အပိုင်း ၁၉၁
Viewers 868

အခန်း (၁၉၁)

ဆံပင်ကျွတ် အဖွဲ့ဝင်တွေအတွက် အကျိုးကျေးဇူးများ

 

အမေအဖြစ်သို့ အသစ်စက်စက် တံဆိပ်ကပ် ခံလိုက်ရတာနဲ့ ပတ်သက်ပြီး သူ့တွင် ဘာထင်မြင်ချက်မှ မရှိဘူး။ သူ အရဲစွန့်တပ်ဆင်ထားသည့် မျက်နှာဖုံးကို ဘယ်သူ့ကို ချွတ်ခွင့်မပြုနိုင်ဘူး။

 

ခဏအကြာမှာပင် စုယန်ယန်က သူ၏ ချို့ယွင်းချက်တွေကို ဖုံးကွယ်ရန် အလို့ငှာ ချောင်းခပ်ဖွဖွ ဆိုးရင်း ပြောလိုက်သည်။

 

 “ဒီနေ့ တို့ ဟင်းပွဲများများ ချက်စရာရှိလို့ တိုက်ရိုက် ထုတ်လွှင့်မှုကို နည်းနည်း စောလုပ် လိုက်ပါတယ်။ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာ တို့ကို စောင့်ဆိုင်းပြီး အားပေးနေတဲ့ အတွက် ကျေးဇူးပါ၊ ချစ်စရာလေးတို့ရေ။ အရင်တစ်ခါက တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း တရုတ်ဆေးဖက်ဝင် ဟင်းလျာ သီးသန့် ချက်ပြုတ် ပြင်ဆင်ပေးခြင်း ခံရမည့် ကံထူးရှင်တွေ အတွက် ဟင်းလျာတွေကို စတင်ပြင်ဆင် လိုက်ရအောင် - ရှို့ဝူးကန်းဖျင် အသည်းဆေးပြားကို အရင်ပြုလုပ်ကြမယ်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ ရှို့ဝူး၊ ဟွမ်ကျင့်...”

 

စုယန်ယန်၏ ပြောစကား မဆုံးခင်မှာပင် ဖန်သားပြင်ပေါ်မှာ မကျေနပ်ချက်များ ပြည့်လျှံ သွားခဲ့သည်။၊

 

[တင်ဆက်သူ၊ တင်ဆက်သူ၊ သုသေတန အဖွဲ့အစည်းက ကြော်ငြာချက်မှာ ပါဝင်တဲ့သူက နင် မဟုတ်လား။ အဲ့ဒီ တရုတ်ဆေးဖက်ဝင် အပင်တွေကို ဘယ်အချိန်လောက်မှာ တရားဝင် ရောင်းချနိုင်မလဲ။ ငါတို့ ဝယ်ယူဖို့ ပိုက်ဆံတွေ အကုန်လုံး အဆင်သင့် ပြင်ဆင် ထားပေမယ့် ဝယ်လို့ရမယ့် နေရာကိုတောင် ရှာမတွေ့ဘူး။ အဲ့တာက တရားမျှတ ပါရဲ့လား။]

 

 

[ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ အသက်တစ်သက်ကို ကယ်တင်ဖို့ အလျင်လို နေပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို အချိန်အတိအကျ ပြောပေးပါ။]

 

ဒီလူအုပ်စုဟာ ဒီကို မလာခင် သုတေသန အဖွဲ့အစည်းမှ စီမံခန့်ခွဲသူတွေကို အနှောင့်အယှက် ပေးခဲ့ပြီး သူတို့ကံစမ်းဖို့ စုယန်ယန်ဘက်ကို လာဖို့ကလွဲလို့ သူတို့မှာ ရွေးစရာလမ်း မရှိတော့ဘူး။

 

စုယန်ယန်က အနည်းငယ် မျက်မှောင်ကြုတ် သွားပြီး ခဏလောက် စဉ်းစားခဲ့သည်။

 

“အဲ့ဒီအရာတွေက အတော်လေး ရှားပါးတဲ့အတွက် သုတေသန အဖွဲ့အစည်းမှာ အရွယ်ရောက်ပြီး အပင်တွေ အများကြီး မရှိတာကြောင့် အများစုကို ဦးစားပေး စိုက်ပျိုးဖို့ အတွက် မျိုးစေ့တွေအဖြစ် အသုံးပြုဖို့ ချန်ထားရမှာ ဖြစ်သည့်အတွက် အများပြည်သူထံ ရောင်းချခြင်း ပြုနိုင်ဖို့ အချိန်အနည်းငယ် ကြာဦးမှာပါ”

