အမေတို့
ဒါကို မသောက်သင့်ဘူး
ချိန်ရှုချင်က
သူတို့ ပြောဆိုနေသည့် စကာကို ကြားပြီး ရုတ်တရတ် ဝင်ရောက် ပြောဆိုခဲ့သည်။ “ခရမ်းချဉ်သီးတွေက
တကယ် အကျိုး ကျေးဇူးများတာပဲ၊ ဒါပေမယ့် အမေကတော့ ဒီတရုတ်နံနံ တို့ဟူးကြော်ကို ပိုကြိုက်တယ်။
ကြွပ်ကြွပ်လေးနဲ့ မွှေးပျံ့တဲ့ တရုတ်နံနံက နူးညံ့တဲ့ တို့ဟူးနဲ့ လိုက်ဖက်ညီပြီး အရမ်း
အရသာ ရှိတယ်”
ပြောစရာ
မလိုလောက်အောင်ပင် စုယန်ယန်သည် သူမ မိခင်ဖြစ်သူ ပြောစကားကို ကြားလိုက်သောအခါ အပြုံးရိပ်များ
ထင်ဟပ်နေသည့် အကြည့်လေးဖြင့် သဘာဝကျစွာ ဆက်ပြောခဲ့သည်။
“တို့ဟူးက
အစာကြေစေတယ်။ မေမေ သိပ်မကြာခင်က မေမေပဲ အစာမကြေ ဖြစ်နေတယ်လို့ ပြောခဲ့တယ်လေ၊ ဒါ့ကြောင့်
အဲဒီဟင်းက မေမေ့အတွက် ချက်ပေးတာပဲ”
ချိန်ရှုချင်ရဲ့
မျက်လုံးတွေဟာ ပျော်ရွှင်မှုအပြည့်ဖြင့် တလက်လက် တောက်ပလာကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“အဲ့တာဆို မေမေ ဒါကို များများစားရမယ်”
နောက်ကောက်
မကျချင်တဲ့ မစ်စတာစုသည်လည်း ထိုစကားဝိုင်းထဲ ပါဝင်လာခဲ့သည်။
“ငါလည်း
အမဲသား ကြိုက်တယ်။ အရင်တုန်းက အန်တီလီ အမဲသားကို ချက်ပြုတ်တဲ့ အခါ နည်းနည်း ခြောက်လွန်းတယ်၊
ဒါပေမယ့် အခုချက်ပြုတ်ထားတဲ့ အမဲသားက အရည်ရွှမ်းပြီး အနည်းငယ် ချိုတဲ့ အရသာကို ခံစားရတယ်။
ပြီးတော့ ဆီလည်း လုံးဝမရှိဘူး”
“အဲ့တာက
လိမ္မော်ခွံ အခြောက်ကို ထည့်ထားလို့လေ။ လိမ္မော်ခွံ အခြောက်ရဲ့ အချဉ်ဓာတ်က အဆီကို ဖယ်ရှား
ပေးတယ်။ သမီးက ဖေဖေ အမဲသားကို ခြောက်သွေ့နေရင် သိပ်မကြိုက်ဘူး ဆိုတာကို သိတယ်လေ၊ အဲ့တာကြောင့်
ဒါက ဖေဖေ့အတွက် အထူးသီးသန့် ချက်ပြုတ်ထားတာပါ”
မစ်စတာစုသည်
စုယန်ယန်ရဲ့ ပြောစကားကို ကြားလိုက်ရသောအခါ သူ့နှလုံးသား အောက်ခြေကနေ နွေးထွေးမှု လှိုင်းလေးများ
ထွက်ပေါ်လာခဲ့သည်။ ဒါ့ကြောင့် သမီးတွေဟာ သူတို့အဖေတွေရဲ့ အချစ်ဦးလို့ ပြောကြတာကိုး။
သူမလေးသည် သူ အမဲသား ဟင်းလျာကို ခြောက်သွေ့နေရင် မကြိုက်တာကို တကယ့်ကို အမှတ်ရနေခဲ့သည်။
စည်းကမ်းကြီးသော
အိမ်ထောင်ဦးစီးကို ချွဲ့နွဲ့မှုကြားထဲ နစ်မြှုပ်သွားစေပြီး လေးလေးနက်နက် အတွေးပွားစေသည်။
