အပိုင်း ၂၀
Viewers 440

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်


အပိုင်း ၂၀




လင်းရှောင်ယွဲ့  ယက ဝမ်ရှို့ယင်ရဲ့ တတိယကိုယ်ခွဲဖြစ်တဲ့ ရန်ယန်ကို မကောင်းဆိုးဝါးတစ်ကောင်လို့ ပြောတာကို ပထမဆုံးကြားလိုက်တဲ့အခါ သူမ တွေးလိုက်မိသည်။



 ကျေးလက်နေပြည်သူများ၏ မသိနားမလည်မှုက ရယ်စရာကောင်းသည်။



 ဒါပေမယ့် ဝမ်ရှို့ယင်က တတိယ ကိုယ်ခွဲ ရန်ယန်ကို အမှန်တကယ် ငြင်းပယ်ကြောင်း ပြသတဲ့အခါ လင်းရှောင်ယွဲ့ မရယ်နိုင်ခဲ့ပေ။  



ဝမ်ရှို့ယင် အနားမှာ သူမရပ်နေပေမယ့် သူမရဲ့ စိုးရိမ်သောကရောက်နေတဲ့ အကြည့်များက ရန်ယန်ပေါ်တွင် အမြဲရှိနေသည်။



ဝမ်ရှို့ယင်က တတိယကိုယ်ခွဲဖြစ်တဲ့ ရန်ယန်ကို မကြိုက်ကြောင်း ကြားလိုက်ရတဲ့အခါ လင်းရှောင်ယွဲ့  မျက်လုံးများက ရန်ယန်ဘက် သနားစိတ်အပြည့်ဖြင့် လှည့်ကြည့်ခဲ့သည်။



 အထူးသဖြင့် သူမ သူ့ မှုန်ကုပ်ကုပ်အမူအရာကို မြင်တဲ့အခါ လင်းရှောင်ယွဲ့  သူ့ကို ပွေ့ဖက်ချင်ခဲ့သည်။



 'သနားစရာကလေးလေး၊ သူစိတ်မကောင်းဖြစ်နေမှာပဲ'



 "မင်း ခဏခဏ ပေါ်မလာတာ ငါသိတယ်။ ဒါပေမယ့် မင်းပေါ်လာတာနဲ့ ငါတို့မိသားစု ရှုပ်ကုန်လိမ့်မယ်။ ငါ့သားက တုံးအပေမယ့် သူက အကျင့်စာရိတ္တကောင်းမွန်ပြီး နာခံမှုရှိတယ်။ မိသားစုအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘူး။ ဒါမှမဟုတ် ငါတို့ကို ဘယ်တုန်းကမှ ဒုက္ခမပေးဘူး။ မင်း တစ်ယောက်တည်းကပဲ...."



 ဝမ်ရှို့ယင်က ယခုအချိန်တွင် သူမမျက်လုံးများဖြင့် ရန်ယန်ကို ခုခံသလို ကြည့်နေခဲ့သည်။ သူမသားရဲ့ ဒီလိုပုံစံမျိုးကို ဘယ်တော့မှ မကြည့်ရက်ခဲ့ပေ။



 ရန်ယန်က ငယ်စဉ် ကလေးဘဝကတည်းက မကောင်းဆိုးဝါးရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရကြောင်း ဆရာသမားက ပြောကာ သူ့ ခန္ဓာကိုယ်ထဲ ဖိနှိပ်ဖို့အလွန်ခက်ခဲတဲ့ မကောင်းဆိုးဝါးဝိညာဥ် နေထိုင်နေကြောင်း သူမကို ပြောပြခဲ့သည်။



 ထို့ကြောင့် ဝမ်ရှို့ယင်က ဤရန်ယန်ကို သူမ သားမဟုတ်အဖြစ်မဟုတ်ဘဲ မကောင်းဆိုးဝါးတစ်ကောင်အဖြစ်သာ မြင်ခဲ့သည်။



