အပိုင်း ၁၉၂
Viewers 896

အခန်း (၁၉၂)

အံ့သြဖွယ်ကောင်းတဲ့ အကျိုးသက်ရောက်မှုများ

 

[ဝိုး... အဲ့တာက ဆံပင်ကျွတ်တာကို တကယ် ကုသပေးနိုင်တာလား။ ကျေးဇူးပြုပြီး ဆံပင်ကျွတ် အဖွဲ့ဝင်တွေကို ကယ်တင်ပေးပါ။]

 

[ဒီတိုက်ရိုက် ထုတ်လွှင့်မှု အခန်းကို ကြည့်ရှုရတာ အချည်းနှီး မဖြစ်ခဲ့ဘူးပဲ။ နောက်ဆုံးတော့ ဆံပင်ကျွတ် အဖွဲ့ဝင်တွေ အလှည့်ကို ရောက်ရှိလာခဲ့ပြီ။ ကျေးဇူးပြုပြီး ဒီဆေးစွပ်ပြုတ်ကို ကံထူးနိုင်ပါစေလို့ နတ်ဘုရားမထံသို့ ဆုတောင်းပါတယ်။]

 

[အပေါ်ထပ်က လူရေ၊ မင်း တစ်ခုခုကို မေ့နေတာလား။ အဲ့တာက အရင် တိုက်ရိုက် ထုတ်လွှင့်မှုတုန်းက ကံထူးရှင်အတွက် သီးသန့် ချက်ပြုတ် ပြင်ဆင်ပေးတဲ့ ဟင်းလျာပါ။ အဟင့်... အဟင့်... ငါ နာကျင်စွာ ငိုနေပါပြီ။]

 

[... ဒါဆိုရင်၊ အရင် တိုက်ရိုက် ထုတ်လွှင့်မှုတုန်းက ကံထူးသွားတဲ့ ကံထူးရှင်က ထိပ်ပြောင် နေတယ်လို့ ငါ ကောက်ချက် ချနိုင်မလား။]

 

[မူလတန်းလေး၊ ဟွားတျန့်ကို နင်တွေ့တာလား။]

 

[ထိပ်ပြောင်တာက ဘာမှားလို့လဲ။ ထိပ်ပြောင်တာနဲ့ လူအခွင့်အရေး မရတော့ဘူးလား။ အသက် မွေးဝမ်းကြောင်းကြောင့်သာ မဟုတ်ရင် ဘယ်သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်ချင်မှာလဲ။ ထိပ်ပြောင်တဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ အရမ်းခက်ခဲတယ်။ QAQ]

 

ဆံပင်ကျွတ် အဖွဲ့ဝင်တွေဟာ ဖန်သားပြင်ပေါ်တွင် သူတို့ ဝမ်းနည်း ပူဆွေးနေတာကို စုယန်ယန် မြင်လျှင် သနားနိုင်မလားလို့ မေးမြန်းနေကြသည်။

 

 

သူမသည် ဆေးဖက်ဝင် အပင်များကို မြန်မြန်ဆန်ဆန် မဖြန့်ချိနိုင်ဘူး ဆိုရင်တောင်မှ သူတို့ကို မျှော်လင့်ချက် တစ်ခုလောက် ပေးအပ်ရန် နောက်ထပ် ကံထူးရှင် အချို့ကို သူမ ထပ်ရွေးချယ် နိုင်သည်။

 

စုယန်ယန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ တွေးတော နေမိသော်လည်း သူမ ကူညီနိုင်စွမ်း မရှိတာ မဟုတ်ပေ။ အဆုံး၌ သူမလက်ဝယ် ဒီဆေးဖက်ဝင် ပါဝင် ပစ္စည်းအချို့ ရှိနေတုန်းပါပဲ။

 

သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုအခန်း ပရိသတ်တွေ တိုးပွားလာသည် နှင့်အမျှ သူမရဲ့ နှစ်သက်မှု ရမှတ်တွေကလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ လယ်ယာ ဧရိယာ ကျယ်ပြန့်လာရုံ သာမက မြေဆီလွှာ အရည်အသွေး သည်လည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်လာခဲ့သည်။

