အပိုင်း ၁၄၇
Viewers 1k

 

အခန်း (၁၄၇)

နောက်ထပ် အာဏာရှင်တွေရှိသေးတာလား

 

တောင်တန်းပေါ်က ပိုးစာပင်ရဲ့ မက်ဆေ့ချ်က စုယန်ယန်ကို ရှော့ခ်ရသွားစေရုံ သာမက တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ အခြား ကြည့်ရှုသူတွေလည်း ထိတ်လန့် သွားစေခဲ့ပါသည်။

 

ယင်းမတိုင်မီက သတိပြုချင်စရာ ကောင်းလောက်အောင် နာမည်ကျော် ချန်ပီယံ ဒယ်ဒီသည် ရေတပ်များကို ပိတ်ပင်ပြီးချိန်တိုင်း သတိပေးသည့် မက်ဆေ့ချ် တစ်ခုကိုသာ ချန်ထားတတ်သည်။ အခြား အချိန်များတွင်မူ သူက ဆုလက်ဆောင်ပဲ ပေးတတ်ကာ မက်ဆေ့ချ် တစ်စောင်မျှ ချန်မထားတတ်ပေ။

 

လူတော်တော်များများက သူ့ကို အေးစက်သော အစ်ကိုကြီး (သို့မဟုတ် အစ်မကြီး) လို့သာ မှတ်ယူထားကြပြီး ယခုအချိန်တွင်မူ သူတို့ မှတ်ယူထားသော အေးစက်သည့် ပုဂ္ဂိုလ်သည် ချစ်စရာ ကောင်းသည့် ဟန်ပန်ပြုလုပ်နေပြီး တင်ဆက်သူအတွက် အလွန်အကျူး‌ မြှောက်ပင့်နေဟန် ချီးကျူးစကားတွေ ပစ်လွှတ်နေခဲ့သည်။

 

သူတို့က သူ့ကို အမြဲတမ်း အထင်လွဲနေတာ ဖြစ်နိုင်ပါ့မလား။ နာမည်ကျော် ချန်ပီယံ ဒယ်ဒီသည် တကယ်တမ်းတော့ ချစ်စရာကောင်းသော မိန်းကလေး တစ်ယောက်ဖြစ်ပြီး အေးစက်သည့် အစ်ကိုကြီး (သို့မဟုတ်) အစ်မကြီး မဖြစ်နိုင်ဘူးလား။

 

ရုတ်တရက် တောင်တန်းပေါ်က ပိုးစာပင်ရဲ့ ချစ်စရာကောင်းသည့် အပြုအမူလေးတွေ ရောင်းချလိုက်သည့် ဖြစ်ရပ်ကြောင့် ဖန်သားပြင်ပေါ်တွင် အချိန်နှင့် တစ်ပြေးညီ မှတ်ချက်များ ခေတ္တခဏမျှ ရှင်းလင်းသွားခဲ့သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် မှတ်ချက်တစ်ခု ပေါ်ထွက်လာသည်။

 

[ဒါဆို၊ တင်ဆက်သူမှာ သကြားမေမေ ရှိတာလား။ (Smug dog meme) (smug dog meme)]

 

အနီးပတ်ဝန်းကျင်ရှိ ပရိသတ်တွေ, “….”

 

စုယန်ယန်လည်း ရုတ်တရတ် အသိပြန်ဝင်လာပြီး အပြုံးတစ်ပွင့်ကို ညှစ်ထုတ်ပြုံးရန် ကြိုးစားလိုက်သည်။

 

