၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်
အပိုင်း ၁၉
ထိုညတွင် လင်းရှောင်ယွဲ့ နှင့် ရန်ယန်တို့ ကျောက်တံတားအောက်ရှိ လျှို့ဝှက်စခန်း၌ အိပ်ခဲ့ကြသည်။
ဒီနေ့ သူနဲ့ တစ်နေကုန် ပြေးထားတော့ ပင်ပန်းပြီး ငိုက်နေပြီ။ ကုတင်သေးသေးလေးပေါ် လှဲချလိုက်တာနဲ့ သူမ အိပ်ပျော်သွားခဲ့သည်။
ရန်ယန်က အိပ်မရခဲ့ပေ။
သူက ကုတင်ခေါင်းရင်းမှာသာ ထိုင်ခဲ့သည်။ သူက မျက်လွှာချပြီး လင်းရှောင်ယွဲ့ရဲ့ ချစ်စဖွယ် အိပ်ပျော်နေတဲ့ မျက်နှာကို စိုက်ကြည့်နေမိသည်။ သူ့နှုတ်ခမ်းက တွန့်ကွေးသွားကာ သူ့မျက်နှာမှာ ပေါ့ပါးတဲ့ အပြုံးတစ်ခု ပေါ်လာသည်..
သူ့လက်ဆန့်တန်းကာ သူမ မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ကာ ချောမွေ့နူးညံ့တဲ့ အသားအရေကို ကိုင်ခဲ့သည်။ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးကလည်း နက်ရှိုင်းလာခဲ့သည်။
သူမ ဒီကိုရောက်တာ ရက်ပိုင်းပဲရှိသေးတယ်...
ဘယ်သူကမှမသိတဲ့ ဤလျှို့ဝှက်ချက်များ အားလုံး သူမကို ပြောပြဖို့တောင် သူ ဆန္ဒရှိခဲ့သည်။
သူမက သူ့ကို ရင်းနှီးမှုနှင့်စည်းလုံးမှု အမြဲပေးတတ်တာကြောင့် သူမကို မိသားစုတစ်ယောက်နဲ့ ချစ်သူအဖြစ် ဆက်ဆံရုံမှတစ်ပါး မကူညီနိုင်ပေ။
ရန်ယန်ရဲ့ သူမ အပေါ် ယုံကြည်မှုက သူ့အဖေနဲ့အမေရဲ့ ယုံကြည်မှုထက်တောင် ကျော်လွန်သွားသည်။
စိတ်ပိုင်းဆိုင်ရာ အကာအကွယ်မပါဘဲ သူအဖေနဲ့အမေနဲ့တောင် မပြောပြချင်တဲ့ အရာတချို့ကို သူမအား ပြောပြနိုင်သည်။
သူ့အဖေနဲ့အမေက သူ့ကို စောင့်ရှောက်ဖို့ မိန်းမရှာနေတယ်ဆိုတဲ့ သတင်းကြားတော့ ရန်ယန် အရမ်းစက်ဆုပ်သွားခဲ့သည်။ ဒါပေမယ့် အဲဒီ အသုံးမကျတဲ့ ရန်ယန် နှစ်ယောက်ကို တကယ်ဂရုစိုက်ဖို့ လိုအပ်တာကြောင့် သူငြင်းမှာ မဟုတ်ဘူး။
ဒါပေမယ့် အခု သူတို့တွေ့ခဲ့တာတွေက တကယ်ကောင်းနေပုံရသည်။
၁၉.၉ ယွမ်နဲ့ ချစ်စရာကောင်းတဲ့ ဇနီးကို.....သူတို့ ၀ယ်နိုင်သည်မှာ တန်သည်။
ဒါပေမယ့် ထိုကဲ့သို့ နိမ့်သောစျေးနှုန်းဖြင့် သူမ မှားခဲ့သည်။
ရန်ယန် တွေးမိတာက - ရှေ့ဆက်ရမယ့်ရက်တွေက ရှည်နေသေးတယ်။ သူသာ ခဏခဏ ထွက်လာနိုင်ရင် သူမကို တန်ဖိုးထားဖို့ သူကြိုးစားမှာ...
