စိတ်အားထက်သန်သော
ဆန့်ကျင်ဖက် ပရိသတ်များ
ယခုအချိန်တွင် စုယန်ယန်၏ ပရိသတ်ဖွဲ့စည်းပုံမှာ အတော်လေး ရှုပ်ထွေးနေပါသည်။
တိုက်ရိုက် ထုတ်လွှင့်သည့် အခန်းတွင် အစားကောင်း ကြိုက်သူများ၊ ကျန်းမာရေး အလေ့အထ
ဝါသနာအိုးများနှင့် အခြားသူများ၏ အကြုံပြုချက်အရ ဒီနေရာကို ရောက်ရှိလာသော ကျန်းမာရေး
မကောင်းသည့် လူနာပရိသတ်များ အပြင် သူမ လျင်မြန်စွာ နာမည်ကျော်ကြား လာသည့်အတွက် စောင့်ကြည့်
နေခဲ့ကြသော ဆန့်ကျင်ဖက် ပရိသတ်အချို့လည်း ရှိနေခဲ့သည်။
စုယန်ယန်ရဲ့ ကြိုတင်အသိပေးချက် ထုတ်ပြန် လာလိုက်သည်နှင့်
တစ်ပြိုင်နက် ကျန်းမာရေး အလေ့အထ ဝါသနာအိုးများနှင့် ကျန်းမာရေး မကောင်းသည့် လူနာပရိသတ်များတွေက
သူတို့ရဲ့ အမြင်တွေကို စိတ်လှုပ်ရှားစွာ ဖလှယ်ခဲ့ကြသည်။ တစ်ဖက်တွင်မူ သူမရဲ့ ငါးဟင်းလျာနှင့်
ကျောက်ပုစွန် အစပ်ချက်တို့ရဲ့ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာကြသော အစားကောင်း ကြိုက်သူများကတော့
ဘာမှ မထူးခြားခဲ့ကြပေ။
မနာလို မုန်းတီးနေကြသော ပရိသတ်များသည် စုယန်ယန်၏ ချပ်ဝတ်တန်ဆာက
ချို့ယွင်းချက်ကို နောက်ဆုံး၌ ဖမ်းဆုပ်မိ သွားပုံရသည်။ စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု
ကြိုတင် အသိပေးချက်ကို တမင်တကာ လူအများ၏ အာရုံကို ဆွဲဆောင်သော အသိပေးချက် အဖြစ်သို့
ပြောင်းလဲကာ စိတ်လှုပ်ရှား နေကြသော အစစ်အမှန် ပရိသတ်များကို ပြစ်တင်ဝေဖန်ပြီး ပုတ်ခတ်
ပြောဆိုလာခဲ့ကြသည်။
စုယန်ယန်သည် ဒီနေ့ညအတွက် ချက်ပြုတ်မည့် ဟင်းလျာစာရင်းကို
အပြီးသတ်ရန် အလုပ်များနေခဲ့ပြီး အင်တာနက်ပေါ်ရှိ အရူးချေးပန်း ပြောဆိုနေသော စကားများကို
အာရုံစိုက်ရန် အချိန်မရှိပေ။
သူမရဲ့ ဆွေမျိုးနှစ်ယောက် အိမ်ကို စောရောက်လာသည့် အတွက် စုယန်ယန်သည်
ကြိုတင်ပြင်ဆင်မှု များစွာ မပြုလုပ်ခဲ့ရပေ။ စုယန်ယန်သည် သူမ လက်ဝယ်ရှိသည့် ဆေးဖက်ဝင်
အပင်များကို အခြေခံ၍ သူတို့အတွက် သင့်လျော်သော ဆေးဖက်ဝင် ဟင်းလျာ ချက်ပြုတ်နည်းကို
ရှာဖွေရန်သာ ကြိုးပမ်းနိုင်ခဲ့သည်။
ကံကောင်း ထောက်မစွာဖြင့် ချိန်ရှုချင်က စုယန်ယန်အား ချင်ရွှယ်ရူရဲ့
အကြောင်းအား ပြောပြထားခဲ့သည့် အတွက် သူမ အခြေအနေနှင့် ကိုက်ညီသော ဆေးဖက်ဝင် အပင်များကို
ကြိုတင် ပြင်ဆင်ခဲ့ပြီးသား ဖြစ်လေသည်။
