သတို့သားလောင်းအတွက် အထူးတွင်းတူးပေးခြင်း
အစပိုင်းမှာတော့
အဘိုးချိန်က သွမ်းသွမ်းအပေါ် စိတ်အား ထက်သန်မှု သိပ်မရှိပေမယ့် သူတို့ အပြန်အလှန် ဆက်ဆံပြီးနောက်
သိပ်မကြာခင်မှာပင် သူ့ရဲ့ စိတ်သဘောထားက ၁၈၀ ဒီဂရီ ရုတ်တရတ် ပြောင်းလဲ သွားခဲ့ပြီး သူ
ဘာမှလုပ်စရာ မရှိသည့် အချိန်မျိုးမှာ ကော်ဂီခွေးငယ်လေးဖြင့် အနားပတ်လည် လမ်းလျှောက်
ထွက်ရတာ သဘောကျသည်။
နွေရာသီ၊
ဆောင်းရာသီ အားလပ်ရက်များတွင် ချိန်မိသားစု အိမ်တော်သို့ သူမ ပြန်သည့် အချိန်တိုင်း
သွမ်းသွမ်းကို ခေါ်သွားလေ့ ရှိသည်။ သူမ သွမ်းသွမ်းကို ခေါ်သွားသည့် အချိန်တိုင်း သူလေးကို
ဂရုစိုက်ပေးသည့်သူ အဘိုးချိန်ပါပဲ။ အဘိုးချိန် သူမတို့အိမ်သို့ ရောက်သည့် အခါတိုင်းလည်း
သူက သွမ်းသွမ်းကို ခေါ်ကာ လမ်းလျှောက် ထွက်လေ့ရှိသည်။
မနေ့ညကမှ
သူ စိတ်ဆိုးနေရာမှ အနည်းငယ် ပြေလျော့ သွားခဲ့သည်။ သူ မနက်အိပ်ရာ နိုးလာတော့ ခွေးလေးကို
လှည့်ပတ် ရှာသောအခါဝယ် သူ့ရဲ့ အချစ်ဆုံး ခွေးလေးဟာ... အပေးခံလိုက်ရပြီ ဆိုတာကို သူ
နားလည် သဘောပေါက် သွားခဲ့သည်။
အဘိုးချိန်သည်
တစ်မနက်လုံး ဒေါသထွက်နေကာ ဟောက်မိသားစုရဲ့ ဦးငယ်လေးဟာ သူ့မြေးမလေးနှင့် သူ့အချစ်ဆုံး
ခွေးလေးကိုပါ ချည်နှောင် သွားခဲ့သည့်အတွက် သူ ဒေါသပေါက်ကွဲ နေခဲ့သည်။ ဟောက်ချန်ဟွမ်း
အပေါ် ရှိနေသည့် မကျေနပ်မှုများ ထပ်မံ တိုးပွားလာကာ ပိုမိုကောင်းမွန် အဆင်ပြေအောင်
ကြိုးပမ်းချက်ဟာ အောက်ဆုံးသို့ ကျရောက် သွားခဲ့သည်။
ထိုမှသာ
စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို မရည်ရွယ်ပဲ တွင်းထပ်တူး ပေးလိုက်မိပြန်ပြီ ဆိုတာကို
“...” နားလည် သဘောပေါက် သွားခဲ့ပြီး အတွေးထဲတွင် အနူးအညွှတ် တောင်းပန်မိသည်။ ‘ဒါလင်ရယ်
ကျွန်မ ဒီလိုဖြစ်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။’
ဟောက်ချန်ဟွမ်းသည်
သူ့အစီအစဉ် တိုးတက်မှုကို အတည်ပြုရန် အလုပ်များ နေခဲ့သည့် အချိန်တွင် သူ့နောက်ကျောရိုးကနေ
အကြောင်းပြချက် မရှိ အေးစက်မှုဟာ သူ့ခေါင်းဆီသို့ ပြေးရိုက်လာခဲ့သည်။
