သူမသည် သူမ၏ သစ္စာဖောက်ကိုပင် ငွေရေတွက်ရန်
ကူညီပေးခဲ့သည်
သို့ပေမယ့် စာဖတ်သူများ၏ အမြင်မှာတော့ သူမသည်
အမြောက်စာ ဗီလိန်တစ်ဦး၊ မကောင်းသော လူတစ်ယောက် ဖြစ်သည်။ ယိုယွီရှစ်မှာ ဖိအားပေး ခံရသော်လည်း
စာဖတ်သူများကတော့ အမျိုးသမီး ဇာတ်လိုက်၏ လုပ်ရပ်မှာ မှန်ကန်ပြီး နူးညံ့ကြင်နာတတ်တယ်လို့
ခံစားရပေလိမ့်မည်။
ယိုယွီရှစ်သည် ဤမျှ ကြီးမားသော ဆုံးရှုံးနစ်နာမှုကို
ခံစားခဲ့ရပြီး ဝမ်ကျင့်ဖျင်၏ စက်ဆုပ်ရွံ့ရှာဖွယ် အပြုအမူကိုပါ ရင်ဆိုင်ခဲ့ရသောကြောင့်
သဘာဝအတိုင်း သူမက ခွင့်လွတ်ပေးဖို့ကို ငြင်းဆန်ခဲ့သည်။
အဲဒီနောက်ပိုင်းတွင် သူမသည် ဝမ်ကျင့်ဖျင်ကို
ပြဿနာရှာရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ဟောက်ရှောက်ဖုန်းက သူမလုပ်ရပ်တို့ကို
ရပ်တန့်လိုက်သည်။
စစ်မုန့်ယွီသည်လည်း အရမ်း ကံကောင်းတာ မဟုတ်ဘူး။
ဟောက်ရှောက်ဖုန်း၏ ကာကွယ်မှုအောက်၌ ရှိနေသည့် ဝမ်ကျင့်ဖျင်နှင့် မတူတာက သူမသည် ယိုမိသားစု၏
လက်စားချေခြင်းကို ခံခဲ့ရသည်။ နောက်ဆက်တွဲ အကျိုးရလဒ်များမှာ တွေးကြည့် လိုက်ရုံနှင့်
သိနိုင်ပေသည်။
စစ်မုန့်ယွီသည် အစီအစဉ်မှ နုတ်ထွက် သွားရပြီးနောက်
ဝမ်ကျင့်ဖျင်သည် သူမကို ကျေးဇူးတင်စကား ပြောဆိုခဲ့ပြီး သူမကို ဒုက္ခရောက် စေခဲ့သည့်အတွက်
အပြစ်ရှိသလို ခံစားရကြောင်း ပြောခဲ့သည်။
စကားမစပ်၊ ဝမ်ကျင့်ဖျင်သည် ဒီမတော်တဆမှုအတွက်
ယိုယွီရှစ်၏ ခွင့်လွှတ်မှုကို သူမအတွက်ပါ တောင်းခံခဲ့ကြောင်း ပြောပြခဲ့သည်။ စစ်မုန့်ယွီက
ရင်ထဲ အရမ်းထိသွားပြီး ဝမ်ကျင့်ဖျင်က သူမကို ဘေးဖြစ်စေခဲ့တာကို လုံးဝ မေ့လျော့ သွားခဲ့သည်။
စစ်မုန့်ယွီ ဖျော်ဖြေရေး နယ်ပယ်မှ ပျောက်ကွယ်
သွားပြီးနောက် ဝမ်ကျင့်ဖျင်သည် အမြင့်သို့ ပိုမို တက်လှမ်းနိုင်ခဲ့သည်။ ဒီမတော်တဆမှုပြီး
နောက်ပိုင်း သူမ အောင်မြင်ကျော်ကြား လာသောအခါတွင် စစ်မုန့်ယွီဟာ ကုမ္ပဏီမှ တားမြစ်
ပိတ်ပင်တာ ခံခဲ့ရကြောင်း သူမ သိလိုက်ရသည်။
စစ်မုန့်ယွီဟာ ကုမ္ပဏီစာချုပ် သက်တမ်း ကုန်ဆုံးသွားသည့်
အခါတွင် ဖျော်ဖြေရေး နယ်ပယ်မှ နုတ်ထွက်ခဲ့ပြီး မွေးရပ်မြေသို့ ပြန်လာခဲ့သည်။ မူရင်းဇာတ်လမ်းမှာ
