အပိုင်း ၃
Viewers 412

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၃





အဲ့အချိန်တုန်းက ပိုင်ယွဲ့ကွမ်းက သူ့ကို ခေါ်ပြီးတောင် ယဥ်ယဥ်ကျေးကျေးနဲ့ ငြင်းဆိုခဲ့တာကို မှတ်မိသေးသည်။



ဒီလို ကောလဟာလတွေက ပြင်းထန်နေတာရဲ့နောက်မှာ အကြောင်းရင်းတော့ ရှိရမယ်။



နောက်ပိုင်းကျတော့ သူအထင်လွဲမှုကို ဖြေရှင်းဖို့ ဘယ်လိုပဲလုပ်လုပ် ဘယ်သူကမှ နားမထောင်ကြတော့ဘူး။ အကုန်လုံးက သူ အငြင်းခံရတာကနေ အဖတ်ဆယ်နိုင်ဖို့ နားလည်မှုလွဲမှားတာဟု ပြောတာဟူ၍ပင် ထင်မြင်ကြတော့သည်။



နောက်ပိုင်းတွင် ကျန်းလော့ကျစ်သည် အယ်လ်ဖာတစ်ဦးဖြစ်ကြောင်း  တရားဝင် အတည်ပြုချင်ခဲ့ပြီး ကောလာဟလများကို ရှင်းလင်းရန် သီးသန့်စိတ်အနှောက်အယှက် အဖြစ်ခံမနေတော့ပေ။



ထို့ကြောင့်ပင် သူ ချောင်းမိုကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။



ချောင်းမိုသည် သူ့အတွက်ပြဿနာဖန်တီးနိုင်လောက်သည်အထိ လှပပြီး သူ့ကိုအများအမြင်တွင် ထက်မြက်ပြီး အာဏာရှင်ဆန်သော alpha တစ်ယောက်အဖြစ် မြင်စေနိုင်ခဲ့သည်။



တစ်ခုတည်းသောပြဿနာမှာ ချောင်းမိုသည် အလွယ်တကူမနာလိုဖြစ်ပြီး တစ်ချိန်တည်းမှာ ဝံ့ကြွားတတ်သည်။  အဲ့အပြင် သူမ ပိုင်ယွဲ့ကွမ်းကို ပစ်မှတ်ထား တိုက်ခိုက်မည်ကို သူစိုးရိမ်သည်။



အိမ်တော်ထိန်းပြောသလိုဆို အခုဆိုရင် ချောင်းမိုသည် ပိုင်ယွဲ့ကွမ်းရှေ့တွင် သူမ၏တည်ရှိမှုကို စတင်ဖော်ပြနေပြီဖြစ်သည်။



ကျန်းလော့ကျစ်သည် ပိုင်ယွဲ့ကွမ်းရော ပိုင် မိသားစုရောကို စော်ကားမိမှာကြောက်တာမဟုတ်ပဲ မလိုအပ်ဘူးလို့ ခံစားမိရုံပင်။ ဘာဖြစ်ဖြစ် နည်းနည်းတော့ ပြဿနာများတာပဲလေ။



သူ့ခေါင်းထဲမှာ ဒီကိစ္စကို ဖြေရှင်းဖို့ အလျင်အမြန် စဥ်းစားလိုက်ပေမယ့် အခုက ညနက်နေပြီမို့ ဒီကိစ္စကို နောက်တစ်ကြိမ်မှသာ ပြောနိုင်တော့မည်။



ကျန်းလော့ကျစ်သည် စာရွက်စာတမ်းများကို ဘေးဖက်သို့ပစ်လိုက်ပြီး ပထမထပ်ရှိ အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။



စက်ရုပ်အိမ်အကူမှလွဲ၍ ဗီလာတွင်အခြားမည်သူမျှမရှိပဲ လူသူကင်းမဲ့ကာ ခြောက်သွေ့နေသည်။



ဘယ်လိုပဲဖြစ်ဖြစ် ကျန်းလော့ကျစ်က အထီးကျန်တာနဲ့ ကျင့်သားရနေပြီဖြစ်သည်။ သူညအိပ်ဝတ်စုံလဲဝတ်ပြီး အိပ်ယာပေါ်လဲလျောင်းကာ ရင်ဘတ်ပေါ်လက်ယှက်တင်ပြီး အိပ်လိုက်တော့သည်။



