မင်းအကောင့်
အဟက်ခ်ခံရတာလား
ဖမ်ကျားကျစ်သည်
သူ့ညီမထံသို့ အကျိုးအကြောင်း မေးမြန်းသည့် မက်ဆေ့ချ် ပို့လိုက်သောအခါတွင် သူမသည် တိုက်ရိုက်
ထုတ်လွှင့်မှု အခန်းတွင် ရေတပ်နှင့် တိုက်ပွဲဝင်ရန် အလုပ်များနေပြီး သူ့ကို အာရုံစိုက်ရန်
အချိန်မရှိပေ။
ဖမ်ကျားကျစ်သည်
အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည် ဖြေကြားချက်ကို မရရှိခဲ့ပေ။ သူ့ဆရာက
သူ့ကို အတင်းလော လာခဲ့သဖြင့် သူ့ညီမဖြစ်သူထံ ဗီဒီယိုဖုန်း ခေါ်ဆိုမှုဖြင့် ဖုန်းလှမ်းခေါ်ခဲ့ကာ၊
နောက်ဆုံး၌ သူမရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ဖမ်ကျားကျစ်၏
ညီမဖြစ်သူသည် သူမအစ်ကိုဖြစ်သူက သူမအား တင်ဆက်သူ၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းလင့်ခ်အား
တောင်းသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ အကြံပြုချက်က အလုပ်ဖြစ်တယ်လို့ ယူဆမိသည်။ သူမသည်
တင်ဆက်သူ၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းလင့်ခ်ကို အစ်ကိုဖြစ်သူအား ပျော်ရွှင်စွာ
မျှဝေပေးခဲ့သည်။
စကားမစပ်၊
သူမသည် စုယန်ယန်၏ ယခင် တိုက်ရိုက် ထုတ်လွှင့်မှု မှတ်တမ်း ဗီဒီယိုများကို ဖမ်ကျားကျစ်အား
ကူညီပေးရန် စိတ်အား ထက်သန်စွာဖြင့် ပေးပို့ပေးခဲ့သေးသည်။ ထိုဗီဒီယို မှတ်တမ်းများမှာ
အစောပိုင်းက ပေးပို့ခဲ့သော ဗီဒီယိုအတိုများလို မဟုတ်ပဲ ထုတ်လွှင့်မှု အစအဆုံး ပါဝင်သည့်
ပြီးပြည့်စုံသော ဗီဒီယိုမှတ်တမ်းများပင် ဖြစ်သည်။ ထိုအပိုင်းများ၏ နာမည်များကို ထိုတိုက်ရိုက်
ထုတ်လွှင့်မှုမှာ ချက်ပြုတ်ပြထားသည့် ဟင်းလျာတို့၏ နာမည်များကို တပ်ပေးထားသည်။
ဖမ်ကျားကျစ်သည်
ယိမူချောင်၊ ဂျင်ဆင်း၊ သစ်ကြံပိုးခေါက်နှင့် ကြာစေ့ စသဖြင့် တရုတ်ဆေးဖက်ဝင် အမည်များကို
တန်းစီ တွေ့လိုက်ရသည်။ မသိစိတ်အရ သူ့မျက်လုံးတွေ မှေးကျဉ်းသွားကာ ဒီဗီဒီယိုများအား
သူ့ဆရာဖြစ်သူထံ မျှဝေပေးခဲ့သည်။
သူ့ဆရာဖြစ်သူထံ
ပေးပို့ပြီးပြီးချင်မှာပင် သူ့ညီမလေး၏ အကူအညီ တောင်းခံမှုကို လက်ခံရရှိခဲ့သည်။
“အစ်ကို၊ အခု အားနေလားဟင်။ အစ်ကိုမှာ အချိန်အားနေတယ်
ဆိုရင် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းက လူအချို့ကို တိုက်ခိုက်ဖို့ ညီမလေးကို ကူညီပေးပါလား။
တင်ဆက်သူက အတိုက်ခိုက် ခံနေရတယ်၊ သေစမ်း၊ မုန်းစရာကောင်းတဲ့ ရေတပ်တစ်ဖွဲ့က ညီမလေးတို့ရဲ့
တင်ဆက်သူက နည်းနည်းလေး နာမည် ကျော်ကြားလာတာနဲ့ သူမကို အနိုင်ကျင့်ဖို့ လုပ်နေကြတယ်။
သူတို့တွေကြောင့် တင်ဆက်သူက သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု ချန်နယ်ကို ရပ်လိုက်မယ်ဆိုရင်
အဲဒီလူယုတ်မာတွေကို ငါ သေချာပေါက် ဓားနဲ့သွားထိုးပစ်မယ်”
ဘာ...
သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု ရပ်တန့် သွားနိုင်လောက်သည် အထိ သူမ တိုက်ခိုက် ခံရတာလား။
အဲ့လိုဖြစ်လို့ မရဘူး။ ဒီလို တန်ဖိုးကြီးတဲ့ တင်ဆက်သူကို ရှာတွေ့ဖို့ အရမ်းခက်ခဲတယ်။
အကယ်၍ ဒီလူတွေက သူမ တိုက်ရိုက် ထုတ်လွှင့်မှု မလုပ်ချင်တော့ လောက်သည့်အထိ ဆူပူကြိမ်းမောင်း
နေပါက၊ သူတို့ရဲ့ မကျေနပ်ချက်တွေကို မည်သူနဲ့များ မျှဝေနိုင်ပါ့မည်နည်း။
ဖမ်ကျားကျစ်သည်
ဒီသတင်းကြောင့် အလွန် စိတ်တိုသွားသည်။ သူက သူ့ညီမဖြစ်သူကို ကူညီဖို့ အကောင့်တစ်ခု ဖွင့်လိုက်ရုံ
သာမက သူ၏ပညာသင်ဖက် ညီအစ်ကို မောင်နှမများကိုလည်း တိုက်ပွဲဝင်ရန် ဆင့်ခေါ်ခဲ့သည်။
ယဲ့ချီလျန့်သည်
သူ့တပည့်က ပေးပို့လိုက်သည့် ဗီဒီယိုဖိုင် အတွဲလိုက်ကြောင့် ကောင်းကင်ဘုံသို့ တက်လုနီးပါး
ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ဤကဲ့သို့ ရှာဖွေတွေ့ရှိမှုကြောင့် သူ စိတ်လွတ်ကိုယ်လွတ်
ဝမ်းသာခြင်း မပြုရသေးခင် သူသည် ဒီသတင်းကို ကြားသိခဲ့ရပြီး ဒေါသအကြီးအကျယ် ထွက်ရှိသွားခဲ့သည်။
ပါမောက္ခဟောင်းသည်
သုတေသန ဓာတ်ခွဲခန်းတွင်သာ သူ့အချိန် အများစုကို ကုန်ဆုံးတတ်သူ ဖြစ်သည်။ သူ၏ အင်တာနက်ပေါ်ရှိ
အကောင့်၌ ပျင်းစရာကောင်းသော ပညာရေးဆိုင်ရာ အစီရင်ခံစားများနှင့် ကျောင်းသား ပရောဂျက်များကို
တင်လေ့ရှိသည်။ သို့သော် ယနေ့တွင် ဝမ်ချီလျန့်သည် သူ အသုံးမပြုသည်မှာ ကြာမြင့်ပြီဖြစ်သော
သူ၏ တရားဝင် အကောင့်သို့ ဝင်ရောက်ကာ ဝမ်ကျင့်ဖျင်ကို ဝေဖန်သည့် ပို့စ်တစ်ခု တင်ခဲ့သည်။
ဒီပြဿနာက
မူလအစတုန်းက ပလက်ဖောင်း အတွင်းရှိ တင်ဆက်သည့် ကဏ္ဍတူ တင်ဆင်သူများ အကြားရှိ ငြင်းခုန်မှုမျှသာ
ဖြစ်သည်။ သို့သော် သြဇာအာဏာ ကြီးမားသော ပညာရှင်တစ်ဦးက ရုတ်တရတ် ဝင်ရောက် လာပြီးနောက်
အခြေအနေသည် ဝမ်ကျင့်ဖျင်၏ ထိန်းချုပ်မှုထက် ကျော်လွန် သွားခဲ့သည်။
စုယန်ယန်သည်
စနစ်မှ တစ်ဆင့် ဇာတ်လမ်း အကြောင်းအရာ တစ်ခုလုံးကို လေ့လာသိရှိခဲ့ပြီး၊ သူမနှင့် တစ်ခါမှ
မတွေ့ဆုံဖူးသော ထိုလူအိုကြီးကို အနည်းငယ် ရင်းနှီးကျွမ်းဝင် သွားသလို ခံစားလိုက်ရသည်။
သူသည် တရုတ်ဆေးဖက်ဝင် အပင်အချို့ကြောင့် သူမဘက်မှ ရပ်တည်ကာ ဒီကမ္ဘာ၏ ဇာတ်လိုက်ကို ဆန့်ကျင်ခဲ့သည်။
ထို့နောက်
