အပိုင်း ၉
Viewers 428

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၉




ကျန်းလော့ကျစ်၏ သွယ်လျသောလက်ချောင်းများသည် လှုပ်ခတ်သွားပြီး ချောင်းမို၏ လက်ဖဝါးကို ထိလိုက်မိသည်။



ချောင်းမိုသည် ရုတ်တရက် ရပ်လိုက်ပြီး ကျန်းလော့ကျစ်ကို ထိတ်လန့်စွာ ကြည့်ကာ "မစ္စတာ ကျန်း၊  နာလို့လား။ ကျွန်မ အားနည်းနည်း လျော့ပေးရမလား? "



"ချောင်းမို၊  မင်းရဲ့ ခွန်အားက မွေးရာပါလား? "



ကျန်းလော့ကျစ်က မျက်လုံးကို အောက်ငုံ့ပြီး ချောင်းမိုကို စိုက်ကြည့်နေသည်။



ချောင်းမိုက ကျန်းလော့ကျစ် မနေ့ညကအကြောင်းကို မေးတယ်ထင်ပြီး အားနာစွာ ပြုံးပြကာ " မွေးရာပါလို့တော့ ပြောလို့မရဘူး။ ကျွန်မ အရွယ်ရောက်တာနဲ့စပြီး လေ့ကျင့်ရေးတွေလုပ်ခဲ့တာ။ ကျွန်မမိဘတွေက ကျွန်မကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင်လို့ လက်ဝှေ့ထိုးတာနဲ့ ကွန်ဖူးကို သင်ခိုင်းခဲ့တာပဲ။ "



ချောင်းမိုက ဇာ့ဂ်တွေ မကျုးကျော်ခင်တုန်းက သူမ၏ အတိတ်အကြောင်းကို ပြောမိသွားတာဖြစ်သည်။ အဲ့အချိန်တုန်းက ချောင်းမိုက သာမန်မိသားစုမှာ မွေးဖွားလာတဲ့ ပျော်ရွှင်ဖွယ် ကလေးမလေးတယောက်သာဖြစ်သည်။ သူမ မိသားစုက သူမကို သူတိူ့လက်ထဲက ပုလဲလေးလို သတ်မှတ်ထားကြတဲ့အတွက် သူမ အနိုင်ကျင့်ခံရမည်စိုး၍ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရန် (*)နှစ်သွယ်တိုက်ခိုက်ရေးနည်းကို အတင်းလေ့ကျင့်စေခဲ့သည်။


* ( T/N နှစ်သွယ်တိုက်ခိုက်ရေးနည်း = အတိအကျတော့မသိပါဘူး။ ဖြစ်နိုင်တာက သိုင်းလေ့ကျင့်တာမျိုးနဲ့ တခြားခုခံရေးလို လေ့ကျင့်‌ေရးမျိုးပါ )



ချောင်းမိုက အနည်းငယ်ပါရမီပါခဲ့၍ထင် သူမသည် ထိုကဲ့သို့ လေ့ကျင့်ရေးများတွင် ထူးချွန်ခဲ့သည်။ နောက်ပိုင်းတော့ သူမ စစ်တပ်ထဲဝင်ခဲ့ပြီး နည်းပြများကြားတွင် နာမည်ကြီးခဲ့ကာ သူမကိုတိုက်ခိုက်ရေး လှည့်ကွက်အနည်းငယ် သင်ကြားပေးခဲ့ကြသည်။



ထို့ကြောင့် သူမသည် စမ်းသပ်ခန်းထဲက မထွက်ရသော သာမန်ပြည်သူတစ်ယောက်ဖြစ်နေစေကာမူ သူမ၏ ခွန်အားသည် စမ်းသပ်မှုများကို အသာလေးဖြတ်ကျော်နိုင်သည်။



သို့သော် ကျန်းလော့ကျစ်သည် သူမက သူ၏ ကြံ့ခိုင်ရည်ကို လှောင်ပြောင်သည်ဟု ထင်နေမည်စိုး၍ ထိုအကြောင်းများကို မပြောရဲပေ။



ဒါပေမယ့် သူမ မထင်ထားခဲ့တာက မူလပိုင်ရှင်ကပဲ နူးညံ့ကျိုးကြေလွယ်တဲ့ အလှလေးပုံပေါက်ပေမယ့်

သူမ ခွန်အားကပဲ သန်မာနေတာလား ဒါမှမဟုတ် သူမ ကူးပြောင်းလာတုန်းက သူမရဲ့ စိတ်စွမ်းအားပဲမဟုတ်ပဲ ကိုယ်ခံအားပါ ပါလာခဲ့တာလား?



