အပိုင်း ၂၅၂
Viewers 1k

အခန်း (၂၅၂)

 

 - ကံဆိုးခြင်း

ကြီးကြပ်ရေးမှုးရဲ့ ခန္ဓာကိုယ်ဟာ တောင့်တင်းသွားသည်။ ဟောက်ချန်ဟွမ်းတစ်ယောက် ပျော်နေလား မပျော်ဘူးလား ဆိုတာကို သူ မပြောနိုင်ပေ။

ကျည်ဆံကို ကိုက်ဖို့ကလွဲလို့ သူ့မှာ အခြားရွေးချယ်စရာ မရှိဘူး။

“ဒီထိုးထားတာက အကုန်လှတယ်။ ဒီလည်စည်းပဝါကို ကြည့်ရတာ အရမ်း အဖိုးတန်မယ်ပုံပေါ်ပြီး နူးညံ့ပျော့ပျောင်းမယ့်ပုံပဲ။ ဒီလည်စည်း ပဝါလေးကို ပတ်ထားရင် လည်ပင်းကို အရမ်း နွေးထွေးစေမှာ သေချာတယ်။ ဒါ့အပြင် ဒီလည်စည်းပဝါရဲ့ ပုံစံက အရမ်း... အဟွတ်၊ ရှုပ်ထွေးတယ်။ ဒီလည်စည်းပဝါကို ထိုးတဲ့သူက အများကြီး အားထုတ်ကြိုးပမ်းပြီး စိတ်ရှည်လက်ရှည် ထိုးပေးထားပုံရတယ်”

ထိုသို့ သူ ပြောလိုက်သည်နှင့် ကျိုးယန်နှင့် အခြားသူတွေက သူ့ကို လက်မ ထောင်ပြသွားချင်ကြသည်။

လည်စည်းပဝါကို ချီးကျူးတာနဲ့တင် လုံလောက်ပေမယ့် သူက လည်စည်းပဝါထိုးတဲ့ သူကိုတောင် ချီးကျူးလိုက်သေးတယ်။ သူက ခေါင်ကို ပစ်လိုက်တာပဲ။ ဘယ်လောက်တောင် အရည်အချင်း ရှိလိုက်သလဲ။

ကျိုးယန်ပိုင်နှင့် အခြားသူများ မသိခဲ့တာက ဒီလူက အမှန်တကယ် ခေါင်ထိမှန်သွားအောင် ပစ်လိုက်တာ မဟုတ်တာပါပင်။ သူ လည်စည်းပဝါကို ဘယ်လို ချီးကျူးရမှန်း မသိတော့တာကြောင့် လည်စည်းပဝါ ထိုးသည့်သူကို ချီးကျူးဖို့ တခြား နည်းလမ်းကို ရှာဖွေလိုက်ခြင်း ဖြစ်သည်။

သိသာ ထင်ရှားစွာပင် သူက အနိုင်ရမယ့်ဖက်မှာ လောင်းကြေး ထပ်မိခဲ့သည်။

သူ ပြောတာကို ကြားလိုက်ရသည့် နောက်တွင် ဘစ်ဘော့စ်၏မျက်နှာအမူအရာ ရုတ်တရက် ပျော့ပျောင်းသွားတာကို အစည်းအဝေး တက်ရောက်လာသူ အားလုံး သိသာထင်ရှားစွာ ခံစားလိုက်ရသည်။

“???” ဘစ်ဘော့စ်၏ အမူအရာ ပြောင်းလဲ သွားစေလောက်သည့်အထိ ဒီလည်စည်းပဝါနှင့် ပတ်သက်သည့် လျှို့ဝှက်ဆန်းကြယ်သည့် အရာက ဘာပါလဲ။

“နောက်တစ်ခါ ဒီလို ထပ်မဖြစ်စေနဲ့။ နောက်နှစ်အတွက် အာမခံချက်တစ်ခုနဲ့ အကျဉ်းချုပ် အစီရင်ခံစာကို ရေးပြီး တင်ပြပါ။ နောက်နှစ်မှာလည်း ဒီလို ဆုံးရှုံးမှုတွေရှိရင်...” ဟောက်ချန်ဟွမ်းက သူ့ကို တစ်ချက်ကြည့်ရင်း “ကုမ္ပဏီက ပျင်းရိသူတွေကို မထောက်ပံ့ဘူး”

