အပိုင်း ၂၅၀
Viewers 1k

အခန်း (၂၅၀)

 

တစ်စုံတစ်ယောက်ရဲ့ပေါင်ကို ပွေ့ဖက်ရခြင်း၏ ပျော်ရွှင်မှု

အကြီးတန်း အမှုဆောင် အရာရှိတွေဟာ အံ့အားသင့် သွားကြသည်။ “လည်စည်းပဝါလား။ ဒီအကြောင်းက ဘော့စ်ရဲ့ လည်စည်းပဝါနဲ့ ဘာဆိုင်လို့လဲ”

ကျိုးယန်ပိုင်သည် တစ်ကြိမ်တည်းဖြင့် အလွန်အကျွံ ထုတ်ဖော် မပြောဆိုနိုင်ပေ။ သူက အသာချောင်းဟန့်လိုက်ပြီး “မင်းတို့အားလုံးကို ငါ ဒါ အကုန်ပဲ ပြောပြနိုင်တယ်” လို့ ပြောလိုက်သည်။

“ဒါက...” သူတို့က ထပ်မေးချင်ပေမယ့် ကုရှောက်ယွီက သူတို့ကို ကြားဝင်ဖြတ်ပြောခဲ့သည်။

“ယန်ပိုင်က ဒီလို ပြောတဲ့အတွက် သူ့မှာ အကြောင်းပြချက် ရှိလိမ့်မယ်။ ယုံချင်ယုံ မယုံချင်နေ အဲ့တာ မင်းတို့အပိုင်းပဲ။ အတိုချုပ်ပြောရရင်၊ မင်းတို့ မသေချင်ရင် သခင်လေးရဲ့ လည်စည်းပဝါက ကြည့်မကောင်းဘူးလို့ မပြောကြနဲ့။ မင်းတို့ အသက်ရှင်ချင်ရင် သခင်လေးရဲ့ လည်စည်းပဝါကို ချီးမွမ်းပြောဆိုကြ။ ဒီလောက်ပါပဲ”

ကုရှောက်ယန်က ဒီလို ပြောခဲ့ပြီး ဖြစ်သည့်အတွက် သူတို့ ဆက်မေးဖို့ ခက်ခဲသွားခဲ့ကြသည်။ သူ အလေးပေး ပြောကြားသည့် လည်စည်းပဝါက ဘာအမျိုးအစား ဖြစ်မလဲလို့ သူတို့အားလုံး တိတ်တဆိတ် တွက်ချက် နေခဲ့ကြသည်။

သူတို့ရဲ့ မေးခွန်းတွေကို အမြန် ဖြေရှင်းလိုက်နိုင်သည်။ ဟောက်ချန်ဟွမ်းကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ကျိုးယန်ပိုင်က ဘော့စ်၏ လည်စည်းပဝါက ကြည့်မကောင်းဘူးလို့ မပြောဖို့ ဘာကြောင့် သတိပေးခဲ့တာလဲ ဆိုတာကို အမှုဆောင်အရာရှိ အားလုံး နားလည် သဘောပေါက် သွားကြသည်။

ဒီလည်စည်းပဝါက တကယ့်ကိုပဲ... ဒါက နည်းနည်းလေး အရုပ်ဆိုးသည်။ ချည်ထိုးထားသည့် အပ်အရွယ်အစား မညီရုံသာမက ဒါကို ပုံစံတကျ ချည်ထိုးထားခြင်းလည်း မရှိပေ။

ကံကောင်း ထောက်မစွာဖြင့် ဟောက်ချန်ဟွမ်းသည် ယခု သူတို့နှင့် တွေ့ဆုံသည့် အချိန်တွင် ဒီလည်စည်းပဝါကို ပတ်ထားခဲ့သည်။ သူသာ ဒီလည်စည်းပဝါကို ချွတ်ထားပါက မရိုးမဖြောင့်သည့်ဟန် ပေါ်သွားနိုင်သည်။

