ယန်ယန်နဲ့ ပတ်သက်တဲ့ ဘယ်ကိစ္စမဆို အရေးကြီးတယ်
ထိုစကားကို ကြားလိုက်သည့်အခါ ထိုလူများ
သူတို့၏ကျောရိုးတစ်လျှောက် အေးခဲသွားသလို ခံစားလိုက်ရသည်။
“ငါတို့ကို အပုတ်မချနဲ့။ ငါတို့ ဘာမှ မပြောခဲ့ဘူး”
“ဟုတ်တယ်။ သူမက စုမိသားစုဝင် ဖြစ်တာနဲ့ပဲ
သူမက လူတွေကို ဒီလိုမျိုး အပုတ်ချလို့ ဖြစ်နိုင်လား”
စုယွဲ့ထင်က လှောင်ပြောင်လိုက်သည်။ “နင်တို့တွေ
ပြောတာလို့ ငါ ပြောတောင် မပြောရသေးဘူး။ တစ်စုံတစ်ယောက်က ဘာဖြစ်လို့ အရင်ဆုံး အပြစ်ရှိသလို
ခံစားနေရတာလဲ”
“ငါ...”
သူတို့ ငြင်းခုန်နေကြစဉ် ကျိုးယန်ပိုင်က
ဟောက်ချန်ဟွမ်းကို ဟောက်ချီဟန်တို့မိသားစုနှင့် သူတို့ ဆက်ဆံရေးကို သဘာဝကျကျ အလေးပေး
တင်ပြခဲ့ပြီး သူတို့၏အထောက်အထားနှင့် နောက်ခံ အကြောင်းအရာတို့ကို အကြမ်းဖျင်း ပြောပြခဲ့ပြီး
ဖြစ်သည်။
ဟောက်ချန်ဟွမ်း၏ မျက်လုံးများက အနည်းငယ်
အေးစက်သွားသည်။
“မဒမ်ကျန်း၊ မဒမ်လု၊ မဒမ်ကျူး၊ ဟုတ်တယ်မလား။
ဟောက်ကော်ပိုရေးရှင်းက ခင်ဗျားတို့ မိသားစုတွေရဲ့ လုပ်ငန်းချင်း အဆက်အသွယ် အားလုံးကို
ဖြတ်တောက်မယ့်အကြောင်း ခင်ဗျားတို့ မိသားစုကို ပြန်ပြောလိုက်ပါ။ တကယ်လို့ ခင်ဗျားတို့
ဒေဝါလီမခံချင်ရင် ဒါမှမဟုတ် လမ်းပေါ်မှာ အဆုံးမသတ်ချင်ဘူး ဆိုရင် အိမ်အသစ် အမြန်ဆုံး
ရှာလိုက်ပါ”
ဟောက်ချန်ဟွမ်း၏ စကားကို ကြားသောအခါတွင်
သူတို့ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းသွားသည်။ မဒမ်ကျူးသည် မိသားစု နောက်ခံကောင်းမှ
ဆင်းသက်လာတာ ဖြစ်ပြီး မနေနိုင်ပဲ ရှေ့တစ်လှမ်း တိုးကာ မာနကြီး မောက်မာစွာ ပြောလိုက်သည်၊
“ဟောက်မိသားစုနဲ့ ငါတို့ကော်ပိုရေးရှင်းရဲ့
ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်ဖို့ မင်းမှာ ဘာလုပ်ပိုင်ခွင့် ရှိလို့လဲ။ အဲ့တာက
တစ်ခုပဲ...”
မစ္စကျူး၏ ပြောစကား မဆုံးခင်မှာပင် ဟောက်ချန်ဟွမ်းက
ကြားဖြတ်ပြောလိုက်သည်။ “ငါက ဟောက်မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲ။ ယန်ပိုင်၊
ဧည့်သည်တွေကို ပြန်ပို့လိုက်ပါ။ ငါ ဒီမိသားစုတွေကို နောက်တစ်ခါ ဘယ်တော့မှ ထပ်မတွေ့ချင်ဘူး”
ဟောက်ချန်ဟွမ်းက ဒီမိသားစုတွေကို အမည်ပျက်
စာရင်းသွင်းရန် လုပ်နေသည်မှာ သိသာထင်ရှားသည်။ ကျိုးယန်ပိုင်က စိတ်လှုပ်ရှားနေသော အကြည့်တွေဖြင့်
လေးလေးစားစား ပြန်ပြောသည်။
ကျိုးယန်ပိုင်၏ လှုပ်ရှားမှုက အမြဲတမ်း
သပ်ရပ် ကြော့ရှင်းပြီး ဟောက်ချန်ဟွမ်း၏ ပြောစကား ဆုံးဆုံးချင်းမှာပင် လူတစ်စုက အမြန်ရောက်ရှိလာပြီး
ထိုအမျိုးသမီးအုပ်ကို အပြင်သို့ ခေါ်ထုတ် သွားခဲ့သည်။
ထိုအမျိုးသမီးတွေက ဟောက်ချန်ဟွမ်း သူတို့ကို
အမှန်တကယ် တိုက်ခိုက် လိမ့်မယ်လို့ မမျှော်လင့်ထားကြဘူး။ သူတို့က ဒေါသတကြီး ရုန်းကန်ပြီး
ကျိန်ဆဲ နေကြသော်လည်း သူတို့ကို ဆွဲထုတ်ခံရခြင်း ကံကြမ္မာကို ပြောင်းလဲနိုင်ခြင်း မရှိပေ။
သူတို့ထဲမှ အနည်းငယ် အိမ်ကြီးထဲမှ အပြီးအပိုင်