ကြီးကြပ်ရေးမှုး၏ မျက်လုံးတွေက အနည်းငယ် တောက်ပသွားပြီး အလျင်စလို ပြောလိုက်သည်။

“ကျေးဇူးပါ၊ စီအီးအို။ ကျွန်တော် အစီရင်ခံစာကို ကောင်းကောင်း ရေးပါ့မယ်၊ ကောင်းကောင်း ရေးပါ့မယ်”

ဒီပြစ်ဒဏ်က ကြမ်းတမ်းပုံ ပေါက်ပေမယ့် တကယ်တော့ ပုံမှန်ထက် အများကြီး ပိုကောင်းသည်။

ကုမ္ပဏီက ပျင်းရိသူတွေကို မထောက်ပံ့ဘူး ဆိုတာကို ကုမ္ပဏီက လူတိုင်း သိကြသည်။ ကုမ္ပဏီ၏ ထိပ်ဆုံးနေရာမှာ ထိုင်နိုင်သော သူတွေက များသောအားဖြင့် အရည်အချင်း အရမ်းရှိသည့် သူများဖြစ်သည်။

ဒီလူတွေက အမှားလုပ်လို့ မရဘူး၊ မူအရ သူတို့ အမှားမလုပ်နိုင်ဘူး။ သူတို့ တစ်ခုခု လုပ်တဲ့အခါတိုင်း ကုမ္ပဏီအတွက် အကျိုးကျေးဇူးအတွက် ဆောင်ကြဉ်းပေးနိုင်ရမည်။

တကယ်လို့ သူတို့ မလုပ်နိုင်ဘူးဆိုရင်က ဒါက သူတို့၏ အရည်အချင်းက မလုံလောက်ဘူး ဆိုတာကို ပြသနေတာ ဖြစ်သည်။ သူတို့၏ အမှားက သူတို့ ပစ္စည်းများကို ထုပ်ပိုးပြီး ထွက်ခွာသွားဖို့ မလုံလောက်ပေမယ့် ပြင်းထန်တယ်ဆိုရင်တော့ တခြား အရည်အချင်း ရှိသူများကို အလိုအလျောက် နေရာလွှဲပေးဖို့ လိုအပ်သည်။

သာမန်အားဖြင့်ဆို ဒီကြီးကြပ်ရေးမှုးသည် အောက်ခြေသို့ အချိန်အတော်ကြာ ရာထူးလျှော့ချ ခံရနိုင်သော်လည်း ယခုမူ အစီရင်ခံစာ နှစ်စောင် ရေးသားလိုက်ရုံဖြင့် ဒီပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်။ ဒါက ကောင်းကင်ပေါ်ကနေ ပိုင်မုန့် ပြုတ်ကျလာသည့် အတိုင်းပါပဲ။

ယခုပစ္စုပ္ပန်တွင် အရူးတစ်ယောက်မျှ မရှိဘူး။ ကျိုးယန်ပိုင်၏ စကားများ၏ နောက်ကွယ်က ကောင်းမွန်သော ရည်ရွယ်ချက်ကို သူတို့ နားလည် သဘောပေါက် လာခဲ့ပြီ။

ထို့ကြောင့် ရလဒ်အနေဖြင့် ဟောက်ချန်ဟွမ်း၏ လည်စည်းပဝါကို တမင်တကာ သို့မဟုတ် မရည်ရွယ်ပဲ ချီးကျူးမိသလို ပြုမူနေသူများ ဆက်တိုက် ရှိလာခဲ့သည်။ အခန်းတွင်းမှ လေထုသည် မထင်မှတ်ပဲ လိုက်ဖက်ညီနေခဲ့သည်။

သူတို့၏ အသက်ကို ကာကွယ်ရန် လည်စည်းပဝါကို အားကိုးပြီး အကြီးပိုင်း အမှုဆောင်အရာရှိ အုပ်စုသည် အစီရင်ခံစာတွေကို ‌ဘေးကင်းစွာ တင်ပြနိုင်ခဲ့သည်။

