ရှင် ဆေးထိုးတာကို ကြောက်လား
စုယန်ယန်က
သူ ဘာကိုဆိုလိုချင်တယ် နားလည်ပြီး နှစ်သိမ့်ပေးရမည့် အစား ဒေါသ ပိုထွက်လာခဲ့သည်။
သူက
သူမကို ဘယ်လောက်တောင် လျှော့တွက်ဝံ့ရတာလဲ။ ဟမ့်... သူမ သူ့ကို ကုသနိုင်တဲ့ အချိန်ထိ
စောင့်လိုက်စမ်းပါ။ အဲ့နေ့ကို ရောက်လာသောအခါ သူမရဲ့ အရည်အချင်းတွေကို လျှော့တွက်ပြီး
သံသယ ဝင်မိသည့်အတွက် အပြစ်ပေးရမည် ဖြစ်သည်။
ဟောက်ချန်ဟွမ်းသည်
သူ့ရဲ့ “အမြင်ကျဉ်းသော” သတို့သမီးလောင်းက ဒီအကြောင်းအား သူမနှလုံးသားထဲ သိမ်းဆည်း ထားလိုက်ပြီ
ဆိုတာကို သူ မသိပဲ စကားလမ်းကြောင်းကို ပြောင်းလဲလိုက်သည်။
“မင်းအဘိုးက ကိုယ့်ကို တွေ့ချင်တယ်လို့ မင်း ပြောလိုက်တာလား”
“ဟုတ်တယ်၊
ဒါပေမယ့် အဘိုးက ရှင်နဲ့ ဘယ်အချိန်မှ တွေ့မယ်ဆိုတာကိုတော့ မပြောသေးဘူး။ အခုနောက်ပိုင်း
ရှင့်မှာ အချိန်ရှိရဲ့လား”
ဟောက်ချန်ဟွမ်းက
အချိန်မရွေး အားလပ်တယ်လို့ ပြောချင်ပေမယ့် ရုတ်တရတ် ရပ်တန့်သွားပြီး “မနက်ဖြန် ကိုယ့်မှာ လုပ်စရာ ရှိသေးတယ်၊ သန်ဘက်ခါ
ကျရင်တော့ ကိုယ်အားတယ်” ဟု ပြောလိုက်သည်။
“ရပါတယ်၊
စိတ်မပူပါနဲ့။ ရှင့်မှာ အရေးကိစ္စရှိရင် အရင် ဖြေရှင်းထားလေ၊ ကျွန်မ အဖိုးကို ပြောထားလိုက်ပါ့မယ်”
စုယန်ယန်က
ပြောသည်။ သူမသည် အခြားအရာ တစ်ခုကို တွေးတောမိသွားပြီး မဝံ့မရဲ မေးလိုက်သည်။
“ရှင် ဆေးထိုးရမှာ ကြောက်လား”
“ဆေးထိုးတာလား”
ဟောက်ချန်ဟွမ်းက
အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။
“အင်း”
စုယန်ယန်က
ခြေဟန်လက်ဟန်ဖြင့် ကြိုးစားရှင်းပြလိုက်သည်။
“အပ်တွေက ဒီလောက်ကြီးပြီး ဒီလောက် ရှည်တာမျိုးတွေကိုလေ”
ဟောက်ချန်ဟွမ်းသည်
ခဏလောက် ကြာအောင် တိတ်ဆိတ်သွားပြီးမှ “ကိုယ် လုံးဝ မကြောက်ပါဘူး” ဟု အနည်းငယ် တွံ့ဆုတ်စွာ
ပြောခဲ့သည်။
စုယန်ယန်
“...” သူ့ရဲ့ မျက်နှာ အမူအရာကတော့ အဲ့လိုဟုတ်မယ် မထင်ဘူး။
သူက
အသက်နှစ်ဆယ်ကျော် အရွယ်ရောက်ပြီး သူတစ်ယောက် ဖြစ်ပေမယ့် ကလေး တစ်ယောက်လိုမျိုး... ဆေးထိုးခံရမှာကို