ကျိုးယန်ပိုင်ဟာ
သူ့ရဲ့ထူးခြားနေသည့် အမူအရာကို သတိပြုမိပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“သခင်လေး
ပင်လယ်လေက အရမ်းပြင်းတယ်။ သခင်လေး အရမ်းအေးနေလား။ သခင်လေးကို ကျွန်တော် စောင်တစ်ထည်လောက်
ယူပေးရမလား”
“မလိုဘူး”
အေးစက်မှုဟာ ရောက်ရှိလာပြီး မြန်မြန်ဆန်ဆန်ပင် ထွက်ခွာသွားခဲ့သည်၊
ဒါ့ကြောင့် ဟောက်ချန်ဟွမ်းဟာ ဒါကို အရမ်း အလေးအနက်ထား တွေးမနေတော့ဘူး။
“ပန်းတွေ
အဆင်သင့် ဖြစ်ပြီလား”
“ပန်းတွေ
အဆင်သင့် ဖြစ်ပါပြီ။ အားလုံး မစ်စုရဲ့ စိတ်ကြိုက်တွေပဲ ဖြစ်ပြီးတော့ အလှဆုံးပန်းတွေကိုပဲ
ရွေးချယ် ထားပါတယ်။ နောက်ပြီး အိမ်ဟောင်းမှာရှိတဲ့ ဖန်လုံအိမ်ကိုလည်း အစားထိုး ပြင်ဆင်ပြီးပါပြီ။
သခင်လေး မင်္ဂလာဆောင် မတိုင်ခင်မှာ ကျွန်တော်တို့ ပြင်ဆင်မှု အားလုံး ပြီးစီးမယ်လို့
အာမခံပါတယ်”
ယုကျစ်ယန်က
ဒီလို ပြောလိုက်သည့် အခါမှာ သူ့ရဲ့ ဥယျာဉ် ကြောက်စိတ်ဟာ ရုတ်တရတ် ပြန်ရောက်လာပြီး ခါးသီးတဲ့
မျက်ရည်တွေ ကျချင်လာပေမယ့် မကျနိုင်ခဲ့ဘူး။
အိမ်ဟောင်းရဲ့
ပန်းဥယျာဉ်ထဲက ပန်းတွေ အားလုံးကို သူတစ်ဦးတည်း စိုက်ပျိုးထားခဲ့ရတာ ဖြစ်သည်။
ဟောက်ချန်ဟွမ်းသည်
ယုကျစ်ယန်ရဲ့ ခါးသီးသော ခံစားချက်ကို သတိမမူမိပေ။ မပြီးသေးသော စေ့စပ်လက်စွပ် အကြောင်းကို
တွေးတောနေပြီး ထိုလက်စွပ်သာ ရရှိပြီဆိုရင် သူ့ရဲ့ လက်ထပ်ခွင့် တောင်းမယ့် အစီအစဉ်ဟာ
ပြီးဆုံးလုနီးပါး ဖြစ်သည်။
အရာအားလုံးဟာ
ကောင်းသောဘက်သို့ ဦးတည်နေသည်။ ဟောက်ချန်ဟွမ်းဟာ စိတ်အခြေအနေ ကောင်းမွန်နေပြီး အပြာရောင်
နှင်းဆီပွင့်ကို ခူးဆွတ်ကာ သွမ်းသွမ်းရဲ့ ခေါင်းထက် ပန်ပေးလိုက်သည်။
သူလေးရဲ့
ခေါင်းပေါ်မှ ပန်းရောင် ခေါင်းစည်းလေးကို ဘေးဖက်သို့ တွန်းဖယ် ခံလိုက်ရပြီး ပင်လယ်လေများ
တိုက်ခတ် လာသည် နှင့်အမျှ သနားစရာ ကလေးလေးရဲ့ လွင့်မျောနေသည့် ပန်းရောင် မင်းသမီး ဂါဝန်လေးဟာ
ချက်ချင်း ရှုပ်ပွသွားကာ အံ့သြလွန်း၍ ပြောစရာစကား ပျောက်ရှသွားဟန် ဖြစ်ပေါ်သွားသည်။
စုယန်ယန်သည်
