အပိုင်း ၂၁၆
Viewers 890

အခန်း (၂၁၆)

အချစ်ရဲ့ မှော်ဆန်မှုက တကယ်ကို ကြီးကျယ်ခမ်းနားတယ်

 

စုယန်ယန် ဆေးရုံမှ ပြန်လာသောအခါ၊ သူမဟာ ဒီအဖြစ်အပျက်၏ နောက်ဆက်တွဲ အရေးကိစ္စတွေကို အာရုံစိုက်ခဲ့သည်။ ယိုကျင်းယွီက သူမကို စိတ်မပျက်စေခဲ့ပေ၊ သိပ်မကြာခင်မှာ သူမ အွန်လိုင်းပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေတာကို သူမ မြင်တွေ့လိုက်ရသည်။

 

ဟုတ်ပါတယ်၊ တိုက်ရိုက် ထုတ်လွှင့်မှု လုပ်တာပါ။

 

အနက်ရောင်ဝတ် သက်တော်စောင့် အများအပြားကို မြင်လိုက်ရသည့် အခါတွင် ဝမ်ကျင့်ဖျင် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ အခန်းအတွင်း ဖြစ်ပျက်ခဲ့သမျှကို သတင်းထောက် အနည်းငယ်က တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။

 

အဆုံး၌ အခြေအနေ တိုးတက်မှုသည် သူမ မျှော်မှန်း ထားတာထက်ကို လုံးဝ ကျော်လွန် သွားခဲ့သည်။ သူမ စီစဉ်ထားသော ဇာတ်ညွှန်းမှာ သူမအပေါ် လုံးဝ ကျောခိုင်းသွားခဲ့သည်။

 

တုန်ချမ်း အင်တာတိန်းမန့်၏ ပြည်သူ့ဆက်ဆံရေး ဌာနသည် ဒီအခိုက်အတန့်ကို အချိန်ကြာမြင့်စွာ ကတည်းက စောင့်မျှော်နေခဲ့တာ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု ထုတ်လွှင့် လိုက်သည်နှင့် သူတို့သည် အဆိုပါ ကိစ္စရပ်ကို အဆုံးထိ လုပ်ဆောင်မည် ဖြစ်ကြောင်း ချက်ချင်း ကြေညာ ထုတ်ပြန်ခဲ့သည်။

 

တိုက်ရိုက် ထုတ်လွှင့်မှု မပြုလုပ်မီ သတင်းထောက်တွေက ဆေးရုံသို့ ရဲအရာရှိများ ရောက်ရှိလာခြင်းကို ဖမ်းယူရိုက်ကူး နိုင်ခဲ့သည့်အပြင် အတုအယောင် ညီအစ်မတွေ အချင်းချင်း ရန်ဖြစ်စကားများနေသည့် အချိန်များကို ရိုက်ကူးနိုင်ခဲ့သည့် အတွက် ဒီပွဲ ရေပန်းစား လာသည်မှာ သဘာဝ ကျပါသည်။

 

ဝမ်ကျင့်ဖျင်သည် သူမ၏ ကြွေထည် ပစ္စည်းလေးလို လုပ်ရပ်ကြောင့် ပြည်သူလူထုများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ သူမသည် တစ်ခဏမျှ တိတ်ဆိတ်နေပြီး ဖရဲသီးစားသူများ ဒီအဖြစ်အပျက်များကို မေ့သွားမည့် အချိန်ကို စောင့်ဆိုင်း နေပြီးနောက် သူမ နောက်တစ်ဖန် ပြန်လည် ဝင်ရောက် လာနိုင်မည် ဖြစ်သည်။

 

သို့သော် သူမသည် စိတ်မရှည်လွန်းပေ။ အရမ်း စိတ်ပူပန်လွန်းရာ ကိုယ့်သင်္ချိုင်းကို ကိုယ်တူးမိသလို ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

 

