အပိုင်း ၁၁၄
Viewers 1k

အခန်း (၁၁၄)

ဒုတိယမြောက်စွမ်းရည်

 

စုယန်ယန်သည် စိတ်လှုပ်ရှားမှုကို ထိန်းကာ “အင်း” လို့ စိတ်လှုပ်ရှားစွာ ပြောသည်။

 

[ဂုဏ်ယူပါတယ် Host အဆင့် ၃သို့ အဆင့်မြှင့် တင်ပြီးပါပြီ။ အဆင့်မြှင့်တင်ခြင်း ဆုလာဘ်ကို သင့်အီးမေးလ်သို့ ပေးပို့လိုက်ပါပြီ၊ ကျေးဇူးပြုပြီး သေချာ စစ်ဆေးကြည့်ပါ။ ထို့အပြင် မူလအမျိုးသမီး ဇာတ်လိုက်ရဲ့ ရွှေလက်ချောင်းကို ရယူရန် တိုးတက်မှု ဘားတစ်ခုကို ထပ်မံ ဖြည့်သွင်း ထားပါသည်။ ကျေးဇူးပြုပြီး ဆက်လက် အလုပ် ကြိုးစားပေးပါ၊ ကမ္ဘာကြီးရဲ့ ကောင်းချီးပေးမှုကို အမြန်ဆုံးရယူပြီး သင့်ကံကြမ္မာကို ပြောင်းလဲပါ။]

 

“ရွှေ-လက်ချောင်း တိုးတက်မှု ဘားလား”

 

စုယန်ယန်ဟာ ကြက်သေ သေသွားခဲ့သည်၊ မျိုးစေ့များ လဲလှယ်နိုင်သည့် စျေးဆိုင် ဘောင်အောက်တွင် အစိမ်းဖျော့ရောင် တိုးတက်မှု ဘားတစ်ခု ပေါ်လာတာကို မြင်တွေ့လိုက်ရသည်။

 

ထို့အပြင် ဒီတိုးတက်မှုဘားရဲ့ အနေအထားက အခုအချိန်မှာ ၅ ရာခိုင်နှုန်းတဲ့လား။

 

“ဒီ ၅ ရာခိုင်နှုန်းက ဝမ်ကျင့်ဖျင် ပိုင်ဆိုင်တဲ့ ရွှေလက်ချောင်း တစ်စိတ် တစ်ပိုင်းကို ဖမ်းဆုပ် မိသွားတယ်လို့ ဆိုလိုတာလား”

 

[ဟုတ်ပါတယ်။]

 

သို့ရာတွင် သူမ ပြန်လည် မွေးဖွားပြီး ကတည်းက သူမ ဝမ်ကျင့်ဖျင်နဲ့ လူချင်း တွေ့ဆုံခဲ့ဖူးခြင်း မရှိခဲ့ပါ...

 

“ဒါက ငါ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကြောင့်လား”

 

 စုယန်ယန်ရဲ့ မျက်လုံးတွေက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့သည်။ သူမ မျှော်လင့်ထားသည့် အတိုင်း ဝမ်ကျင့်ဖျင်ကဲ့သို့ တိုက်ရိုက် ထုတ်လွှင့်သည့် ပလက်ဖောင်းကို ရွေးချယ်လိုက်ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။

 

 

[တိုက်ရိုက် ထုတ်လွှင့်ခြင်းက ဒီအကြောင်းရင်းရဲ့ တစ်စိတ် တစ်ပိုင်းသာပဲ ဖြစ်ပါတယ်။]

 

“ဒါက အကြောင်းပြချက်ရဲ့ တစ်စိတ် တစ်ပိုင်းပဲလား။ ဒါဆို တခြား အကြောင်းပြချက် ရှိသေးတယ်လား”

 

စုယန်ယန်သည် သူမမျက်ဝန်းတွေကို ကျဉ်းမြောင်း လိုက်သည်။

 

 “ဖြစ်နိုင်တာက... ဟောက်ရှောက်ဖုန်းကြောင့်လား”

 