အဘိုးအို စိတ်မပျော်ရွှင်တာကို သိပြီးနောက် သူမသည် အဘိုးအိုအား ချော့မော့ရန် လုပ်ချင်သော်လည်း
ချိန်ရှုချင်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
“အမေ”
ချိန်ရှုချင်သည်
စုယန်ယန်ရဲ့ လက်ကို တင်းတင်း ဆုပ်ကိုင်ထားပြီး ရှက်ရွံ့စွာ ပြောသည်။ “ယန်ယန်၊ အမေ သမီးကို
ပြောစရာ တစ်ခု ရှိတယ်”
“ဘာကိစ်စလဲ”
“ဟောက်ချီဟန်နဲ့
သူ့မိသားစုက သူတို့ ဘယ်ကနေ သတင်းကြားလဲတော့ အမေ မသိဘူး၊ ဒါပေမယ့် သူတို့က သမီးအဖေနဲ့
အမေတို့ဆီကို ဒီမနက် ဖုန်းဆက်ပြီး အမေတို့ကို တောင်းပန်ဖို့ အမေတို့အိမ်ကို လာမယ်လို့
ပြောတယ်...”
စုယန်ယန်ရဲ့
မျက်ဝန်းတွေမှာ အနည်းငယ် အံ့အားသင့်ဟန် ဖြစ်ပေါ်သွားပြီး သူမက တွေးတောခြင်း မရှိပဲ
မေးမြန်းသည်။
“အဘိုးကြောင့်လား”
ချိန်ရှုချင်က
ပြန်မေးသည်။
“သမီး
ဘယ်လိုလုပ်ပြီး သိတာလဲ”
စုမိသားစုနှင့်
ဟောက်မိသားစုတို့ လက်ထပ်ပွဲဖြင့် ပူးပေါင်းရန် ဆုံးဖြတ်ချက် ချလိုက်သော အခါက စုမိသားစုရဲ့
အခြေအနေသည် ဟောက်မိသားစုထက် အနည်းငယ် ပိုဆိုးသည်။
သို့သော်
ဒီလက်ထပ်ပွဲအပေါ် ဟောက်ချီဟန်တို့ မိသားစု၏ သဘောထားသည် စုမိသားစုထက် ပို၍ စိတ်အား ထက်သန်ကာ
အဓိက အကြောင်းရင်းမှာ ချိန်ရှုချင်ရဲ့ မိခင်ဘက် မိသားစုကြောင့် ဖြစ်သည်။
ချိန်ရှုချင်ရဲ့
မိခင်ဖက် မိသားစုသည် အထက်တန်းလွှာ ပညာတတ် မျိုးရိုးမှ ဆင်းသက်လာသော မိသားစု ဖြစ်သည်။
သူတို့က ချမ်းသာကြွယ်ဝသော စီးပွားရေး သမားတွေလောက် မချမ်းသာပေမယ့် သူတို့ရဲ့ နောက်ခံ
အသိုင်းအဝိုင်းဟာ သာမန် လူများထက် အများကြီးထက် သာလွန်သည်။
အထူးသဖြင့်
အဘိုးအိုချိန်ရဲ့ မျိုးဆက်တွင် သူနှင့် ကွယ်လွန်သူ မဒမ်ချိန်သည် မတူညီသော ဌာနများမှ
သုသေတန ပညာရှင်များ ဖြစ်ကြသည်။
မဒမ်ချိန်က
ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန် သွားပေမယ့် သူမရဲ့ အဆက်အသွယ်တွေကတော့ ရှိနေဆဲပါ။ အဘိုးချိန်နှင့်
ချိန်မိသားစုတို့ရဲ့ ဆက်ဆံရေးအရ သူတို့ဟာ နေရာ အများအပြားတွင် အဆက်အသွယ် များစွာရှိပြီး
သူတို့ရဲ့ အဆက်အသွယ်များသည် အလွန် အထင်ကြီးစရာ ကောင်းလှသည်။
***