“နှစ်သိမ့်ပေးလို့ ကျေးဇူးပါ၊ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းကြီးကြပ်သူရေ၊ ကျွန်မ အဆင်ပြေပါတယ်။ သူတို့ ကျွန်မကို စိတ်ဆိုးဒေါသ ထွက်စေချင်မှန်း ကျွန်မ သိပါတယ်။ အဲ့တာကြောင့် သူတို့ ဖြစ်စေချင်သလိုမျိုး ကျွန်မ လဲပြိုကျပြီး ဒေါသထွက်နေရင် ကျွန်မပဲ ပင်ပန်းဆင်းရဲ နေရလိမ့်မယ်။ တစ်ယောက်ယောက်က ဒေါသ ထွက်စေချင်ရင် အဲ့တာက သူတို့ပဲ ဒေါသထွက်သင့်တယ်။ သူတို့ရဲ့ အကောင့်တွေ အများကြီး ပိတ်ပင် ခံလိုက်ရလို့ သူတို့ ပိုက်ဆံတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားမလဲတောင် မသိတော့ဘူး”

 

သူတို့၏ အကောင့် တော်တော်များများကို ပိတ်ပင် ခံလိုက်ရသည့် ရေတပ်များ “...” သူတို့ အရမ်း ဒေါသထွက်နေခဲ့ကြသည်။

 

တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ စကားသံကို ကြားလိုက်ရသော အခါဝယ် သူ့နှုတ်ခမ်းတွေဟာ ပြုံးရယ်ဟန် ကွေးညွှတ် သွားခဲ့သည်။ သူက ယုကျစ်ယန်ကို နောက်ထပ် အမိန့်တစ်ခု ပေးလိုက်သည်။

 

ဟောက်ချန်ဟွမ်းက ရေတပ်၏ နောက်ကွယ်က ကုမ္ပဏီအားလုံးကို ရှေ့နေ အကြောင်းကြားစာ ပေးဖို့ ယုကျစ်ယန်အား အမိန့်ပေးလိုက်သည်။ သူတို့က မစော်ကားသင့်သော တစ်စုံတစ်ယောက်ကို စော်ကားမိကြောင်း သိရှိဖို့ လိုအပ်သည်။

 

 

“တိုက်ရိုက် ထုတ်လွှင့်မှု အခန်းကြီးကြပ်သူလား” တစ်နှစ်ပတ်လုံး အခန်းတံခါး ပိတ်ပြီး သုတေသန လုပ်နေသည့် လူအိုကြီး ယဲ့ချီလျန့်သည် အခုခေတ် လူငယ်တို့၏ အလေ့အထ အကြောင်းကို သိပ်မသိပါဘူး။

 

ဖမ်ကျားကျစ်သည် ရုံးခန်းသို့ အလောတကြီး ဆင့်ခေါ် ခံလိုက်ရပြီး သူ့ဆရာ နှင့်အတူ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေစဉ်တွင် ဆရာဖြစ်သူအား ရှင်းပြရန် ကြိုးစားခဲ့ရသည်။

 

“အမ်... တင်ဆက်သူကို လက်ဆောင် ပေးဖူးတဲ့သူ...”

 

“လက်ဆောင်လား”

 

“အဲ့တာက ဘာလဲ”

 

 ဖမ်ကျားကျစ်သည် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းအောက်ရှိ လက်ဆောင်တွေကို ဖွင့်ပြခဲ့ပြီး သူ့ဆရာဖြစ်သူအား နားလည်ရန် ရှင်းပြခဲ့သည်။

 

 “ဒါက ဆုလက်ဆောင်ပဲ။ အဲ့တာကို ဝယ်ယူဖို့ ပိုက်ဆံလိုတယ်။ ဆုလက်ဆောင် ပိုကောင်းလေ၊ စျေးကြီးလေပဲ။ တင်ဆက်သူကို ဆုလက်ဆောင်တွေ ပေးအပ်တဲ့ အခါကျရင် အဲ့ဆုလက်ဆောင်ရဲ့ တန်ဖိုးကို တင်ဆက်သူနဲ့ ပလက်ဖောင်းတို့က အချိုးကျ ခွဲဝေရရှိလိမ့်မယ်။ တင်ဆက်သူအတွက် ပိုက်ဆံသုံးဖို့ ဆန္ဒရှိသူတွေနဲ့ တင်ဆက်သူရဲ့ ကြိုးစားမှုကို တန်ဖိုးထား လေးစားသူတွေက ဆုလက်ဆောင်တွေ ပေးအပ်ကြတယ်”