ကြောက်ရွံ့နေတာလား။
စုယန်ယန်က
ဒီကိစ္စကို တကယ် နားလည်မှု လွဲသွားတာ ဖြစ်သည်။ ဟောက်ချန်ဟွမ်းသည် ဆေးထိုးရမှာကို ကြောက်ရွံ့တာ
မဟုတ်ပေမယ့် သူမ လက်ဟန်ပြသည့် အပ်တစ်ချောင်းရဲ့ အရှည်က ရှည်လျားလွန်းသည်။
ဒီလောက်ရှည်တဲ့
အပ်တစ်ချောင်းနဲ့ ထိုးမယ်ဆိုရင် သူ့ကို သေစေနိုင်လိမ့်မယ် မဟုတ်ဘူးလား။
ဒါဆိုရင်
ဒါက တကယ့်ကို ပြီးပြည့်စုံတဲ့ နားလည်မှု လွဲနေတာမျိုးလား။
ဗီဒီယိုဖုန်း
ခေါ်ဆိုမှုကို ချပြီးနောက် စုယန်ယန်ရဲ့ နှလုံးသားဟာ အနည်းငယ် ငြိမ်သက်သွားသည်။ သူမသည်
အသစ်ရရှိ လာခဲ့သော အပ်စိုက်ကုထုံးနှင့် အိုက်ကျို့ စွယ်စုံကျမ်း၊ အပ်စိုက် အမှတ်အသားပြ
ခန္ဓာကိုယ် ရုပ်ပုံကားချပ်တို့ကို ကြည့်ရင်း သူမ မျက်ဝန်းများတွင် မျှော်လင့်ချက် ရောင်ခြည်
တလက်လက် တောက်ပလာခဲ့သည်။
အခုအချိန်တွင်
ဟောက်ချန်ဟွမ်းကို စတင် ကုသချင်ပေမယ့် သူ့ခြေထောက်တွေက ဆေးဖက်ဝင် ဟင်းလျာ၊ တရုတ်ဆေးဖက်ဝင်
အပင်များနှင့် ရေချိုးခြင်း၊ အပ်စိုက် ကုသခြင်းနှင့် အနှိပ်ကုထုံးတို့ဖြင့် ပြီးပြည့်စုံစွာ
ကုသမှုခံယူရန် လိုအပ်ပါသေးသည်။ ထိုမတိုင်မီ သူမသည် သူ့အတွက် ဆေးဖက်ဝင် အပင်များနှင့်
ရေချိုးရာတွင် အသုံးပြုရန် လိုအပ်သော ဆေးဖက်ဝင်မျိုးစေ့ အမျိုးမျိုးကို နှစ်လိုမှု
ရမှတ်များနှင့် လဲလှယ်ဖို့ လိုအပ်ပါသည်။
ဒုတိယအချက်
အနေဖြင့် သူမက ဒီအပ်စိုက်ကုထုံးကို ပထမဆုံး အကြိမ် ထိတွေ့ခွင့် ရရှိခဲ့တာ ဖြစ်သည်။
ဒီအပ်တွေဟာ ပါးလွှာပြီး ရှည်လျားသည်၊ သူမ ဒီအပ်တွေဖြင့် ကုသရင်း အပ်တွေက ကောက်ကွေ့
သွားလိမ့်မလား ဒါမှမဟုတ် ဒီအပ်တွေက နာကျင်စေတာမျိုး ဒါမှမဟုတ် သွေးထွက် စေတာမျိုး ဖြစ်ပွားလိမ့်မည်မလား။
ဒီအကြောင်းကို
စဉ်းစားရင်း စုယန်ယန်ဟာ ဟောက်ချန်ဟွမ်းကို အပ်ဖြင့် ကုသဖို့ သတ္တိတွေ ကုန်ခန်းသွားသည်။
အနည်းဆုံးတော့.... အနည်းဆုံးတော့ သူမ ဒီထက်ပိုပြီး လေ့ကျင့်ပြီးတဲ့ အချိန်အထိ စောင့်ဆိုင်းရမယ်။
သို့သော်လည်း
ထိုအချိန်အထိက...