ထိုညတွင် ရန်ယန် အိပ်မပျော်နိုင်ခဲ့ပေ။
မျက်လုံးမှိတ်ပြီး တစ်ဖန်ပြန်နိုးလာတဲ့အခါ သူ့ခန္ဓာကိုယ်က သူ့အဖြစ်မဟုတ်တော့မှာကို သူသိတာကြောင့်ပင်။
ဤအခိုက်အတန့်၌ ဤခန္ဓာ၌ နိုးကြားနေရမည်။
ရေနံဆီမီးခွက်ထဲက မီးကိုမှုတ်လိုက်သည်။ ရန်ယန်က ဟနေတဲ့ တဲကလေးထဲမှ ထွက်သွားကာ သူ့စိတ်ကိုနိုးကြားနေစေတဲ့ လေတိုက်ခံရင်း မြစ်ဘေးတွင် ရပ်နေခဲ့သည်။
ကြိုးစားအားထုတ်မှုဖြင့် မြစ်ကမ်းနားတွင် မီးပုံကြီးတည်ပြီး မီးပုံဘေး ထိုင်နေခဲ့သည်။
ညတာက ခဏလေးနဲ့ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့မနက်၌ လင်းရှောင်ယွဲ့ နိုးလာတဲ့အခါ သူမ တုန်နေခဲ့သည်။
ဤနေရာမှာ အိပ်တာက အလွန်အေးနေသေးသည်။ အဓိကအားဖြင့် ကျောက်တဲ နေရာတိုင်းတွင် အက်ကြောင်းများ ရှိနေတာကြောင့် ဖြစ်သည်။
ယခုအချိန်က ဆောင်းရာသီလည်းဖြစ်သည်။ ကျောက်တုံးအက်ကြောင်းများမှ အေးစက်တဲ့လေ အရိပ်တစ်ခု တိုးဝင်လာသည်။ လင်းရှောင်ယွဲ့ တောင် လေအေးတိုက်ခတ်တာကို ခံစားလိုက်ရသည်။
သူမနိုးလာတဲ့အခါ ရန်ယန် မရှိတော့တာကို သူမ တွေ့လိုက်ရသည်။
လင်းရှောင်ယွဲ့ ထပြီး တဲထဲက ထွက်လာကာ မြစ်ကမ်းဘေးမှာ ရပ်နေတဲ့ အရပ်ရှည်ရှည် ရန်ယန်က ကျောက်ခဲများ ကိုင်ကာ မြစ်ထဲ တစ်လုံးပြီးတစ်လုံး ပစ်နေတာကို တွေ့လိုက်ရသည်။
"ဘာလို့ အစောကြီးထနေတာလဲ"
လင်းရှောင်ယွဲ့ ကျောဆန့်ကာ မေးလိုက်သည်။
အမေးခံရပြီး နောက်အခိုက်အတန့်မှာ တစ်ခုခုမှားနေပြီဆိုတာ ရုတ်တရက် သဘောပေါက်သွားပြီး ယိုင်တိယိုင်တိုင်မဖြစ်ဘဲ ရှေ့ကို ပြေးသွားခဲ့သည်။
ထိတ်လန့်ကာ မျက်လုံးပြူးပြူးဖြင့် မေးလိုက်သည်။ "ရှင်က ဘယ်ရန်ယန်လဲ....တတိယမြောက် ဒါမှမဟုတ် ဒုတိယလား"
"ကျစ်!"
