အပိုင်း ၁၀၂
Viewers 1k

အခန်း (၁၀၂)

 

တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းရင်းကို ကြိုတင်အသိပေးခြင်း

 

စုယန်ယန်သည် ချင်ရွှယ်ရူရဲ့ အာရုံကို အောင်မြင်စွာ လွှဲပြောင်းလိုက်နိုင်ပြီး အန်တီလေးက ခပ်ဖျော့ဖျော့ အပြုံးလေးဖြင့် ပြန်ဖြေခဲ့သည်။

 

“လူအိုကြီးက ဒီကို အမြန်လာချင်နေတာ။ အိမ်မှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိနေသေးတာမို့ မင်းဦးငယ်လေးက ဒီကိစ္စတွေကို ဖြေရှင်းဖို့ နေခဲ့ရတယ်။ အဲ့ကိစ္စတွေ ဖြေရှင်းပြီးရင် နောက်နှစ်ရက်အတွင်း သူ လိုက်လာလိမ့်မယ်”

 

“နှစ်ရက်...” စုယန်ယန်သည် သူမကိုယ်သူမ ရေရွတ်လိုက်မိရင်း ရုတ်တရက် မေးလိုက်သည်။

 

“အန်တီလေးချင် အန်တီလေးရဲ့ သွေးအားနည်းရောဂါ သက်သာလာရဲ့လား။ ဒီရက်ပိုင်း ရာသီဥတုက အရမ်းအေးလာတယ်။ အန်တီလေးရဲ့ လက်တွေနဲ့ ခြေ‌ထောက်တွေရော ခဏခဏ အေးလား။ ဒီတစ်ခါလာတော့ အဝတ်အစား များများ ယူလာခဲ့ရဲ့လား။ မယူလာမိဘူးဆိုရင် အမေ့ကို အန်တီလေးအတွက် အဝတ်အစားတွေ ပြင်ဆင်ခိုင်းလိုက်မယ် အဲ့တာဆိုရင် အန်တီလေး အေးခဲနေမှာ မဟုတ်ဘူး”

 

ချိန်ရှုချင်က သံသယ ဖြစ်စရာ မလိုလောက်အောင်ပင် ချက်ချင်း သဘောတူလိုက်သည်။

 

“ဟုတ်တယ်၊ ငါတို့ရဲ့ ယန်ယန်က အရမ်း တွေးပေးတတ်တာပဲ။ ဒီရက်ပိုင်း ရာသီဥတုက အရမ်း အေးလာတယ်။ အရင် စီစဉ်ထားတာထက် ပိုပြီး အစောကြီး လာခဲ့ရတဲ့အတွက် နင် အဝတ်အစားတွေ အများကြီး မယူလာမိလောက်ဘူး။ ပိုထူထဲတဲ့ အဝတ်အစားတွေ ဝယ်ပြီး မကြာခင်မှာ ငါ နင့်ဆီ ပို့ပေးမယ်။ နင် တခြား ဘာလိုအပ်တာ ရှိသေးလဲ။ လိုချင်တာရှိရင် ငါ့ကိုသာ တန်းပြောလိုက်။ ငါတို့က မိသားစုတွေပဲ၊ နင် ငါတို့ကို အရမ်းအားနာစရာ မလိုဘူး”

 

 

ချင်ရွှယ်ရူဟာ စုယန်ယန်ရဲ့ အမေးစကားကို ကြားလိုက် ရသောအခါတွင် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သိပ်မကြာသေးခင်ကမှ သူမမှာ သွေးအားနည်းရောဂါ ရှိနေကြောင်းကို သိရှိခဲ့ရပြီး ဒါကို စုယန်ယန်က သိရှိနေသောကြောင့် အံ့အားသင့်မိသည်။

 

သူမရဲ့ သွေးအားနည်း ရောဂါသည် လွန်ခဲ့သော တစ်လခန့်ကမှ စတင်ခဲ့တာ ဖြစ်သည်။ အစပိုင်းတွင် သူမဟာ မူးဝေသလို ခံစားရကာ ဘာတစ်ခုကိုမျှ လုပ်ကိုင်ဖို့ ခွန်အားကို မစုစည်းနိုင်ခဲ့ဘူး။

