အပိုင်း ၁၉၀
Viewers 882

 

အခန်း (၁၉၀)

အသစ်စက်စက် မိခင်သရဖူ အတပ်ဆင် ခံလိုက်ရသည်

 

ရှားကျွင်းရှန့်ဟာ မနေ့က ကုမ္ပဏီ အရေးကိစ္စတွေကို သူမဆီ အစီရင်ခံတဲ့ အခါမှာ ဒီအကြောင်းအား တင်ပြခဲ့ပါသည်။

 

ဝမ်ကျင့်ဖျင်သည် အင်တာနက်ပေါ်တွင် ပြဿနာရှာရန် ကြိုးပမ်းခဲ့ပြီး သူမကို သာလျှင် ထိခိုက် စေမိခဲ့ကြောင်း သူက ပြောပြခဲ့သည်။ သို့သော်လည်း သူမသည် ထိုကိစ္စတွင် နံရံကို ပြေးတိုက်မိသလို ဖြစ်ပွားခဲ့ကာ  ထိုအဖြစ်အပျက်က သူမအား အပျက်သဘော ဆောင်စေသော အကျိုး သက်ရောက်မှုများ ဖြစ်စေလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ အဆုံးသတ်၌ သူမသည် အစီအစဉ်ရှိုးရဲ့ ပရိုဂရမ်အဖွဲ့မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

 

 

တစ်ရက် အကြာတွင် ဝမ်ကျင့်ဖျင်သည် အခြားသူများ မသိသော ဆက်ဆံရေးများကို အသုံးပြုပြီး အရှုပ်အထွေး အချို့ကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်နိုင်ခဲ့ပြီး အစီအစဉ်ရှိုးသို့ ပြန်လည် ဖိတ်ကြား ခံခဲ့ရသည်။

 

နျဉ်ချီလွေ့က သူမ၏ ထောက်ပံ့ပေးသူ မဖြစ်လာတော့သည့် အတွက် သူမသည် အခြားသော အပိုပစ္စည်းများနှင့် ချိတ်ဆက်နိုင်ရန် အချိန် အလုံအလောက် မရှိတော့ပေ။

 

ယခုအချိန်တွင် ဟောက်ရှောက်ဖုန်း တစ်ဦးတည်းကသာ သူမကို ဒီစင်မြင့်ပေါ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိအောင် ကူညီပေးနိုင်သော တစ်ဦးတည်းသော သူဖြစ်ပုံရသည်။

 

[ဟုတ်ပါတယ်၊ မနေ့ညက၊ အမျိုးသမီး ဇာတ်လိုက်ဟာ အိပ်ရာပေါ် လဲလျောင်းကာ ဆေးကုသမှု ခံယူနေရသော အမျိုးသား ဇာတ်လိုက်ကို သွားရောက် ကြည့်ရှုဖို့ ရုပ်ဖျက်ပြီး ဟောက်မိသားစု အိမ်ထဲသို့ ဝင်ရောက် သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်သားဟာ စကားစမြည် ပြောဆိုပြီး‌ နောက်မှာ ပြန်လည် သင့်မြတ် သွားခဲ့ကြပါတယ်။ ဒီနေ့မနက် စောစောမှာ အမျိုးသား ဇာတ်လိုက်ဟာ အမျိုးသမီး ဇာတ်လိုက်ကို အစီအစဉ်ရှိုးမှာ ပြန်လည် ပါဝင်ခွင့်ရရှိဖို့ ပရိုဂရမ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းမှ လူတစ်ဦးထံ ဆက်သွယ်ခဲ့ပါတယ်။]

 

စုယန်ယန်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။

 

“ကမ္ဘာကြီးက အဓိက ဇာတ်ကောင်တွေ အပေါ်မှာ တကယ့်ကို မျက်နှာသာ ပေးနေတာပဲ။ ဟောက်မိသားစုရဲ့ လုံခြုံရေးက တင်းကျပ် လွန်းတယ်လို့ မဆိုသာဘူး။ ဟောက်ချီဟန်ရဲ့ မွေးနေ့ပါတီလို အရမ်းကြီးမားတဲ့ ပွဲမျိုးမှာ သူမ ဘယ်လိုပဲ ရုပ်ဖျက်ထားပါစေ သူမကို မှတ်မိသိရှိတဲ့သူ ရှိနေကြမှာပဲ။ သူမ ဘယ်လိုပဲ ရုပ်ဖျက် ထားပါစေ သူမရဲ့ မူရင်းရုပ် အမှန်ကို ပြောင်းလဲ လိုက်နိုင်ပါ့မလား။ သူတို့က ကလေး ကစားသလိုမျိုး အလွယ်တကူ ဝင်ခွင့်ပြုလိုက်တယ်ပေါ့လေ။]

