စကားပြောစွမ်းရည်
ဒါမှမဟုတ် သူမမှာ ဒီလို ထူးချွန်ထက်မြက်သည့်
ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားတာကို တွေ့လိုက်ရလို့ မနာလို ဖြစ်သွားတာလား။
စုယန်ယန်သည် ဒီလိုဦးနှောက် ဆေးနည်းကို မြင်တွေ့လိုက်
ရသောအခါ တကယ် အတွေးများ နေခဲ့မိသည်။
တကယ်တမ်း ပြောရရင် ဟောက်ရှောက်ဖုန်းတွင်
သူမတူ ထူးခြားလွန်းသည့် အတွေးအခေါ်မျိုး ရှိသည်။ အမှန်အတိုင်း ပြောရရင် သူက သူ့ကိုယ်သူ
အထင်ကြီးလွန်းပြီး သူ ဘာတွေ တွေးနေမှန်းကို မှန်းဆမရပေ။
သူ့စိတ်ထဲတွင် ဝမ်ကျင့်ဖျင်ဟာ သူ့လို ချမ်းသာကြွယ်ဝပြီး
ရုပ်ရည် ချောမောသော ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားသည့် အတွက် ဒါဟာ အခြားမိန်းကလေးများ
သူမကို မနာလိုဖြစ်စေတာလို့ တစ်ထစ်ချ မှတ်ယူထားသည်။
ဟောက်ရှောက်ဖုန်းသည် ရေတပ်များကို ဝယ်ယူသုံးစွဲခဲ့ပြီး
ယိုကျင်းယွီသည် သဘာဝအားဖြင့် လွန်လွန်ကဲကဲ မဖြစ်စေလိုသည့်အတွက် သူ့ကို ပြန်လည်တိုက်ခိုက်ဖို့
ရေတပ်တစ်တပ်ကိုသာ ငှားရမ်းသုံးစွဲခဲ့သည်။
ဇာတ်လိုက်၏ အရှိန်အဝါကြောင့်လား မသိနိုင်၊
ဟောက်ရှောက်ဖုန်းထက် အဆပေါင်းများစွာ သာလွန်သော စွမ်းရည်ရှိသည့် ယိုကျင်းယွီမှာ အဆုံး၌
သရေရလဒ်သာ ထွက်ရှိခဲ့သည်။
မသေမျိုးများ တိုက်ခိုက်ကြသောအခါတွင် သရဲတစ္ဆေလေးများ
ဒုက္ခရောက်ကြသည်။ တကယ် စိတ်မကောင်းစရာ ကောင်းတာက ပရိုဂရမ်အဖွဲ့က လူများပင် ဖြစ်သည်။
ဝမ်ကျင့်ဖျင် တစ်ယောက် သူတို့အစီအစဉ်မှာ
ပါဝင်လာပြီး ကတည်းက သူမကြောင့် ပြဿနာများစွာ ဖြစ်ပွားခဲ့သည်။ ပရိုဂရမ်အဖွဲ့၏ အထက်လူကြီးတွေက
သူမကို ဒေါသထွက်နေပြီး ထုတ်ပယ်ချင်နေကြပြီ ဖြစ်သည်။
သို့သော် ဟောက်မိသားစု၏ သခင်ငယ်လေးသည် ဤအမျိုးသမီး
နောက်ကွယ်တွင်ရှိ၍ သူမကို စော်ကားရန် မတတ်နိုင်ပေ။
မတော်တဆမှု ဖြစ်ပွားပြီးနောက် ယိုယွီရှစ်သည်
တုန်ချမ်း အင်တာတိန်းမန့်မှ အနုပညာရှင်ဖြစ်ပြီး တုန်ချမ်း အင်တာတိန်းမန့်သည် သူတို့၏
စပွန်ဆာများထဲမှ တစ်ဦး ဖြစ်သည်။ ထို့အပြင် ယိုယွီရှစ်သည် ယိုကော်ပိုရေးရှင်၏ ဒုတိယသမီး
ဖြစ်သောကြောင့် သူမအား စော်ကားရန် မတတ်နိုင်ပေ။
