အမာခံပရိသတ်
တစ်ယောက်နဲ့ ဆုံတွေ့ခြင်း
စုယန်ယန်သည်
သူမ၏ သေးငယ်လှသော စေတနာလေးတွေက ပလတ်စတစ်လို ညီအစ်ကိုတွေအဖြစ် ထပ်မံ မြင်တွေ့ခဲ့ရကြောင်းကို
နည်းနည်းလေးမှ မသိခဲ့ပေ။ သူမသည် ဟောက်ချန်ဟွမ်း၏ ဘီးတပ် ကုလားထိုင်ကို တွန်း၍ နျဉ်ချီလွေ့၏
အခန်းထဲသို့ ဝင်လာစဉ်တွင် နျဉ်စစ်ယွမ်အပြင် အခြား တစ်ယောက်ကိုပါ တွေ့လိုက်ရတော့ သူမ
အံ့အားသင့် သွားခဲ့သည်။
“ဒါက...”
စုယန်ယန်က မျက်မှောင်ကြုတ် သွားခဲ့သည်။ သိသာ ထင်ရှားသည်မှာ သူမ စိတ်မကျေမနပ် ဖြစ်နေတာပင်။
သူမ
မလာခင်မှာ နျဉ်ညီအစ်ကိုတွေနဲ့ သူမ လာရောက်မယ့် အချိန်ကို ပြန်အတည်ပြုခဲ့သည်။ ဒီပုဂ္ဂိုလ်က
အခုအချိန်အထိ အခန်းထဲမှာ ရှိနေသေးသည့် အတွက် ဒီပုဂ္ဂိုလ်က နျဉ်ညီအစ်ကိုတွေရဲ့ သဘောတူညီချက်ကို
ရရှိခဲ့သည်မှာ သိသာ ထင်ရှားပါသည်။
နျဉ်ချီလွေ့၏
နာမကျန်းမှုအား အပြင်လူကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခဲ့သည့် နျဉ်ညီအစ်ကိုတွေရဲ့
လုပ်ရပ်က စုယန်ယန်ကို စိတ်ပျက် သွားစေသည်။
စုယန်ယန်
တွေးနေတာကို မြင်လိုက်ရသလိုပဲ ယန်ကျင်းယို့က အသေခံ ပရိသတ်လို စုယန်ယန်၏ လက်ကို အတင်းဆွဲကိုင်ပြီး
နှုတ်ဆက်ချင်ခဲ့သည်။
စုယန်ယန်သည်
အထိတ်တလန့်ဖြင့် နောက်သို့ ခုန်ဆုတ်သွားကာ ဟောက်ချန်ဟွမ်းက သူမကို စက္ကန့်ပိုင်း အတွင်းမှာပင်
သူ့နောက်ကျောသို့ ပို့ဆောင်လိုက်ပြီး သူ၏ ဓားတစ်လက်ကဲ့သို့ စူးရှနေသော အကြည့်တွေဖြင့်
ယန်ကျင်းယို့ကို စိုက်ကြည့်လိုက်သည်။
“မင်း
ဘာလုပ်လိုက်တာလဲ”
အာဏာရှိ
ပုဂ္ဂိုလ်များစွာနှင့် တွေ့ဆုံရာတွင်ပင် မိမိကိုယ်ကို ယုံကြည်မှု ပြည့်ဝနေခဲ့သော ယန်ကျင်းယို့သည်
ဟောက်ချန်ဟွမ်း၏ အကြည့်စူးစူးများနှင့် ရင်ဆိုင်တွေ့ကြုံ ရသောအခါဝယ် မတုန်လှုပ်ပဲ မနေနိုင်ခဲ့ပါ။
ယန်ကျင်းယို့သည်
စုယန်ယန်၏ သတိထားသော အကြည့်တွေကို မြင်လိုက် ရသောအခါတွင် သူ အလျင်စလို ပြုမူမိတာကို
သတိပြုမိခဲ့ပြီး ခြောက်ကပ်ကပ် ရယ်မော လိုက်မိသည်။
“တောင်းပန်ပါတယ်၊
ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် အမှား လုပ်မိသွားတယ်။ ကျွန်တော်က
ယန်ကျင်းယို့ပါ။ ချီလွေ့ရဲ့ သူငယ်ချင်းကောင်းပါ။ ချီလွေ့ နာမကျန်း ဖြစ်နေတာကို သိလိုက်ရတော့