 သူမ သူနဲ့ မရင်းနှီးဘဲ အထိန်းအကွပ်မရှိတဲ့ သူလို စကားပြောခဲ့သည်။



 "မင်းထွက်လာရင် ငါတို့ကို ဒုက္ခပေးလိမ့်မယ်။ ငါ့သားရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး ဒုက္ခကြီးကို ဖိတ်ခေါ်နေတာ။ ငါတို့မိသားစုကို ပိုပင်ပန်းအောင် လုပ်နေတာ ငါ့သားလေး .. အမလေး …”



ဝမ်ရှို့ယင် သက်ပြင်းချလိုက်ပြီး "မင်းကို ငါတောင်းပန်ပါတယ် ငါ့သားကို လွှတ်ပေးပါ။ မင်းပိုင်ဆိုင်ဖို့ တခြားသူကို ရှာမတွေ့ဘူးလား"



 "အမေ တကယ်ကို အထင်လွဲနေပြီ!"



လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်အတွက် ကမ္ဘာကြီးက ရှုပ်ထွေးပြီး ကိုင်တွယ်ရမလွယ်ကူကာ မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်နေတာကို သူမခံစားလိုက်ရသည်။ သူမရန်ယန်အတွက် စကားပြောဖို့ ရှေ့ ထွက်လာရပေသည်။ "သူက မကောင်းဆိုးဝါး မဟုတ်ပါဘူး၊ သူက အမေ့ရဲ့ သားပဲ။ အဲဒီဆရာသမားဆိုတဲ့လူရဲ့စကားကို နားမထောင်နဲ့။ သူက အမေ့ဆီက ပိုက်ဆံရချင်လို့ လိမ်စားနေတာ။ ဒါက ကိုယ်ခွဲအမျိုးမျိုးရှိနေတဲ့ရောဂါတစ်မျိုးပဲ။ ဆေးပညာအရပြောရရင် သူ့မှာ ကွဲပြားတဲ့ စရိုက်လက္ခဏာတွေ ရှိတယ်။ တကယ်လို့ သူ့ကို ကုသချင်ရင် စိတ်ရောဂါကု ဆရာဝန်ဆီ ခေါ်သွားလိုက်ကြရအောင်"



 "ဘယ်မှာ သွားကြည့်ရမှာလဲ"



 တစ်ဖက်မှာတော့ ရန်ယန်က သူ့နှုတ်ခမ်းတွေကို ရွဲ့လိုက်ပြီး အမှတ်အသားပြုတဲ့ အပြုံးက ဒဏ်ရာရနေတဲ့ နှလုံးသားကို ဖုံးကွယ်ထားသည်။ “လင်းရှောင်ယွဲ့ သွားရအောင်"



ရန်ယန်က သူ့ ကလေးဘဝ စိတ်ဒဏ်ရာကို ယူဆောင်လာပေးတဲ့ ဝမ်ရှို့ယင်ကို အလွန်အကျွံ မရှင်းပြချင်ပေ။ သူ့ဥာဏ်နဲ့မထိုက်တန်သလို သူ့အမေလည်း မဖြစ်ထိုက်ဘူး။



ဝမ်ရှို့ယင်က ကြင်နာတက်တဲ့ မိခင်ဖြစ်တာက အခြားရန်ယန်နှစ်ယောက်အတွက်သာ အရည်အချင်းပြည့်မီတာက ထိုရန်ယန်နှစ်ယောက်က သူရဲဘောကြောင်သောကြောင့်ဖြစ်သည်။



 ပြီးတော့ ငါက...