[အမျိုးသား ဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်ရဲ့ ကံကြမ္မာက အပြန်အလှန် ချိတ်ဆက် ထားသည်။ အမျိုးသား ဇာတ်လိုက်မှာ ပြဿနာဖြစ်ရင် အမျိုးသမီး ဇာတ်လိုက်ကိုလည်း ထိခိုက် သွားစေနိုင်သည်။ ဒဏ်ရာကြောင့် အမျိုးသား ဇာတ်လိုက်ရဲ့ နှစ်လိုမှု ကျဆင်း သွားကြောင်းကို စနစ်မှ ထောက်လှမ်း ရရှိခဲ့သည်။ အမျိုးသား ဇာတ်လိုက်ရဲ့ မိသားစုဝင်များသည် အမျိုးသမီး ဇာတ်လိုက်အပေါ် နှစ်လိုမှုများ ဆက်လက် ကျဆင်းလာပြီး...]

 

ဒီသတင်းက စုယန်ယန်ကို အံ့အားသင့် စေမိသည်။ ဟောက်ရှောက်ဖုန်းသည် သူမ ရိုက်နှက်တာကို ခံခဲ့ရသည်။ ဒီအချိန်တွင် ဝမ်ကျင့်ဖျင်ဟာ ဟောက်ရှောက်ဖုန်းနဲ့ သူ့မိဘများရဲ့ နှစ်လိုမှုများကို ရရှိစေရန် သူ့ဘေးနားမှာ ရှိနေသင့်သည်။ ဒါဆို ဘာကြောင့်များ နှစ်လိုမှုများ ကျဆင်းသွားခဲ့ရတာလဲ။

 

သို့သော် ဟောက်ရှောက်ဖုန်းသည် ထိုနေ့က ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သော်လည်း သူ့ခေါင်းကို အရိုက်မခံခဲ့ပေ။ ဟောက်‌ရှောက်ဖုန်းသည် သူမအား တရားခံအဖြစ် ရှင်းလင်း ဖော်ထုတ်သင့်သည်။ 

 

သို့သော် အချိန် အတော်ကြာအထိ သူရော သူ့မိသားစုပါ သူမထံသို့ ရင်ဆိုင် ဖြေရှင်းတာမျိုး မရှိခဲ့ပေ။

 

စုယန်ယန်သည် သူ့မိသားစုက ဒီလောက် ခံနိုင်ရည်ရှိပြီး ခွင့်လွှတ် ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူက ဒီလို ဆင်းရဲဒုက္ခမျိုးကို တိတ်တဆိတ် ရင်စည်းခံသော လူမျိုး မဟုတ်ပေ။

 

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ တစ်စုံတစ်ဦးက သူတို့ကို တားမြစ်လိုက်တာပဲ ဖြစ်ရမည်။ ထိုလူက ဘယ်သူလဲ ဆိုတာကို ဦးနှောက်ခြောက်‌အောင် စဉ်းစားနေစရာ မလိုအပ်ပါ။

 

စုယန်ယန်သည် သူမ နှုတ်ခမ်းတွေကို စုဝိုင်းလိုက်ပြီး ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေကို တတ်နိုင်သမျှ အမြန်ဆုံး သက်သာ ပျောက်ကင်းအောင် ကုသဖို့ ကြံစည်ခဲ့သည်။ ဒီအချိန်တွင် သူမသည် တိုးတက်မှု ဘားဟုခေါ်သော အရာကို ဂရုမစိုက်တော့ပဲ ရင်းနှီးပြီးသား ဖြစ်သည့် အဆင့်မြှင့်သည့် အတွက် ရရှိသည့် ဆုလာဘ်ကို ဖွင့်ကြည့်ရန် မစောင့်နိုင်တော့ပေ။

 

စုယန်ယန်သည် မျက်လုံး တစ်မှိတ်အတွင်း အကြောင်းအရာများ ပျောက်ကွယ် သွားမှာကို စိုးရိမ်သောကြောင့် ရင်းနှီးနေသာ စာမျက်နှာပေါ်ရှိ လှည့်ပတ်နေသော စက်ဝိုင်းကို စိုက်ကြည့်နေခဲ့သည်။

 

