ငါက ပြန်တိုက်ခိုက်ရုံပါပဲ
ဝမ်ကျင့်ဖျင်၏ မျက်နှာဟာ ဖြူဖျော့သွားသည်။
သူမ စီစဉ်ထားသော ထောင်ချောက်ကို သူမကိုယ်တိုင် ပြန်မိလိမ့်မည်လို့ သူမ လုံးဝ မထင်ခဲ့ပေ။
“မုန့်ယွီ”
စစ်မုန့်ယွီသည် ဝမ်ကျင့်ဖျင်၏ မခံချိမခံသာ
ဖြစ်နေသာ မျက်လုံးတွေကို ကြည့်ကာ ဝမ်းသာ၊ ဝမ်းနည်း နှစ်ခုစလုံး ခံစားလိုက်ရသည်။ သူမ၏
နှလုံးသားထဲမှာ အနည်းငယ် ကျန်ရှိနေသည့် သံယောဇဉ် လက်ကျန်လေးဟာ နောက်ဆုံး၌ လုံးဝ ပျောက်ကွယ်
သွားသည်။
“ကျွန်မက ဝမ်ကျင့်ဖျင်နဲ့ ဆက်ဆံရေး ကောင်းရှိခဲ့တယ်၊
အစောပိုင်းက ပြောခဲ့သလိုပဲ၊ သူမက ကျွန်မကို အကြိမ်အနည်းငယ် ကြိုတင်ပြီး ဦးနှောက် ဆေးထားခဲ့ပါတယ်။
စင်ပေါ်မှာ ယို့မိန်းကလေးက အဲ့လို ပြောနေတာကို တွေ့လိုက်ရတော့၊ ကျွန်မ ခေါင်းတွေ ပူထူသွားတယ်၊
ပထမဆုံး ကျွန်မစိတ်ထဲ ပေါ်လာတာက သူမက ဝမ်ကျင့်ဖျင်ကို တမင်သက်သက် အနိုင်ကျင့် အရှက်ခွဲဖို့
လုပ်တယ်လို့ ထင်လိုက်မိတယ်၊ အဲ့တာကြောင့် ကျွန်မ စင်ပေါ်ကို တက်သွားပြီး သူမနဲ့ စကားများ
ရန်ဖြစ်ခဲ့ကြတယ်။ နောက်ပိုင်း ကျွန်မတို့ စကားရန်ဖြစ်တဲ့ အရှိန်ရလာပြီး လက်ပါလာခဲ့ကြတယ်”
စစ်မုန်ယွီက ဤသို့ ပြောလိုက်ခြင်းကြောင့်
သတင်းထောက် တစ်ယောက်က မေးခွန်းမထုတ်ပဲ မနေနိုင်တော့ပေ။
“မင်းက ဝမ်မိန်းကလေးနဲ့ ဆက်ဆံရေးကောင်း ရှိတယ်လို့
ပြောတယ်နော်၊ အခု ဘာဖြစ်လို့ သူမကို တိုက်ခိုက် နေရတာပါလဲ”
စစ်မုန့်ယွီသည် ဒီသတင်းထောက်က ပြဿနာကို
ပိုကြီးမားအောင် လှုံ့ဆော်ပေးဖို့ ကြိုးပမ်းနေမှန်းကို သိပေမယ့် သူမ မကြောက်ခဲ့ပေ။
သူမက ရိုးရိုးရှင်းရှင်း အဖြေပြန်ပေးခဲ့သည်။
“ရှင် အမြဲတမ်း ရိုးရိုးသားသား ဆက်ဆံပေးဖူးတဲ့ လူက
ရှင့်ကို အသုံးချခဲ့တယ်၊ ရှင့်ကို အသုံးချပြီး ဖျက်ဆီးချင်နေတာကို ရှင် သိသွားတဲ့အခါ
ရှင် ဘယ်လိုလုပ်မလဲ။ ကျွန်မက သူမကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျွန်မက လက်တုံ့ပြန်နေရုံပါပဲ”
အဆိုပါ သတင်းထောက်၏ မျက်လုံးများမှာ တလက်လက်