ကျန်းလော့ကျစ်သည် ချောင်းမို၏ မျက်နှာကို ကြည့်လိုက်သည်။ မိန်းမငယ်သည် ပန်းအိုးထဲမှ ကျိုးကြေလွယ်သော ပန်းခက်လေးလို လှပစွာ ဖြူစင်နူးညံ့ပြီး အကာအကွယ်မဲ့သော အပြုံးမျိုးဖြင့် ပြုံးပြနေလေသည်။



ချောင်းမို မိဘတွေပြောတာ မှန်တယ်။ လှပတဲ့ အိုမီဂါအမျိုးသမီးတိုင်းက သူတို့ဘာသာ ကာကွယ်နိုင်စွမ်းရှိသင့်တယ်။ အဲ့တာမှသာ သူတို့ခံစားရတဲ့ အချိန် ခုခံနိုင်စွမ်း မရှိပဲ ကူကယ်ရာမဲ့တာမျိုး မဖြစ်မှာပင်။



" ဟေး ရှင့်ရဲ့ တခြားတဖက် လက်ကောက်ဝတ်မှာ လည်း တစ်ခုရှိသေးတယ်။ "



ကျန်းလော့ကျစ်သည် ချောင်းမို၏ မျက်နှာကို ကြည့်ရင်း အတွေးထဲ နစ်မြုပ်နေခဲ့သည်။ ဒီမှာ၊ ချောင်းမိုက သူမဘာသာ ကျန်းလော့ကျစ်၏ တခြားအကျီလက်ကို လှန်တင်ကာ စစ်ကြည့်လိုက်တော့သည်။ သူမ၏ လက်ငါးချောင်းရာစလုံးထင်နေကာ ဒီဖက်လက်က ပိုဆိုးနေသည်ကိုမြင်လျှင် သူမ ပိုအံ့အားသင့်သွားခဲ့သည်။ အဲ့တာတွေက ခရမ်းပြာရောင်တောင် ပြောင်းနေခဲ့ကာ မသိလျှင် တစ်စုံတယောက်မှ ဆိုးဆိုးရွားရွား အနိုင်ကျင့်ထားသည့်အလားပင်။



ချက်ချင်းပင် ချောင်းမိုရဲ့ အမူအရာပြိုကျသွားခဲ့ကာ သူမ နှလုံးသားထဲရှိ အပြစ်ရှိစိတ် ပိုနက်ရှိုင်းလာကာ ကျန်းလော့ကျစ်ထံ ကြည့်လိုက်ပြီး သနားစဖွယ် အသံဖြင့် " မစ္စတာ ကျန်း၊ ဘာလို့ ကျွန်မလစာကို မလျော့လိုက်တာလဲ။ ဒီတစ်ခါတော့ ကျွန်မ လွန်လွန်းသွားတာ ကျွန်မ သူဌေးကိုတောင် ဆိုးဆိုးရွားရွား ထိခိုက်စေမိတယ်။ ဘာမှမလုပ်ခင် ဘယ်သူလဲဆိုတာ ကျွန်မ သေချာကြည့်လိုက်သင့်တာ " 



ကျန်းလော့ကျစ် ပြုံးလိုက်သည်။



နွေဦးလေပြေက အေးခဲနေသော ကန်ကို သန့်ရှင်းကြည်လင်သော ရေကန်သို့ ပြောင်းလဲလိုက်သည့်ပုံပင်။



နှုတ်ခမ်းများကို ကွေးပြီး ပြုံးလိုက်သည်မှာ သူ့မျက်လုံးများကို ကွေးညွှတ်သွားစေပြီး သူ့ကို နူးညံ့သည့်ပုံ ထင်မှတ်စေသည်။



ချောင်းမို အံ့သြသွားခဲ့သည်။



" မဟုတ်ဘူး "



ချောင်းမိုသည် အပြင်လူများရှေ့တွင် သူမ၏ သွားများနှင့် ခြေသည်းများကို ပြသနေသော်လည်း၊ သူမသည် ဤမျှနှိမ့်ချနေရန် မလိုအပ်ပါ။



ချောင်းမိုက လျှောက်ဆော့နေရတာကို နှစ်သက်တဲ့အတွက်ကြောင့် သူက သူမအတွက် နောက်ဆက်တွဲပြဿနာကိုသာ ဂရုစိုက်ဖို့ပဲ လိုတော့သည်။ သူသည် ချောင်းမို၏ မွေးရာပါ သဘာဝကို အတင်းအကျပ် ဖိနှိပ်ဖို့ရာ မလိုအပ်ပေ။