ရန်ယန်ရဲ့ ဓားရိုးလို မျက်ခုံးပင့်သွားကာ သူ့လေသံက အနည်းငယ် ဒေါသထွက်နေသည်။ "ငါ့ကို တတိယလို့ အသိအမှတ်ပြုတာက ဘယ်အချက်နဲ့လဲ။ ငါက အဲဒီပျော့ညံ့တဲ့ နှစ်ယောက်ထက် ပိုကောင်းတယ် မဟုတ်ဘူးလား"
လင်းရှောင်ယွဲ့က သူက တတိယကိုယ်ခွဲ ရန်ယန် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး သူမမျက်နှာက စိတ်သက်သာရာရသွားခဲ့သည်။ "ကံကောင်းလို့ ရှင်ဖြစ်နေတာပဲ။ ကျွန်မ ဒီအကြောင်းမေ့တော့မလို့ "
မနေ့ညက သူမ မအိပ်ခင် အဲ့တာအားလုံးကို မေ့သွားခဲ့သည်။
အခု ပြန်တွေးကြည့်တော့ နည်းနည်းတော့ ကြောက်နေသေးတယ်...
မနေ့က သူမကို ဒုက္ခတွင်းကနေ ခေါ်ထုတ်ပြီး အိမ်ကထွက်ပြေးပြီးခေါ်လာခဲ့သူမှာ တတိယကိုယ်ခွဲ ရန်ယန်ဖြစ်ပြီး ဒီနေ့ ပထမကိုယ်ခွဲနဲ့ ဒုတိယကိုယ်ခွဲအဖြစ် နိုးလာပါက သူမ ဘာလုပ်သင့်လဲဆိုတာ စဉ်းစားဖို့ ဦးနှောက်ကို ဖိအားပေးရလိမ့်မယ်။ နောက်တစ်ခုက...
ကံကောင်းထောက်မစွာနဲ့ ၎င်းက တတိယကိုယ်ခွဲဖြစ်နေဆဲပင်။
လင်းရှောင်ယွဲ့ အခြားအရာတစ်ခုကို သတိရသွားပြီး "ရှင် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး မလား"
"အင်း" ရန်ယန် တိတ်တဆိတ် အင်း သံပြုလိုက်သည်။
လင်းရှောင်ယွဲ့ သူ့လက်မောင်းကို အလျင်အမြန်ထိကာ နှစ်သိမ့်ပေးခဲ့သည်။ "အိုက်ရား ရှင်က အလုပ်ကို ကြိုးကြိုးစားစား လုပ်နေတာပဲ .....တကယ်ကို ရှင့်အတွက် ခက်ခဲခဲ့တယ်!"
သူ မျက်လွှာချကြည့်လိုက်တော့ ရန်ယန် မျက်လုံးများက သူ့လက်မောင်းကို ပွတ်နေတဲ့ လက်သေးသေးလေးပေါ် ကျရောက်သွားခဲ့သည်။ သူမရဲ့ လုပ်ဆောင်ချက်က ရှင်းနေသည်။
ကလေးကို ချော့နေသလိုမျိုးပဲ။
သူ့ စိတ်က ချက်ချင်းသက်သာလာခဲ့သည်။
"ဗိုက်ဆာနေပြီလား" ရန်ယန် သူမကို မေးလိုက်သည်။
လင်းရှောင်ယွဲ့ သံသယစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ "အွန်း!"
ရန်ယန် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ငါ မင်းကို တစ်ခုခုစားဖို့ လိုက်ပို့ပေးမယ်"
လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ!"
