အပိုင်း ၂၃
Viewers 436


နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၂၃




အနီးနားရှိလူများ၏ရယ်သံများ ကျယ်လောင်လာသည်နှင့် အမျှ အကြီးဆုံးဇနီးကြီး၏ မျက်နှာပေါ်ရှိ တင်းမာသောအမူအရာများ ပြေလျော့သွားကာ မစ္စတာ ကျန်း သည်လည်း သက်တောင့်သက်သာရှိသော အပြုံးကို ပြသလိုက်သည်။ ကျန်းယွဲ့ကျစ်၏ မျက်လုံးများသာ ပြူးကျယ်သွားကာ မျက်နှာ ပျက်ပျက်နှင့် ပြောခဲ့သည်။“မဖြစ်နိုင်ဘူး၊ ဒါက လုံးဝမဖြစ်နိုင်ဘူး! "



သူ စိတ်လွတ်သွားလုနီးပါးဖြစ်သွားသောကြောင့် ကျန်းလော့ကျစ်ဆီ ပြေးသွားလိုက်သည်။ သူ့ပုံမှာ ရူးသွပ် ကြောက်မက်ဖွယ်ပင် ဖြစ်နေတော့သည်။



ခန်းမတွင်းရှိလူတိုင်းသည် သက်ပြင်းရှိုက်လိုက်မိကြပြီး  မစ္စတာ ကျန်းပင်မျက်မှောင်ကြုတ်ကာ “ ကျန်းယွဲ့ကျစ်၊ လုံလောက်ပြီ "ဟု ကြိမ်းမောင်းလိုက်သည်။



ကျန်းလော့ကျစ်သည် မျက်မှောင်ကြုတ်ပြီး အေးစက်သော အမူအရာဖြင့် နောက်သို့ ဆုတ်လိုက်သည်။ သူ ဤအရူးအယ်လ်ဖာနှင့် မယှဉ်နိုင်ကြောင်း သိပေသည်။



နောက်တစ်စက္ကန့်တွင် ဖြူဖျော့ဖျော့လက်သေးသေးလေးသည် ကျန်းယွဲ့ကျစ်၏ လက်မောင်းကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ရူးသွပ်နေသော ကျန်းယွဲ့ကျစ်ကို လူတိုင်း၏ အံ့အားသင့်သောအကြည့်များအောက်တွင် မီတာများစွာအကွာသို့ ပစ်ပေါက်လိုက်သည်။



ချောင်းမိုသည် ကျန်းလော့ကျစ်ကို စိုးရိမ်တကြီး ကြည့်ကာ မေးခဲ့သည်။ “မစ္စတာ ကျန်း၊ ရှင်အဆင်ပြေရဲ့လား"



သူ့ဘေးတွင် ချောင်းမိုကို မြင်လိုက်ရသည်မှာ  ကောင်းကင်က နတ်သမီးလေး ဆင်းလာသလိုပင်  ကျန်းလော့ကျစ် ခဏလောက် အေးခဲသွားပြီး သူ့ရဲ့ အေးစက်တဲ့ အမူအရာက အနည်းငယ် ပြေလျော့သွားကာ ပြောခဲ့သည်။ “သွားကြရအောင်"



ချောင်းမိုက ဘာမှ မမေးတော့ဘဲ သူတို့ ရောက်လာတုန်းကလိုပဲ၊ ကျန်းလော့ကျစ်ရဲ့ လက်မောင်းကို ကိုင်လိုက်ပြီး သူနဲ့အတူ ထွက်လာလိုက်သည်။