 

[ကမ္ဘာ့အသိစိတ်က အဓိက ဇာတ်ကောင်တွေ အပေါ် အမြဲတမ်း ဦးစားပေးပြီး Host က ဒီဦးစားပေး ဆက်ဆံမှုမျိုးကို ချိုးဖျက်ရန် လိုအပ်ပါတယ်။]

 

သူမသည် အဲ့ဒီ အဖြစ်အပျက်မှ ဟာကွက် ကြီးကြီးမားမားတွေကို မြင်တွေ့ခဲ့ရသည်။ သူတို့သည် အဓိက ဇာတ်ကောင် နှစ်ယောက်ကို တွေ့လိုက် ရသည်နှင့် သူတို့ရဲ့ ဉာဏ်ရည် ဉာဏ်သွေးများသည် လျင်မြန်စွာ ကျဆင်းသွားတာမျိုး ဒါမှမဟုတ် ပိုဆိုးသည့် အချက်များမှာ သူတို့သည် သေခြင်းတရားနှင့် မျက်နှာချင်းဆိုင် တွေ့ကြုံရတာမျိုး အထိ ဖြစ်ပွားတတ်သည်ကို မြင်တွေ့ခဲ့ရသည်။

 

[Hostက သူမကို အစားထိုး လိုပါသလား။]

 

“ငါက သူမကို ဘာဖြစ်လို့ အစားထိုး ရမှာလဲ။ တကယ်လို့ သူမနေချင်ရင် နေနိုင်တယ်။ ထိပ်ဆုံးမှာ အရည်အချင်းရှိပြီး လှပတဲ့သူတွေ အများကြီး ရှိတယ်။ သူမမှာသာ အရည်အချင်း ရှိမယ်ဆိုရင် အဆင်ပြေတာပေါ့။ သူမမှာ အရည်အချင်း မရှိပဲ အဲ့ဒီနေရာမှာ အတင်းဆက်နေဖို့ လုပ်နေမယ်ဆိုရင် သူမကိုယ်သူမ အရှက်ခွဲမိလိမ့်မယ်”

 

တခြားသူတွေကို အနိုင်ယူဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုကတော့ တခြားသူတွေထက် ကိုယ့်ကိုကိုယ် ပိုကောင်းမွန်အောင် ကြိုးစားဖို့ပါပဲ။ အခွင့်အလမ်း တစ်ခုဟာ ရေရှည် ဖြေရှင်းချက်တစ်ခု မဟုတ်ပေ။

 

သူမသည် ထိုအသီးအပွင့်များကို ခဏတာ ခံစားနိုင်သော်လည်း ရေရှည် အသုံးပြုနိုင်မှာ မဟုတ်ချေ။

 

စုယန်ယန်၏ သတိပေးခြင်း မရှိပဲ ရုတ်တရက် တိုက်ရိုက် ထုတ်လွှင့်မှုက အင်တာနက် အသုံးပြုသူတွေ အတွက် အံ့အားသင့်စရာဟု ဆိုနိုင်ပါသည်။

 

[ငါ ဘာမြင်လိုက်တာလဲ ဆိုတာကို ကြည့်ပါဦး။ ဟားဟား... ဟားဟား... အခု အနားမှာ ဘယ်သူမှ မရှိဘူး ဆိုတာကို အခွင့်ကောင်းယူပြီး တင်ဆက်သူကို မီတာ ၁၀၀ မ,ပြေးခွင့်ပြုပါ။]

 

 

[အပေါ်ထပ်ကလူရေ၊ သူမကို အခုချက်ချင်း ပြန်ချလိုက်ပါ။ ဘယ်သူမှ မရှိဘူးလို့ ဘယ်သူပြောလဲ။ ငါက တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာ ၁၄ နာရီ ၁ ရက်လုံး အမြဲတမ်း ရှိတယ်ကွ။ တကယ်လို့ သူမကို တစ်ယောက်ယောက်က မ,ပြေးမယ်ဆိုရင် အဲဒီလူက ငါပဲ ဖြစ်သင့်တယ်။]

 

စုယန်ယန်ကို ဘယ်သူက မ,ပြေးသင့်လဲ ဆိုသည့် အရေးဖြင့် တိုက်ပွဲဝင်နေသော မှတ်ချက်များ ဖန်သားပြင်ပေါ်တွင် ပလူပျံ နေခဲ့သည်။ သို့သော် နောက်ဆုံးတွင် ထိပ်တန်း ချန်ပီယံဒယ်ဒီ ပေါ်လာခဲ့သည်။