 

ရလဒ် အနေဖြင့် သူမ ထုတ်လုပ်သော ဆေးဖက်ဝင်အပင် ပါဝင် ပစ္စည်းများသည် သုတေသန အဖွဲ့အစည်းမှ စိုက်ပျိုးထားသည့် ဆေးဖက်ဝင် အပင်တွေ မဆိုထားနှင့် ယခင်က သူမ အသုံးပြုခဲ့သော ဆေးဖက်ဝင် အပင်များထက် အာနိသင် ပိုမို ကောင်းမွန်ကြောင်း သိရသည်။

 

 

ယခုအခါ သူမသည် ဆေးဖက်ဝင် ဟင်းလျာများတွင် ထည့်သွင်းသည့် ပမာဏကို သင့်လျော်သော အဆင့်သို့ လျှော့ချခဲ့သည်။ သုတေသန အဖွဲ့အစည်းနှင့် လိုက်လျောညီထွေမှု ဖြစ်စေရန်အတွက် တစ်ဦးတည်း ရောင်းချရန် မဖြစ်နိုင်သော်လည်း ပြင်ဆင်ပြီး ဆေးဖက်ဝင် ဟင်းလျာများကိုသာ ရောင်းချမည်ဆိုပါက...

 

စုယန်ယန်၏ အတွေးများသည် မျောလွင့် နေသော်လည်း သူမရဲ့ လက်တွေက ရပ်တန့်နေခြင်း မရှိပေ။

 

ရှို့ဝူကန်းဖျင် အသည်းဆေးပြားကို ပြုလုပ်ပြီး သောအခါ သူမသည် စွပ်ပြုတ်နှစ်မျိုး ဖြစ်သည့် ဝက်ပေါင်သား ကြာစေ့စွပ်ပြုတ်နဲ့ စမြိတ်သိုးကလေး ဂျင်းစွပ်ပြုတ်တို့ကို မီးအေးအေးဖြင့် ကျိုချက်ထားသည်။

 

စုယန်ယန်သည် ဒီစွပ်ပြုတ်နှစ်မျိုးကို ချက်ပြုတ်သည့် အခါမှာ မိတ်ဆက်စကား သိပ်မပြောခဲ့သည့် အတွက် ဟင်းချက်သည့် အခါမှာ ပါဝင်ပစ္စည်းများ အကြောင်းကို ရှင်းပြလေ့ရှိသည့် အလေ့အကျင့်ဖြင့် ကျင့်သားရနေသည့် ပရိသတ်တွေဟာ အဆင်မပြေ ဖြစ်ခဲ့ကြသည်။

 

သူတို့သည် ဒီစွပ်ပြုတ် နှစ်မျိုးရဲ့ အာနိသင်နှင့် ဒီစွပ်ပြုတ်တွေထဲမှာ သူမ အသုံးပြုထားခဲ့‌သော အမည်မသိ ပါဝင်ပစ္စည်းများ၏ အကျိုးသက်ရောက်မှု အကြောင်း သူမကို မေးမြန်းခဲ့ကြသည်။

 

စုယန်ယန်သည် သူတို့၏ မေးခွန်းတွေမှ မလွတ်မြောက် နိုင်သဖြင့် အနည်းငယ် ရှက်သွေး ဖြာသွားကာ ပြန်လည် ဖြေကြားပေးခဲ့သည်။

 

 “ဒါက ဝက်ပေါင်သား ကြာစေ့စွပ်ပြုတ်ပါ။ တို့ရဲ့ အရင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြာစေ့တွေ အကြောင်းကို ရှင်းပြခဲ့ဖူးပါတယ်။ ကြာစေ့တွေက အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ပေးပြီး သားဥအိမ်ကို အာဟာရ ဖြစ်စေတဲ့ အာနိသင် ရှိတယ်။ သူ့ကို ကျောက်ကပ်ကို အာဟာရ ဖြည့်တင်း ပေးနိုင်တဲ့ သစ်ကြားသီးနဲ့ တွဲဖက် ပေးထားတယ်။ သူတို့သုံးမျိုးကို အတူပေါင်းစပ် ချက်ပြုတ်လိုက်တဲ့ အခါမှာ အမျိုးသမီး ဟော်မုန်းဓာတ် ဟန်ချက်ညီမှုကို မြှင့်တင်ပေးပြီး... အဟမ်း... လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတယ်”