စုယန်ယန်သည်
သူမမျက်လုံးတွေကို မှိတ်ကာ စနစ်ရဲ့ သိုလှောင်ခန်းထဲမှ ရင့်မှည့်နေသော တရုတ်ဆေးဖက်ဝင်
အပင်များကို ထုတ်ယူကာ သူမ အဘိုးဖြစ်သူရဲ့ အခန်းဆီသို့ သွားရောက်ခဲ့သည်။
အဘိုးအိုချိန်သည်
စာအုပ်ဖတ်ပြီး အနားယူခါနီး အချိန်တွင် တံခါးခေါက်သံကို ရုတ်တရတ် ကြားလိုက်ရသည်။
သူ
ထပြီး တံခါးဖွင့် လိုက်သည်နှင့် သူ့မြေးလေးကို မြင်လိုက်ရတော့ သူ့မျက်ဝန်းတွေက တလက်လက်
တောက်ပသွားပြီး အပြုံးလေးဖြင့် နွေးထွေးစွာ မေးမြန်းလိုက်သည်။
“မင်း
ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”
“အဘိုး
အနားယူတော့မှာလား။ သမီးမှာ အဘိုးနဲ့ ဆွေးနွေးစရာ တချို့ ရှိတယ်”
“ဘာအကြောင်းကိုလဲ”
“သမီးတို့
ဒီည စားခဲ့တဲ့ ညစာနဲ့ ပတ်သက်တဲ့ အကြောင်းကိုပါ”
နောက်တစ်နေ့မနက်
စုယန်ယန် အိမ်အောက်ထပ်သို့ ဆင်းလာသော အခါတွင် အဘိုးအိုက ခြံဝန်းထဲတွင် လမ်းပတ် လျှောက်နေခဲ့ပြီ
ဖြစ်သည်။
စုယန်ယန်
ဆင်းလာတာကို မြင်တော့ သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပန်းတွေကို ရေလောင်းဖို့ ပြန်လှည့်သွားသည်။
သူက ဒေလီယာ ပန်းပင်များ အပေါ်တွင် ရေအများကြီး လောင်းထားခဲ့ပြီး အပင်တွေကို ကြည့်ရတာ
အချိန်မရွေး ရေနစ်သွားမယ့်ပုံ ပေါ်သည်။
စုယန်ယန်က
အံ့အားသင့်သွားပြီး သူမ အမေဖြစ်သူ ဘက်သို့ ခေါင်းလှည့်ပြီး “အဘိုးက ဘာဖြစ်နေတာလဲ” ဟု
စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။
သူတို့
မနေ့ညက စကားကောင်းကောင်း ပြောခဲ့တာ မဟုတ်ဘူးလား။ တစ်ည ကုန်ဆုံးပြီးနောက် သူက ဘာဖြစ်လို့
စိတ်ဆိုးနေရတာလဲ။
ချိန်ရှုချင်က
သူမကို ပြစ်တင် ရှုတ်ချဟန်ကြည့်ပြီး သက်ပြင်း ချလိုက်သည်။
“ဘာဖြစ်ရမှာလဲ၊ နင့်ကြောင့် ဖြစ်နေတာ မဟုတ်ဘူးလား”
“သမီးကြောင့်လား”
ချိန်ရှုချင်သည်
သူမ သမီးဖြစ်သူကို မျက်စောင်းထိုး လိုက်သည်။
“ဟုတ်တယ်၊
နင့်ကြောင့်ပဲ။ နင့်ကို ဘယ်သူကများ သွမ်းသွမ်းကို ဟောက်မိသားစုက ကောင်လေးဆီ ပေးခိုင်းခဲ့လို့လဲ။
အဲ့ဒီခွေးလေးကို နင့်အဘိုးက ဘယ်လောက်ချစ်လဲ ဆိုတာကို နင် မသိဘူးလား။ သူ အိမ်လာတဲ့ အချိန်တိုင်း
သူက သွမ်းသွမ်းနဲ့ အမြဲ လမ်းလျှောက် ထွက်တယ်လေ”
***