 ဒီလိုမျိုး လျစ်လျူရှုထားစရာ မလိုဘူး။



 ရန်ယန်က စကားများများပြောဖို့ ဆန္ဒမရှိပေ။ သူက လင်းရှောင်ယွဲ့ လက်ကောက်ဝတ်ကိုဆွဲလိုက်ပြီး လင်းရှောင်ယွဲ့ကို ခေါ်လိုက်သည်။ သူတို့ လှည့်ထွက်သွားခဲ့ကြသည်။



ဝမ်ရှို့ယင်က သူ့ကို မတားရဲသလို လိုက်ဖို့လည်း မဝံ့ရဲခဲ့ဘူး။ ထိုထူးဆန်းတဲ့ သားကိုရင်ဆိုင်ရင်း သူမ ရှုံးခဲ့ရသည်။



 ယခုအချိန်တွင် ဝမ်ရှို့ယင် ပိုက်ဆံချေးရရင်တောင် ဆရာသမားကိုတွေ့ဖို့ ရန်ယန်ကို ခေါ်သွားရမယ်လို့ ခံစားရသည်။



 ဒီမကောင်းဆိုးဝါးက မကြာခဏဆိုသလို ထွက်လာတယ်။ ဆရာသမားကိုခေါ်ပြီး နှိမ်နင်းဖို့ နည်းလမ်းရှာရမှာပေါ့။



ဝမ်ရှို့ယင် ထိုအချက်ကိုတွေးကာ စူးစမ်းဆင်ခြင်ပြီး အိမ်ကို အမြန်ပြန်သွားခဲ့သည်။



 နောက်ဆုံးတော့ မိသားတစ်စုက အကြီးတွေဆီ လာမယ့်နှစ်အတွက် ငွေကြိုတောင်းသင့်တယ်လို့ ဆုံးဖြတ်ခဲ့တယ်...



ရန်ယန်ရဲ့ အခြေအနေက နှောင့်နှေးလို့ မရဘူး။



ဝမ်ရှို့ယင်က စိုးရိမ်တကြီးနဲ့ ရန်မိသားစုအိမ်ကြီးရဲ့ အိမ်ထဲ လျှောက်သွားခဲ့သည်။  ထိုအချိန်တွင် ရန်ချန်ယွီက ခြင်းတောင်းကို ထမ်းပြီး ဟင်းသီးဟင်းရွက်ဝယ်ဖို့ အပြင်ထွက်ဖို့ ပြင်ဆင်နေသည်။



 ခေါင်းလှည့်ကြည့်လိုက်တော့ ဝမ်ရှို့ယင် ပင်မအိမ်ထဲ ဝင်သွားကို မြင်လိုက်ရပြီး ရန်ချန်ယွီ မျက်ခုံးပင့်မိလိုက်ကာ ရုတ်တရက် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။



ရပ်တန့်ပြီးနောက် ရန်ချန်ယွီက ပင်မအိမ်တံခါးပိတ်ဖို့ စောင့်ဆိုင်းနေခဲ့သည်။ သူမ တိတ်တဆိတ် လိုက်လာပြီး နားရွက်ကို  တံခါးဆီဖိကာ ခိုးကြောင်ခိုးဝှက်ဖြင့် နားထောင်ခဲ့သည်။



 ခဏအကြာတွင် ချန်ချိုင်ယွင်က ခြေဗလာ ဆရာဝန်ကိုသွားတွေ့ရာမှ ပြန်လာခဲ့သည်။ 



ရန်ချန်ယွီ ခိုးကြောင်ခိုးဝှက်လုပ်နေတာကို မြင်တော့ ချန်ချိုင်ယွင် သူမကို ရယ်ချင်ခဲ့ပေမယ့် မထင်မှတ်ပဲ ရန်ချန်ယွီက လှည့်လာပြီး ဝှေ့ယမ်းပြခဲ့သည်။



ချန်ချိုင်ယွင် ပရိသတ်မှ နောက်လိုက်အဖြစ် ချက်ချင်းပြောင်းသွားခဲ့ပြီး သူမလည်း တိတ်တဆိတ်တက်ကာ ခိုးနားထောင်နေခဲ့သည်။