ချက်ချင်း ဆိုသလိုပင် သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းတွင် ရင်းနှီး ကျွမ်းဝင်နေသော
အထူးသီးသန့် ပြုလုပ်ချက်များ ပြည့်နှက် သွားသည်ကို မြင်လိုက်ရပြီး ဆုလက်ဆောင် သတိပေးချက်များ
ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
[ဂုဏ်ယူပါတယ်၊
တင်ဆက်သူ (ယန်ယန်)၊ သင်ရဲ့ သစ္စာရှိ ပရိသတ် (တောင်တန်းပေါ်က ပိုးစာပင်)ထံမှ ဇိမ်ခံအိမ်ကြီး
အလုံး 100 ကို လက်ဆောင်အဖြစ် လက်ခံရရှိခဲ့ပါတယ်။]
[ဂုဏ်ယူပါတယ်၊
တင်ဆက်သူ (ယန်ယန်)၊ သင်ရဲ့ သစ္စာရှိ ပရိသတ် (တောင်တန်းပေါ်ကပိုးစာပင်)ထံမှ နှင်းဆီပွင့်
9999 ပွင့်ကို လက်ဆောင်အဖြစ် လက်ခံရရှိခဲ့ပါတယ်။]
[ဂုဏ်ယူပါတယ်…]
[နောက်ဆုံးတော့
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း ကြီးကြပ်သူက ရေတပ် အကုန်လုံးကို ပိတ်ပင်ပြီးတော့ တင်ဆက်သူကို
နှစ်သိမ့်ပေးဖို့ ဆုလက်ဆောင်တွေနဲ့ ပြန်ရောက် လာပြီလား။ အာ၊ ဒီနေ့က တင်ဆက်သူနဲ့ တိုက်ရိုက်
ထုတ်လွှင့်မှုအခန်း ကြီးကြပ်သူတို့ကြားက လှပတဲ့ ချစ်ခြင်းမေတ္တာကြောင့် ငိုရတဲ့နေ့လည်း
ဖြစ်ပါတယ်။]
[အာ...
အပေါ်ထပ်က လူရေ ဘာမှမပြောပဲနေတာ ပိုကောင်းလိမ့်မယ်။ တကယ်တော့ တင်ဆက်သူက လက်ထပ်ပြီးသားပါ။]
[သူမက
လက်ထပ်ပြီးသား ဆိုရင်တောင် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းကြီးကြပ်သူက တင်ဆက်သူကို
အများကြီး ဂရုစိုက် ချစ်ပေးလို့ ရနိုင်ပါသေးတယ်။ ဒါက အချစ်စစ်ပဲ ဖြစ်ရမယ်။]
အထူး
အကျိုးသက်ရောက်မှုများ ပေါ်ထွက် လာသည်နှင့် တစ်ပြိုင်နက် အာဏာရှင် အကြောင်းကို အလွန်အကျူး
ချီးကျုးပြောဆိုသည့် စကားများတွေ အများအပြား ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင်
စုယန်ယန် အတွက် မျက်နှာပြင်ပေါ်တွင် အချိန်နှင့် တစ်ပြေးညီ ပေါ်လာသည့် မှတ်ချက်များထဲတွင်
အခန်းကြီးကြပ်သူမှ ပေးပို့လာသော မက်ဆေ့ချ်က သူမအတွက် ဆွဲဆောင်မှု အရှိဆုံးပင် ဖြစ်သည်။
[ယန်ယန်၊
အဲဒီ ကီးဘုတ် ဖိုက်တာတွေကြောင့် နင် စိတ်မဆိုးနဲ့တော့နော်။ ငါ့နှလုံးသားထဲမှာ နင်က
အမြဲတမ်း အကောင်းဆုံးပဲ။ ငါ နင့်ကို ပွေ့ဖက်ပြီး မြင့်မြင့် မြှောက်ပေးမယ်~]
စုယန်ယန်
“???” အချစ်ရေ၊ ရှင် ဗိုင်းရပ်စ် ကူးစက်ခံရတာလား၊ ဒါမှမဟုတ် ရှင့်အကောင့် အဟက်ခ် ခံလိုက်ရတာလား။
***