သူ့နှလုံးသားထဲက
အချစ်ဦးနှင့် နှိုင်းယှဉ်လိုက်လျှင် ဒီသားဖြစ်သူဟာ အရမ်း စိတ်အနှောင့်အယှက် ဖြစ်စေသည်။
‘ဟူး... ငါ သူ့ကို စွန့်လွှတ်လို့ရနိုင်မလား’
သူ့အဖေကို
စိတ်ပျက်သွားစေသော စုယုရွှမ်သည် အကြောင်းပြချက်မရှိ သူ့အဖေထံမှ သေစေလောက်သည့် အကြည့်ဖြင့်
စိုက်ကြည့်ခြင်း ခံနေရသည်။ သနားစရာ ကောင်းသည့် ယုရွှမ်ဟာ ဗလုံးဗထွေး ပြောလေသည်။
“ငါက ငါးကြိုက်တယ်၊ ငါ ငါးစားမယ်၊ ငါးစားမယ်”
ချိန်ရှုချင်က
ထိုအကြောင်းအား တွေးတောင် မတွေးပဲ မသိစိတ်ကနေ စုယုရွှမ်အား ပြန်ပြောခဲ့သည်။ “ကောင်းတယ်၊
မင်း ဦးနှောက် အာဟာရဖြစ်စေဖို့ များများစား”
“...”
ဒါက အရမ်းလွန်သွားပြီ။ အမေ့ရဲ့ အသံက သားဦးနှောက်မှာ ပြဿနာ ရှိနေတယ်လို့ ရွှဲ့ပြောနေတာမှန်း
သား မသိဘူးလို့ မထင်ပါနဲ့။ တက္ကသိုလ်ကနေ အမြင့်ဆုံး အဆင့်ဖြင့် အောင်မြင်ခဲ့သော သားက
ဘာဖြစ်လို့ ဒီလောက် အပြစ်တင်ခံ နေရတာလဲ။ ဒါကို လက်မခံနိုင်ဘူး။
စုမိသားစု၏
အကြီးဆုံး သားသည် သနားစရာ ကောင်းလှသည်။ ဒီနေ့တွင်လည်း အခြားနေ့တွေ ကဲ့သို့ပင် သူ့မိသားစုရဲ့
မထီမဲ့မြင်ပြုခြင်းကို ခံရပြန်သည်။
ဟင်းလျာ
အနည်းငယ်ကို စားပြီးနောက် လူတိုင်းဟာ ၇၀ ရာခိုင်နှုန်းခန့် ဗိုက်ပြည့်သွားကြကာ သူတို့ရဲ့
အကြည့်တွေဟာ စွပ်ပြုတ် နှစ်အိုးဆီသို့ အာရုံစိုက်လာကြသည်။
ပင်လယ်စာ
ကြိုက်နှစ်သက်သူ ဖြစ်သော မစ်စတာစုသည် ဂျင်ဆင်းပင်လယ် ခရုစွပ်ပြုတ်ကို မြင်သောအခါ သူကိုယ်တိုင်
ထည့်သောက်ဖို့အတွက် ဇွန်းကို ပြင်လိုက်သည်။
စုယန်ယန်က
ဒါကို မြင်သောအခါ သူ့ကို အလျင်အမြန် တားမြစ်လိုက်သည်။
“ဖေဖေ
အဲ့တာက အန်တီချင် အတွက်ပါ။ အကယ်၍ အဖေသောက်ချင်ရင် အဘိုးအတွက် ချက်ပြုတ်ထားတဲ့ စွပ်ပြုတ်အိုးထဲက
ဟာကို သောက်ပါ”
စုယန်ယန်ရဲ့
ပြောသံကို ကြားလိုက်တာနဲ့ လူတိုင်းရဲ့ အကြည့်တွေဟာ သူမတို့ဆီကို ရောက်ရှိလာကြသည်။ ချင်ရွှယ်ရူဟာ
ဇဝေဇဝါဖြစ်စွာ မျက်တောင်ခတ်ပြီး သူမ မျက်နှာပေါ်တွင် အံ့သြနေဟန် ပေါ်ကာ သူမ မေးမြန်းခဲ့သည်။
“ဒီစွပ်ပြုတ်က
ငါ့အတွက်လား”
ချိန်ရှုချင်ဟာ
သိချင်စိတ် ပြင်းပြစွာ မေးမြန်းလိုက်သည်။
“ဒီစွပ်ပြုတ်...