ဟောက်ချန်ဟွမ်းက လူတိုင်းကို အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ပြီး မေးသည်၊ “ဟောက်ချီဟန်တို့သားအဖ လိုချင်တဲ့ မြေကွက်အကြောင်း ဘာထူးလဲ”

“နောက်ထပ် လုပ်ငန်းစဉ် အချို့လောက် လုပ်ဆောင်ပြီးရင် သူတို့ အဲ့ဒီမြေကွက်ကို လက်ဝယ်ပိုင်ဆိုင်ပြီး အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှု အသစ်အတွက် ပြင်ဆင်နေပါတယ်”

“အရမ်းကောင်းတယ်။ သူတို့ လုပ်ငန်းစတဲ့ အခါကျရင် မြေအောက်ပြဿနာကို ဖော်ထုတ်ဖို့ အခွင့်အလမ်းကို အရင်ရှာ။ အရင် ရှာဖွေတွေ့ရှိမှု အစီရင်ခံစာ မိတ္တူကို အထက်ပိုင်း အရာရှိတွေဆီ ပေးပို့ပြီး သူတို့ကို စုံစမ်းစစ်ဆေးဖို့ ဖိတ်ခေါ်လိုက်”

ဒီကိစ္စကို တာဝန်ယူထားသည့် သူက အနည်းငယ် ကျောချမ်းသွားသည်။ ကံကောင်းခြင်းများ ဆုံးရှုံးတော့မယ့် ဟောက်သားအဖအတွက် ဖယောင်းတိုင် တစ်တိုင် ထွန်းညှိပေးလိုက်သည်။

သူတို့၏ ဘစ်ဘော့စ်သည် ဒီအံ့သြဖွယ်ကောင်းသော ဆွေမျိုးများနှင့် ပတ်သက်၍ သနားကြင်နာမှု အလျှင်းမရှိပဲ အလွန် သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ခဲ့သည်။

မကြာခင် အချိန်တွင်းမှာပဲ ဟောက်မိသားစုက ကံဆိုးသွားလိမ့်မယ်လို့ သူ ယုံကြည်သည်။

ဒါပေမယ့် သူတို့ဘော့စ်ကို အကြင်နာတရား ကင်းမဲ့တယ်လို့ အပြစ်ပြောလို့ မရပါဘူး။ အဲ့ဒီမိသားစုက အရမ်း လူမဆန်ကြဘူး။ ဒါက ကံတရားနှင့် လက်စားချေခြင်းပါပဲ။

“နောက်နှစ်ရက်အတွင်း သူတို့ကို လုပ်စရာ အလုပ် ပေးထားလိုက်။ သူတို့ကို လှည့်ပတ်ပြေးပြီး တခြားသူတွေကို ပြဿနာ ရှာခွင့်မပေးနဲ့”

သူ ဒီမင်္ဂလာပွဲကို စောင့်မျှော်နေတာ ကြာပြီ။ သူ့ပျော်ရွှင်မှုကို ဖျက်ဆီးရန် ထိုမိသားစုအား ဘယ်သောအခါမှ ခွင့်မပြုနိုင်ဘူး။

“ဒါဆို မစ်စုနဲ့ ဘော့စ်တို့ရဲ့ မင်္ဂလာဆောင်...”

ဟောက်ချန်ဟွမ်းက ကျိုးယန်ပိုင် ဘာမေးချင်လဲ ဆိုတာကို သိတဲ့အတွက် တိုးဖွဖွ ရယ်မောလိုက်သည်။ “ငါ သူတို့ကို မဖိတ်ဘူး၊ စုမိသားစုကလည်း သူတို့ကို မဖိတ်ဘူး”

ကျိုးယန်ပိုင်က ချက်ချင်း နားလည် သဘောပေါက် သွားသည်။

“ကျွန်တော် နားလည်ပြီ။ မင်္ဂလာဆောင်ပွဲနေ့မှာ ကျွန်တော်တို့ အထူးဂရုပြုလိုက်ပါ့မယ်။ ဘော့စ်နဲ့ မစ်စုတို့ ရှေ့မှောက် သူတို့ကို ရောက်ရှိလာခွင့် မပြုပါဘူး”

***