သူတို့နှစ်ယောက်ပြန်ဆုံပြီးပြီးချင်းပဲ ခန်းမကနေတိုက်ရိုက်ထွက်ခွာသွားခဲ့သည်။



ကျန်းယွဲ့ကျစ်ကြောင့်ဖြစ်ရတဲ့ မငြိမ်မသက်မှုတွေကြောင့် ကျန်းလော့ကျစ် စိတ်ဆိုးနေမည်ကို ပွဲရှိလူတိုင်းက စိုးရိမ်နေကြ၍ သူတို့ကို ဘယ်သူမှ မတားကြပါ။ တုန်လှုပ်ခြောက်ခြားနေတဲ့ ကျန်းယွဲ့ကျစ်ကသာ သူ့ကိုယ်သူ တတွတ်တွတ်ဖြင့် “မဖြစ်နိုင်ဘူး၊ ဒါလုံးဝမဖြစ်နိုင်ဘူး…”



ခန်းမမှထွက်လာပြီး ကားပါကင်သို့ ရောက်သည်နှင့် ကျန်းလော့ကျစ်၏ တင်းမာသော ကြွက်သားများက ချက်ချင်း ပြေလျော့သွားတော့သည်။ သူ့တစ်ကိုယ်လုံး ရေထဲက ထွက်လာသော ငါးပမာ စိုစွတ်နေလေသည်။ သူ့ဝတ်စုံသည် လုံးလုံးလျားလျား စိုစွတ်နေပြီး ချောင်းမို၏ လက်မောင်းတွင် ပျော့ပျောင်းသော ရေအိုင်တခု ဆွဲခိုနေသည့်အလားဖြစ်နေခဲ့သည်။



ချောင်းမိုက ကျန်းလော့ကျစ်ကို ကူတွဲပေးထားပြီး စိုးရိမ်တကြီးနဲ့ ခေါ်ခဲ့သည်။ "မစ္စတာ ကျန်း?"



ကျန်းလော့ကျစ်၏ အသံသည် အလွန်ပင် အက်ရှနေပြီး သူ့မျက်နှာသည် ပင်ပန်းနွမ်းနယ်မှုအပြည့် ဖြစ်နေသော်လည်း  သူ့မျက်လုံးများတွင် ပုံမှန်မဟုတ်သော အလင်းရောင်တစ်ခုရှိနေကာ "ဗီလာကို မြန်မြန်ပြန်မယ်"



ယနေ့ပွဲမလာမီ လိုလိုမယ်မယ် သူ တားဆေးသာမက ဖယ်ရိုမုန်း တုပပစ္စည်းကိုလည်း အသုံးပြုခဲ့သည်။



မူလက၊ ထိုအိုမီဂါများက သူ့ကို ဖြားယောင်းရန် အသုံးပြုမည်ကို စိုးရိမ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျန်းယွဲ့ကျစ်က အသုံးပြုခဲ့သည်။



သူကြိုသုံးလာခဲ့တဲ့ ဖယ်ရိုမုန်း တုပပစ္စည်းကြောင့် သူဖိအားတွေကို တွန်းကန်နိုင်ခဲ့တဲ့အပြင် ကျန်းယွဲ့ကျစ်ရဲ့ ညစ်ညမ်းတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို အခုပဲ လုံးလုံးလျားလျား ထုတ်ဖော်လိုက်နိုင်ပြီ။



မဟုတ်ဘူး၊ တကယ်တော့ ကျန်းယွဲ့ကျစ်က ဖယ်ရိုမုန်း လှုံ့ဆော်ဆေးကို ထုတ်ပစ်လိုက်တဲ့အချိန်ထဲက သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိပြီးသားဖြစ်သည်။ ထိုအချိန်ထဲက သူ စတင်ယိမ်းယိုင်နေပြီဖြစ်သော်လည်း သူ့ ပြင်းထန်သော စိတ်ခွန်အားကြောင့် တောင့်ခံနိုင်ခဲ့တာဖြစ်သည်။



ယခု ကျန်းလော့ကျစ် ခံစားနေရသည့် တစ်ခုတည်းသော အရာမှာ သူ့ခန္ဓာကိုယ်သည် နီရဲနေသော မီးသွေးကဲ့သို့ပင် နောက်တစ်စက္ကန့်တွင်ပေါက်ကွဲသွားပြီး အလိုဆန္ဒကိုသာ သိသောသားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့မည့်အလား ဖြစ်သည်။