စုယန်ယန်သည် အွန်လိုင်းပေါ်မှ တစ်ဖက်သတ် မှတ်ချက်များကို ဖတ်ရှုပြီး ပြုံးနေမိသည်။ သူမသည် ပျော်ရွှင်စရာ ဗီဒီယိုများနှင့် မှတ်ချက်များ အားလုံးကို ဟောက်ချန်ဟွမ်းထံသို့ ပေးပို့ခဲ့သည်။

 

ဟောက်ချန်ဟွမ်းသည် အဆိုပါသတင်းကို လက်ခံရရှိချိန်တွင် ဗီဒီယို အစည်းအဝေး တစ်ခု ကျင်းပနေဆဲ ဖြစ်ကာ အလုပ်များ နေခဲ့သည်။

 

ရင်းနှီးကျွမ်းဝင်သော အသံလေးကို ကြားလိုက်ရတော့ ဟောက်ချန်ဟွမ်းသည် သူ့ဝန်ထမ်းများ၏ အစီရင်ခံ တင်ပြချက်တွေကို တစ်ဝက်တစ်ပျက် ရပ်တန့် ခိုင်းလိုက်ပြီး ကုမ္ပဏီ အမှုဆောင် အရာရှိများ ရှေ့ပင် သူ့လက်ကိုင်ဖုန်းကို ထုတ်ယူကာ စာပြန်ခဲ့သည်။

 

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကိုအချစ်ဆုံးပဲ: ကျွန်မ မိုက်လား၊ မမိုက်ဘူးလား။

 

ဖန်သားပြင်မှတစ်ဆင့် ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ မေးစေ့ ချွန်ချွန်လေးက ပင့်မြှောက်နေပြီး မျက်ဝန်းလေးများ တလက်လက် တောက်ပနေမည်မှန်းကို ပုံဖော်ကြည့်နိုင်သည်။ သူမသည် ချီးကျူးမှုကို ခံချင်နေသည့် သူ့အမြီးလေးများကို ဝှေ့ယမ်းပြနေသည့် ဂုဏ်ယူဝင့်ကြွားနေသော ကြောင်လေး တစ်ကောင်နှင့် တူသည်။

 

ဟောက်: မိုက်တာပေါ့၊ [ကိုယ် မင်းကို အနီရောင် ပန်းလေးတစ်ပွင့် ပေးမယ်.အီမိုဂျီ]

 

စုယန်ယန် ရယ်မော မိသွားသည်။

 

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: ငါ သိပ်မကြာသေးခင်က အရမ်း အလုပ်များနေခဲ့ပြီး သူမနှင့် ပြဿနာရှာဖို့ အရမ်းပျင်းရိနေပေမယ့် သူမက ကျွန်မရှေ့ကို ပြေးလာပြီး ရိုက်ချဖို့ တွန်းအားပေးခဲ့တယ်။ သူမက လူမှုအဖွဲ့အစည်းကို ရိုက်နှက်မှု အကြွေးတွေ အများကြီး တင်နေတယ်လို့ ရှင် မထင်ဘူးလား။

 

‘မဟုတ်ဘူး၊ သူမက မင်းဆီက အရိုက်ခံရဖို့ကိုပဲ အကြွေးတင်နေတာပါ’ ဟောက်ချန်ဟွမ်းက ဤသို့ တွေးမိသည်။

 

ဟောက်: ဟုတ်တယ်၊ မင်း အရမ်း အလုပ်များနေတယ်၊ ဒါပေမယ့် သူမကတော့ မင်းကို ပြဿနာရှာဖို့ လုပ်နေတုန်းပဲ။ သူမက အရိုက်ခံသင့်တယ်။

 

“ဖူး....” စုယန်ယန်သည် ဤသို့ ပြန်ဖြေတာကို မြင်လိုက်ရသောအခါ ဟက်ဟက်ပက်ပက် ရယ်မောမိသွားသည်။ ဒီလူက သူမကို ပျော်ရွှင်အောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတာကို တကယ်သိတယ်။