နောက်တစ်နေ့တွင် ကျန်းလော့ကျစ်သည် သူငယ်ချင်းတစ်ဦးထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ဖုန်းထဲမှာ အိုးရန်မင် က " လောင်ကျန်း၊ မင်း ဒီနေ့ ညစာ ချိန်းထားတာကို ရွှေ့ဆိုင်းလိုက်ရင် မင်းကို ငါခွင့်မလွှတ်တော့ဘူး"



"ငါ သိတယ် "



“စိတ်မပူနဲ့၊  ဒီတစ်ခါတော့ မင်းကို surprise ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ်။ "



ကျန်းလော့ကျစ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ သူ့သူငယ်ချင်း၏ စကားထဲတွင် တစ်ခုခုလွဲနေပြီဟု ခံစားရပြီး သူ့လေသံက တော်တော်လေးနိမ့်နေပုံရသည်။



ပြီးတာနဲ့ ချက်ချင်းပဲ ကုမ္ပဏီက ဖုန်းဆက်လာကာ  အတွင်းရေးမှူးက သူပြန်ကြည့်ဖို့ လိုအပ်တဲ့ ပရောဂျက်တစ်ခု ရှိတယ်လို့ ပြောလာသည်။ ကျန်းလော့ကျစ်သည် သူ့သူငယ်ချင်း ကိစ္စကို ဘေးဖယ်ထားလိုက်ပြီး  ထရပ်ကာ ကားဂိုဒေါင်မှ ကားတစ်စီး ထုတ်၍  ကုမ္ပဏီကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် မောင်းထွက်သွားခဲ့သည်။



မထွက်လာခင် အိမ်အပေါ်ထပ်ကို မနေနိုင်ပဲ မော့ကြည့်လိုက်မိသည်။



ချောင်းမို မနေ့ညကလည်း ဆင်းမလာတဲ့အပြင် အခုလည်း မနက် ၉ နာရီတောင်ထိုးပြီးနေပြီ၊  ပုံမှန်ဆို ချောင်းမိုက ခုချိန် ထမင်းစားပွဲမှာထိုင်ရင်း သူ့ကို မနက်စာ စားဖို့စောင့်နေလိမ့်မည်ပင်။ တချိန်တည်းမှာ သူ့ကို အဝတ်စားသစ်တွေ၊ ကျောက်မြတ်ရတနာတွေဝယ်ဖို့ တောင်းဆိုနေလိမ့်မယ်။ ခုများတော့ ခုချိန်ထိတောင် သူမဆင်းမလာသေးဘူး သူမဗိုက်မဆာဘူးလား။



ဒါပေမယ့် အလုပ်များတဲ့ သူဌေးတစ်ယောက်အနေနဲ့ ကျန်းလော့ကျစ်က ဒီကိစ္စကို စဉ်းစားဖို့ အချိန်သိပ်မရသလို သူ့အတွင်းရေးမှူးရဲ့ တိုက်တွန်းမှုကြောင့် ကုမ္ပဏီကိုပဲ အလောတကြီး သွားလိုက်ရသည်။



ဒီဟာက ပရော့ဂျက်အကြီးဖြစ်တဲ့အတွက် ကျန်းလော့ကျစ်သည် အပြီးသတ်ဖို့ တစ်ရက်နှင့်တစ်ညတိတိ အချိန်ယူခဲ့ရသည်။ ထိုအချိန် အိုးရန်မင်ကလည်း ဆက်တိုက် ဖုန်းခေါ်နေတော့သည်။ ကျန်းလော့ကျစ် သည် နာကျင်နေသော မျက်လုံးများကို ပွတ်သပ်ကာ ချိန်းထားသည့်နေရာကို အလျင်မှီ သွားနိုင်ဖို့ ကားမောင်းသူကို ခေါ်ခိုင်းရန် အတွင်းရေးမှူးကို ပြောလိုက်သည်။



