေ။
စောနက သူ အပြင်မှာရှိနေတုန်း မူးဝေပြီး ထိန်းမနိုင်သိမ်းမရဖြစ်လုနီးပါး မူးမေ့လဲသွားတာကို တွေ့ရတော့ သူမ စိတ်ဆင်းရဲမိသည်။
"လင်းရှောင်ယွဲ့ ..."
ရန်ယန်က အလွန်အိပ်ငိုက်နေပြီဖြစ်ပေမယ့် လင်းရှောင်ယွဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
သူ့ကို စောင်နဲ့ ခြုံထားပေးတဲ့ လင်းရှောင်ယွဲ့က လန့်သွားပြီး မျက်လုံးတွေကို ငုံ့ကြည့်လာခဲ့သည်။
သူမရဲ့ အနက်ရောင်စပျစ်သီးနဲ့တူသော မျက်လုံးဝိုင်းကြီးများက အားနည်းမှုအပြည့်ရှိသော ရန်ယန်ကို စိုက်ကြည့်နေသည်။
"လင်းရှောင်ယွဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်..."
ရန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူအရမ်းအိပ်ချင်နေပြီဆိုတော့ သူ့အသံတောင် အားနည်းနေသည်။
"ကောင်းပါပြီ စိတ်ချပြီးသာအိပ်။ ကျွန်မက နေကောင်းပါတယ်" လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။
ရန်ယန် ပါးစပ်ထောင့်က အပေါ်ကိုပင့်တက်သွားပြီး ဆိုးသွမ်းတဲ့ အပြုံးရေးရေးလေး ပေါ်လာခဲ့သည်။
*ငါ့ကိုလွမ်းဖို့သတိရ......"
"........."
လင်းရှောင်ယွဲ့ က သူမမျက်နှာ ပူလောင်လာတာကို ခံစားလိုက်ရသည်။
ရန်ယန်က သူမလက်ကို လွှတ်ချလိုက်တာကို မြင်လိုက်ရသည်။ သူ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားပြီ။
လင်းရှောင်ယွဲ့ ရဲ့ ပြူးကျယ်သော မျက်လုံးများက သူ့ကို သေချာ စိုက်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမ မျက်နှာပူပူကို ပွတ်သပ်ကာ စိတ်တည်ငြိမ်အောင် ကိုယ့်ကိုယ်ကို ပြောလိုက်သည်။
တတိယကိုယ်ခွဲက သွားလိုက်ပြီ။
နောက်ပိုင်း ဘယ်သူ နိုးလာမယ်မှန်းတောင် ငါ မသိတော့ဘူး။
အခုချိန်မှာတော့ ယောက္ခမမိသားစုကြီးကို ရင်ဆိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ အပြည့်အ၀ ပြင်ဆင်ထားဖို့ လိုနေပြီ။
ရန်ယန် အိပ်ပျော်သွားပြီးနောက် လင်းရှောင်ယွဲ့ အခန်းကျဉ်းလေးမှ ထွက်လာပြီး တိတ်ဆိတ်နေတဲ့ ခြံဝင်းကို ကြည့်လိုက်သည်။
ဒီနေ့ အိမ်မှာ အငွေ့အသက် တစ်ခုခု မှားနေပြီလို့ သူမ ခံစားနေရသည်။ မျှော်လင့်ထားသည့်အတိုင်း လမ်းတစ်ဖက်ရှိအိမ်ထဲက ဝမ်ရှို့ယင်က သူမအခန်းတံခါးကိုဖွင့်လိုက်ပြီး သူမနဲ့ မျက်လုံးချင်းဆုံမိသွားသည်။
"ရှောင်ယွဲ့ ဒီကိုလာ" ဝမ်ရှို့ယင် သူမကို ခေါ်လိုက်သည်။
လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ဆီ လျင်မြန်စွာ ပြေးသွားပြီးနောက် သူမကို အခန်းထဲ ဆွဲခေါ်သွားပြီး တံခါးကို ပိတ်လိုက်သည်။
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို ရန်ယန်နဲ့ မနက်ခင်းတုန်းက အပြင်မှာ ဘာတွေလုပ်ခဲ့လဲ မေးခဲ့သည်။
သူတို့ နှစ်ယောက် မနက်စာစားဖို့ မြို့ကို သွားတာဖြစ်ပြီး လမ်းက အရမ်းဝေးသည်။
အပြန်လမ်းတွင် ရန်ယန်က မထနိုင်တော့ဘဲ အိပ်ငိုက်လာသည်။
မူလက အိမ်မပြန်ချင်ခဲ့ပေ။ သူက အိမ်ငှားပြီး လင်းရှောင်ယွဲ့ ကို အပြင်မှာ နေခိုင်းစေချင်တာ။
ဒါပေမယ့် စိတ်ပင်ပန်းနွမ်းနယ်မှုကို မတွန်းလှန်နိုင်ခဲ့ပေ။ လင်းရှောင်ယွဲ့က သူ့ကို အမြန်ထခိုင်းပြီး အိမ်ပြန်ခိုင်းခဲ့သည်။
လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ကို မဖုံးကွယ်ဘဲ ရန်ယန်ရဲ့ အခြေအနေကို ဆွဲထုတ်ပြခဲ့သည်။ ရန်ယန်ရဲ့ ငွေရေးကြေးရေး အခြေအနေမှလွဲ၍ အရာအားလုံး သူမပြောပြခဲ့သည်...