 သူမနားကို ပင်မတံခါးအပြင်ဘက်မှာ ကပ်လိုက်ချိန်  ဝမ်ရှို့ယင် ပြောတာကိုကြားလိုက်ရသည်။ "အမေ၊ ကျွန်မတို့မိသားစု ဒီနှစ်မှာ ရွေးစရာမရှိတော့လို့ပါ။ ရှောင်ယန် ရဲ့အဖေနဲ့ ကျွန်မ လစဉ်အလုပ်ကနေ ပိုက်ဆံအများကြီးရတယ်။ အများကြီးစုပြီးရင်  မိသားစုကို ပေးထားတယ်။ ကျွန်မတို့လက်ထဲမှာ ပိုက်ဆံနည်းနည်းပဲရှိတယ်။ ဒီမှာ နုတ်ယူတာတွေလည်း ရှိတယ်၊ အဲဒီမှာ နုတ်ယူတာတွေရှိတယ်... တတိယမိသားစုက မကြာသေးခင်က အဖြစ်အပျက်တွေ အများကြီးရှိခဲ့တယ်။ ရှောင်ယန်ရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူး။  သူ့အဖေနဲ့ကျွန်မ သူ့ကိုဆရာနဲ့သွားတွေ့ဖို့ ခေါ်သွားချင်လို့ပါ။ ကျွန်မတို့ကို....ငွေလေးကြို ထုတ်ပေးလို့ရမလား"



ဝမ်ရှို့ယင်မှာ လာမည့်နှစ်အတွက် သူ့မိသားစု၏ ၀င်ငွေကို မြှင့်တင်ရန်မှလွဲပြီး အမှန်တကယ် ရွေးချယ်စရာမရှိပေ။



 အဖွား ရန်က ဝမ်ရှို့ယင် စိတ်ထက်သန်စွာ ပြောတာကိုမြင်တော့ သူ့နှလုံးသားက အနည်းနဲ့အများတော့ မခံနိုင်တော့ဘူး။



 "ငါ့လက်ထဲမှာ ပိုက်ဆံအများကြီးမကျန်တော့ဘူး။



 အဖွား ရန် သက်ပြင်းချရင်း "မင်းရဲ့ တတိယအိမ်က မကြာသေးခင်ကမှ ကိစ္စတွေအများကြီးရှိခဲ့ပြီး ရှောင်ယန် က အကြီးမားဆုံး ပြဿနာပဲ၊ သူ့စိတ်တွေ ပိုပိုပြီး ရှုပ်ထွေးလာပြီး အခု အသက်တဲ့သူတွေကိုတောင် လျစ်လျူရှုနေတတ်ပြီ။ ဒီနှစ်တွေမှာ သူ့အတွက် ပိုက်ဆံကုန်သွားခဲ့ပေမယ့် ဘာမှ အကျိုးသက်ရောက်မှု မရှိဘူးလို့ထင်တယ်။ ငါစဥ်းစားတာကတော့ အိုင်း ဆရာ သူ့ကို အခန်းထဲမှာ သော့ခတ်ထားတာကို တွေ့ဖို့ သူ့ကို ခေါ်မသွားသင့်ဘူး။ ငါတို့မိသားစုက သူ့ကိုကျွေးမွေးထားတာပဲ ဒါနဲ့တင်လုံလောက်နေပြီ"



 "အမေ၊ ရှောင်ယန် အတွက် ကုသလို့ရနိုင်ပါသေးတယ်။ အရမ်းတော်တဲ့ ဆရာသမားကို ကျွန်မ သိတယ်။ သူ့ကို တစ်ခေါက်လောက် သွားကြည့်မယ်။ ပြီးတော့ နှစ်တွေကြာလာရင် အခြေအနေ ပိုကောင်းလာမှာပါ။ ကျွန်မကို ငွေကြိုထုတ်ပေးပါ။ ဆရာသမားနဲ့တွေ့ဖို့ သူ့ကိုခေါ်သွားချင်လို့ပါ "



ဝမ်ရှို့ယင် သူ့သားကို လက်မလျှော့လိုက်နိုင်ပေ။ သူမမှာ ဒီသားလေးတစ်ယောက်ပဲရှိတယ်။ နောက်ထပ်မမွေးနိုင်တော့ဘူး...