 

နောက်ပိုင်းတွင် မူးဝေခြင်းအပြင် အဆက်မပြတ် ဝမ်းဗိုက်နာခြင်း အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ကိုယ်ခန္ဓာ ကျန်းမာရေး စမ်းသပ်သည့်စက်ဖြင့် စစ်ဆေးကြည့်ရာတွင် အကြောင်းရင်းကို မရှာတွေ့ခဲ့ပေ။

 

သူမ၏ ကလေးလိုချင်စိတ်ကို ပျက်ပြား သွားစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က အမြဲတမ်း မကျန်းမာဖြစ်ပြီး အစာစားချင်စိတ်လည်း နည်းပါးသည်။

 

သို့သော်လည်း တစ်လခွဲခန့် အကြာတွင် သူမ ဆယ်ကီလိုဂရမ်နီးပါး ကိုယ်အလေးချိန် ကျသွားခဲ့ကာ သူမခင်ပွန်းသည်အား စိုးရိမ်ပူပန် သွားစေပြီး သူမရဲ့ စိတ်ခွန်အားကို မြှင့်တင်‌နိုင်စေရန် ဇနီးဖြစ်သူအား အလည်အပတ် ခရီးတစ်ခု သွားရောက်ဖို့ အကြံပေးခဲ့သည်။

 

ချင်ရွှယ်ရူဟာ အစပိုင်းတွင် အံ့အားသင့် သွားခဲ့သော်လည်း သူမခင်ပွန်းသည်က ဒီအကြောင်းအား စုယန်ယန်ကို ပြောပြထားသည်ဟု ထင်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။

 

“သိပ်မကြာသေးခင်က ငါ သွေးအားနည်း နေခဲ့တယ်။ သမီး ဦးငယ်လေး သမီးကို ပြောပြထားတာ ဖြစ်မယ်။ အန်တီလေးအတွက် စိုးရိမ်ပူပန်ပေးလို့ ကျေးဇူးပါ ကလေးရေ။ အခု အန်တီလေး သက်သာပါတယ်၊ ဒါ့ကြောင့် အရမ်း မစိုးရိမ်နဲ့နော်”

 

ချင်ရွှယ်ရူ၏ စကားများသည် စုယန်ယန်ရဲ့ ခန့်မှန်းချက် မှန်ကန်ကြောင်းကို သွယ်ဝိုက် အတည်ပြု ပေးခဲ့သည်။ သူမ၏ ကျန်ရှိနေသေးသော နှစ်လိုမှုရမှတ်ကို စစ်ဆေးကြည့်ကာ သူမ စိတ်သက်သာရာ ရသွားခဲ့သည်။

 

“အဘိုးချိန်နဲ့ အန်တီလေးတို့ လာလည်တာက ရှားပါးတယ်။ ဒီည အန်တီလေးတို့ အတွက် သမီးကိုယ်တိုင် ညစာ ချက်ကျွေးမယ်”

 

ချင်ရွှယ်ရူဟာ အံ့အားသင့် သွားခဲ့သည်။ “ယန်ယန်က ဟင်းချက်နိုင်တာလား”

 

“အဲ့လို လုပ်မလား”

 

စုယန်ယန်က သူတို့အတွက် ချက်ပြုတ်ပေးမယ်လို့ ပြောတာကို ချိန်ရှုချင် ကြားလိုက်ရသောအခါ ကြွပ်ဆတ်ဆတ် ပြန်ဖြေသည်။

 

“ဒီကလေးက ငါတို့ကိုတောင် သူမ ဘယ်တုန်းက ချက်ပြုတ်တာကို လေ့လာထားမှန်း မပြောပြခဲ့ဘူး။ သူမ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတာကို ငါတို့ မဖမ်းမိခဲ့ရင် သူမက ငါတို့ကို ဘယ်အချိန်ထိ ဆက်ပြီး ဖုံးကွယ်ထားမလဲ မသိဘူး”

 

 