ဒီလူတွေ ချိန်းထားတဲ့နေရာက ဘားတခု ဖြစ်ပြီး ပတ်ဝန်းကျင်က အတော်လေး တိတ်ဆိတ်သည်။ ကျန်းလော့ကျစ် ရောက်လာတဲ့အချိန်  အိုးရန်မင်ကလည်း တံခါးဆီ လှမ်းကြည့်နေတာပင်။



ကျန်းလော့ကျစ် လာတာကိုမြင်တော့ အိုးရန်မင်က ချက်ချင်း လက်ပြပြီး "  အိုး၊ ငါ့သူငယ်ချင်းဟောင်းကြီး၊ ငါ့သူဌေး ကျန်း၊ ငါ့ရဲ့အလုပ်များတဲ့လူကြီး၊ နောက်ဆုံးတော့ မင်းရောက်လာပြီပဲ "



အိုးရန်မင်က ပြောပြီး  ကျန်းလော့ကျစ် ပခုံးကို ရင်းနှီးစွာ ဖက်လိုက်သည်။



ကျန်းလော့ကျစ် မျက်မှောင်နည်းနည်းကြုတ်လိုက်သည်။



သို့သော် အိုးရန်မင်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းမရှိတဲ့ ဘီတာပဲလေ သူ့ရဲ့ ဖယ်ရိုမုန်းအနံ့ကလည်း ရိုးရှင်းပြီး သည်းခံနိုင်တဲ့အတိုင်းအတာထဲမှာရှိသေးသည်။



ဘားထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ရောယှက်နေသော ဖယ်ရိုမုန်းနံ့များက ကျန်းလော့ကျစ်ဆီ ပြေးဝင်လာသည်။ ကျန်းလော့ကျစ် အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး မျက်နှာတချက် လှည့်လိုက်သည်။



ခေတ်သစ်လူ့အဖွဲ့အစည်းသည် ကျား၊ မကွဲပြားမှုများကို အထူးဂရုမစိုက်သော်လည်း တစ်ချိန်တည်းတွင်  အခန်းကျဥ်းထဲ ကျား၊မ မရွေးရောတွေးပြီး သဟာဇာတဖြစ်ဖြစ် နေနိုင်စေရန်  ဂလင်းပတ်ချ် များကို တိီထွင်ခဲ့ကြသည်။ သို့ရာတွင် ထိုဂလင်းပတ်ချ်များသည်လည်း ဖယ်ရိုမုန်းအားလုံးကို ခွဲခြားမဖိနှိပ်နိုင်ပေ။


* ( ဂလင်းပတ်ချ်က ဖယ်ရိုမုန်းနံ့တွေထွက်မနေအောင် ဂလင်းနောက်မှာကပ်ထားရတာပါ အဓိကက alpha၊ omega တွေကပ်ထားရတာ

ABO world တွေမှာလည်နေကျ ကိုယ်တွေလို ပရိသတ်တို့အတွက်တော့ မစိမ်းတော့ဘူးဟုတ် )*



အကြောင်းတစ်ခုခုကြောင့် ကျန်းလော့ကျစ်သည်  ဖယ်ရိုမုန်းအနံ့များကို  အထူးသတိထားရပြီး ရောထွေးနေသော ဖယ်ရိုမုန်းနံ့များကြား သည်းမခံနိုင်ပေ။



ဘားထဲတွင် လူ ခုနစ်ယောက် ရှစ်ယောက်နီးပါး ထိုင်နေကြပြီး အချို့ကို အကျွမ်းတဝင်ရှိပြီး အချို့မှာ သူတို့အသိုင်းအဝိုင်းမှ မျက်နှာစိမ်းများပင် ဖြစ်လောက်သည်။