ကျွန်တော် အရမ်း စိုးရိမ်နေခဲ့ပြီး အစပိုင်းမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့တယ်၊ ဒါ့ကြောင့်
စုမိန်းကလေးမှာ သူ့ကို ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိတယ် ဆိုတာကို သိလိုက်ရတော့ ကျွန်တော်
အရမ်းစိတ်လှုပ်ရှား သွားခဲ့လို့ပါ။ မင်းကို အနှောင့်အယှက်ပေးသလို ဖြစ်သွားစေခဲ့ရင်
ကျွန်တော် တောင်းပန်ပါတယ်၊ စုမိန်းကလေး... ကျွန်တော် အနှောင့်အယှက်ပေးတာ မဟုတ်ပါဘူး။
ကျွန်တော် တကယ့်ကို အနှောင့်အယှက်ပြုတာ မဟုတ်ရပါဘူး”
ယန်ကျင်းယို့သည်
ဤသို့ ပြောပြီးနောက် သူက အနှောင့်အယှက်ပေးဖို့ ရည်ရွယ်လိုခြင်း မရှိကြောင်း ပြသသည့်အနေဖြင့်
နောက်သို့ ခြေလှမ်းများစွာ ပြန်ဆုတ်ခဲ့သည်။
နျဉ်စစ်ယွမ်သည်
အခြေအနေတွေက ဘယ်လောက်တောင် ကိုးရိုးကားရား နိုင်နေလဲ ဆိုတာကို မြင်လိုက် ရသောကြောင့်
သူက အလယ်မှ ကြားဝင် ဖျန်ဖြေသူ အနေဖြင့် စကားဆိုခဲ့သည်။
“ကျင်းယို့က
ကျွန်တော်တို့နဲ့ အတူကြီးပြင်း လာခဲ့တာပြီး အရမ်း ရင်းနှီးကြတယ်။ သူက ချီလွေ့ တော်တော်လေးကို
နာမကျန်း ဖြစ်နေတာကို ကြားသိပြီးတော့ အရမ်း စိုးရိမ်ပူပန် နေခဲ့လို့ မင်းက ကုသပေးနိုင်တယ်
ဆိုတော့ မင်းကို တွေ့တွေ့ချင်း စိတ်အား ထက်သန်သလို ဖြစ်သွားခဲ့တာပါ။ ဒါက ကျွန်တော်တို့ရဲ့
အမှားပါ။ ဒါက စုမိန်းကလေးကို စိတ်မသက်မသာ ဖြစ်စေခဲ့ရင် ကျွန်တော်တို့ သူ့ကို နောက်တစ်ခါ
လာဖို့ ခွင့်မပြုတော့ပါဘူး”
နျဉ်စစ်ယွမ်က
အကျိုးအကြောင်းကို သေသေချာချာ ရှင်းပြခဲ့ပြီး လျှို့ဝှက်ချက်တွေ ကိုတောင် မျှဝေနိုင်သည့်
ညီအစ်ကို အရင်းအချာတွေလို လူမျိုး ဖြစ်နေတာကို နားလည် သဘောပေါက် သွားခဲ့သည့်အတွက် စုယန်ယန်က
သူတို့နဲ့ တွယ်ကပ် ပြောဆိုဖို့ စိတ်ကူး မရှိတော့ဘူး။
“ရပါတယ်၊
နောက်တစ်ခါ ဒီလိုမျိုး ရှိခဲ့ရင်တော့ ဥက္ကဌနျဉ်က ကျွန်မကို ကြိုတင် အကြောင်းကြားပေးဖို့
မျှော်လင့်ပါတယ်၊ အဲ့တာမှ ကျွန်မလည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်လို့ ရမှာပါ”
“ကောင်းပါပြီ၊
ကောင်းပါပြီ” စုယန်ယန် မျှော်လင့်ထားသလိုပဲ သူမ ဆေးရုံကနေ ပြန်သွားသည်နှင့် နျဉ်စစ်ယွမ်သည်
နျဉ်ချီလွေ့၏ ခန္ဓာကိုယ် တစ်ခုလုံးကို စေ့စေ့စပ်စပ် ဆေးစစ်ခဲ့သည့် အပြင် သူမ ပေးပို့လာသော