သူတို့ ဝမ်ကျင့်ဖျင်ကို ထုတ်ပယ်သင့်လား၊
မသင့်ဘူးလား။ အကယ်၍ သူတို့က သူမကို အခုချက်ချင်း ထုတ်ပယ် လိုက်မယ်ဆိုရင် ဟောက်မိသားစုက
သူတို့ကို ဖိအားပေး လာခဲ့မှာလား။ အထက်လူကြီးများနှင့် ဦးခေါင်းပေါ်ရှိ ဆံပင်တွေ အမှန်တကယ်
ဖြူလာပေတော့မည်။
စုယန်ယန်၏ အမိန့်သည် ဒါရိုက်တာ၏ နားထဲသို့
ရောက်ရှိသွားသည်။
“ကျွန်တော်တို့ ဘော့စ်က လူတိုင်းဟာ အသက်မွေးဝမ်းကြောင်းပြုဖို့
ကြိုးစားနေကြတာ ဖြစ်ပြီး မည်သူ တစ်ဦးတစ်ယောက်ကမှ အလုပ်လုပ်ကိုင်ရတာ လွယ်ကူတာ မဟုတ်ဘူးလို့
ပြောတယ်။ ဒီမတော်တဆမှုက ဆိုးရွားပြီး ကျွန်တော်တို့အတွက် ဆုံးရှုံးမှုတွေ ရှိခဲ့ပေမယ့်
အချို့သော လူတွေရဲ့ အကျင့်စာရိတ္တ ညံ့ဖျင်းမှုကြောင့် ဖြစ်ပွားခဲ့သည့်အတွက် ပရိုဂရမ်အဖွဲ့နဲ့
ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့ ဒီကိစ္စအတွက် ပရိုဂရမ်အဖွဲ့ကို တာဝန်ယူခိုင်းမှာ မဟုတ်ဘူး။
ဒါ့အပြင်၊ ကျွန်တော်တို့ တုန်ချမ်းကလည်း ဒီအစီအစဉ်မှာ ရင်းနှီးမြှုပ်နှံထားတယ်၊ ဒါ့ကြောင့်
ကျွန်တော်တို့ရဲ့ ကြိုးစား အားထုတ်မှုတွေကို အလဟဿ မဖြစ်စေချင်ဘူး”
“ဝမ်ကျင့်ဖျင်က အခု နာမည် အရမ်းကြီးနေတော့
ကျွန်တော်တို့ သူမကို ဆက်ထားသင့်တယ်။ နောက်တစ်ခုက လူတိုင်း ငါတို့အစီအစဉ်ကို အရမ်း
စင်းလုံးချောလို့ ရှုမြင်နေပြီး ဘာပြဿနာမှ မရှိမှာကို ငါ စိုးရိမ်တယ်။ ပြဿနာတွေ မရှိရင်
ငါတို့အစီအစဉ်က ဘယ်လိုလုပ်ပြီး နာမည်ကျော်ကြား လာနိုင်ပါ့မလဲ။ မင်းတို့ရော အဲ့လို မထင်ကြဘူးလား”
ဒါရိုက်တာက အရူး မဟုတ်ပေ၊ ဒါ့ကြောင့် ဝမ်ကျင့်ဖျင်အပေါ်
တုန်ချမ်းရဲ့ သဘောထားကိုတော့ သူ ဘယ်လိုမှ မမှန်းဆနိုင်ခဲ့ဘူး။
ဒီကမ္ဘာကြီးပေါ်မှာ အပြောကောင်းတဲ့ လူတချို့
ရှိစမြဲပါပဲ။ သူတို့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ဖက်သားကို စိတ်ကျေနပ်
သွားစေသည်။ တစ်ဖက်သားမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှန်း သူတို့ သိပေမယ့်လည်း
သူတို့က လိုလိုလားလား ကူညီချင်စိတ် ရှိစေသည်။
အခြားတစ်ဖက်တွင်မူ၊ တချို့လူတွေကတော့ ပါးစပ်