ထိုလူများသည် ကျန်းလော့ကျစ်ကို မြင်သောအခါ အများစုက အနည်းငယ်သတိထားနေပုံပေါ်သည်။



ဘယ်လိုပဲဖြစ်ဖြစ်  ရှီးချန်မြို့ရဲ့ ကျန်းမိသားစုနဲ့  ကျန်းလော့ကျစ်ဆိုတာ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေပဲလေ။ နောက်ဆုံးတော့ကျန်းလော့ကျစ်က  မိသားစုတိုင်းလိုရဲ့အကြီးအကဲတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ မိသားစုကြီးတွေထဲက မျိုးဆက်တယောက်ဖြစ်နေသည်ပင်။ ဒါ့ကြောင့် သူတို့ ကျန်းလော့ကျစ်ရှေ့ရောက်တာနဲ့ ဒီတိုင်းအလိုလို  သတိထားမိသွားတာဖြစ်သည်။



အိုးရန်မင်သည် ကျန်းလော့ကျစ်ကို ထိုင်ခုံတစ်ခုသို့ ခေါ်သွားကာ တစ်ယောက်ပြီး တစ်ယောက်နဲ့ မိတ်ဆက်ပေးသည်။



ကျန်းလော့ကျစ်သည် မျက်နှာသေဖြင့် စီစဉ်ထားသော  နေရာတွင် ပေါ့ပေါ့ပါးပါး ထိုင်နေလိုက်သည်။ အိုးရန်မင်ရဲ့ မိတ်ဆက်ပေးမှုကြောင့် သူ့အနားကပ်လာတဲ့သူတောင် သူ့မျက်နှာအမူကိုမြင်ပြီး အေးခဲသွားခဲ့သည်။



အိုးရန်မင်က သက်ပြင်းတချက်ချပြီး ကျန်းလော့ကျစ် ပုခုံးကိုပုတ်ကာ "  ငါပြောမယ် သားကြီး၊ ငါတို့  ထွက်လာပြီး ပျော်ကြဖို့ သဘောတူပြီးသားမလား၊ အနည်းဆုံးတော့ မင်းမျက်နှာလေးကို ပျော်တဲ့ အမူအရာလေးပြပေးလို့မရဘူးလားကွာ " 



" ငါ ဒီမှာ ရောက်နေပြီးပြီ " 



အိုးရန်မင်က “ဟုတ်ပါတယ်၊ ဘုရင်မင်းမြတ် ဒီလိုနိမ့်ကျတဲ့နေရာကိုကြွလာပေးတဲ့အတွက်  ကျွန်တော်မျိုး စောင့်မျှော်နေရတာ ဂုဏ်ယူမိကြောင်းပါ '"



ကျန်းလော့ကျစ်သည်  အိုးရန်မင်၏ ရွဲ့စောင်းသောစကားများကို လျစ်လျူရှုထားခဲ့သည်။



မကြာခင် လေထုက တဖြည်းဖြည်း အသက်ဝင်လာသော်လည်း  ကျန်းလော့ကျစ်နှင့် ဘယ်သူမှ စကားမပြောရဲသည့်အတွက် ကျန်းလော့ကျစ်ရှေ့တွင် နေရာလွတ်တခုလို ဖြစ်နေခဲ့သည်။



ထိုအချိန် ကျန်းလော့ကျစ်နောက်မှ ပေါ့ပါး နူးညံ့တဲ့ရယ်သံတခု ထွက်လာခဲ့သည်။ ကျက်သရေရှိသော အဖြူရောင်ဂါဝန်ကို ၀တ်ဆင်ထားသည့်  ရင့်ကျက်လှပသော အိုမီဂါ အမျိုးသမီးတစ်ဦး  ရောက်ရှိလာပြီး  စနောက်ဟန်နှင့်“ အားလော့၊ နင်ကတော့ ခုထိအရင်အတိုင်းပဲ… " 



ကျန်းလော့ကျစ်က အံ့ဩသွားပြီး “ ပိုင်ယွဲ့ကွမ်း၊ မင်းဘယ်တုန်းက ပြန်ရောက်တာလဲ? "