တောက်ပလာကာ မေးခွန်းများ ထပ်မေးတော့မည့် အချိန်မှာပင် စစ်မုန့်ယွီက ဆက်ပြောပြခဲ့သည်။
“ကျွန်မတို့အချင်းချင်း တွန်းဟယ်၊ ဆွဲဟယ် ဖြစ်ကုန်ကြတော့
တခြားသူတွေက တစ်ခုခု ဖြစ်မှာကို စိုးရိမ်ပြီး ကျွန်မတို့ လာဆွဲကြတယ်။ သူတို့ လာဆွဲပေးကြတဲ့
အချိန်မှာ ကျွန်မကို တစ်စုံတစ်ယောက်က နောက်ကနေ တွန်းလိုက်လို့ ယိုင်ထိုးယိုင်ထိုး ဖြစ်နေတဲ့
အချိန်မှာ ယို့မိန်းကလေးကို တွန်းမိသလို ဖြစ်ပြီး ယို့မိန်းကလေး စင်ပေါ်ကနေ ထွက်ကျသွားခဲ့ပြီး
အခုလို ဆေးရုံ တက်လိုက်ရတယ်။ ကျွန်မကတော့ စင်ပေါ်ကနေ ကျလုနီးပါး ဖြစ်သွားခဲ့ပြီး ယို့မိန်းကလေး
နဲ့အတူ ဆေးရုံတက်ရဖို့ သီသီလေးပါပဲ”
သတင်းထောက်များက အလျင်အမြန် တုံ့ပြန်လာခဲ့ကြပြီး
တစ်စုံတစ်ဦးမှ “အဲ့တာက ဝမ်မိန်းကလေးကြောင့်လား” လို့ အလျင်အမြန် တုံ့ပြန်ခဲ့သည်။
စစ်မုန့်ယွီ စကားပြောခါနီးတွင် “မုန့်ယွီ”
လို့ စူးစူးရှရှ အော်လိုက်သံကို ကြားလိုက်ရသည်။
လူတိုင်း၏ အာရုံမှာ ဝမ်ကျင့်ဖျင်ဘက်သို့
ချက်ချင်း လှည့်သွားခဲ့သည်။ သူမ၏ မျက်လုံးများမှာ နီရဲနေပြီး သူမမျက်နှာပေါ်တွင် နာကျင်ပြီး
မယုံနိုင်သည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
“နင် ဘယ်လိုလုပ်ပြီး ဒီလို ပြောထွက်နိုင်ရတာလဲ။
နင်ရဲ့ တာဝန်ကနေ လွတ်မြောက်ဖို့ နင် ငါ့ကို ချနင်းဖို့ လိမ်လည် ပြောဆိုနေရလား။ ငါတို့က
အကောင်းဆုံး သူငယ်ချင်းတွေပါ။ အဲ့တာကို နင် ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက် ရတာလဲ။ ငါ
တကယ်ပဲ... နင့်ကို အထင်လွဲခဲ့မိတာပဲ”
ဒီလို မကျေမနပ် ပြောဆိုမှုက အလွန်တရာ ဝမ်းနည်းကြေကွဲဖို့
ကောင်းနေတာကြောင့် ဆန့်ကျင်ဖက် လိင်အပေါ် သနားကြင်နာစိတ် ရှိသည့် သတင်းထောက် အနည်းငယ်က
သူမအပေါ် စာနာမိသွားသည်။
စစ်မုန့်ယွီက အနည်းငယ် မျက်မှောင်ကြုတ်
လိုက်သည်။ သူမ ပြန်မပြောနိုင်ခင်မှာ၊ ယိုကျင်းယွီက သူမကို ရိုက်ချခဲ့သည်။
“သူလိမ်နေတာလား မလိမ်ဘူးလား ဆိုတာကို တစ်စုံတစ်ယောက်ကတော့