ရန်ယန်က နေမကောင်းဖြစ်နေတာဖြစ်ပြီး မကောင်းဆိုးဝါး မဟုတ်ကြောင်း ဝမ်ရှို့ယင်ကို ဆွဲဆောင်နိုင်ဖို့ လင်းရှောင်ယွဲ့က Dissociative Identity Disorder ကို ဝမ်ရှို့ယင်ကို ပရော်ဖက်ရှင်နယ်အမြင်ဖြင့် ရှင်းပြခဲ့သည်။
ဝမ်ရှို့ယင်က စိတ်ပါလက်ပါ နားထောင်ခဲ့ပေမယ့် နောက်ဆုံးတွင် လင်းရှောင်ယွဲ့ကို လုံးဝယုံကြည်ပေးဖို့ မရွေးချယ်ခဲ့ပေ။
ဘာလို့လဲဆိုတော့ တိုင်ပင်ရန် ရန်ယန်ကို သူမခေါ်သွားခဲ့တဲ့ ဆရာသမားက အမှန်တကယ် အစွမ်းထက်တာကြောင့်ပင်။
ရွာပေါင်းများစွာက လူတွေက သူ့မှာ မှော်အစွမ်းရှိတယ်လို့ ပြောကြသည်။
ဝမ်ရှို့ယင်ကတော့ ဒါတွေကို သဘောကျနေတုန်းပဲ။
ဒါကို အတည်ပြုပြီးနောက် ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို မိသားစုနဲ့ ခွဲရတဲ့အကြောင်း ပြောပြခဲ့သည်။
သူမနှင့် ရန်ယန်တို့ အဝေးကိုသွားနေချိန် အိမ်မှာ ကြီးကြီးမားမား တစ်ခုခုဖြစ်ခဲ့တာကို လင်းရှောင်ယွဲ့ သိလိုက်ရသည်။
လင်းရှောင်ယွဲ့ က သူမ မိသားစုကို ခွဲထွက်စေလိုကြောင်း ပြောတဲ်အခါ ဝမ်ရှို့ယင်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။
ဒါပေမယ့် ဒီနေ့ နေ့လည်မှာ မိသားစုနဲ့ခွဲဖို့ ဆုံးဖြတ်ခဲ့သည်။
အောင်မြင်စွာ လမ်းခွဲပြီးနောက် ဝမ်ရှို့ယင် က လင်းရှောင်ယွဲ့ ကို ထိုအကြောင်း ပြောပြရမယ်လို့ ခံစားခဲ့ရသည်။ ဘာလို့လဲဆိုတော့ အနာဂတ်တွင် ဤမိသားစု၌ သူမ ဆွေးနွေးနိုင်တဲ့ တစ်ဦးတည်းသော သူမှာ လင်းရှောင်ယွဲ့ ဖြစ်တာကြောင့်ပင်။
"ငါ သူ့အဖေနဲ့ ဆွေးနွေးပြီးပြီ၊ အခု ငါတို့ နှစ်ယောက်စလုံး လက်ထဲမှာ ယွမ် ဒါဇင် နည်းနည်းပဲ ရှိတော့တယ်။ အစက ယွမ် ၁၀၀ ကျော်တဲ့ စပေါ်ငွေကို လက်မှတ်ထိုးပြီး ဆရာ့ဆီသွားဖို့ ရှောင်ယန်ကို ခေါ်သွားလို့ရတယ်"
ဝမ်ရှို့ယင် သက်ပြင်းချလိုက်ပြီး "အခုတော့ ငါတို့ခွဲနေလိုက်ပြီ။ ငါတို့မိသားစုမှာ ပိုက်ဆံနည်းနည်းပဲရှိတယ်။ ဒီယွမ်ဒါဇင်ကို အိမ်အသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့ သုံးရမှာမို့လို့ ဒီတစ်ခါတော့ ရှောင်ယန်ကို ဆရာနဲ့တွေ့ဖို့ ခေါ်သွားလို့မရဘူး။ ရှောင်ယန်ကို သမီးဆီမှာ အပ်ထားမယ်။ သမီးသူ့ကို စောင့်ကြည့်ပြီး သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်နော်!"
လင်းရှောင်ယွဲ့က နာခံမှုရှိရှိ ခေါင်းညိတ်ပြခဲ့သည်။ "စိတ်မပူပါနဲ့ အမေ။ ကျွန်မ သူ့ကို ကောင်းကောင်း ပြုစုပေးပါ့မယ်။ ဒါပေမယ့် အမေ သူ့ကို တကယ်ကယ်တင်ဖို့ ဆရာ့ဆီ ခေါ်သွားစရာ မလိုဘူးလို့ ထင်တယ်။ သူ့ကို တကယ်ကုသချင်ရင် စိတ်ရောဂါကု ဆရာဝန်ဆီ သွားပြလိုက်ပါ"
"ဆရာသမားတွေက ပိုစိတ်ချရတယ်လို့ ထင်နေတုန်းပဲ..."