လင်းရှောင်ယွဲ့က ရန်ယန် နောက်လိုက်သွားပြီး ဤလျှို့ဝှက်စခန်းထဲက အပျက်အစီးများထဲမှ ဒေါ်လာဆယ်ဂဏန်းအနည်းငယ်ကို ထုတ်ယူခဲ့တာကို တွေ့လိုက်ရသည်။
သူမ ချက်ချင်း မျက်လုံးပြူးသွားသည်။ "ရှင် အစားအစာ ဝှက်ထားရုံတင်မကဘဲ ဒီမှာ ပိုက်ဆံတွေလည်း ဝှက်ထားတာပဲ! ရှင် ရဲရင့်လွန်းတယ်။ အိုးမဲ့အိမ်မဲ့လူတွေ အစားအသောက်တွေ ခိုးယူစားသွားတာကတောင် အရေးမကြီးဘူး။ ဒါပေမယ့် ပိုက်ဆံတွေ ခိုးသွားရင်ကောဘယ်လိုလုပ်မလဲ "
ရန်ယန်က သူ့နှုတ်ခမ်းထောင့်ကို ပင့်လိုက်ပြီး "ဒါဆို မင်းကို နောင်မှာ ပိုက်ဆံပေးထားမယ်" လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လင်းရှောင်ယွဲ့ ကြက်ကဆန်ကောက်စားနေသလိုမျိုး ခေါင်းညိတ်ပြခဲ့သည် - "ကောင်းပြီ၊ ကျွန်မကိုပေးထား!"
ယောက်ျား..... ရှင်အရမ်းတော်တာပဲ!
သူခိုးက သူ့ကိုနမ်းချင်နေတာ။ (ထိန်းထားဦး!)
ရန်ယန်က လင်းရှောင်ယွဲ့ဆီ တိတ်တဆိတ် ပိုက်ဆံပေးလိုက်ကာ "သွားရအောင်။ မနက်စာစားဖို့ မြို့ကိုသွားကြမယ် "
"မြို့ကိုလား"
လင်းရှောင်ယွဲ့ မေးလိုက်သည်။ "ကျွန်မတို့ ဒီကနေ မြို့ကိုသွားဖို့ အချိန်ဘယ်လောက်ကြာမလဲ၊ ရှင် တစ်ညလုံး မအိပ်ရသေးဘူးလေ။ ရှင့်ခန္ဓာကိုယ်က ခံနိုင်ပါ့မလား"
လမ်းလျှောက်ဖို့ နည်းနည်းသူမ ဝန်လေးသွားသည်...
ရန်ယန်က သူမရဲ့ အတွေးတွေကို မြင်ပြီး လေသံပြောင်းလိုက်သည် "ဒါမှမဟုတ် မင်းအတွက် ငါဝယ်ပေးမယ်၊ မင်း ငါ့ကို ဒီမှာစောင့်နေလိုက်"
"ဒါဆို ကျွန်မ ရှင်နဲ့ လိုက်ခဲ့တာက ပိုကောင်းတယ်!"
လင်းရှောင်ယွဲ့ လေသံပြောင်းလိုက်သည်။ "ရှင့်ကို တစ်ယောက်တည်း အပြင်မှာ လှည့်ပတ်လျှောက်သွားဖို့ ဘယ်လိုလုပ်လွှတ်ရမှာလဲ။ အားလျော့သွားလို့ အိပ်ပျော်သွားခဲ့ရင် ကလေးတစ်ယောက်လို နိုးလာပြီး အပြင်မှာ နှာခေါင်းရှုံ့ ငိုနေလို့မရဘူး"
ရန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်...
သူမ ဘာတွေတွေးနေတာလဲ။
သူ လုံးဝ နားမလည်နိုင်ခဲ့ဘူး။
စားစရာရှာဖို့ သူမကို မြို့ ခေါ်သွားရတဲ့ အကြောင်းရင်းကတော့ ရန်ယန်က ရွာကလူတွေ သူ့ကိုယ်ခွဲသုံးခုရဲ့ လျှို့ဝှက်ချက်ကို သိသွားတာ မလိုလားတာကြောင့်ပဲ။
သူ သွားစရာနေရာလိုသည်။ အဲ့နေရာက ဘယ်သူကမှ သူ့ကို မသိဘဲ သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်တဲ့နေရာမျိုး။
ရန်ယန် လင်းရှောင်ယွဲ့ကို ခေါ်သွားတော့မှာဖြစ်ပေမယ့် ရလဒ်အနေနဲ့ သူတို့ထွက်ခွာခါနီး သူတို့ကို တစ်ယောက်ယောက်က တွေ့သွားခဲ့သည်။
"ရှောင်ရန်! ရှောင်ယွဲ့!"