 

“တချို့လူတွေရဲ့ ရောဂါ အခြေအနေက တကယ် နှောင့်နှေးလို့ မဖြစ်ဘူးလို့ ယူဆရရင် နာမကျန်း ဖြစ်နေတဲ့ လူနာတွေဟာ သူတို့ရဲ့ ဆေးမှတ်တမ်းတွေကို သုတေသန အဖွဲ့အစည်းသို့ တင်ပြပေးပို့ပြီး သုတေသန အဖွဲ့အစည်းရဲ့ စစ်ဆေးချက်ကို စောင့်ဆိုင်း နိုင်ပါတယ်။ သုတေသန အဖွဲ့အစည်းမှာ သူတို့ရဲ့ နာမကျန်းမှု ဝေဒနာများကို ကုသနိုင်တဲ့ ဆေးဖက်ဝင် အပင်တွေ ရှိနေရင် သူတို့ကို အရေးပေါ် အခြေအနေအတွက် ဦးစွာ ပေးအပ်ပါလိမ့်မယ်”

 

စိစစ်မှု ပြုလုပ်ရန်အတွက် မည်သည့် စံနှုန်းများကို အသုံးပြုပြီး မည်ကဲ့သို့ တိုင်းတာ စိစစ်မည်နှင့် ပတ်သက်၍ သုတေသန အဖွဲ့အစည်းမှာ သူတို့ရဲ့ ကိုယ်ပိုင်စံနှုန်းများ ရှိသည့်အတွက် စုယန်ယန်က ထိုကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်စရာ မလိုအပ်ပေ။

 

 

“သို့ပေမယ့်၊ နာမကျန်းမှုအပေါ် ဆေးဖက်ဝင် အပင်တွေရဲ့ အကျိုး သက်ရောက်မှုဟာ လူတစ်ဦးနှင့် တစ်ဦး ကွဲပြားခြားနားနိုင်ပြီး လူတိုင်းအတွက် မသင့်လျော်ကြောင်း ကြိုတင် ပြောကြား လိုပါတယ်။ ဒါ့ကြောင့် ဒီအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်မှု ပြုလုပ်ထားသင့်တယ်”

 

စုယန်ယန်က ဤကဲ့သို့ ပြောပြီးသည်နှင့် တိုက်ရိုက် ထုတ်လွှင့်တဲ့ အခန်းမှ ပရိသတ်များမှာ ဆူပွက် လာပြန်သည်။

 

သုတေသန အဖွဲ့အစည်းရဲ့ ကျေးဇူးကြောင့် သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ ပရိသတ်သည် ကြည့်ရှုသူ တစ်သန်းကျော် သွားခဲ့ပြီး အရေအတွက်ဟာ နှစ်သန်းအထိ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူမ၏ နှစ်သက်မှု ရမှတ်ကလည်း အဆက်မပြတ် တိုးလာခဲ့သည်။

 

ဒီနှုန်းနဲ့ဆို သူမသည် ဒီတိုက်ရိုက် ထုတ်လွှင့်မှု ပြီးဆုံးသွားသော အခါတွင် အဆင့်သုံးသို့ ချောမွေ့စွာ တက်ရောက် သွားနိုင်မည် ဖြစ်သည်။

 

[အဟင့်၊ အဟင့်... ငါ အခုချက်ချင်း ငါ့ရဲ့ ‌ဆေးမှတ်တမ်းတွေကို သုတေသန အဖွဲ့အစည်းထံ တင်ပြလိုက်မယ်။ ငါ့အဘိုးရဲ့ နာမကျန်းမှုက အရမ်း စိုးရိမ်ရတယ်။]

 

[သေချာပါတယ်၊ သော့က တင်ဆက်သူဆီမှာ ရှိနေတာပဲ။ နောက်ဆုံးတော့ တင်ဆက်သူက ဆေးဖက်ဝင် အပင် ပါဝင်ပစ္စည်းတွေရဲ့ အဓိကပိုင်ရှင်ပဲ။]

 