ချောင်းမိုက မေးရန် စိတ်နှလုံးထဲတွင် သံသယများစွာရှိနေသော်လည်း သူမသွားထိပ်ဖျားကို စုပ်သပ်လိုက်ပြီး အလွန်ပျော့ပျောင်းပြီး တွယ်ကပ်နေသော မစ္စတာကျန်း ကို နောက်ခန်းထဲ ထည့်လိုက်သည်။



"အားလော့"



ချောင်းမိုက ကျန်းလော့ကျစ်ကို ကားထဲဝင်ထိုင်ဖို့ ကူညီနေချိန်မှာပဲ ကားပါကင် အရိပ်တနေရာကနေ ရင်းနှီးတဲ့အသံတစ်ခု ရုတ်တရက်ထွက်လာသည်။ ပိုင်ယွဲ့ကွမ်းသည် အရိပ်ထဲမှ လျှောက်ထွက်လာပြီး ကျန်းလော့ကျစ်ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်ရင်း " အားလော့၊ နင်က တကယ်...တကယ်ပဲ အိုမီဂါတစ်ယောက်ပေါ့!"



ဤစကားများသည် ချောင်းမို ဒီနေ့ မကြာခဏကြားနေရသော စကားလုံးများဖြစ်သည့် အယ်လ်ဖာနှင့် အိုမီဂါပင်ဖြစ်သည်။ အတော်ကြာတဲ့အထိ ဒီစကားလုံးတွေနဲ့ ဒီနေ့ သူမကြုံတွေ့ခဲ့ရတာတွေက ဘယ်လိုတွေ ဆက်စပ်နေတယ်ဆိုတာကို သူမ မနားလည်နိုင်ခဲ့ပါ။ သို့သော် ဤ 'အိုမီဂါ' သည် ကျန်းလော့ကျစ်၏ ရောဂါနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေနိုင်သည်ကိုတော့ သူမ ယောင်ဝါးဝါး ခန့်မှန်းနိုင်ခဲ့သည်။



ကျန်းလော့ကျစ်သည် သူ့ပါးစပ်မှ ထွက်ပြူတော့မည့် ညည်းညူသံကို အတင်းမျိုချလိုက်သည်။ ဒီလိုအခြေအနေမျိုးမှာတောင် သူ့မျက်လုံးတွေက  ရေခဲလို အေးစက်မှုအပြည့်နှင့် "ပိုင်ယွဲ့ကွမ်း၊ မင်းသိသမျှအားလုံးကို ခုမှသွားပြန်ပြောပြဖို့ နောက်ကျလွန်းသွားပြီ"



ပိုင်ယွဲ့ကွမ်း၏ မျက်နှာက ဖြူဖျော့သွားပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ "အားလော့၊ မင်းငါ့ကို ဒီလိုမျိုး ထင်နေစရာမလိုပါဘူး။ ငါအရမ်းအံ့သြသွားရုံပါ။"



ကျန်းလော့ကျစ် မျက်လုံးကို အနည်းငယ်မှိတ်ထားလိုက်ပြီး "ပြောစရာမရှိရင် သွားလို့ရပြီ"



ပိုင်ယွဲ့ကွမ်းသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသော်လည်း နောက်ဆုံးတွင် သူမ သက်ပြင်းချလိုက်ပြီး "အားလော့ မင်းရဲ့ အခုအခြေအနေက  အရမ်းအန္တရာယ်များတယ်" 



ကျန်းလော့ကျစ်က သူမကို ပြန်မဖြေပေ။



ချောင်းမိုက "မစ္စတာ ကျန်း၊ ဘာဖြစ်နေလို့လဲ?"