 "တတိယချွေးမ မင်းက  တာဝန်ယူထားရတဲ့သူမဟုတ်ဘူး။ မိသားစုကို ထောက်ပံ့ရတာ ဘယ်လောက်ဝန်ကြီးလဲ မင်း မသိဘူး"



 စိတ်ထဲမှာတော့ အဖွားရန်က ရန်ယန် အတွက် ပိုက်ဆံဖြုန်းဖို့ ဆန္ဒမရှိပေ။ "မင်းငါ့ကို အပ်ထားတဲ့ငွေတွေကို ထင်း၊ ဆန်၊ ဆီ၊ ဆားတွေအတွက် ဖယ်ထားတယ်။ တကယ်ပဲ နည်းနည်းပဲ ကျန်တော့တာ။ ဒါ့ပြင် ဒီနှစ်တွေမှာ မင်းရဲ့ တတိယမိသားစုဆီက ငါရထားတဲ့ ပိုက်ဆံက အနည်းဆုံးပဲ။ လစဉ် လတိုင်း ငါ ကောက်ခံတယ်။ မင်းရဲ့တတိယမိသားစုအတွက် ယွမ် ၆၀၊ ဒုတိယမိသားစုကိုကြည့်။ သူတို့တစ်အိမ်ထောင်က တစ်လကို ယွမ် ၁၀၀ ကျော်ထည့်နိုင်တယ်"



 "အမေ... တယုံနဲ့ ကျွန်မ အတူတူအလုပ်လုပ်ကြတာ တစ်လကို ယွမ် ၉၀ ကျော် ပံ့ပိုးပေးပါတယ်။ အမေ့ကို ယွမ် ၆၀ ပေးရင် ကျွန်မတို့မိသားစုအတွက် ပစ္စည်းတွေဝယ်ဖို့ပဲ ကျန်တော့တယ်။ ပြီးတော့ သူ့အတွက်မိန်းမဝယ်ပေးဖို့ စုဆောင်းထားတဲ့ နောက်ထပ်ပိုက်ဆံတွေ သုံးလိုက်ရတယ်လေ........”



ဝမ်ရှို့ယင်မှာ တကယ်သွားစရာနေရာမရှိပေ။ သူမ ရိုးရိုးရှင်းရှင်းပဲ ထွက်ပြီးဝန်ခံခဲ့သည်။ "အမေ၊ ကျွန်မ အမှန်အတိုင်းပဲ ပြောပြပါရစေ။ ရှောင်ယန် ငယ်ငယ်က ဆရာ့နဲ့ သွားတွေ့ဖို့ ခေါ်သွားခဲ့ဖူးတယ်။ ဆရာက ရှောင်ယန်ရဲ့ ခန္ဓာကိုယ်မှာ မကောင်းဆိုးဝါးတစ်ကောင် ရှိတယ်လို့ ပြောခဲ့တယ်။ ဒါကို ဖိနှိပ်နိုင်သမျှ ရှောင်ယန် ပုံမှန်အတိုင်း အသက်ရှင်နေနိုင်တယ်။ သူ မကြာခဏ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတတ်တယ်။ အဲဒီတုန်းက သူမဟုတ်ပဲ သူ့ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးကြောင့်ပဲ အမေ၊ အမေ ယုံမယုံတော့ ကျွန်မ  မသိဘူး။ ဒါပေမယ့် ရှောင်ယန် မကြာသေးခင်ကမှ ထိန်းချုပ်မှု ဆုံးရှုံးခဲ့တယ်။ ကျွန်မတကယ် ပိုက်ဆံလိုနေတာပါ..."



 "အာ အဲ့လိုကြီးလား"



 အဘွားရန်က အသက်ကြီးတဲ့ မျိုးဆက်တစ်ခုဖြစ်ပြီး ဘာသာရေးနှင့် ပတ်သက်ပြီး ပိုအယူသီးသူဖြစ်သည်။



ဝမ်ရှို့ယင်ဆီမှ ဤစကားကိုကြားလိုက်ရသည်နှင့် မျက်နှာမှ အရေးအကြောင်းများ တင်းမာလာကာ ယားယံလာခဲ့သည်။



" ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါက သူ့ကို သော့ခတ်ဖို့ ပိုအကြောင်းပြချက်ခိုင်လုံတယ်။  ဒါမှသူ နေရာတကာ ဒုက္ခမပေးမိစေမှာ "



 အဖွားရန် အနည်းငယ် စိတ်ရှုပ်လာသည်။



 "အမေ၊ ကျွန်မကို ငွေလေးကြိုထုတ်ပေးပါ..."