ခပ်လှမ်းလှမ်းတွင် ဝမ်ရှို့ယင်ရဲ့ စိုးရိမ်နေတဲ့အသံ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က ကျောက်တံတားကိုဖြတ်၍ ရွာဦးတည်ရာဘက်ကနေ ထွက်ခွာသွားခဲ့ကြသည်။
ဝမ်ရှို့ယင် အသံကို ကြားလိုက်တဲ့အခါ နှစ်ယောက်စလုံး ရပ်ပြီး ခေါင်းလှည့်လိုက်ကြသည်။
လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ကို မြင်တဲ့အခါ ရန်ယန် အဝတ်ကိုဆွဲလိုက်သည်။ "အမေ လာနေပြီ"
ရန်ယန်က ရှုပ်ထွေးတဲ့ မျက်လုံးများကြားမှ စူးရှတဲ့ အကြည့်ဖြင့် "အင်း"လို့ပြောလိုက်သည်။
"ငါတို့ နင့်တို့ကို ရှာတွေ့ပြီ!"
ဝမ်ရှို့ယင်က သူတို့နှစ်ယောက်ဆီ အလျင်အမြန်ရောက်လာပြီး သူမ အလွန်လျင်မြန်ခဲ့တာကြောင့် ခဏရပ်ကာ အသက်ရှူလိုက်သည်။
ဝမ်ရှို့ယင်က မနေ့ညက တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ဘဲ သူ့ကလေးနှစ်ယောက်အကြောင်း တွေးနေခဲ့သည်။ သူမရဲ့ခင်ပွန်း ရန်တယုံက သူမကို စိတ်မပူဖို့ ပြောခဲ့သည်။ နောက်ဆုံးတော့ ရန်ယန် ထွက်သွားတဲ့ ညအချိန်တိုင်း သူ့ဦးနှောက်ကကြည်လင်နေတာကို သူတို့နှစ်ယောက်လုံး သိသည်။
တစ်ခါတရံ သူထွက်ပြေးသွားပြီး တစ်ညလုံး ပြန်မလာခဲ့ပေ။ နောက်တစ်နေ့မှာတော့ သူပြန်လာခဲ့သည်။
ရန်တယုံက အခုအချိန်မှာ အရေးကြီးဆုံးအရာက ငွေအမြန်ရှာဖို့နဲ့ ရန်ယန်ကို ဆရာ့ဆီ ကြည့်ရှုဖို့ ခေါ်သွားခြင်းပဲလို့ ခံစားမိသည်။
ရန်ယန် ခန္ဓာကိုယ်က 'မကောင်းဆိုးဝါး' ကို တံဆိပ်ခတ်ရန် ဆရာသမား ခေါ်ရမည်။
မကြာခင်က ရန်ယန်က သူတို့ တတိယမြောက် မိသားစုအတွက် ကိစ္စများစွာကို ရှုပ်အောင်လုပ်ခဲ့သည်။
ဒါပေမယ့် ဝမ်ရှို့ယင်ကတော့ စိုးရိမ်နေတုန်းပဲ။
မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့ပေမဲ့ ဒီနေ့မနက်မှာတော့ သီးသန့်အလုပ်တွေ မလုပ်ဖြစ်ခဲ့ဘူး။ ရန်ယန်ကိုရှာဖို့ သူမ စောစောထွက်ခဲ့သည်။
ကံကောင်းထောက်မစွာနဲ့ သူမရှာတွေ့ခဲ့သည်။
ဒါပေမယ့် သူမရှေ့က ဤထူးဆန်းတဲ့ မကောင်းဆိုးဝါးကို ရင်ဆိုင်ရင်း ဝမ်ရှို့ယင် အနည်းငယ် တုန်လှုပ်သွားသည်။
ဒါ သူမ သားရဲ့ မျက်နှာ၊ သူမ သားရဲ့ ခန္ဓာကိုယ် ပဲ...