 

သူက ထိပ်တန်းအဆင့် ဆုလက်ဆောင် များစွာကို ပေးအပ်ခဲ့ပြီး ဖန်သားပြင်ပေါ်တွင် ‌ပေါ်လွင် ထင်ရှားနေသော စာလုံး အရောင်ဖြင့် ပြန်ပြောခဲ့သည်။

 

[ငါ့အပိုင်]

 

ဖန်သားပြင်ပေါ်ရှိ တိုက်ပွဲ ဝင်နေသည့် မှတ်ချက်များ ရုတ်ခြည်း ရပ်တန့် သွားပြီးနောက် ပိုမိုသက်ဝင် လှုပ်ရှားလာခဲ့သည်။

 

[အာ... ဒီရင်းနှီးနေတဲ့ ပုံစံက... ငါ ပြောခဲ့သလိုပဲ၊ နောက်ဆုံး တိုက်ရိုက် ထုတ်လွှင့်မှုမှာ ထိပ်တန်း ချန်ပီယံက အဟက်ခ်ခံရတာ ဖြစ်မယ်။]

 

[ဟားဟား... ဟားဟား... ဟုတ်တယ်၊ နောက်ဆုံး တိုက်ရိုက် ထုတ်လွှင့်မှုမှာ ထိပ်တန်း ချန်ပီယံဒယ်ဒီရဲ့ ပြောဆိုတဲ့ ပုံစံက ရုတ်တရတ် ပြောင်းလဲ သွားခဲ့တယ်၊ ငါ အရင်ပုံစံနဲ့ ရင်းနှီး ကျွမ်းဝင်နေတော့ ဒီပြောင်းလဲသွားတဲ့ ပုံစံကို လက်မခံနိုင်သေးဘူး။]

 

ထိုကဲ့သို့သော မှတ်ချက်များစွာ အလျှံပယ် ပေါ်ထွက်လာပြီး ဖန်သားပြင်၏ အပေါ်ဘက်တွင် အနည်းငယ် တုန်ခါနေသော စကားလုံးနှစ်လုံးကို လူတိုင်း မြင်တွေ့လိုက်ရသည်။

 

[ချစ်တယ်~]

 

ကြည့်ရှုနေသူပရိသတ်များ “???”

 

[ဘုရားရေ... ဘော့စ်ရဲ့အကောင့်တော့ အဟက်ခ်ခံရပြန်ပြီထင်တယ်။]

 

[သူ အခုနအထိ အဆင်ပြေ နေသေးပေမယ့် ပြန်ပြောင်း သွားပြန်ပြီ။ စရိုက် ကွဲသွားတာလား။]

 

[ဘော့စ်ရေ၊ မင်း ပြန်ပေးဆွဲ ခံရတယ်ဆိုရင် မျက်တောင် နှစ်ခါခတ်ပြပါ။]

 

[ဒါက အွန်လိုင်းမှာပါ။ မင်းကို သူ ဘယ်လိုလုပ်ပြီး မျက်တောင် ခတ်ပြနိုင်မှာလဲ။ ကလေးကောင်းလေး၊ ကစားမနေပါနဲ့၊ မင်းအမေဆီ ဖုန်းပြန်ပေးလိုက်နော်။]

 

စုယန်ယန်က သူ့ရဲ့ “ချစ်တယ်” ဆိုတဲ့ စကားလုံးကို မြင်လိုက်ရချိန်မှာ ရင်ထဲ အနည်းငယ် ထိမိသွားပေမယ့် ရယ်ရွှင်စရာ မှတ်ချက်တွေကို မြင်ပြီး နောက်တွင် သူ့ကို မိခင်တစ်ယောက်လို့ သတ်မှတ် ခံလိုက်ရတဲ့ သူ့ရဲ့ ကံဆိုး မိုးမှောင်မှုကို ကြည့်ပြီး ရယ်ချင်စိတ်တွေနဲ့ အစားထိုး ခံခဲ့ရသည်။ ဒီအခိုက်အတန့်မှာ သူ ဘယ်လို ခံစားနေရမလဲလို့ သူမ တွေးတော ကြည့်မိသွားသည်။

 

ဟောက်- မိခင်သရဖူ အသစ်စက်စက်- အတပ်ဆင် ခံလိုက်ရသည့်-ချန်ဟွမ်း “...”

 

***