ဝမ်ရှို့ယင် စိတ်ပူနေပြီး ရိုးရိုးရှင်းရှင်းပဲ သူမဟာ အဘွားကြီး ရန် ရှေ့ ဒူးထောက်ထိုင်လိုက်ပြီး " ယွမ် ၁၀၀ ပဲ၊ ယွမ် ၁၀၀ ဆို အလုပ်ဖြစ်မလား"



 "သေချာပေါက်မရဘူး"



ချန်ချိုင်ယွင် ပါးစပ်မှ အဖြေထွက်လာသည်။



ပင်မအိမ်တံခါးကို တွန်းဖွင့်လိုက်ရာ ချန်ချိုင်ယွင်နဲ့ ရန်ချန်ယွီတို့ အမျိုးသမီးနှစ်ယောက်စလုံး ဝမ်ရှို့ယင်၏  အမြင်အာရုံထဲ ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။


 

ဝမ်ရှို့ယင် အံ့အားသင့်သွားခဲ့သည်။



 တစ်ယောက်ယောက်က ခိုးနားထောင်နေတယ်...



 ဒါက သူမ သားရဲ့ အခြေအနေကို လူပိုသိသွားစေတယ်လို့ မဆိုလိုဘူးလား။



 "ဟေ့ နင့်သားက ဘယ်လိုသားမျိုးလဲ၊ ဆရာသမားကိုတွေ့ဖို့ ပိုက်ဆံသုံးနေရတုန်းပဲ"



ချန်ချိုင်ယွင် တံခါးကနေ ကမန်းကတန်း ဝင်လာပြီး " ယွမ် ၁၀၀၊ နင်ဘာလို့ ဓားပြသွားမတိုက်ရတာလဲ ဟမ်။ အိမ်မှာ ပိုက်ဆံ တောင်းရတာ လွယ်နေတယ် မဟုတ်လား။ နင့်ရဲ့တတိယမိသားစုမှာ ငါ့ပိုက်ဆံတွေကို ဘယ်လို မြှုပ်နှံထားရလဲ "



ရန်ချန်ယွီက တံခါးကနေ မဝင်ရဲဘူး။ ဒီအရှုပ်အထွေးမှာ သူမ မပါဝင်ချင်ဘူး။  သူမက အနည်းငယ် ထက်မြက်သည်။



 တံခါးဝတွင်သာ ပုန်းနေပြီး ထိုခဏ၌ ကောင်းမွန်တဲ့ပြပွဲကို တိတ်တဆိတ် ကြည့်နေခဲ့သည်။



 နှိုင်းယှဉ်ကြည့်လျှင် ချန်ချိုင်ယွင်က အလွန်ထက်မြက်သည်။



 "ဒုတိယယောက်မ၊ ငါ ပိုက်ဆံတောင်းနေတာမဟုတ်ဘူး။ ငွေကြိုလိုချင်တာ၊ ငါက ချေးနေတာ။ ငါ့ယောက်ျားရယ် ငါရယ် အလုပ်လုပ်ပြီး  ပြန်ပေးမှာပါ!"