သူမ မိသားစုက သူမကို အမေချစ်သား တစ်ဦးနှင့် လက်ထပ်ဖို့ ဖိအားပေး ခိုင်းစေခဲ့ပြီး သူမဘဝမှာ
အဲ့ဒီအချိန်မှစပြီး ဆင်းရဲဒုက္ခ ဝေခဲ့သည်။
ဝမ်ကျင့်ဖျင်သည် စစ်မုန့်ယွီ၏ ကံကြမ္မာအတွက်
ဝမ်းနည်းပူဆွေးစွာ ငိုကြွေးခဲ့ပြီး ဒီကိစ္စကို နောက်ကွယ်တွင် ထားခဲ့သည်။
စုယန်ယန်သည် သူမကြောင့် စစ်မုန့်ယွီမှာ
ဒီလိုမျိုး အဆုံးသတ် သွားသည်ကို ဝမ်ကျင့်ဖျင်က မခန့်မှန်းနိုင်ဘူးလို့ လုံးဝ မယုံကြည်ပေ။
သူမသည် အလွန် ဟန်ဆောင်ပန်ဆောင်ဖြင့် ဝမ်းနည်းပူဆွေးပြီး
တောင်းပန်ချင်စိတ် ပြည့်နှက်နေသလို ပြုမူခဲ့သော်လည်း သူမသည် စစ်မုန့်ယွီနှင့် လူချင်း
တွေ့ဆုံကာ အကူအညီ လိုအပ်လားဟု မေးရန်ပင် မစဉ်းစားခဲ့သည်က သူမ အတွေးထဲ၌ ဒီအရေးကိစ္စက
အရေး မပါလှကြောင်းကို ပြသနေခဲ့သည်။
တီဗီပေါ်တွင် မတ်တပ်ရပ်လျက် မရေမတွက်နိုင်သော
လူများက လိုက်ရှာပြီး သူမအား မနာလို ဖြစ်နေသည်ကို တွေ့လိုက် ရသောအခါ စစ်မုန့်ယွီ ဘယ်လို
ခံစားရမလဲလို့ သူမ မှန်းဆမိသည်။
သို့ရာတွင် တစ်ချိန်က သူမဘက်မှ ရပ်တည် ကူညီပေးခဲ့သောကြောင့်
ဆိုးရွားစွာ အဆုံးသတ်ခဲ့ရသူသည် သူမအား ကူညီပေးခဲ့တာကြောင့် နောင်တ ရဖူးလားလို့ သူမ
တွေးခဲ့မိသည်။
စုယန်ယန်က ဆေးရုံသွားရာ လမ်းတွင် သူမတို့
သုံးယောက်၏ ဆက်ဆံရေး အကြောင်းကို စာရင်း ပြုစုခဲ့သည်။ အချုပ်အားဖြင့် ဆိုရသော် စစ်မုန့်ယွီသည်
စိတ်နှလုံး မဆိုးသော်လည်း သူမသည် အလွန်မိုက်မဲပြီး သူမ၏ သစ္စာဖောက်ကိုပင် ငွေရေတွက်ရန်
ကူညီပေးခဲ့သည်။
စုယန်ယန် ဆေးရုံကို အလျင်စလို ရောက်ရှိသွားသည့်
အခါတွင် ရှားကျွင်းရှန့် လက်ဝယ် မီနီပရိုဂျက်တာ အသေးစား တစ်လုံးကို ရရှိထားခဲ့ပြီ။
“အစ်ကို အဲ့ဒီမှတ်တမ်းကို ဒီလောက် မြန်မြန်
ပြန်ယူနိုင်ခဲ့တယ်လား”
“မတော်တဆမှု ဖြစ်တုန်းက ဘေးဖက်မှာ မပိတ်ရသေးတဲ့
ကင်မရာတစ်လုံး ရှိနေပြီး တစ်ခုခုကို မှတ်တမ်း တင်ထားခဲ့တယ်”
စုယန်ယန်၏ မျက်ဝန်းတွေဟာ ချက်ချင်း တောက်ပသွားပြီး
စိတ်ဝင်စား လာခဲ့သည်။
“အဲ့ဒီမှတ်တမ်းမှာ ဝမ်ကျင့်ဖျင်ရဲ့ လုပ်ရပ်တွေကို
ဖမ်းမိခဲ့လား”
“သူမက နည်းနည်းတော့ ထူးခြားတယ်။ ညီမလေး
ကိုယ်တိုင် ဒါကို ကြည့်သင့်တယ်”
စုယန်ယန်သည် ပရိုဂျက်တာကို လှမ်းယူလိုက်ပြီး