 

သူမ ထိုသို့ မိတ်ဆက် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဖန်သားပြင်ပေါ်မှ မှတ်ချက်တွေဟာ စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ် သွားပြီးနောက် ရုတ်တရက် ပေါက်ကွဲ သွားသလို ထွက်ပေါ်လာခဲ့သည်။

 

[ဘုရားရေ... အဲ့တာက ဟိုဟာနဲ့ သက်ရောက်မှု အတူတူပဲ မဟုတ်လား...။]

 

[အမိုက်စား တင်ဆက်သူရေ၊ နင် အွန်လိုင်းပေါ်မှာ ကားမောင်း နေတာလား။ ငါက ဆေးဖက်သိပ္ပံ တိုက်ရိုက် ထုတ်လွှင့်မှု သို့မဟုတ် တရုတ်ဆေးဖက်ဝင် ဟင်းလျာ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေတာပဲ။ နင်က ဘာဖြစ်လို့ ရုတ်တရက် ထောင့်ကွေ့ပြီး ကားကို စဖွင့်လိုက်တာလဲ။ တင်ဆက်သူရေ၊ နင်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကြီးကြပ်သူလို အဟက်ခ် ခံရတာလား။]

 

[ဟားဟား... ဟားဟား... ကြည့်ကြပါဦး၊ တင်ဆက်သူရဲ့ မျက်နှာ နီရဲနေတယ်။ ဒါက သူမရဲ့ ပထမဦးဆုံး အကြိမ် ကားမောင်းတာလို့ ထင်ရတယ်။ စိတ်လျော့ပါ... အဲ့လောက်ကြီး အလေးအနက် မထားနဲ့။]

 

[ကားမောင်းသူရေ၊ တံခါးလေး ဖွင့်ပါဦး။ ဒီကားက မူကြိုကို ရောက်မှာ မဟုတ်ဘူး။ ငါ ဆင်းချင်တယ်။]

 

[ဒီတံခါးကို အသေပိတ်ထားတယ်၊ ဘယ်သူ တစ်ဦးတစ်ယောက်မှ ကားထဲက ထွက်ခွင့်မရှိဘူး။ အဆုံးထိ အတူတူ သွားကြရအောင်၊ ဝူး.....]

 

[ပထမဆုံး အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုပြုပါ။ အဲ့တာကို နင် အလွန်အကျွံ လုပ်မိရင် ငါတို့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုအခန်း ဘလော့ခ် ခံရလိမ့်မယ်။]

 

စုယန်ယန်က သူမ ပရိသတ်တွေရဲ့ ဒီလို တုံ့ပြန်လိမ့်မယ်လို့ မျှော်လင့် ထားသောကြောင့် အစပိုင်းမှာ ယောင်ဝါးဝါး ဖြစ်‌အောင် ကြိုးစားခဲ့ပေမယ့် သူတို့က လွယ်လွယ်နဲ့ ချိတ်ဆက် မိသွားလိမ့်မယ်လို့ သူမ မမျှော်လင့် ထားခဲ့ဘူး။

 

 

သူမ၏ မျက်နှာမှာ ရှက်သွေးဖြာနေပြီး ပြန်လည် ဖြေကြားဖို့ အချိန်အတော် ယူခဲ့ရသည်။

 

 “အဲ့တာက နည်းနည်းလေး... အကျိုးသက်ရောက်မှု အနည်းငယ်ပါပဲ၊ နင်တို့ ထင်သလောက် မပြင်းထန်ဘူး”

***