ဒါကိုမြင်ရတာ တိကျသော ချည်ထိုးနည်းများဖြင့် ထိုးထားသော လှပသည့် ပဝါများကိုသာ မြင်ဖူးသူ ချန်ကော၊ အထူးသဖြင့် သူ့ထံတွင် ပြီးပြည့်စုံမှုကို စွဲလမ်းသော ရောဂါမျိုး ရှိသောကြောင့် ဒါက သူ့အတွက် အဆင်မပြေ ဖြစ်စေခဲ့သည်။

ဒါပေမယ့် သူတို့၏ ကိုယ်ပိုင်ဘဝတွေအတွက် ဘာမှ မပြောရဲကြဘူး။ သူတို့က သူတို့မျက်နှာကို နည်းနည်းလေးတောင် မပြဝံ့ဘူး။

ဟောက်ချန်ဟွမ်းည် သူတို့ ရှောင်တိမ်းနေသော အကြည့်များကို ဂရုမစိုက်ပဲ သွားလိုသည့် နေရာသို့ ချက်ချင်း တန်းသွားခဲ့သည်။ “ဒီကိစ္စတွေကို ဆွေးနွေးဖို့ အစည်းအဝေးခန်းထဲမှာ ငါတို့ မျက်နှာချင်းထိုင် ထိုင်ခဲ့ကြတာ ဒီနှစ်အတွင်း ဒါ ပထမဆုံးအကြိမ်ပဲ”

ထိုစကားကို အစည်းအဝေးသို့ တက်ရောက် လာသူများ ကြားလိုက်ရသောအခါတွင် သူတို့အားလုံး နှလုံးခုန် မြန်သွားသည်။ ထို့နောက်၊ ဟောက်ချန်ဟွမ်း ပြောလိုက်သံကို ကြားလိုက်ရသည်၊

“မင်းတို့ အရမ်းကြီး စိတ်မပူကြပါနဲ့။ ငါ မင်းတို့ကို ဒီနေ့ အစည်းအဝေးခေါ်ရတဲ့ အကြောင်းရင်းက ပြီးခဲ့တဲ့ သုံးလပတ်နဲ့ ပြီးခဲ့တဲ့ နှစ်ရဲ့ အမြတ်အစွန်း အကြောင်းကို လူကိုယ်တိုင် အစီရင်ခံ တင်ပြတာကို ကြားချင်လို့ပဲ”

ဒါတောင်မှ ဟောက်ချန်ဟွမ်းနဲ့ မျက်နှာချင်းဆိုင် ထိုင်ရတာက အခန်းထဲက လူအများစုအတွက် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု တစ်ရပ် ဖြစ်နေခဲ့ပါပြီ။ သူတို့ ဘယ်လိုလုပ်ပြီး မစိုးရိမ်ပဲ နေကြမှာလဲ။

ဟောက်ချန်ဟွမ်း၏ အကြည့်စူးစူးတွေက လူတိုင်းကို ကျော်ဖြတ်သွားပြီး နောက်ဆုံးတွင် ယုကျစ်ယန်ဆီသို့ ကျရောက် သွားခဲ့သည်။

“မင်း အရင်ဆုံး တင်ပြလိုက်။ ကျန်တဲ့သူတွေက သူ့နောက်ကနေ ဆက်တိုက် တင်ပြပေးကြပါ”

လူများစွာက ယုကျစ်ယန်ကို ချက်ချင်းပင် စာနာသနားဟန်ဖြင့် ကြည့်လာကြသည်။ တူညီသော ဘော့စ်လက်အောက်တွင် အလုပ် လုပ်ကိုင်နေရင်း ယုကျစ်ယန် တာဝန်ယူထားသည့် တိုက်ရိုက်ထုတ်လွှင့်မှု ဝဘ်ဆိုက်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ကြားသိခဲ့ရသည်။

အစားအသောက် ကဏ္ဍတွင် နံပါတ်တစ် အမျိုးသမီး တင်ဆက်သူအား ပြုစုပျိုးထောင်‌ပေးဖို့ အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံရန် သူ့အတွက် မလွယ်ကူခဲ့ပါ။ ဒါ့အပြင် ဖျော်ဖြေရေး နယ်ပယ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်မှန်းထားတဲ့ အမျိုးသမီး အနုပညာရှင် တစ်ဦးလည်း ဖြစ်သည်။ သူမသည် ဝဘ်ဆိုက်သို့ ကျော်ကြားမှု လှိုင်းလုံးကြီးတစ်ခုကို သယ်ဆောင် လာလိမ့်မည်ဟု သူထင်ခဲ့သည်။