ဒါပေမယ့် ဝမ်ရှို့ယင် မျက်လုံးထဲ အခုချိန် ခန္ဓာကိုယ်ထဲက ဝိညာဉ်က သူမ သားမဟုတ်ဘဲ မကောင်းဆိုးဝါးလို့ ထင်နေသည်။
ဝမ်ရှို့ယင်က သူ့ကို မကြင်နာနိုင်ဘဲ သူမမျက်လုံးထဲမှာ ထူးဆန်းမှုနဲ့ ခုခံမှုတွေ အနည်းနဲ့အများ ရှိနေသည်။
"ဘာရှိလို့လဲ "
ရန်ယန်က သူမစကားမပြောတာကြာပြီကို သတိပြုမိပြီး မေးလိုက်ရာ သူ့မျက်ခုံးတွေကြုတ်သွားခဲ့သည်။
"မင်း မင်းဘယ်သွားမလို့လဲ"
ဝမ်ရှို့ယင် မျက်လုံးများက ရန်ယန် မျက်နှာပေါ်တွင် တစ်စက္ကန့်မျှကြာအောင် စိုက်ကြည့်ခဲ့ပြီး လင်းရှောင်ယွဲ့ကို ချက်ချင်းပြန်ကြည့်လိုက်သည်။ "ရှောင်ယွဲ့၊ မနေ့က အားလုံးအဆင်ပြေရဲ့လား"
"အဆင်ပြေတယ် "
ရန်ယန်က လင်းရှောင်ယွဲ့ အတွက် ဖြေပေးလိုက်သည်။
သူ့အမေက သူ့ကို တစ်စက္ကန့်ထက်ပိုပြီး မကြည့်ချင်ဘူး။ ဤခံယူချက်ု ရန်ယန်ကို အလွန်စိတ်မချမ်းသာဖြစ်စေသည်။
"ပြီးတော့......"
ဝမ်ရှို့ယင်က 'မကောင်းဆိုးဝါး ' ရန်ယန်နဲ့ မဆက်သွယ်ရဲဘဲ လင်းရှောင်ယွဲ့ နဲ့သာ စကားပြောခဲ့သည်။ "ရှောင်ယွဲ့ ဒီကိုခဏလာဦး"
လင်းရှောင်ယွဲ့ က ရန်ယန် ဘေးမှ ထွက်သွားပြီး ဝမ်ရှို့ယင်က သူမ လက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်ကာ သူမကိုထောင့်တစ်ခုဆီ ခေါ်သွားလိုက်သည်။
ရန်ယန် နောက်ကလိုက်ဖို့ အဆင်သင့်ဖြစ်ပေမဲ့ ဝမ်ရှို့ယင် က လှည့်ကြည့်ခဲ့သည်။ "မလာနဲ့။ ငါ သူမကိုပြောစရာရှိလို့!"