ဆေးဖက်ဝင် ဟင်းလျာများကို စားသုံးပြီးနောက် နောက်တစ်ကြိမ် ထပ်စစ်ခဲ့ပြန်သည်။
ကုသမှု၏
ကနဦး အာနိသင်မှာ အနည်းငယ် သိပ်မသိသာခဲ့ သော်လည်း ဆေးဖက်ဝင် ဟင်းလျာ အချို့ကို စားသုံးပြီးနောက်
နျဉ်ချီလွေ့ရဲ့ အခြေအနေမှာ အနည်းငယ် တိုးတက်လာခဲ့သည်။
သေးငယ်သော
ရလဒ်လေးတွေက နျဉ်စစ်ယွမ်၏ မျှော်လင့်ချက်နှင့် မကိုက်ညီ သေးသော်လည်း ဆေးရုံမှ ဆရာဝန်တွေ
အတွက်မူ ဤကဲ့သို့သော ရလဒ်များကို အချိန်တိုအတွင်း တွေ့မြင်ခဲ့သည်မှာ အံ့သြစရာ ဖြစ်သည်။
နျဉ်စစ်ယွမ်သည်
ဆေးပညာကို လေ့လာ သင်ကြားခဲ့ဖူးခြင်း အလျဉ်း မရှိခဲ့သော်လည်း ဆရာဝန်များ၏ တုံ့ပြန်မှုကို
အခြေခံပြီး စုယန်ယန်က သူ့ကို လိမ်လည် လှည့်စားခဲ့တာ မဟုတ်ကြောင်းကို သေချာ သွားခဲ့ကြောင့်
စုယန်ယန်အပေါ် သူ့သဘောထားမှာ တိုးတက ကောင်းမွန်လာခဲ့ပြီး အရင်ကထက် စိတ်ရင်းမှန် လာခဲ့သည်။
သူ
ပြောလိုက်သည့် စကားကို ကြားပြီးနောက် စုယန်ယန်၏ မျက်နှာ အမူအရာသည် အနည်းငယ် လျော့ပါး
သွားခဲ့သဖြင့် စိတ်သက်သာရာ ရသွားခဲ့ကာ သူက စကားခေါင်းစဉ် ပြောင်းလိုက်သည်။
“စုမိန်းကလေး၊
ဒါက...”
“သူက
ဟောက်ချန်ဟွမ်း၊ ကျွန်မရဲ့ သတို့သားလောင်းပါ”
စုယန်ယန်က
ဤသို့ ပြောလိုက်သည်နှင့် နျဉ်စစ်ယမ်နှင့် ယန်ကျင်းယို့တို့သည် တစ်ယောက်ကို တစ်ယောက်
အဓိပ္ပါယ် အပြည့်ပါသော အကြည့်တွေဖြင့် ကြည့်လိုက်မိကာ အံ့အားသင့် နေသော ဟန်များ ပါဝင်နေခဲ့သည်။
သူတို့က
ဟောက်ချန်ဟွမ်းကို ကြားဖူးခဲ့သော်လည်း ဒီနေရာမျိုးမှာ သူနှင့် တွေ့ဆုံ ရလိမ့်မယ်လို့
မမျှော်လင့်ထားခဲ့ပေ။
ဒီလူက
စုယန်ယန်ကို ဘယ်လောက်တောင် အကာအကွယ်ပေးလဲ ဆိုတာကို မြင်ရပြီးနောက် သူတို့ ကြားနေရသော
ကောလာဟလများသည် သွားပုပ်လေလွင့် ပြောဆိုနေသော စကားများ ဖြစ်ကြောင်း နားလည် သဘောပေါက်
သွားခဲ့သည်။
“ဥက္ကဌဟောက်ကို
ကျွန်တော် သိပါတယ်။ ဥက္ကဌဟောက်နဲ့ စုမိန်းကလေးတို့ရဲ့ သတင်းကောင်းကို ကျွန်တော် ရေးတေးတေး
ကြားခဲ့ရတယ်။ ဒါ့ကြောင့် ဥက္ကဌဟောက်က စုမိန်းကလေးနဲ့ ဒီနေ့ အတူ လာခဲ့ကြတာလား။ ခင်ဗျားတို့
နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်း ကောင်းတယ်လို့ ကျွန်တော်ထင်တယ်”