ဖွင့်လိုက်တာနဲ့ လူတွေကို စက်ဆုပ်ရွံရှာ သွားစေပြီး တစ်ဖက်သူ၏ အာဏာကို ကြောက်ရွံ့၍သာ
လက်အောက်ခံရန် ရွေးချယ်ကြရသည်။ အပေါ်ယံမှာ ဘယ်လောက်ပဲ ကောင်းမွန်စွာ သရုပ်ဆောင်ထားပါစေ၊
နောက်ကွယ်မှာတော့ လုံးဝ လိုက်လျောညီထွေ မနေနိုင်ကြဘူး။
“ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်တို့ကို
နားလည်ပေးလို့ ကျေးဇူးပါ၊ စီအီးအိုစု။ ဒီလိုမျိုး နောက်တစ်ခါ ဘယ်တော့မှ မဖြစ်စေရပါဘူး။
ဝမ်ကျင့်ဖျင်က ဆက်ရှိနေမှာ ဖြစ်ပေမယ့် မလိုလားအပ်တဲ့ အရာတွေကို ထပ်မံ မဖြစ်ပွားအောင်
ကျွန်တော်တို့ သေချာကြပ်မတ် ထားပါ့မယ်။ မင်းနဲ့ စီအီးအိုစုတို့ စိတ်ချလက်ချ နေနိုင်ပါတယ်”
“ဒါဆိုရင် ကျန်တဲ့ကလေးတွေကို စောင့်ရှောက်ပေးဖို့
ရှင့်လက်ထဲပဲ အပ်ထားလိုက်မယ်နော်”
“ရပါတယ်။”
ဒီလိုနဲ့၊ ဝမ်ကျင့်ဖျင်သည် အစီအစဉ်တွင်
ဆက်လက် ကျန်ရစ်ခဲ့သည်။ ဟောက်ရှောက်ဖုန်း၏ ဦးနှောက်ဆေးသည့် လုပ်ငန်းစဉ်က အလုပ်ဖြစ်တယ်
ဒါမှမဟုတ် ပရိုဂရမ် အဖွဲ့အပေါ် ဟောက်ရှောက်ဖုန်း၏ ဖိအားပေးမှုကြောင့် သူမကို မထုတ်ပယ်ရဲတော့တာဟု
ဝမ်ကျင့်ဖျင်က ထင်မြင် ယူဆခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ၊ ဤအစီအစဉ်တွင် သူမ
ဆက်လက် ကျန်ရှိနေသည်မှာ ကောင်းပါသည်။ သူမ ဆက်နေနိုင်သေးတယ် ဆိုတော့၊ သူမမှာ အခွင့်အရေး
ရှိသေးတယ်လို့ ဆိုလိုတာပါပဲ။
သို့သော် သူမ၏ အတွေးများမှာ အရမ်း နုံ့အလွန်းကြောင်းကို
သိပ်မကြာခင်မှာပဲ သိလိုက်ရသည်။
သက်သေ အထောက်အထား မလုံလောက်တာကြောင့် ရဲများက
သူမကို ပြစ်ဒဏ် မချမှတ်ခဲ့နိုင်သော်လည်း ပရိုဂရမ်အဖွဲ့နှင့် နေ့ရော ညပါ ပါဝင်ခဲ့တဲ့
ပြိုင်ပွဲဝင်တွေကတော့ ဘာမှ မသိတဲ့ ဖရဲသီးစားသူတွေထက် ဒီဖြစ်ရပ်ကို ကောင်းကောင်း သိကြသည်။
စစ်မုန့်ယွီသည် ဝမ်ကျင့်ဖျင်အပေါ် မည်မျှ
ကောင်းမွန်စွာ ဆက်ဆံခဲ့သည်၊ မည်မျှ ဂရုစိုက်ပေးခဲ့သည်ကို သူတို့အားလုံးကို ကောင်းကောင်းသိသည်။
စစ်မုန့်ယွီ၏ ရိုးသားဖြောင့်မတ်သော ပင်ကို
စရိုက်ကြောင့် အခြား ပြိုင်ပွဲဝင်တွေကလည်း သူမနှင့် ဆက်ဆံရေးကောင်း ရှိချင်ကြသည်။
ဝမ်ကျင့်ဖျင်နှင့် နှိုင်းယှဉ်လျှင်၊ သူတို့က
စစ်မုန့်ယွီကို ပိုယုံကြည်ကြသည်။
***