ကျန်းလော့ကျစ်၏ မျက်နှာပေါ်ရှိ အပြုံးက အလင်းတန်းတစ်ခုလို တခဏချင်း ပျောက်ကွယ်သွားသည်။ ထိုစကားကိုပြောပြီးနောက် သူထရပ်ကာ သူ့အဝတ်အစားများကိုဆွဲ့ဆန့်ပြီး ထွက်ခွာသွားလေသည်။  ချောင်းမိုကို မနေ့ညကဖြစ်ခဲ့တာနှင့်ပတ်သတ်ပြီးလည်း ဘာမှမပြောခဲ့ပါချေ။



ထွက်ခွာသွားသော ကျန်းလော့ကျစ် နောက်ကျာကိုမြင်တော့ ချောင်းမိုသည် မျက်ရည်များပင်ဝဲလာခဲ့သည်။



သူမ ဒူးထောက်၍ ရှိခိုးချင်လုနီးပါးပင်။



သူဌေး ကျန်းသည် အမှန်တကယ်ပင် အသိစိတ်ရှိသည့် ဘုရားလောင်းကဲ့သို့သော အရင်းရှင်ပင်ဖြစ်သည်။



ဝူး ဝူး ဝူး ဝူး (*ငိုသံ )

သူမ ကျန်းလော့ကျစ်နှင့် အမျိုးသမီးဇာတ်လိုက် တူတူရှိဖို့ သေချာပေါက် ကြိုးစားပြီး အချိန်မီ ထွက်သွားရမည်။ သို့မှသာ ထိုနှစ်ယောက်ကြား အလှည့်အပြောင်း နည်းနိုင်သမျှ နည်းပေလိမ့်မည်။



ကျန်းလော့ကျစ် ခွင့်ယူခဲ့သည်။



အဲ့တာက သူ့လို အလုပ်သရဲတစ်ယောက်အတွက် တကယ့်ကို ရှားပါးလွန်းတဲ့ အဖြစ်အပျက်ပဲ။



အတွင်းရေးမှူးက ကျန်းလော့ကျစ်ဆီမှ ထိုအသိပေးချက်ကို ကြားပြီး တခဏ မှင်သက်သွားခဲ့သည်။ ထို့နောက် ကျန်လော့ကျစ်၏ ညွှန်ကြားချက်များကို နားထောင်ကာ ခေါင်းညှိတ်လိုက်သည်။



မစ္စတာကျန်း ခွင့်ယူတာတောင် သူကတော့ သူ့အလုပ်ကို မကိုင်တွယ်၍ မရပေ။



အတွင်းရေးမှူးက သက်ပြင်းတချက် ချလိုက်ပြီး ကျန်းလော့ကျစ် ညွှန်ကြားထားသည့်အတိုင်း တင်ပြချက်များကို အမျိုးအစားခွဲရန် ထွက်သွားခဲ့သည်။ ထို့မှသာ ကျန်းလော့ကျစ် ပြန်လာသည်နှင့် အချိန်မရွေး ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။



အတွင်းရေးမှူးက ဘဏ္ဌာရေး အချက်အလက်များကို စီစစ်တော့မည့်အချိန်တွင် ရုံးခန်း၏ တံခါးပွင့်လာခဲ့သည်။ ဒုတိယသခင်လေး ကျန်းယွဲ့ကျစ်သည် ဘောင်းဘီအိတ်ထဲ လက်တဖက်ထည့်ကာ အခန်းတွင်းသို့ လျှောက်ဝင်လာခဲ့သည်။ ဆံပင်နီတွေကို လှန်တင်ထားပြီး ဝင်လာပုံက အတွင်းရေးမှူး၏ နှလုံးသားကို ထိတ်လန့်သွားစေသည်။ သူက လေတချက်ချွန်ရင်း " ဟေး၊ ငါ့အကို ဘယ်မှာလဲ? "



ကျန်းယွဲ့ကျစ်ကိုတွေ့တော့ အတွင်းရေးမှူးရဲ့အမူအရာက သတိတကြီးဖြစ်လာပြီး စကားတခွန်းစီ ရှင်းလင်းစွာ ပြောလိုက်သည်။ " မစ္စတာ ကျန်း အပြင်ထွက်သွားပြီး    လောလောဆယ်တော့ ပြန်လာဦးမှာ မဟုတ်ဘူး။ ဒုတိယ သခင်လေး၊ ကျေးဇူးပြုပြီး ပြန်သွားပါ။ "



" သူအလုပ်နားတာလား?"