“ဒါပေမယ့် ကံကောင်းတာက သူမရဲ့ အချက်အပြုတ်လက်ရာက မဆိုးဘူး။ သူက ငါတို့အတွက် မကြာခဏ မချက်ပြုတ်ပေးတာ ဝမ်းနည်းစရာပဲ၊ ငါတို့ သူမ ချက်ကျွေးတာ တစ်ခါပဲ စားဖူးသေးတယ်။ နင့်ကို ကျေးဇူးတင်တယ်၊ ဒီညတော့ ငါ သူမရဲ့ အချက်အပြုတ် လက်ရာကို ထပ်မံ မြည်းစမ်းရဦးမယ်”

 

ချိန်ရှုချင်က ခါးသီးစွာ ပြောနေပေမယ့် ချင်ရွှယ်ရူကတော့ သူမဟာ အဆိုးရွားဆုံး လက်ရာအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေတယ်လို့ ထင်မိသောကြောင့် စုယန်ယန်ရဲ့ ဟင်းချက် လက်ရာက ဘယ်လိုပဲ အရသာ ဆိုးရွားပါစေ နှစ်ခြိုက်ချင်ယောင် ဆောင်ရမယ်လို့ သူမ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။

 

ကလေးက သူမအတွက် စိတ်ပါလက်ပါ ပြင်ဆင်ပေးချင်တဲ့ အတွက် သူမရဲ့ သိတတ်မှုကို တန်ဖိုးမထားတာမျိုး မလုပ်သင့်ပါဘူး။

 

 

စုယန်ယန်သည် ချင်ရွှယ်ရူ၏ စိတ်က အတွေးများကို သတိမပြုမိခဲ့ပေ။ သူမသည် တိုက်ရိုက် ထုတ်လွှင့်မှု မစတင်ခင် နှစ်နာရီကြိုတင်၍ အသိပေးခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် ဒီနေ့ တိုက်ရိုက် ထုတ်လွှင့်မည့် အကြောင်းအရာကို ထုတ်ပြန်ခဲ့သည်။

 

စုယန်ယန်သည် လွန်ခဲ့သည့်ရက်က ယခင်က ကဲ့သို့ပင် တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ခဲ့ပြီး နောက်ထပ် တိုက်ရိုက် ထုတ်လွှင့် တင်ဆက်မှုအတွက် ကြိုတင်အသိပေးခြင်း မပြုလုပ်ခဲ့ပေ။ သို့သော် အတည်ပြုပြီးသည်နှင့် ဒါကို တိုက်ရိုက် ထုတ်လွှင့်မှု အခန်းတွင် ကြော်ငြာပေးမည် ဖြစ်သည်။

 

ကြည့်ရှုသူ များစွာသည် သူမရဲ့ သတိပေးချက်ကို စောင့်မျှော်ရန် တိုက်ရိုက် ထုတ်လွှင့်သည့် အခန်းတွင် တစ်ချိန်လုံး နေခဲ့ကြသည်။ တိုက်ရိုက် ထုတ်လွှင့်မှုရဲ့ ကြိုတင် အသိပေးချက်ကို မြင်လိုက်ရသောအခါ သူတို့ရဲ့ ကြိုးစား အားထုတ်မှုတွေ အတွက် ဆုချီးမြှင့် ခံခဲ့ရသလိုပင်။ သူတို့သည် ကြိုတင်အသိပေးချက်ရဲ့ အကြောင်းအရာကို စိတ်အား ထက်သန်စွာ ကြည့်ရှုခဲ့ကြသည်။

 

လူများစွားဟာ ကြက်သေ သေသွားခဲ့ပြီး ရူးသွပ်သွားခဲ့ကြသည်။

 

ဒီတင်ဆက်သူသည် ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်းနှင့် သုတ်လွှတ် မြန်ဆန်ခြင်း ရောဂါဝေဒနာများကို ပျောက်ကင်း စေရုံသာမက ယခုအခါတွင် သူမသည် သားသမီး မရနိုင်ခြင်းဆီသို့ သူမရဲ့ မှော်လက်တစ်စုံက ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

***