ယခုအချိန်အခါတွင် သူမသည် အစောဆုံး ရင့်မှည့်လာသည့် ပါဝင်ပစ္စည်း
ပထမအသုတ်ကို စုဆောင်းခဲ့ပြီး အဲ့တာက လုံလောက်ပါသည်။
စုယန်ယန်သည် ဆေးဖက်ဝင် အပင်များကို ပြင်ဆင်နေရင်း တိုက်ရိုက်
ထုတ်လွှင့်သည့် အခန်းကို ဖွင့်ကြည့် လိုက်သောအခါတွင် တိုက်ရိုက် ထုတ်လွှင့်သည့် အခန်းရှိ
ပရိသတ်များ သိသိသာသာ တိုးလာခဲ့ကြောင်းကို သတိပြုမိလိုက်သည်။
ဒါပေမယ့် အချိန်ခဏလေး အတွင်းမှာပင် ပရိသတ် သန်းတစ်ဝက်ခန့်အထိ
ရောက်ရှိ လာခဲ့ကြသည်။
ကြည့်ရှုသူ ကွန်ရက်တွင် ဒီအရေအတွက်သည် လူသစ် တင်ဆက်သူများထက်
ကျော်လွန် သွားခဲ့ပြီး နာမည်ကြီး တင်ဆက်သူများ၏ ကြည့်ရှုနှုန်းနှင့် တန်းတူ ဖြစ်သည်။
စုယန်ယန်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ် လိုက်ပြီး
မေးလိုက်သည်။ “ဘာဖြစ်နေတာလဲ။ တစ်စုံတစ်ယောက်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းနဲ့ မှားဝင်လာခဲ့ကြတာလား”
စုယန်ယန်ရဲ့ မေးခွန်းကို ကြားလိုက်သောအခါ တိုက်ရိုက် ထုတ်လွှင့်သည့်
အခန်းရှိ ကြည့်ရှုများစွာဟာ “ဟားဟား... ဟားဟား” မုဒ်ကို ဖွင့်ခဲ့ကြသည်။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် စုယန်ယန်သည် “ဟားဟား...
ဟားဟား”အပြည့် ဖန်သားပြင်ပေါ်တွင် အကူအညီ ဖြစ်စေသော ပြန်လည်ဖြေဆိုမှုကို နောက်ဆုံး၌
တွေ့လိုက်ရသည်။
အရင်က သူမ ချက်ပြုတ်ခဲ့သော ငါးဟင်းလျာနှင့် ကျောက်ပုစွန်
အစပ်ချက်ကို ရှားယို့နဉ်ရှီနှင့် အခြားသူများက သူမ တိုက်ရိုက် ထုတ်လွှင့်ပြီး မကြာမီအချိန်တွင်
အများသူငှာ ပလက်ဖောင်းပေါ်တွင် မျှဝေခဲ့ကြောင်း ထွက်ပေါ်လာခဲ့သည်။
တိုက်ရိုက် ထုတ်လွှင့်မှုများသည် ဗီဒီယိုမှတ်တမ်း တင်ခြင်းများကို
ကြည့်ရှုရသကဲ့သို့ အဆင်မပြေသော်လည်း သင်ဟာ အနံ့ အရသာ ဖန်ရှင်ကို ဖွင့်ပြီး တိုက်ရိုက်
မြည်းစမ်းကြည့်နိုင်ပါသည်။ အနီရောင်နှင့် တောက်ပထင်ရှားသော ဟင်းလျာများသည် အထူးနှစ်သက်ဖွယ်
ကောင်းသည်။
ယခင် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ပြီး အလွန်အမင်း
ချီးကျူးခဲ့ကြသော ပရိသတ်များ နှင့်အတူ တိုက်ရိုက် ထုတ်လွှင့်မှုကို မကြည့်ရှုရသေးသူ
များစွာသည် ဗီဒီယိုမှတ်တမ်းများကို ကြည့်ရှုကာ မျက်ရည်မကျပဲ မနေနိုင်ခဲ့ကြပေ။
စုယန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်တာနဲ့ ပရိသတ်တွေက