ကျန်းယွဲ့ကျစ်လည်း အတော်လေး အံ့အားသင့်သွားပြီး မေးစေ့ကို ပွတ်သပ်ကာ ရေရွတ်ရင်း " ကျန်းလော့ကျစ်လို အလုပ်ရူးက ခွင့်ယူတယ်ပေါ့? ဒီနေ့ နေက အနောက်ကနေ ထွက်တော့မှာလား? " 



အတွင်းရေးမှူးက နှုတ်ဆိတ်ကာ ဘာမှပြန်မပြောပေ။



ကျန်း မိသားစုသည် ရှီးချန်တွင် အချမ်းသာဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သော်လည်း ၎င်းတို့၏ အတွင်းဆက်ဆံရေးမှာ အလွန်ရှုပ်ထွေးသည်။ အတွင်းရေးမှူးသည် ကျန်းဂရုအတွက် အလုပ်လုပ်သော်လည်း နောက်ဆုံးတွင် သူ၏သူဌေးမှာ ကျန်းလော့ကျစ်သာ ဖြစ်သည်။ တခြား ကျန်းမိသားစုဝင်တွေအတွက်တော့ သူက သူတို့ကို လေးစားစွာဆက်ဆံပြီး သူတို့ပတ်ဝန်းကျင်မှာ ပိုသတိထားဖို့ပဲ လိုအပ်သည်...



 ကျန်းယွဲ့ကျစ်က ရေရွတ်ပြီး စားပွဲပေါ်က ဖိုင်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို ကွေးညွှတ်လိုက်ရင်း ထိုဖိုင်ကို ယူဖို့လက်ဆန့်လိုက်သည်။ “ ငါ့အစ်ကိုက ဒီမှာမရှိမှတော့ ငါဘာလို့ ငါ့အကိုကို မကူညီရမှာလဲ၊ ဟုတ်တယ်မလား အတွင်းရေးမှူးလေး။ ထွက်သွား၊ ငါကိုယ်တိုင် ကိုင်တွယ်လိုက်မယ်" အတွင်းရေးမှူးက ကျန်းယွဲ့ကျစ်ကို လျစ်လျူရှုပြီး "ဒုတိယသခင်လေး ကျန်း၊ မင်းရဲ့ အပေါ်ဖက်ခေါင်းတည့်တည့်မှာ ရုံးခန်းက ကင်မရာတလုံး ရှိတယ် " လို့ လေသံခပ်မာမာနဲ့ ပြောလိုက်သည်။



" ကျစ် " 



သူ လှည့်ထွက်သွားသည်။



အတွင်းရေးမှူးက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သော်လည်း ကျန်းယွဲ့ကျစ် ရုတ်တရက် ပြန်လှည့်လာ၍ အတွင်းရေးမှုးအား စားပွဲပေါ်သို့ ဖိချလိုက်ပြီး အတွင်းရေးမှုးအား လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အယ်လ်ဖာ ဖယ်ရိုမုန်းများဖြင့် ဖုံးလွှမ်းလိုက်သည်။



အတွင်းရေးမှုးသည် ရုတ်တရက် ဝိုင်ကန်ထဲသို့ ကျသလို ခံစားလိုက်ရပြီး သူ၏ ရုန်းကန်မှုကလည်း အားနည်းသထက် နည်းလာကာ သူ့လက်ထဲက အစီရင်ခံစာသည်လည်း မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ သူ၏ နူးညံ့သော မျက်နှာသည် နီမြန်းလာကာ မျက်လုံးများ မှုန်ဝါးလာကာ အသက်ရှူကြပ်သည့်အသံ ထွက်ပေါ်လာသည်။



ကျန်းယွဲ့ကျစ်က အတွင်းရေးမှုးလေးကို ပျက်ချော်ချော်နှင့် ပါးရိုက်လိုက်ပြီး လှောင်ပြောင်သောလေသံဖြင့် "မင်းက ဘီတာတစ်ယောက်ဖြစ်ပြီး ဘီတာတွေက ဖယ်ရိုမုန်းတွေရဲ့ အလွယ်တကူသက်ရောက်တာကို မခံရဘူးဆို။ ဒါပေမယ့် အခု ရလဒ်က ဘာလဲ? ”



အတွင်းရေးမှူးသည် အသိစိတ်မလွတ်စေရန် ပြင်းပြင်းထန်ထန် ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် သူသည် ဘီတာတယောက်မျှသာ။ အယ်လ်ဖာတွေကပဲ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေတာဖြစ်သည်။