 

ယဲ့ချီလျန့်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။

 

“ဒါဆို ငါ လက်ဆောင် များများ‌ပေးရင် သူမ ငါ့မေးခွန်းတွေကို ဖြေပြီး အဲ့ဒီ တရုတ်ဆေးဖက်ဝင် အပင်တွေကို ပြသဖို့ သဘောတူမှာလား”

 

ဒါကိုတော့ ဖမ်ကျားကျစ်လည်း မသေချာသည့်အတွက် ဝေဝေဝါးဝါး အဖြေတစ်ခုသာ ပေးလိုက်မိသည်။

 

“အဲ့လို ဖြစ်နိုင်မှာပေါ့။ ယေဘုယျအားဖြင့် ဆရာ ပေးအပ်တဲ့ ဆုလက်ဆောင်တွေက လုံလောက်တဲ့ ပမာဏမှာ ရှိပြီး တောင်းဆိုချက်တွေက အရမ်းကြီး မများသရွေ့တော့ တင်ဆက်သူတွေက ပရိသတ်ကို စိတ်ကျေနပ်စေဖို့ လုပ်ပေးပါလိမ့်မယ်။ ဆရာ စမ်းကြည့်ချင်လား”

 

“အင်း၊ ငါ စမ်းကြည့်ချင်တယ်”

 

ယဲ့ချီလျန့်သည် စိတ်အား ထက်သန်ပြီး ပြတ်သားသော သူတစ်ယောက် ဖြစ်သည်။ ဖမ်ကျားကျစ်၏ အကူအညီဖြင့် စုယန်ယန်အတွက် ဇိမ်ခံအိမ်ကြီး အနည်းငယ်ကို ကျဲချလိုက်သည်။

 

[??? ဘာလဲ၊ နောက်ထပ် အာဏာရှင် ‌ရောက်လာပြန်တာလား။]

 

[တင်ဆက်သူက အာဏာရှင်တွေကို ဆွဲဆောင်နိုင်သည့် သံလိုက်နေရာကနေ သရုပ်ဆောင် နေတာလား။ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းမှ ပရိသတ်တွေက သူတို့ ဘယ်လောက် ချမ်းသာ ကြွယ်ဝကြောင်း ပြသဖို့ လုပ်နေတာလား။ သနားစရာ ငါလေး၊ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ အာဏာရှင်တွေက ငါနဲ့ အဆင့်တူ မဟုတ်ဘူးလို့ ခံစားရတယ်။]

 

[ငါ အာဏာရှင် သူဌေးကြီးတွေကို အရမ်း မနာလိုဖြစ်နေပါတယ်။ ငါလည်း တင်ဆက်သူကို ဂရုစိုက်ချင်တယ်လေ။ QAQ!]

 

စုယန်ယန်သည် ဆုလက်ဆောင်များ ပေးပို့လာသည့် သတိပေးချက်ကို ကြားလိုက် ရသောအခါ သူမ ခေါင်းကိုမော့ပြီး တစ်ချက် ကြည့်လိုက်သည်။ လက်ဆောင် ပေးပို့သူအား ကျေးဇူးတင်ကြောင်း ပြောတော့မည့် အချိန်တွင် ပရိသတ်တွေထဲက အာဏာရှင် အသစ်ထံမှ မက်ဆေ့ချ် တစ်‌စောင်ကို တွေ့လိုက်ရသည်။

 

 

[မင်္ဂလာပါ တင်ဆက်သူ၊ ကျွန်တော်က တက္ကသိုလ်အေမှ ဆေးဝါးဌာနမှုး ယဲ့ချီလျန့်ပါ။ မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ အသုံးပြုတဲ့ တရုတ်ဆေးဖက်ဝင် အပင်တွေ အားလုံးမှာ ရောဂါဝေဒနာကို ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိလားလို့ ကျွန်တော် မေးချင်လို့ပါ။]

***