မေးသည်။ “ပရိုဂရမ်အဖွဲ့သားတွေက အစ်ကို့ကို ဒီဟာကို လွယ်လွယ်ကူကူ ပေးလိုက်တာလား”
“အစကတော့ သူတို့က ဒီမှတ်တမ်းကို လက်လွှဲပေးဖို့
တွန့်ဆုတ် နေပေမယ့် ဥက္ကဌဟောက်က သူတို့ကို ဖိအား ပေးလိုက်တယ်”
“ချန်ဟွမ်းလား” စုယန်ယန်သည် သူမ ကြားလိုက်ရသည့်
စကားကြောင့် အံ့အားသင့် သွားခဲ့သည်။ “ဒီကိစ္စကို သူလည်း သိတာလား”
“အဟမ်း... သူ့မှာ ဒီအခြေအနေကို စောင့်ကြည့်ပေးနေတဲ့
လူတွေ ရှိမှာပေါ့”
စုယန်ယန်က သူမ မျက်ခုံးကို ပင့်လိုက်မိသည်၊
စုယန်ယန်က ဝမ်ကျင့်ဖျင်ကို အစီအစဉ်မှ ဖယ်ရှားဖို့ ခိုင်းစေခဲ့သည့် ဟောက်ချန်ဟွမ်း၏
ညွှန်ကြားချက်ကို မတော်တဆ ဖမ်းမိခဲ့တာကို ပြန်အမှတ်ရ သွားသည်။ ဒီအမျိုးသားက အခုအချိန်အထိ
လက်မလျှော့သေးပဲ ဒီအမျိုးသမီးကို ဖြေရှင်းဖို့အတွက် သူမကို ကူညီပေးရန် စိတ်ပိုင်းဖြတ်
ထားသည်။
“သူတို့ကို ဘယ်လို ဖိအား ပေးခဲ့တာလဲ”
“အင်း၊ ထုံးစံအတိုင်း ခြိမ်းခြောက်ပြီး
လျော်ကြေးပေးတဲ့ နည်းလမ်းကို သုံးလိုက်တာပဲ။ သူလည်း ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လောင်း
ပေးခဲ့ပြီး သူ့စည်းမျဉ်း စည်းကမ်းတွေကို သဘောမတူဘူး ဆိုရင် သူတို့အတွက် ခက်ခဲစေလိမ့်မယ်လို့
ခြိမ်းခြောက်ခဲ့တယ်”
စုယန်ယန် “...” ကောင်းပြီ၊ ဒါက ဟောက်ချန်ဟွမ်း
ပီသတယ်။
“ဒါပေမယ့် ဒီမှတ်တမ်းကြောင့် ပင်ကို စွမ်းရည်
အစီအစဉ်အတွက် ဆုံးရှုံးနစ်နာမှု မရှိပါဘူး။ ယိုယွီရှစ် ဒဏ်ရာရပြီး ဆေးရုံတင်ထားရတဲ့
အတွက် ပြိုင်ပွဲကနေ နုတ်ထွက်ရမှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရေး အဖွဲ့က သူမကို ရှင်းပြချက်
ပေးရမှာဖြစ်လို့ စစ်မုန့်ယွီက အစီအစဉ်မှာ ထပ်မံ မပါဝင်နိုင်တော့ပဲ နုတ်ထွက် ရပါလိမ့်မယ်။
ဒီဗီဒီယိုကို ထုတ်လွှင့်ပြီး အရူးအမူး ဖြစ်စေရင် ဒီအဖြစ်အပျက်က ဒီအစီအစဉ်သို့ အခမဲ့
ဝင်ရောက်ကြည့်ရှုမည့် လှိုင်းလုံးကြီးကို ယူဆောင်လာလိမ့်မယ်”
စုယန်ယန်က အနည်းငယ် မျက်မှောင်ကြုတ် သွားပြီး
အချက်တစ်ခုကို တစ်ခါတည်း နားလည် သဘောပေါက် သွားသည်။
“ဒါဆို ယိုယွီရှစ်နဲ့ စစ်မုန့်ယွီတို့အပေါ်မှာပဲ
သက်ရောက်မှု ရှိတာလား။ ဝမ်ကျင့်ဖျင်ကျတော့ ဘယ်လိုလဲ”
***