ဤခေတ်သစ်ယဉ်ကျေးသောလူ့အဖွဲ့အစည်းတွင် စွမ်းရည်သည် အရေးကြီးဆုံးဖြစ်သော်လည်း အခြားသူများကို ဖိနှိပ်ရန် ဖယ်ရိုမုန်း များကို အသုံးပြုခြင်းက အကျင့်ပျက်ပြားခြင်းပင်။  ဒါကို တစ်စုံတစ်ယောက်က လုပ်လိုက်တာနဲ့ လူတိုင်းဆီမှ ရှုံ့ချခံရပြီး ကိုယ့်ကိုကိုယ် သုံးသပ်ရန် ထိန်းသိမ်းရေးစခန်းကို ပို့ခြင်းခံရပေမယ့် ကျန်းယွဲ့ကျစ်အတွက်တော့ ဘာမှမထူးခြားပေ။



ကျန်းယွဲ့ကျစ်သည် ခေါင်းငုံ့ပြီး အတွင်းရေးမှုး၏လည်ပင်းကို ရှူရှိုက်လိုက်ရာ သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားသည်။



သူက ကျန်းယွဲ့ကျစ်ကို ခေါင်းမာမာနဲ့ ကြည့်လိုက်ပြီး "လူတစ်ယောက်ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အကြပ်ကိုင်တာက ကြီးလေးတဲ့ ရာဇ၀တ်မှုတစ်ခုပဲ၊ ဒုတိယသခင်လေးက သူ့တစ်သက်လုံး ထောင်ထမင်းစားပြီး နေသွားချင်တာလား? "



ကျန်းယွဲ့ကျစ်က အတွင်းရေးမှုးရဲ့ ဂလင်းကို ဖိညှစ်လိုက်ပြီး ရက်စက်မှုတွေ ပြည့်နှက်နေသည့် အပြုံးဖြင့် "ဘီတာ တယောက်ကို အမှတ်အသားပြုရမယ်? မင်းကရော အဲ့တာနဲ့ တန်လို့လား? " အတွင်းရေးမှူးသည် နာကျင်မှုကြောင့် တုန်ရင်နေသော်လည်းကျန်းယွဲ့ကျစ် ကို ရဲဝံ့စွာ ရင်ဆိုင်ဆဲဖြစ်သည်။



ကျန်းယွဲ့ကျစ်က အတွင်းရေးမှုးရဲ့မျက်နှာကို ညှစ်လိုက်ပြီး သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ကာ "ထူးဆန်းလိုက်တာ၊ ငါ့အစ်ကိုရဲ့ အယ်လ်ဖာ ဖယ်ရိုမုန်းတွေကလည်း အရမ်းအားကောင်းတာ၊  မင်းက နေ့ရောညပါ သူနဲ့အတူရှိနေပေမယ့် သူ့ရဲ့ ဖယ်ရိုမုန်းတွေ မသက်ရောက်တာက စိတ်ဝင်စားဖို့ မကောင်းဘူးလား?" 



အတွင်းရေးမှူးက သရော်လိုက်ပြီး "မစ္စတာ ကျန်းက ခွေးတစ်ကောင်မဟုတ်ဘဲ လူကြီးလူကောင်းတစ်ယောက်ပဲလေ။ ခွေးရူးကပဲ သူ့ဖယ်ရိုမုန်းတွေ လိုက်ဖြန့်နေလိမ့်မယ်။ " 



ကျန်းယွဲ့ကျစ်က မထီမဲ့မြင်ဖြင့် နှာမှုတ်လိုက်ပြီး အတွင်းရေးမှူးကို လွှတ်ပေးလိုက်သည်။



အတွင်းရေးမှူးသည် ရုတ်တရက် ယိုင်ကျသွားပြီး မျက်နှာ မပျက်ရစေရန် စားပွဲကို အမှီပြုရင်း သားရေထိုင်ခုံပေါ်သို့ လဲကျသွားခဲ့သည်။



အတွင်းရေးမှူးက ပြန်လည်တုံ့ပြန်နိုင်သောအခါ ကျန်းယွဲ့ကျစ်ရုံးခန်းမှ ထွက်သွားပြီးဖြစ်သည်။ အတွင်းရေးမှူးက သက်ပြင်းချကာ ကျန်းလော့ကျစ်ဆီ အမြန်ဖုန်းခေါ်လိုက်သည်။



ထွက်သွားပြီးနောက် ကျန်းယွဲ့ကျစ်သည် ထောင့်တစ်နေရာသို့ လျှောက်သွားပြီး ဘယ်သူမှ နားမထောင်ကြောင်း စစ်ဆေးပြီးနောက် ဖုန်းခေါ်လိုက်ကာ " အမေ၊ ကျန်းလော့ကျစ် ကုမ္ပဏီမှာ မရှိဘူး။ သူ ခွင့်ယူထားတယ် လို့ပြောတယ် "