သူမ နာမည်ကြီး လာသောအခါ သူမ အရမ်း မာနကြီး လာလိမ့်မယ်လို့ ဘယ်သူ ထင်မိမှာလဲ။ သူမ နာမည်ကြီးလာပြီး နောက်တွင် သူမကိုယ်တိုင် ကိုယ့်သေတွင်း ကိုယ်တူးခဲ့သည်။ သူမသည် သူမ၏ နာမည်ဂုဏ်သတင်း အများစုကို ယိုယွင်း ပျက်စီးစေခဲ့ပြီး ဝဘ်ဆိုက်ပေါ်ရှိ ယခင် ရရှိထားသော အရင်းအမြစ်များ အားလုံးကို ဆုံးရှုံးသွားစေခဲ့သည်။

ဤသည်မှာ ဒီတိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းကို တာဝန်ယူထားသည့် ယုကျစ်ယန်အတွက် ကြီးမားသော အမှားတစ်ခုလို့ ဆိုနိုင်ပေသည်။ ဒီနေ့ သူဟာ ဘစ်ဘော့စ်၏ ပထမဆုံး ခေါ်ထုတ်ခြင်းကို ခံခဲ့ရပြီး တောင်ပံကျိုးနေသည့် ငှက်ကို တစ်ချက်တည်း ပစ်သတ်ဖို့ ဖြစ်နိုင်သည်။ အရမ်း ကံဆိုးနေတာပဲ။

ဒါပေမယ့် ဒီလူတွေက မသိခဲ့တာက အခန်းထဲမှ ရှိနေသည့် လူအားလုံးထဲမှာ ယုကျစ်ယန်က အတည်ငြိမ်ဆုံး ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ့တွင် သေခြင်းတရားမှ ကယ်တင်နိုင်သော ရွှေခြေထောက်ကို ဖက်တွယ်ထားခဲ့သည်မှာ အချိန်ကြာမြင့်နေခဲ့ပြီ ဖြစ်လို့ပါပင်၊ သူက အကြောက်အလန့် ကင်းသည်။

“အဟွတ်၊ အဟွတ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော် တာဝန်ယူရတဲ့ ကုမ္ပဏီဝဘ်ဆိုက်ရဲ့ အကြီးမားဆုံး အမြတ်က အလွန်စွမ်းရည်ရှိပြီး တီထွင်ဖန်တီးနိုင်စွမ်း ကောင်းတဲ့ မိန်းကလေး တစ်ဦးနဲ့ စာချုပ် ချုပ်ဆိုခဲ့ရတာပါပဲ။ ဒီမိန်းကလေးဟာ ဝဘ်ဆိုက်မှာ တိုက်ရိုက် ထုတ်လွှင့်မှု လုပ်တာ တစ်ပတ် မပြည့်သေးခင်မှာပင် သူမဟာ ကျော်ကြားမှုနဲ့ မရေမတွက်နိုင်တဲ့ သစ္စာရှိ ပရိသတ်များစွာကို ရရှိထားခဲ့ပြီး ဖြစ်တယ်။ သူမက အွန်လိုင်း တိုက်ရိုက် ထုတ်လွှင့်သူများ၏ ဆုကြေးငွေ စာရင်းမှာ ထိပ်ဆုံးနေရာကို သိမ်းပိုက် ထားနိုင်ခဲ့တယ်။ သူမက သုတေသန အဖွဲ့အစည်းရဲ့ ပံ့ပိုးပေးမှုနှင့် ကျေးဇူးတင်မှုကိုပင် ရရှိခဲ့ပါသေးတယ်။ သူမက ကျွန်တော်တို့ မျိုးဆက်အတွက် စံပြကောင်း တစ်ယောက်ပါပဲ...”

***