 အကြီးများရှေ့တွင် ဝမ်ရှို့ယင်က နှိမ့်ချနိုင်ပေမယ့် ချန်ချိုင်ယွင် ရှေ့တွင် သူမ အလွန်နိမ့်ကျနေ၍ မရပေ။ သူတို့အားလုံးက ရန် မိသားစု၏ ဇနီးများဖြစ်ပြီး ၎င်းတို့အားလုံးက စားနပ်ရိက္ခာအတွက် ပေးဆောင်ရသူများဖြစ်သည်။ သူမ သားက ဒုတိယမိသားစုရဲ့သားလောက် မကောင်းဘူး။



 ထို့အပြင် ဝမ်ရှို့ယင်က ဒုတိယအိမ်မိသားစုကို အကြွေးတင်တယ်လို့ မခံစားရပေ။



 "ပြန်ပေးမယ် ဘာပြန်ပေးတာလဲ! ပြန်ဆပ်နိုင်မှာတဲ့လား ဘယ်သူကသိမှာလဲ! ဒီမနက် ငါခြေဗလာဆရာဝန်နဲ့ တွေ့ခဲ့ရပြီး ပိုက်ဆံသုံးခဲ့ရတယ်။ နင့်သားက ရိုင်းစိုင်းနေပြီ အခု သူမကောင်းဆိုးဝါး တစ်ကောင်ဖြစ်နေပြီ။ အမေပြောတာ မှန်တယ်၊ ဒီလိုမကောင်းဆိုးဝါးကို သော့ခတ်ထားသင့်တယ်! စားစရာတစ်လုတ်ပေးတာက အရမ်းကောင်းနေပြီ! ဆရာကို တွေ့ဖို့ နင်သုံးနေတာက လူတိုင်းရဲ့ပိုက်ဆံနော် " ချန်ချိုင်ယွင် လက်ပိုက်ပြီး ပြင်းပြင်းထန်ထန် ပြောခဲ့သည်။



ဝမ်ရှို့ယင် အသက်ပြင်းပြင်းရှူရင်း သူမရဲ့လက်တဖက်က လက်ဖဝါးကို လက်သီးနဲ့ထိုးလိုက်သည်။ "ဒုတိယယောက်မ၊ နင် မနေ့က ငါ့မိသားစုကို အရင်အနိုင်ကျင့်ခဲ့တာ မဟုတ်ဘူးလား။  ငါ့ချွေးမက ငါ့သားနဲ့ အိမ်မှာကောင်းကောင်းမွန်မွန်နေနေတာ။ နင်က ကိုယ့်ဒုက္ခကိုအရင်ရှာတာပဲ ဖြစ်မှာပေါ့။ ကလေးနှစ်ယောက်က ဘာလုပ်နိုင်မှာလဲ!"



 "ဟား~"



ချန်ချိုင်ယွင် ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။ "နင့်ရဲ့သားက ငါ့ကို မြေကြီးပေါ်ကျအောင် ပါးရိုက်လိုက်တာ။ နင့်သား ခေါင်းမကောင်းတာကို နင်သိပါတယ်။ ဒါပေမယ့် နင့်သားဘက်က နာနေသေးတယ်!  ရွာအဝင်ဝမှာ နင့်သား ဘယ်လောက်တောင် ရူးနေပြီလဲဆိုတာကို ငါ့ကိုအကျယ်ကြီး သွားအော်ပြောခိုင်းစေချင်နေတာလား"



 "တော်ပြီ။ ငြင်းခုံနေတာကို ရပ်လိုက်တော့ "



 ဒီအငြင်းအခုံကို အဖွား ရန်က နားထောင်ပြီးတဲ့ နောက်မှာတော့ သူမ ခေါင်းကိုက်နေပြီ "နင်တို့အားလုံး စကားလျှော့ပြောကြ!"



 "အမေ၊ ဘာပဲဖြစ်ဖြစ်၊ တတိယမိသားစုကို ပိုက်ဆံပေးလို့မရဘူးနော် "



ချန်ချိုင်ယွင်က တကယ်ကို အလေးအတက်ကြီးပြောနေတာ။ "သူတို့က တစ်လကို ယွမ် ၆၀ ပဲပေးရတယ်၊ထမင်းစားတဲ့အရူးနဲ့ လူသုံးယောက်ကို တာဝန်ယူရတယ်။ ပြီးတော့ အခု အသက်ကြီးတဲ့သူတွေကို မထီမဲ့မြင်လုပ်တဲ့  ကလေးရဲ့မိန်းမကလည်းရှိလာပြီ။ပြီးတော့ သူ့သားကို ဆေးကုဖို့ပေးဖို့တဲ့လား။  ဘာလို့လဲ။ကျွန်မကတော့ ထွီ !"