[ပြောကြပါဦး၊ သိပ်မကြာခင်မှာ ငါ့ရဲ့ဓမ္မတာ လာချိန် ရောက်လာတော့မယ်။ ငါ့မှာ ပြင်းထန်တဲ့ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု ရောဂါဝေဒနာ ရှိနေရင် ငါ့ဆေးမှတ်တမ်းကို တင်ပြနိုင်ပါသလား။]

 

 

[ငါ့မှာလည်း မေးစရာ ရှိပါတယ်၊ သွားကိုက်နေတာ အတွက် ဆေးနည်းအချို့ အဲ့မှာ ရှိလား။ သွားကိုက်တာ အတွက် ငါ့ဆေးမှတ်တမ်းကို တင်ပြနိုင်ပါသလား။]

 

[ကျေးဇူးပြုပြီး အပေါ်ထပ်က နှစ်ယောက်ရေ သေချာ နားထောင်ပေးပါ။ ဒါက အသက်အန္တရာယ် စိုးရိမ်နေရတဲ့ လူနာတွေ အတွက်ပါ။ မင်းတို့ကောင်တွေက ဘာဖြစ်လို့ ဒီလို အရှုပ်အထွေးတွေ လုပ်နေရတာလဲ။]

 

[မင်းစကားပြောတဲ့ ပုံစံကို ငါမကြိုက်ဘူး။ သွားကိုက်တယ် ဆိုတာ ရောဂါမဟုတ်ဘူးလို့ ငါမကြားမိပါဘူး။ ဒါက ကြောက်စရာ ကောင်းလောက်အောင် အရမ်းနာတာပဲ မဟုတ်လား။]

 

ဒါပေမယ့် ခဏအကြာမှာတော့ ကြည့်ရှုသူတွေက အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာ ဆိုတာကို ငြင်းခုံနေကြပါပြီ။

 

စုယန်ယန်က သူတို့ကို မတားမြစ်ပဲ အသုံးပြုမည့် ပါဝင်ပစ္စည်းများကို ဆေးကြော သန့်စင်ဖို့ကိုသာ အာရုံစိုက်ခဲ့သည်။ ရှို့ဝူနှင့် ဟွမ်ကျင့်တို့ကို အိုးထဲသို့ ထည့်ကာ ဆယ်မိနစ်ခန့် ဆူပွက်အောင် ပြုတ်ပြီးနောက် လှီးဖြတ်ထားသည့် မုန်လာဥနီ၊ ဝက်အသည်းနှင့် မှိုပွင့်တွေကို စဉ်ဆက်မပြတ် ထည့်ပေးခဲ့သည်။

 

“ရှို့ဝူက အသည်းနဲ့ ကျောက်ကပ်ကို အာဟာရ ဖြစ်စေတဲ့ အာနိသင်ရှိပြီး သွေးအနှစ်သာရကို ဖြည့်တင်းပေးတယ်၊ ဆံပင်ကို နက်မှောင်စေတယ်၊ ကြွက်သားနဲ့ အရိုးတွေကို သန်မာစေတယ်။ ဟွမ်ကျင့်က သရက်ရွက်နဲ့ အစာအိမ်ချီ ချို့တဲ့မှု၊ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်”

 

ကြည့်ရှုသူ ပရိသတ်တွေရဲ့ နှလုံးသားဟာ တဆတ်ဆတ် တုန်ယင် သွားခဲ့သည်။ ဆံပင် နက်မှောင်စေတယ်... အဲ့တာက သူတို့ ထင်နေတဲ့ဟာလား။

 

“ဝက်အသည်းနဲ့ တွဲဖက် ချက်ပြုတ်တဲ့အခါ သူတို့တွေက ယင်စွမ်းအင်နဲ့ သွေးကို အာဟာရ ဖြည့်တင်းပေးပြီး ဆံပင် ကြီးထွားနှုန်းကို တိုးမြှင့်ပေးကာ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်”

 

ပရိသတ်ထဲမှာ ရှိနေကြသည့် ဆံပင်ကျွတ် အဖွဲ့ဝင် တော်တော်များများ, “!!!” ဆံပင်ကြီးထွားနှုန်းကို မြှင့်တင်ပေးပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ် ပေးတာလား။ ဒါက သူတို့အတွက် အံဝင်ခွင်ကျ လိုအပ်နေတာပဲ မဟုတ်လား။

***