ရောက်ရှိလာသူမှာ ကျန်းလော့ကျစ်ရဲ့ အချစ်ဦးနဲ့ နတ်ဘုရားမဖြစ်တဲ့  ရှီးချန်က ပိုင်မိသားစုရဲ့ တတိယသမီး ပိုင်ယွဲ့ကွမ်းပဲဖြစ်သည်။



 ဒီကောလဟာလအကြောင်း တွေးမိသွားတဲ့ ရှိနေတဲ့သူအကုန်လုံးဟာ တိတ်ဆိတ်သွားကြပြီး  အတင်းအဖျင်းကြားထဲက ဒီနှစ်ယောက်ကို စပ်စုလိုစိတ်ဖြင့် ကြည့်နေကြတော့သည်။



အိုးရန်မင်က မျက်တောင်တစ်ချက်ခတ်ပြီး ပြောလိုက်သည်။ "  လောင်ကျန်း၊ ဘယ်လိုလဲ၊  အံ့သြသွားတယ်မလား  ဟီးဟီး။ ငါမနေ့က  မစ္စပိုင် တရုတ်ပြည် ပြန်ရောက်လာတာကို သိလိုက်ရတယ်။ မစ္စ ပိုင် ကလည်း မင်းကို တွေ့ချင်နေတယ်ဆိုတာနဲ့ ငါ ဒီပါတီကို  စီစဥ်လိုက်တာ။  မင်းတို့ နှစ်ယောက်လည်း မတွေ့ရတာ နှစ်အတော်ကြာပြီမလား။  အခု အချိန်ယူပြီး စကားပြောလိုက်ကြဦး "


.....



လူစုသည် တဖြည်းဖြည်း ကွဲသွားကာ ကျန်းလော့ကျစ်သည် ပိုင်ယွဲ့ကွမ်းကို ချန်ထားခဲ့ပြီးနောက် အိုးရန်မင်က ကျန်းလော့ကျစ် နားနားကပ်ကာ " ငါကြားတာ  မင်း တလောကမှက မင်းအိမ်မှာ မွေးထားတဲ့ အကောင်လေးက တအား ဆူညံတယ်ဆို။ အခု မစ္စ ပိုင်ပါ ပြန်လာပြီ။  မီးတောက်အသစ်က မီးဟောင်းနဲ့ ဆုံတဲ့အချိန်  မီးပွားတွေက နေရာအနှံ့ ပျံ့သွားမယ် မဟုတ်ဘူးလား။ လောင်ကျန်း၊ မင်း အိမ်နောက်ဖေး မီးလောင်နေပြီ မင်းဘာလုပ်မှာလဲ "



အိုးရန်မင်သည် ပိုင်ယွဲ့ကွမ်း ရုတ်တရက် ပြန်လာမည်ဟု မမျှော်လင့်ထားပေ။  သူစီးကရက်ကို မီးညှိလိုက်ပြီး  လက်ချောင်းသွယ်တွေကြားထဲကိုင်ထားခဲ့သည်။ သူ့လက်ချောင်းထိပ်မှာ မီးတောက်တွေ တဖျပ်ဖျပ်ဖျပ်ခတ်နေသလို " မင်းနားလည်မှုလွဲနေတာ၊ ငါနဲ့ ပိုင်ယွဲ့ကွမ်းကြားမှာ ဘာမှမရှိဘူး။ အချစ်ဇာတ်လမ်းလို့ ပြောနေကြတာတွေက ကောလဟာလ သပ်သပ်ပဲ " 



အိုးရန်မင်က နှာခေါင်းရှုံ့လိုက်ပြီး " မင်းကျောင်းတုန်းက လုပ်ခဲ့တာတွေကြည့်လေ၊ ဘယ်သူယုံမှာလဲ။ "



ကျန်းလော့ကျစ်က အိုးရန်မင်ကို ပြန်မဖြေတော့ပဲ  ရုတ်တရက် သူ ချောင်းမိုကို  နှစ်ရက် သုံးရက်လောက် မတွေ့ရသေးဘူးဆိုတာ သတိရသွားခဲ့သည်။