သိမှာပါ။ ဒီမတော်တဆမှုက ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက် ကျူးလွန်မှုပါ။ ရှင်တို့
မရောက်ခင် ကတည်းက ကျွန်မတို့ ရဲကို ဖုန်းဆက်ထားပြီးပြီ။ တကယ်လို့ တစ်ခုခု ပြောစရာ ရှိတယ်ဆိုရင်၊
နင် ရဲကို သွားပြောလို့ ရပါတယ်”
ယို့ကျင်းယွီက ဝမ်ကျင့်ဖျင်ကို လေးလေးနက်နက်
စိုက်ကြည့်ကာ အေးစက်စက် အပြုံးဖြင့် “ဝမ်မိန်းကလေး၊ ကျေးဇူးပြုပြီး စိတ်ပိုင်းဆိုင်ရာ
ကြိုတင် ပြင်ဆင်ထားပါ။ ကျွန်မတို့မှာ သက်သေ အထောက်အထား ရှိပါတယ်။ မင်း လူတွေကို မသိစေချင်ဘူးဆိုရင်၊
နင် ဒီလို မလုပ်သင့်ဘူး”
တစ်ဖက်လူက ရဲကို ဖုန်းဆက်ထားပြီး သက်သေ
အထောက်အထားတွေပါ ရှိနေတယ် ဆိုတာကို ကြားလိုက်ရတော့ ဝမ်ကျင့်ဖျင်ဟာ သူမ၏ စိတ်ခံစားချက်များကို
မထိန်းနိုင်တော့ပါဘူး။ ဒါက သူတို့၏ အရင်က ခန့်မှန်းချက်ကို ထပ်မံ အတည်ပြု ပေးလိုက်တာပဲ။
ယိုကျင်းယွီ၏ မျက်လုံးထဲတွင် အေးစက်သော
အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ သူမသည် တကယ်တော့ ဝမ်ကျင့်ဖျင်ကို စမ်းသပ်ကြည့်ခဲ့ခြင်းသာ
ဖြစ်သည်။ အဆုံး၌ ဝမ်ကျင့်ဖျင်၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် မရှိတာက ပြဿနာ တစ်ရပ်ပင်။
သူမ ညီမဖြစ်သူက ဒီလိုမျိုး ဘယ်လိုလုပ်ပြီး
ကြံစည်ရဲရတာလဲ။ သူမက အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်။
ယိုကျင်းယွီ၏ စကားများက ဝမ်ကျင့်ဖျင်ကို
ပြစ်ဒဏ် ချမှတ်ခဲ့ပြီးပြီ ဖြစ်သည်။ သတင်းထောက်များမှာ သွေးနံ့ရနေသည့် ငါးမန်းဖြူကြီးနှင့်
တူသည်။ အခန်းထဲကို အမြန် ပြေးဝင် သွားချင်သော်လည်း သက်တော်စောင့်တွေက သူတို့ကို နှင်ထုတ်
ပစ်လိုက်သည်။
စစ်မုန့်ယွီက ယိုယွီရှစ်ဘက်သို့ လှည့်ပြီး
လေးလေးနက်နက် ဦးညွှတ် တောင်းပန်ခဲ့သည်။ သူမ မထွက်သွားခင်မှာ ဝမ်ကျင့်ဖျင်ကို အကြည့်စူးစူး
တစ်ချက် ပစ်ခွင်းခဲ့သေးသည်။
သူမ၏ ကိုယ်ပိုင် လုပ်ရပ်အတွက် အကျိုးဆက်တွေကို
တာဝန်ခံဖို့ ခံနိုင်ရည် ရှိပေမယ့် သူမကို ဒီမကောင်းတဲ့ မိန်းမက အလွယ်တကူ အနိုင်ကျင့်တာမျိုးကိုတော့
ခွင့်မပြုပေးနိုင်ဘူး။
***