ဒီစွတ်ပြုတ်ကို အမေတို့ သောက်လို့ မရဘူးလား”
“အမေတို့
ဒါကို တကယ်ပဲ သောက်ချင်တယ်ဆိုရင် သမီး မတားပါဘူး၊ ဒါပေမယ့် သမီးကို ညီမလေးဖြစ်ဖြစ်
မောင်လေးဖြစ်ဖြစ် ပေးချင်တယ် ဆိုရင်တော့ ဒါကို အမေ သောက်နိုင်ပါတယ်၊ ပြီးမှ သမီးကို
လာအပြစ်မတင်နဲ့နော်”
“ဘာ...
ဒါက... ဒါက...”
စုယန်ယန်ရဲ့
စကားကြောင့် ထမင်းစားပွဲရှိ လူတိုင်းဟာ ဒီစွပ်ပြုတ်က ထူးခြားသည့် အကျိုးသက်ရောက်မှု
ရှိသည်ဟု ထင်မြင်သွားကြကာ စုယန်ယန်အား စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ကြသည်။
“အမေတို့
ဘာတွေးနေကြတာလဲ။ ဒါက အာဟာရ ရှိစေတာပါ၊ တခြား ဘာမှမဖြစ်ပါဘူး”
စုယန်ယန်သည်
သူမမျက်လုံတွေကို လှိမ့်လိုက်သည်။ နည်းပညာပိုင်း ဆိုင်ရာအရ ပြောရရင် ဒါက အလုပ်ဖြစ်စေနိုင်တယ်၊
ဒါပေမယ့်...
“အန်တီချင်ရဲ့
ကျန်းမာရေးက အရမ်းဆိုးတယ်၊ သူမကို ပုံမှန်ပြန်ဖြစ်အောင် ဂရုစိုက်ပေးဖို့ လိုအပ်တယ်။
အမေတို့ နှစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘာပြဿာနာမှ မရှိဘူး၊ အကယ်၍ အမေတို့သာ ဒါကို သောက်လိုက်ရင်
သမီးကို နောက်ထပ် မောင်လေး ညီမလေး ပေးနိုင်သွားလိမ့်မယ်၊ အဲ့တာက ပြဿနာလို့ မဟုတ်လို့လား”
သူမပြောလိုက်သည့်
စကားကို ကြားလိုက်သူများသည် ရှက်ရွံ့စွာ မျက်လွှာချ သွားခဲ့ကြသည်။ အထူးသဖြင့် ချင်ရွှယ်ရူက
အဆိုးဆုံးပင်။
ဒီစွပ်ပြုတ်ကနေ
မသေချာ မရေရာတဲ့ ခံစားချက် တစ်မျိုးကို ရရှိနေတယ်လို့ ဒါ့ကြောင့် ခံစားမိနေတာကိုး။
သူမသည် ဒီစွပ်ပြုတ်ကို လူတိုင်းရှေ့မှောက်မှာ သောက်သုံးဖို့ သတ္တိမရှိတာတော့ အမှန်ပါပဲ။
***