ပိုင်ယွဲ့ကွမ်းသည် ခဏတာ အံ့အားသင့်သွားပြီး ချောင်းမိုမှာ ငယ်သေးလွန်း၍ နားမလည်နိုင်ဟု ထင်ကာ ခေါင်းခါလိုက်ပြီး  ရှုပ်ထွေးသော အပြုံးဖြင့် ရှင်းပြလိုက်သည်။ "အားလော့၊ သူ့လိင်ကို ဖုံးကွယ်ထားတာက နှစ်ပေါင်းများစွာ ရှိနေပြီ၊  သူ တော်တော်လေးလည်း ခံစားခဲ့ရလိမ့်မယ်။ အခုဆိုရင် သူ့ဖယ်ရိုမုန်းတွေ ကလုံးဝစဥ့်ကလျားဖြစ်နေပြီး အ်ုမီဂါတွေရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်အရဆို သူ့ heat ဖြစ်စဥ်ကလည်း အဆုံးစွန် ဖရိုဖရဲဖြစ်နေတော့မယ်။ ဒီအတိုင်းဆို တကယ်လို့... တကယ်လို့သာ...." 



ပိုင်ယွဲ့ကွမ်းက အံကြိတ်လိုက်ပြီး နောက်ဆုံးတွင် ပြောခဲ့သည်။  “အယ်လ်ဖာဖယ်ရိုမုန်းနဲ့ သူ့ကို နှစ်သိမ့်မပေးရင်  သူသေရလိမ့်မယ်! "



"အားလော့ရဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုက သူ့ကို ဒီလိုလုပ်ဖို့ ခွင့်မပြုမှာပေမယ့်၊ တကယ်တမ်း သူအခု လိုအပ်နေတာက သူ့ကို အမှတ်အသားပြုဖို့ အားကောင်းတဲ့ အယ်လ်ဖာတစ်ယောက်ပဲ၊ ချောင်းမို၊ သူ အယ်လ်ဖာတစ်ယောက်လိုတယ်။"



ချောင်းမိုသည် ပိုင်ယွဲ့ကွမ်းကို ကြည့်ပြီးနောက် ကျန်းလော့ကျစ်ကို ပြန် ကြည့်လိုက်သည်။



ကားထဲတွင် ကျန်းလော့ကျစ်သည်  ထူးမခြားနားဟန်ဖြင့်  "မင်း ဘာတွေပြောနေတာလဲ? ချောင်းမို၊ အခုသွားရမယ့်အချိန်ရောက်ပြီ"



ပိုင်ယွဲ့ကွမ်း၏ စကားများကြောင့် ချောင်းမိုသည်   ကျန်းလော့ကျစ်နှင့် အတူ ဗီလာသို့ ရှုပ်ထွေးသော စိတ်အစဥ်နှင့် အမြန်ပြန်လာခဲ့သည်။



လမ်းပေါ်တွင် ကားမောင်းနေစဉ် ချောင်းမိုသည် သူမစိတ်ထဲရှိ systemကို ဆက်တိုက်ခေါ်ဆိုနေခဲ့သည်။



ဘာတွေဖြစ်နေလဲတော့မသိပေမယ့် တန်ပြန်တိုက်စစ်ဗျူဟာကို အကောင်အထည်ဖော်ဖို့ သူမကို အမြဲတိုက်တွန်းနေလေ့ရှိသော system သည် ဒီအချိန်တွင်တော့ အသံတိတ်နေလေသည်။



စာအုပ်တစ်အုပ်သို့ ကူးပြောင်းလာခြင်းသည် အိပ်မက်တခုလို၊ စနစ်သည်လည်း မည်သည့်အခါမျှ တည်ရှိခြင်းမရှိသကဲ့သို့ ချောင်းမို၏ စိတ်ထဲတွင် လုံးဝတိတ်ဆိတ်နေခဲ့သည်။



ချောင်းမို၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများ ပေါ်လာသော်လည်း နောက်ထိုင်ခုံမှ ကျန်းလော့ကျစ်က သူမကို ပိုလို့တောင် စိုးရိမ်စေသေးသည်။