ဝမ်ရှို့ယင်အနေနဲ့ လင်းရှောင်ယွဲ့ က ရန်ယန်ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပေမယွ ရန်ယန်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လာတဲ့အခါ သူမ ထိုဆရာကို ပိုယုံကြည်ခဲ့သေးသည်။
"ဒီအကြောင်းအရာကို အခုချက်ချင်းတော့ မဆွေးနွေးကြရအောင်။ ဘာပဲဖြစ်ဖြစ် ကျွန်မလက်ထဲမှာ ပိုက်ဆံလည်းမရှိဘူး..."
ဝမ်ရှို့ယင်က "ငါ့လက်ထဲမှာ ယွမ်ဒါဇင် နည်းနည်း ရှိတယ်။ အိမ်သုံးပစ္စည်းတွေဝယ်ဖို့ နောက်မှ သွားလိုက်မယ်။ မိသားစုကွဲသွားပေမယ့် စိတ်မပူနဲ့။ ငါတို့မိသားစုအခြေအနေက ပိုဆိုးမှာမဟုတ်ဘူး။ ရှောင်ယန်ကို ကောင်းကောင်း ဂရုစိုက်၊ မင်း ထမင်းစားရဖို့ သေချာပါတယ် "
"အွန်းအွန်း ကျွန်မ ဂရုစိုက်မှာပါ " လင်းရှောင်ယွဲ့က ခေါင်းညိတ်လိုက်သည်။
ဒါက ငါ့ယောက္ခမပဲ။ လင်းရှောင်ယွဲ့မှာ သူမအတွက် အလွန်ကောင်းမွန်တဲ့ ခံစားချက်တစ်ခုရှိသည်။
ဒီခေတ်မှာ လူတွေက သူတို့ကိုယ်သူတို့ နွေးနွေးထွေးထွေး စားနိုင်သရွေ့ များများစားစား မတောင်းဆိုကြဘူး။
လင်းရှောင်ယွဲ့လည်း ဒီလိုပဲ။
မိသားစုနဲ့ ခွဲခွာပြီးရင် သူမအတွက် ကောင်းလာလိမ့်မယ်၊ မဆိုးဝါးနိုင်ပေ။
အိမ်မှုကိစ္စများတွင် လင်းရှောင်ယွဲ့က အစိတ်အပိုင်းများစွာမှ လွတ်မြောက်ခဲ့သည်။
တစ်မိသားစုလုံးအတွက် ဝေယျာဝစ္စလုပ်ပေးစရာမလိုတော့ဘူး...
ဝမ်ရှို့ယင်နဲ့ စကားစမြည်ပြောပြီး လင်းရှောင်ယွဲ့ အခန်းထဲက ပြန်ထွက်လာတဲ့အခါ သူမကိုယ်သူမ ပျင်းရိလာတာ တွေ့လိုက်ရသည်။
ခြံဝင်းထဲမှာ လုပ်စရာအလုပ်တွေ ပြည့်နေပေမယ့် သူတို့အလုပ်က သူမရဲ့အလုပ်မဟုတ်ဘူးလေ။
လင်းရှောင်ယွဲ့ ဘေးခန်းငယ်လေးဆီ ပြန်သွားပြီး ရန်ယန်ဘေးတွင် လှဲနေလိုက်သည်။
ရန်ယန်ရဲ့ အေးချမ်းစွာ အိပ်မောကျနေတဲ့ မျက်နှာကို ကြည့်ပြီး သူမ ရန်ယန်ကို ရွေးချယ်နိုင်မလားဆိုတာ သိဖို့ တစ်ရေးတစ်မော အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။
လင်းရှောင်ယွဲ့က သူနဲ့စောင်တစ်ထည်တည်း အတူတူခြုံလိုက်သည်။ သူမ ရန်ယန်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး ခဏအကြာတွင် သူမလည်း အိပ်ပျော်သွားသည်။
အိပ်ပျော်နေစဉ် စာကြည့်ခန်းထဲ ဝင်ခဲ့သည်။
ပြီးတော့ စာကြည့်ခန်း အခန်းကျဉ်းလေးထဲမှာ ရန်ယန်သုံးယောက်ကို နောက်တစ်ကြိမ်တွေ့လိုက်ရသည်။
လင်းရှောင်ယွဲ့က သူမ သံသယများကို အတည်ပြုနိုင်ခဲ့သည်...
သူမလက်လှမ်းမီသမျှအရာများကို သူမနေရာလွတ်ထဲ ယူဆောင်သွားနိုင်သည်။
ပစ္စည်းတွေ ယူလို့ရသလို လူတွေလည်း ပါနိုင်သည်။
ဒါပေမယ့် လင်းရှောင်ယွဲ့က သူမနေရာမှာ ရန်ယန်ကို နိုးအောင်လုပ်နိုင်ပါ့မလားလို့ တွေးနေမိသည်။