ရန်ယန် ရပ်တန့်ကာ သဘောမကျဖြစ်နေခဲ့သည်။
လင်းရှောင်ယွဲ့နဲ့ ဝမ်ရှို့ယင်တို့ တစ်ထောင့်တစ်နေရာဆီ ရောက်သွားပြီးနောက် ရန်ယန်ကို ပြန်ကြည့်လိုက်ရာ ကျောက်တံတားပေါ်တွင် အရပ်ရှည်ရှည်နဲ့ အထီးကျန်ဆန်နေတဲ့ ရုပ်ပုံကားချပ်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းတွင် သူက ထူးဆန်းပြီး သနားစရာကောင်းပုံပေါက်သည်။
ငါ သူ့ကို တကယ်ပွေ့ဖက်ပစ်ချင်နေပြီ (ထိန်းထားဦး)
"ရှောင်ယွဲ့၊ ရိုးရိုးသားသားပြော။ မနေ့က သူနဲ့ဘာလုပ်ခဲ့လဲ။ သူနင့်ကို ဘာမှ မလုပ်ခဲ့ဘူးလား လုပ်ခဲ့လား" ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
"မလုပ်ပါဘူး၊ သူ ကျွန်မအပေါ် အရမ်းသဘောကောင်းပါတယ်"
လင်းရှောင်ယွဲ့က ပြန်ပြောခဲ့သည်။ စကားမစပ် မိသားစုထဲက အခြားလူနှစ်ယောက်အကြောင်းကိုလည်း မကျေမနပ်ဖြစ်ပြီး သူမ တိုင်ပြောခဲ့သည်။ “မနေ့က အစ်မဟုန်ရင်က သူ့ကို အိမ်ထဲက လိမ်ခေါ်သွားပြီး အကြီးဆုံး အဒေါ် နဲ့ ဒုတိယ အဒေါ် က ကျွန်မကို အနိုင်ကျင့်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်။ ပြီးတော့ သူ ကျွန်မကို ကူညီဖို့ ထွက်လာခဲ့တာ "
"အခု မိသားစုက ရှုပ်ထွေးလာပြီ။ မနေ့က ပထမနဲ့ဒုတိယယောက်မတို့ တိုင်ပြောခဲ့ကြတယ်။ ဒုတိယယောက်မက ဒီနေ့ ဆရာဝန်ဆီသွားတယ်။ သူ့ဆေးဖိုးအတွက် ငါတို့ကို ပေးခိုင်းစေချင်နေတာ..."
ဝမ်ရှို့ယင် သက်ပြင်းချလိုက်သည်။ "ရှောင်ယန်က ဒီလိုဖြစ်နေပြီ.... သူ ပိုပိုပြီးဆိုးသွမ်းလာတယ်။ သူ့အဖေနဲ့ ငါက မကောင်းဆိုးဝါးကို နှိမ်နင်းဖို့ သူ့ကိုခေါ်သွားဖို့တွက် မြန်မြန် ငွေစုနေတာ။ သူ့ကိုဂရုစိုက်ပြီး သူ့နောက်ကိုနီးနီးကပ်ကပ်လိုက်။ ဒီမကောင်းဆိုးဝါးကို ထပ်ပြီး မဆိုးစေနဲ့!"
"အမေ၊ သူက မကောင်းဆိုးဝါး မဟုတ်ပါဘူး"
လင်းရှောင်ယွဲ့ က ရန်ယန်အတွက် ရပ်တည်ခဲ့သည်။ "အမေ သူ့ကို ဆရာသမားဆိုတဲ့လူဆီ ခေါ်သွားသင့်တယ်လို့ ကျွန်မတော့ မထင်ဘူး။ အမေ သူ့ကိုတကယ် ကုသပေးချင်တယ်ဆိုရင် သူ့ကို စိတ်ရောဂါကု ဆရာဝန်ဆီ ခေါ်သွားရမယ်"
"ဘယ်အချိန်က ဆရာဝန်နဲ့တွေ့ဖို့ အသုံးဝင်သွားတာလဲ။ တစ်နေကုန် ဆေးထိုး၊ ဆေးတွေ သောက်နေတာ အချိန်တန်ရင် ပိုဆိုးလာလိမ့်မယ်"
ဝမ်ရှို့ယင် စိတ်ထဲ တူညီသည့် မလိုမုန်းထားမှုများ ရှိနေသောကြောင့် လင်းရှောင်ယွဲ့ ပြောတာကို သူမ နားမထောင်ဘဲ "နင် ငါ့စကားကို နားထောင်၊ သူနဲ့ အဝေးကြီး ကို မသွားနဲ့၊ သူ့ကို ဆွဲဆောင်ပြီး အိမ်ပြန်ခေါ်သွား။ နင်တို့နှစ်ယောက် နင့်အခန်းထဲမှာပဲနေ ဘယ်ကိုမှလျှောက်မသွားနဲ့။ ငါ အစားအသောက် ယူလာပေးမယ်"
"အမေ... သူနဲ့ အမေကိုယ်တိုင် စကားပြောလို့ရပါတယ်..."