ကျန်းလော့ကျစ်၏ ပုံစံက သူမအား ဖျားနာခြင်းသာဖြစ်သည်ဟု နောက်တကြိမ် ဆင်ခြေမပေးနိုင်တော့ဘဲ သူသည် စကားမပြောနိုင်သော ဆေးတစ်မျိုးမျိုး သုံးစွဲထားပုံနှင့်ပင် ပိူတူနေသေးသည်။



ထို့အပြင်၊ ပိုင်ယွဲ့ကွမ်း၏ စကားများက ချောင်းမိုကိုစိတ်မသက်မသာဖြစ်စေခဲ့သည်။



ကံကောင်းစွာနဲ့ပဲ ကားက ဗီလာရဲ့ မြေအောက်ကားဂိုဒေါင်သို့ အမြန်ရောက်သွားခဲ့သည်။ ချောင်းမို သည် ကားကို လမ်းတောက်လျှောက် အရှိန်မြှင့်မောင်းလာခဲ့သည့်အတွက် ခုအချိန် သူမ အရေးပေါ်ဘရိတ်ကို နင်းလိုက်ပြီးသည်နှင့် ကားဘီးနဲ့ မြေပြင်ပွတ်တိုက်သွားသော ဘီးသံများ ပြင်းထန်စွာထွက်ပေါ်လာသည်။



ထိုင်ခုံနောက်ဘက်တွင် အသံဗလံတစ်ခုထွက်ပေါ်လာပြီး ကျန်းလော့ကျစ်သည် ဆွဲငင်အားကြောင့် ထိုင်ခုံပေါ်မှ ရုတ်တရက် နောက်ပြန်လဲကျသွားခဲ့ရာ နောက်ဆုံးတွင် သူ မထိန်းနိုင်ဘဲ ညည်းသံ တိုးတိုးလေး ထွက်လာခဲ့သည်။



ပေါ့ပါး အေးစက်တဲ့ရနံ့နဲ့ ရောစပ်ထားတဲ့ ဒီခပ်အုပ်အုပ် ညည်းတွားသံက ချောင်းမို၏ နားထဲတွင် မိုးခြိမ်းသံပမာ မြည်ဟီးသွားပြီး သူမနားများကို ချက်ချင်းနီရဲသွားစေသည်။ သူမခန္ဓာကိုယ် အောက်ပိုင်းနားသည်လည်း လျှပ်စီးတန်းတစ်ခုဖြတ်သန်းသွားသလို ထုံကျင်သွားခဲ့သည်။



ဘယ်လိုလုပ်... ဘယ်လိုလုပ်ပြီး ဖော်မပြနိုင်တဲ့ အသံတစ်ခုက စိတ်ဝိဉာဥ် တစ်ခုလုံး ဖမ်းစားလိုက်သလို လုပ်နိုင်ရတာလဲ။ စကားလုံးတိုင်းက ချောင်းမိုရဲ့ကျိုးကြောင်းစီလျော်မှုနှိုးဆော်နေကာ လက်တစ်ဖက်က သူမရဲ့ နှလုံးသားကို ညင်သာစွာ ပွတ်သပ်နေသယောင်  ကျက်သရေအပြည့်နဲ့ အေးစက်နေတဲ့လေနှင့်အတူ ထိုအသံသည် သူမ၏ နားထဲသို့ စူးစူးရှရှ စီးဝင်သွားခဲ့သည်။



ချောင်းမိုသည် ကျန်းလော့ကျစ်ကို လှည့်မကြည့်ဘဲ မနေနိုင်ပါ။



ကျန်းလော့ကျစ်၏ မျက်နှာသည် ဖြူဖျော့နေသေးပြီး သူ၏ တင်းတင်းကျပ်ကျပ် ကြုပ်ထားသောမျက်ခုံးများတွင် အေးစက်မှု အနည်းငယ် ရှိနေသည်။ အရင်က ခမ်းနားထည်ဝါမှုကို ဖော်ကြူးထားသော အနက်ရောင် ဝတ်စုံပြည့်က တွန့်ကြေနေခဲ့သည်။



ချောင်းမိုသည် သူမ၏ အက်ကွဲခြောက်သွေ့နေသော နှုတ်ခမ်းကို တချက်သပ်လိုက်ပြီး ကားထဲမှ ခုန်ဆင်းလိုက်သည်။ သူမ နောက်တံခါးကိုဖွင့်ပြီး အထဲမှာ ကျန်းလော့ကျစ်ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး “မစ္စတာ ကျန်း?"