 

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကိုအချစ်ဆုံးပဲ: ရှင် ကျွန်မကို ဘာဖြစ်လို့ ဒီလောက် ဂရုစိုက် ပေးရတာလဲ။

 

အလွန်အကျူး ချီးကျူးစကားတွေကို သင်ယူလေ့လာခဲ့သည့် ဘော့စ်အကြီးစား ဟောက်က ‘ဂရုစိုက်ခြင်း’ရဲ့ အဓိပ္ပါယ်ကို သဘာဝကျကျ သိနားလည်သည်။

 

သူ့တစ်မျက်လုံး လျင်မြန်စွာ နီရဲသွားသည့် အရှိန်ဟာ လျင်မြန်လွန်းသဖြင့် အွန်လိုင်းပေါ်မှာ ရှိနေသေးသည့် အမှုဆောင်အရာရှိ အချို့မှာ သူတို့အမြင်တွေ တစ်ခုခု မှားယွင်းနေတယ်လို့ ထင်မှတ်လုနီးပါး ဖြစ်သွားခဲ့သည်။

 

သို့သော် ဒီမြင်ကွင်းကို အမြန် မှတ်တမ်းတင်ပြီး ကုမ္ပဏီအုပ်စု စကားပြောခန်းထဲသို့ ထပ်ဆင့် ပေးပို့လိုက်သည့် လူတစ်ယောက်စ နှစ်ယောက်စ ရှိနေသေးသဖြင့် သူတို့ အမြင်မှားတာ မဟုတ်ကြောင်း သိလိုက်ရသည်။

 

“အံ့သြစရာပဲ။ ငါတို့ဘော့စ်ကြီးက ရှက်သွားတယ်ဟ၊ အား... သူ အချစ်မှာ ပျော်ဝင်နေတာပါလား”

 

ကျောက်ခဲ တစ်လုံးသည် လှိုင်းလုံးပေါင်း များစွာကို နှိုးဆော်ခဲ့သည်။ အချိန်တစ်ခဏလောက် အကြာမှာတော့ ဤနေရာ၌ မရှိသေးသော သူများသည် အတင်းတုပ်ရန် စုရုံးလားကြပြီး ရာစုနှစ် တစ်ခုကြာမှ တစ်ခါပေါ်သည့် အံ့သြစရာ အကြောင်းများကို စတင်ဆွေးနွေး ကြတော့သည်။

 

အတွင်းလူတစ်ယောက် ထွက်ပေါ်လာသည့် အထိတိုင်အောင်...

 

“ဘာကို ချိန်းတွေ့တာလဲ။ သူတို့က လက်တောင် ထပ်တော့မယ်။ ငါ့တို့ဘော့စ်က သူ့နတ်ဘုရားမကို အချိန်အကြာကြီး တိတ်တခိုး ချစ်လာခဲ့တာလို့ ငါကြားတယ်။ နောက်ဆုံးတော့ သူက သူမ လက်ကိုကိုင်ပြီး တစ်သက်လုံး အတူလျှောက်လှမ်း နိုင်တော့မှာ ဆိုတော့ သူက ဘယ်လိုလုပ်ပြီး မပျော်ပဲ နေနိုင်မှာတဲ့လဲ”

 

ဤကဲ့သို့ ပြောလိုက်သည့် အခါမှာပင် လူတိုင်းက ချက်ချင်း မေးမြန်း စပ်စုခဲ့ကြသည်။

 

သူတို့သတင်းအချို့ကို ဆွေးနွေးကြပြီးနောက် လူတိုင်း နားလည်း သဘောပေါက် သွားကြသည်။

 

“ငါတို့ဘော့စ်က သိပ်မကြာသေးခင်က ပိုပြီး ဖော်ရွေလာပုံ ပေါက်လာတာ အံ့သြစရာ မရှိဘူး။ အချစ်ရဲ့ တန်ခိုးက အရမ်းကြီးတာပဲ”

***