နောက်ဆုံး၌ အလင်းတန်းတစ်ခု စူးရှထွက်ပေါ်လာပြီး စနစ်ထံမှ သတိပေးချက် တစ်ခုက နောက်မှ လိုက်လာခဲ့သည်။

 

[ဂုဏ်ယူပါတယ် Host၊ သင် အပ်စိုက်ကုထုံးနဲ့ အိုက်ကျို့ စွယ်စုံကျမ်းကို ရရှိခဲ့ပါပြီ။ ရှေးခေတ်မှ ဆင်းသက်လာတဲ့ အပ်စိုက်ကုထုံး ကုသရာတွင် အသုံးပြုသည့် အပ်အစုံအလင်ပါ အိတ်ကို သင့်အီးမေးလ်ထဲသို့ ပေးပို့လိုက်ပါပြီ။]

 

“အပ်စိုက်ကုထုံးလား”

 

စုယန်ယန်သည် အံ့အားသင့်စွာ ပြောပြီး ချက်ချင်း သူမရဲ့ မေးလ်စာတိုက်ပုံးကို ဖွင့်လိုက်သည်။ နောက်တစ်က္ကန့်မှာပင် သူမလက်ထဲတွင် အဖြူရောင် သားရေအိတ်လေး တစ်ခု ထွက်ပေါ်လာခဲ့သည်။

 

သူမ ထိုအိတ်လေးကို ဖွင့်ကြည့် လိုက်သည်နှင့် သူမလက်ထဲတွင် အပ်အရွယ်အစား ကြီးကြီး ငယ်ငယ် အစုံအလင်ကို မြင်ရသည်မှာ ကြီးကျယ် ခမ်းနားသော မြင်ကွင်းတစ်ခုကို မြင်တွေ့ လိုက်ရသလိုပင်။

 

တစ်ချိန်တည်းမှာပင် စနစ်ထံမှ သတိပေးချက်အသံ ထွက်ပေါ်လာပြန်ပြီး စုယန်ယန်အား သတင်းကောင်း တစ်ခု ပေးလိုက်သည်။

 

[ဂုဏ်ယူပါတယ် Host၊ သင် ယုံကြည်မှုရမှတ် ၈ မှတ် ရရှိခဲ့ပါသည်။ Host မှာ ယုံကြည်မှုရမှတ် ၂၀ သို့ ရောက်ရှိသွားမှန်းကို စနစ်မှ ထောက်လှမ်း သိရှိခဲ့သောကြောင့် အပ်စိုက်ကုထုံး အထောက်အပံ့ စွမ်းရည် - အပ်စိုက် အမှတ်အသားပြ ခန္ဓာကိုယ် ရုပ်ပုံကားချပ်ကို အလိုအလျောက် ဖွင့်လှစ် ပေးလိုက်ပါပြီ။ Host သည် ဒီကားချပ်ကို တစ်ဝက်လောက် အားစိုက်စူးစမ်း လေ့လာရုံဖြင့် ရလဒ် နှစ်ဆကို ရရှိနိုင်ပါသည်။]

 

စိတ်လှုပ်ရှားဖွယ်ရာ အခြေအနေထဲသို့ ကျရောက် သွားသော စုယန်ယန်သည် အပ်စိုက်အိတ်ကို ကိုင်ထားသော သူမရဲ့ လက်တွေကို တင်းကျပ်စွာ ဆုပ်ကိုင် သွားမိခဲ့သည်။ ဒီလိုဆိုရင် သူမ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေကို ကုသဖို့ စတင်ကြိုးစား နိုင်တော့မှာလား။

 

 

စိတ်လှုပ်ရှား တက်ကြွနေသော စုယန်ယန်သည် ဟောက်ချန်ဟွမ်းအား ဗီဒီယိုဖုန်း ခေါ်ဆိုမှုဖြင့် ချက်ချင်း ခေါ်ဆိုခဲ့သည်။

 

သူတို့ ဗီဒီယို ဖုန်းခေါ်ဆိုမှု ချိတ်ဆက် မိသည်နှင့် တစ်ပြိုင်နက် သူမ ရှိုက်သံ မဆဲနိုင်သည့် အသံဖြင့် “ချန်ဟွမ်း...” လို့ ခေါ်လိုက်သည်။

***