ကောင်းကင်ယံအထိ ချီးမွှမ်းထားတဲ့ အစားအသောက်တွေကို လက်လွတ်သွားမှာကို စိုးရိမ်သောကြောင့်
ကြောက်လန့်တကြား အပြေးအလွှား လာခဲ့ကြသည်။
ပရိသတ်များစွာ အဝင်အထွက်ကို အဖြေရှာပြီးနောက် စုယန်ယန်ဟာ
သက်ပြင်းမော တစ်ခုကို ချလိုက်မိသည်။
သူမသည် ညာဘက် အပေါ်ထောင့်ကို တစ်ချက်ကြည့်လိုက်ရာ မိနစ်အနည်းငယ်အတွင်း
ကြည့်ရှုသူ ၁သိန်းနီးပါး တိုးလာခဲ့သည်ကို တွေ့လိုက်ရသည်။ သူမ မျက်ဝန်းတွေကို တဖျပ်ဖျပ်
ခတ်လိုက်ပြီးနောက် သူမ ဒီနေ့ ထုတ်လွှင့် တင်ဆက်မည့် ခေါင်းစဉ်အား မိတ်ဆက် ပေးခဲ့သည်။
“ဒီနေ့ ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုကြသည့်
ကြည့်ရှုသူ အသစ်တွေရော အဟောင်းတွေရော မင်္ဂလာပါရှင့်။ ယန်ယန်ရဲ့ မီးဖိုချောင်လေးမှ
ကြိုဆိုပါတယ်။ ကျွန်မက တင်ဆက်သူ ယန်ယန်ပါ။ ဒီနေ့ အိမ်မှာ လူကြီးတွေ အလည်ပတ် ရောက်ရှိနေတဲ့
အတွက် သူတို့နဲ့ သင့်တော်မယ့် ဟင်းလျာတွေကို ချက်ပြုတ်ပေးပါမယ်”
[လူကြီးတွေ အတွက်လား။ အမျိုးသမီးရဲ့ သန္ဓေတည်နိုင်စွမ်းကို
မြှင့်တင်ပေးနိုင်မယ့် တရုတ်ဆေးဖက်ဝင် ဟင်းလျာတွေ ချက်ပြုတ်ပြမယ်လို့ တင်ဆက်သူ ပြောခဲ့တာ
မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး လူကြီးတွေအတွက်လို့ ဖြစ်သွားခဲ့တာလဲ။]
အချို့သော ကြည့်ရှုများသည် စိတ်ရှုပ်သွားခဲ့ကြသော်လည်း ရိုင်းစိုင်းသည့်
စကားလုံးများကိုတော့ ပြောဆိုခြင်း မရှိပေ။ ဆန့်ကျင်ဖက် ပရိသတ်များကတော့ စုယန်ယန် ဘာပဲပြောပြော
မယဉ်ကျေးတော့ပဲ ရိုင်းစိုင်းသော မှတ်ချက်များကိုသာ ချန်ထားခဲ့ကြသည်။
[ဒါက ဒါက ကြည့်ရှုသူတွေရဲ့ အာရုံစူးစိုက်မှုကို ရှာဖွေတဲ့
ခေါင်းစဉ်တစ်ခုလို့ ငါ ပြောခဲ့သားပဲ။ ဒီဆွဲဆောင်မှုထဲမှာ ကျဆင်းသွားတဲ့ သူတွေကို ငါ
“ဟားဟား” လို့ပဲ ပြောချင်တယ်။ ဒီနေ့ခေတ်မှာ အမျိုးသမီးတွေရဲ့ သန္ဓေတည်နိုင်စွမ်းကို
မြှင့်တင် ပေးနိုင်တယ်လို့ ဆရာဝန်တွေကတောင် မပြောရဲကြဘူး။ အမည်မသိ တင်ဆက်သူ တစ်ဦးက
ဒီခေါင်းစဉ်နဲ့ ကြည့်ရှုသူများစွာကို ဆွဲဆောင်နိုင်ခဲ့တယ်။ တချို့လူတွေက ဘာမဆို စမ်းကြည့်ချင်စိတ်
ပြင်းပြတတ်ပေမယ့် သက်သေမပြနိုင်တဲ့ ကုထုံးတွေကို စမ်းသပ်ကြည့်ပြီး တစ်ခုခု မှားသွားရင်
သူတို့ရဲ့ သန္ဓေတည်နိုင်စွမ်းကို ထိခိုက် သွားစေနိုင်တယ်။]
***