 *(TN- မထီမဲ့မြင်ပြု၍ တံတွေးထွေး)



 အဖွား ရန်က ချန်ချိုင်ယွင်ကို "စကားတစ်ခွန်းမှ မပြောနဲ့"



 "ဟုတ်!"



 ရလဒ်အနေနဲ့ ဝမ်ရှို့ယင် ပိုပြီးရန်လိုလာခဲ့သည်။ "နင်တို့အိမ်သုံးလုံးနဲ့တွဲပြီး ပိုက်ဆံဆုံးရှုံးနေရတာပေါ့။  ဒါဆို အတူတူမလုပ်နဲ့တော့။ မိသားစုခွဲနေကြတာပေါ့ "



ချန်ချိုင်ယွင်က ဝမ်ရှို့ယင်ကို ငြင်းဆိုခဲ့သည်။ "အိမ်ခွဲမယ်။ နင် မအောင်မြင်မှာကို ငါစိုးရိမ်တယ် "



 သူမ အိမ်ခွဲနေဖို့ ဒုတိယ အကြိမ် အဆိုပြုခဲ့သည်။



ဝမ်ရှို့ယင် နှလုံးသားက ခိုင်မာနေပြီဖြစ်သည်။



 မိသားစု ခွဲနေရမယ်



 ခွဲရမယ်!



ချန်ချိုင်ယွင်နဲ့ အတူတူ တစ်မိုးအောက်ထဲမှာ မနေနိုင်တော့ဘူး၊ သူမက အရမ်းအနိုင်ကျင့်လွန်းတယ်။



 "တတိယယောက်မ …”



ရန်ချန်ယွီ ထွက်လာပြီး ပလပ်ကို ဆွဲထုတ်လိုက်သည်။  သူမ ဝမ်ရှို့ယင်ဘေး အမြန်သွားပြီး ဝမ်ရှို့ယင် လက်ကို ဆုပ်ကိုင်လိုက်သည်။ "တတိယယောက်မ စိတ်မတိုပါနဲ့၊ မိသားစုနဲ့ နေရတာက ကြီးကျယ်လွန်းနေတယ်။ ယောက်မရဲ့ရှောင်ယန်အတွက်ကြောင့်နဲ့ ယောက်မ ဒါကို ထပ်ပြီး မပြောသင့်ဘူး"



ရန်ချန်ယွီက သဘာဝအားဖြင့် တတိယအိမ်က်ု ခွဲထွက်သွားခွင့်မပြုချင်ပေ။



 တတိယအိမ်သာ ခွဲထွက်သွားခဲ့လျှင် သူမနဲ့ ဒုတိယအိမ်တွင် ကျန်ခဲ့မည်ဖြစ်ပြီး ချန်ချိုင်ယွင်နဲ့ အတူဆက်ဆံပေါင်းသင်းဖို့က ခက်ခဲလိမ့်မည်။



ရန်ချန်ယွီက ဝမ်ရှို့ယင် ကို အကာအကွယ်အနေနဲ့ လိုအပ်သည်...



 "ငါပြောပြီးပြီလေ ငါအိမ်ခွဲနေမယ်!"



ဝမ်ရှို့ယင် ရန်ချန်ယွီရဲ့ လက်ကို ခါချလိုက်သည်။ "နင်တို့ မိသားစုနှစ်စုရဲ့ ပိုက်ဆံကို ငါ လောဘမတက်ဘူး! ငါ့သားကို ငါ ဂရုစိုက်နိုင်မယ်။ နင်လည်း ငါ့မိသားစုရဲ့အရှုပ်ကို ဂရုမစိုက်ဘူး။ ငါ့ယောက်ျား ပြန်လာရင် ငါ.......ငါတို့မိသားစုက အိမ်ခွဲနေမယ် "