ပိုင်ယွဲ့ကွမ်း တရုတ်ကိုပြန်ရောက်လာတဲ့အတွက်  သူတို့နှစ်ယောက်ကြားထဲက အပြောအဆိုတွေလည်း အစီအစဥ်ထဲထည့်သင့်သည်။



အဆုံးမှာ ကျန်းလော့ကျစ်က အေးအေးချမ်းချမ်းပဲ နေချင်တာဖြစ်ပြီး ဒီ အရှုပ်အထွေးတွေနဲ့ မပတ်သတ်ချင်ပေ။



ထိုသို့တွေးရင်း ကျန်းလော့ကျစ်တစ်ယောက် ဗီလာသို့ ပြန်လာခဲ့သည်။



မထင်မှတ်ပဲ ဗီလာထဲရှိ မီးများသည် လင်းနေတုန်းဖြစ်ပြီး ပထမထပ်က ရုပ်ရှင်ခန်းထဲတွင် " ဟားဟား...ဟားဟားဟား " ရယ်သံထွက်ပေါ်နေခဲ့သည်။ ရယ်သံသည် ချိုမြိန်တက်ကြွမှုတို့နှင့် သစ်လွင်နေခဲ့ပြီး ချောင်းမိုရဲ့ အသံဖြစ်ပုံရသည်။



ကျန်းလော့ကျစ် မျက်မှောက်ကြုတ်ပြီး ပင်မတံခါးကို ဖွင့်လိုက်သည်။



 နံရံပေါ်ရှိ  ဧည့်ခန်းထဲက တီဗီကြီးက  “Tom and Jerry” ကို ဖွင့်ထားသည်။ ဆိုဖာပေါ်တွင် မိန်းကလေးတစ်ဦးသည် တင်ပျဥ်ခွေထိုင်နေပြီး ဂျက်နက်ရောင်မှင်နှင့်တူသော ဆံပင်များကို ခေါင်းပေါ်တွင် ပေါ့ပေါ့ပါးပါး ထုံးထားကာ ပိုးသား ညအိပ်ဝတ်စုံအောက်ရှိ ပခုံးများက သွယ်တန်း လုံးဝိုင်းနေသည်။ နွေးထွေးသော အဝါရောင်အလင်းတန်းများက  တစ်ဖက်သူ၏ မျက်နှာပေါ် ကျနေသည်မှာ သူမကို ပိုပြီး နူးညံ့ တောက်ပ နေစေသည်။



ကျန်းလော့ကျစ် အထဲဝင်ချိန် တဖက်သူမှာ ဆိုဖာကို အသေရိုက်ပြီး ရယ်ရင်း အောက်သို့ ပြုတ်ကျသွားခဲ့သည်။ 



ကျန်းလော့ကျစ် ဝင်လာသည်ကိုကြားတော့ တစ်ဖက်လူက ခေါင်းကိုလှည့်ကာ  သူမရဲ့ တောက်ပပြီး လှပတဲ့ မျက်နှာ၊ မီးရောင်ကြောင့် အရည်လဲ့နေသော မျက်ဝန်း တစ်စုံ၊ ကျောက်စိမ်းကဲ့သို့ လှပသော နှာတံ၊ ချယ်ရီသီးလို နှုတ်ခမ်းဖူး၊ အလင်းရောင်နှင့် တောက်ပ နူးညံ့နေသောအသားအရေ တို့ဖြင့် ကြည့်လာသောသူသည်  နှစ်ရက်သုံးရက်ကြာ ပျောက်နေသော  ချောင်းမိုပင် ဖြစ်သည်။



ကျန်းလော့ကျစ်ကို မြင်တော့ ချောင်းမိုက ဖြူဖွေးနေသော သွားများနှင့် ပါးချိုင့်ပေါ်အောင် ပြုံးပြပြီး  "  ရှင်ပြန်ရောက်ပြီ "



ကျန်းလော့ကျစ် တစ်ယောက် ချောင်းမို၏ အပြုံးကြောင့် အံ့အားသင့်သွားရသည်။