လေထုထဲပျံ့နှံ့နေသည့် နွေရာသီတွင် အေးခဲနေသော နှင်းများကဲ့သို့ အေးမြသော ချိုမြိန်သောရနံ့သည် ကျန်းလော့ကျစ်၏ အနံ့ဖြစ်သည်ကို အခုတစ်ခေါက်၌ ရှင်းရှင်းလင်းလင်း ရိပ်မိသွားသည်။



ဤသည်မှာ ချောင်းမို၏ ယခင်ဘဝတွင် ကြုံတွေ့ခဲ့ရသော စိတ်စွမ်းအားမျိုးနှင့် အနည်းငယ်ဆင်တူသည်။ သူမသည် သူမ၏ စိတ်စွမ်းအားကို မသိလိုက်ပဲ ထုတ်လွှင့်လိုက်မိပြီး  အေးစက်ချိုမြိန်သော အနံ့များကို ကျန်းလော့ကျစ် ခန္ဓာကိုယ်ထဲ အမွှေးရနံ့ကို တစ်ဖန်ပြန်လည်ချုပ်နှောင်ရန် ကြိုးစားလိုက်မိသည်။



လှည့်ပတ်နေသော အေးမြသောနှင်းရနံ့သည် ချောင်းမိုကြောင့် မသိလိုက်ပဲ ပိတ်မိနေတော့သည်။ ထိုအချိန်တွင် ချောင်းမိုသည် အလွန်သိမ်မွေ့သော ခံစားမှုတစ်ခု ခံစားရပြီး သူမ၏ စိတ်စွမ်းအားသည် နူးညံ့ပြီး ချိုမြိန်သော နို့ဘောလုံးလေးကို ထိလိုက်ရသလို ခံစားလိုက်ရကာ အနည်းငယ်ပင် ညှစ်လိုက်လျှင်ပင်၊ ချိုမြိန်သောစီးကြောင်းတစ်ခု ထွက်လာတော့မည့်အလားပင်။



ချောင်းမို၏ စိတ်စွမ်းအားသည် ထိုရနံ့သင်းသော ဘောလုံးလေးကို မသိစိတ်က ပွတ်တိုက်နေမိသည်။



အေးမြသောရနံ့သည် ချက်ချင်းပင် ခြိမ်းချောက်ခံရသလို တောင့်တင်းသွားပြီး မလှုပ်ရှားဝံ့တော့ဘဲ ဖြူစင်ပြီး ချိုမြိန်သော နတ်သမီးလေးကဲ့သို့ ချောင်းမို၏ စိတ်စွမ်းအား လှောင်အိမ်ထဲတွင် တုန်လှုပ်နေကာ အာဏာရှင်ကြီး ချောင်းမိုကို ကြောက်ရွံ့ တောင်းပန်နေသည့်သဖွယ်ဖြစ်၏။



ကျန်းလော့ကျစ်၏ မျက်နှာက ချက်ချင်း နီမြန်းသွားပြီး သူ့ခန္ဓာကိုယ်ကလည်း မထိန်းနိုင်စွာ တုန်ရီနေမိသည်။ သူသည် သားရေခုံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်မိပြီး ကျောက်စိမ်းနှင့်တူသော သူ့လက်ချောင်းထိပ်များသည်ပင် ဆုပ်ကိုင်အားကြောင့် အဖြူရောင်သို့ပြောင်းလုနီးနီးဖြစ်သွားသည်။