လင်းရှောင်ယွဲ့က "သူအခု အရမ်းခေါင်းကြည်နေပြီ........"
"ဒီမကောင်းဆိုးဝါး ငါ ဆက်သွယ်လို့ မရဘူး"
ဝမ်ရှို့ယင်က "ငါလိမ်မပြောဘူး သူ့မျက်လုံးကိုမြင်ရင် ငါကြောက်တယ်"
"ဟမ်..."
အသံမကျယ်ပေမယ့် သူတို့နှစ်ဦးနောက် ရုတ်တရက် ရပ်နေတဲ့ ရန်ယန် ထိုစကားကိုကြားလိုက်ရသည်။
ရန်ယန်ု လင်းရှောင်ယွဲ့ ကို သူ့ဆီ အမြန်လာဖို့ လာတိုက်တွန်းခဲ့သည်။ ဘာလို့လဲဆိုတော့ သူ ခေါင်းမူးပြီး စိတ်ဓာတ်ခွန်အား ကြာရှည်မခံနိုင်တော့မှာ စိုးရိမ်တာကြောင့် ဖြစ်သည်။
ရလဒ်အနေနဲ့ သူရောက်လာတာနဲ့ သူ့အမေအရင်းက ဒီလိုပြောနေတာကို ကြားလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ လင်းရှောင်ယွဲ့ က အဲ့တာက ရန်ယန် ဖြစ်ကြောင်း ဝန်ခံခဲ့သေးသည်။
လင်းရှောင်ယွဲ့ နဲ့ ဝမ်ရှို့ယင်တို့က ရန်ယန် သူတို့နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရတဲ့အခါ ထိတ်လန့်သွားကြသည်။
ဝမ်ရှို့ယင်က သူ့နောက်ကွယ်မှာ မကောင်းတာတွေပြောနေခဲ့ကြောင့် ထိတ်လန့်သွားသည်။
လင်းရှောင်ယွဲ့ က သူ့ကို စိတ်မကောင်းဖြစ်စေတဲ့ ဒီစကားတွေကို မကြားစေချင်ဘူး....
"လင်းရှောင်ယွဲ့ သွားရအောင်"
ရန်ယန်က ဝမ်ရှို့ယင်ကို လျစ်လျူရှုပြီး လင်းရှောင်ယွဲ့ ကို တိုက်ရိုက်ခေါ်လိုက်သည်။
လင်းရှောင်ယွဲ့က ရန်ယန်ဆီ သွားတော့မှာဖြစ်ပေမယ့် ဝမ်ရှို့ယင်က သူမလက်ကို ဆုပ်ကိုင်ထားပြန်သည်။
လင်းရှောင်ယွဲ့ က ရန်ယန်နဲ့ စကားပြောခဲ့သည်။ " အမေက ကျွန်မတို့နှစ်ယောက်ကို အိမ်ပြန်စေချင်နေတယ် "
ရန်ယန်က နှာခေါင်းရှုံ့လိုက်မိသည်။ "ငါ့ကို မကောင်းဆိုးဝါးလို့ ပြောနေတာမဟုတ်ဘူးလား။ အိမ်ပြန်ပြီး ပြဿနာရှာလိုက်ရမလား"
ဝမ်ရှို့ယင် ကူရာကယ်ရာမဲ့စွာ ပြောလိုက်သည်။ " ရန်ယန်ရဲ့ခန္ဓာကိုယ်ထဲမှာ မင်းဘာလို့ ရုတ်တရက်ပေါ်လာမှန်းတော့ မသိပေမယ့် သူ့ကိုထားခဲ့ပေးလို့ရမလား။ မင်းက ငါတို့အိမ်ကို ရှုပ်ထွေးအောင်လုပ်နေတယ်....."
ရန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။