ဖယ်ရှားခဲ့ပြီး တစ်အိမ်လုံး ငြိမ်သက်သွားသည့် အခါမှာ ဟောက်ချန်ဟွမ်းသည် ခေါင်းမော့ပြီး
ကုရှောက်ယန်ကို စိုက်ကြည့် လိုက်သည်။
ကုရှောက်ယန်က ချက်ချင်း နားလည် သဘောပေါက်သွားပြီး
အပြုံးလေးဖြင့် ပြောလိုက်သည်၊ “ဒီမှာ လူတွေ အများကြီး ရှိနေတာ ဆိုတော့ အမှိုက်အချို့
ရောပါလာတာကို ကျွန်တော် သတိမပြုမိလိုက်ဘူး။ မင်းတို့ရဲ့ စိတ်အခြေအနေကို ထိခိုက်သွားစေတာ
ကျွန်တော်တို့ရဲ့ အပြစ်ပါပဲ။ ပွဲပြီးသွားတဲ့အခါ အခုလောလောဆယ် ဖြစ်ပျက်ခဲ့တာတွေ အတွက်
တောင်းပန်တဲ့အနေနဲ့ ကျွန်တော်တို့တွေ ဧည့်သည်တော်တွေအတွက် လက်ဆောင်လေးတွေ ပြင်ဆင်ပေးထားပါတယ်”
ကုရှောက်ယန်က ဒီလို ပြောလိုက်သည်နှင့် လူတော်တော်များများက
အားလုံး အဆင်ပြေပါတယ်လို့ ပြောကြပေမယ့် လေထုဟာ မတော်တဆမှု မဖြစ်ခင်ကအတိုင်း ပြန်ဖြစ်သွားပုံ
ရသော်လည်း ဖော်ပြ၍ မစွမ်းသာသော ဖိအားတစ်ခုကိုပါ ခံစားနေရသည်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလို အကြောင်းကိစ္စ
အမျိုးမျိုး အပြီးမှာတော့ သူတို့နှစ်ဦးကြားက ဒီအိမ်ထောင်ရေးကို အတင်းအဖျင်း ပြောချင်သူတွေ
ရှိနေရင်တောင် လွယ်လွယ် မပြောရဲကြတော့ဘူး။
“ဒေဝါလီခံခြင်း” ဟူသော စကားလုံးသည် ရယ်စရာ
မဟုတ်သော်လည်း၊ ယခုအခါ ထိုအမျိုးသမီးတွေကဲ့သို့ လူအချို့ဟာ ဟောက်ချန်ဟွမ်း၏ စကားများကို
သံသယ ဝင်နေကြသေးသည်။
ဒါပေမယ့် အတင်းအဖျင်းတွေကြောင့် သူတို့မိသားစုကို
တကယ် ဒုက္ခရောက်အောင် လုပ်ခဲ့မယ်ဆိုရင် ဒါဟာ အလွန်မိုက်မဲတဲ့ လုပ်ရပ်ဖြစ်ပြီး အမြတ်အစွန်းတွေကို
ထိခိုက်ဆုံးရှုံးစေနိုင်သည်။
ဟောက်ချန်ဟွမ်းတစ်ယောက် ထိုလူများကို နှင်ထုတ်သည့်
ဖြစ်စဉ်အတွင်း စုယွဲ့ထင်နှင့် စုမိသားစုဝင်တွေ အားလုံး ဖြစ်ရပ် အစမှ အဆုံးထိ အနားမှာ
ရှိနေခဲ့သည်။
ဒီကိစ္စတွေ အားလုံး ဖြေရှင်းပြီးခါနီးမှာ
သူမက အဓိပ္ပါယ်အပြည့်ဖြင့် မေးသည်၊ “မင်း အခု ပြောခဲ့တာတွေ အားလုံး အမှန်ပဲလား။ ဟောက်ကော်ပိုရေးရှင်းရဲ့
ဆုံးဖြတ်ချက်ကို မင်း တစ်ဦးတည်း ချမှတ်နိုင်ပြီး သူတို့မိသားစုတွေကို ဒေဝါလီခံရအောင်
တကယ် လုပ်နိုင်လား”
ဟောက်ချန်ဟွမ်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း
မရှိပေ။ သူက အေးဆေး တည်ငြိမ်စွာ ပြောသည်။
“အန်တီလေး၊ ကျွန်တော်က မသေချာ မရေရာတဲ့
ကိစ္စမျိုးဆို ဘယ်တော့မှ ထုတ်ပြောလေ့ မရှိဘူး”
စုယွဲ့ထင်က မျက်ခုံးပင့်သွားပြီး ဆက်မေးသည်။
“စကားအနည်းငယ် ပြောလိုက်ရုံနဲ့ လူတစ်ယောက်ကို
ဒေဝါလီခံရအောင် လုပ်တာက ရေကြီးခွင်ကျယ် လုပ်ရာ ကျလွန်းတယ် မဟုတ်လား”
“ယန်ယန်နဲ့ ပတ်သက်တဲ့ ကိစ္စတိုင်း အသေးအဖွဲ
ဆိုတာမျိုး မရှိဘူး” ဟောက်ချန်ဟွမ်းက စုယန်ယန်ကို လှည့်ကြည့် လိုက်သည်။ သူ့မျက်နှာအမူအရာက
မည်းမှောင်သွားပြီး အေးစက်စွာ ပြောသည်။
“ဒါ့အပြင်၊ လူတွေက သူတို့လုပ်သမျှနဲ့ သူတို့ပြောသမျှအတွက်
အမြဲတမ်း ပြန်ပေးဆပ်ရမှာပဲ”
***