မန်ဒရင်းဘဲဟင်းအိုး
စုယန်ယန်သည်
ဟော့ပေါ့မှာ ထည့်ရမည့် ပါဝင်ပစ္စည်းတွေကို စတင် ပြင်ဆင်ခဲ့သည်။
ပထမဦးစွာ
အာလူး၊ ပိန်းဥ၊ ဆလပ်ရွက်၊ မုန်လာဥ စသည့်ဖြင့် ဟင်းသီးဟင်းရွက် အချို့ကို ပြင်ဆင်ပြီးနောက်
အမဲသားလွှာ၊ ဝက်သားလွှာ၊ ဘဲအသည်းအမြစ်နှင့် အခြားသော အသားလွှာတွေကို ပြင်ဆင်ခဲ့သည်။
လှီးဖြတ်ထားရန်
လိုအပ်သော အမဲသား၊ အာလူးနှင့် အခြားသော ပါဝင် ပစ္စည်းများကို အရွယ်အစားတူ လှီးဖြတ်ထားသည်မှာ
အံ့သြစရာ ကောင်းသည်။ မျှော်လင့်ထားသည့်အတိုင်း သူမသည် ချီးကျူးမှုတွေကို ထပ်မံရရှိခဲ့ပြန်သည်။
သူမ
လှီးဖြတ်ပြီးသွားသော အချိန်တွင် နံဘေးရှိ ချက်ပြုတ်ထားတဲ့ ဟင်းဟာ အဆင်သင့် ဖြစ်လုနီးပါး
ဖြစ်နေပြီ ဖြစ်သည်။ အဖုံးဖွင့် လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးကြိုင်သော အနံ့က ယခင်ကထက်
အနည်းငယ် ပိုကြွယ်ဝလာသည်။
အပြင်မှာ
စိတ်အား ထက်သန်စွာ စောင့်ဆိုင်းနေတဲ့ လူအနည်းငယ်ကိုပင် မပြောနဲ့ဦး၊ တိုက်ရိုက် ထုတ်လွှင့်မှုကို
ကြည့်ရှုနေတဲ့ ကြည့်ရှုသူတွေကိုတောင် မသိစိတ်ကနေ တံတွေးမျိုချမိအောင် စွမ်းဆောင် သွားနိုင်သည်။
စုယန်ယန်သည်
အိုးထဲရှိ အစားအသောက်တွေကို ကျက် မကျက် စစ်ဆေးရန် တူဖြင့် ထိုးကြည့်လိုက်သည်။ ပါဝင်ပစ္စည်းတွေ
ကျက်လုနီးပါး ဖြစ် မဖြစ် သေချာအောင် စစ်ဆေးပြီးနောက် ပန်းကန်ပြားပေါ် ဆယ်တင်လိုက်သည်။
အချိန်အကြာကြီး
စောင့်ဆိုင်းနေသော ပရိသတ်များသည် ၎င်းကို မြည်းစမ်းရန် လျင်မြန်စွာ စတင်လိုက်ကြပြီး
စားသောက်ပြီးသည်နှင့် ချက်ချင်း မှတ်ချက်တွေ ပိုပြင်းထန် လာသည်။
[အား...
အား... အား... အား...၊ ဒီအသားအနံ့က အရမ်းကောင်းတယ်၊ အရင်က စားဖူးတဲ့ ဝက်သားပြုတ်ထက်
အဆတစ်ရာ ပိုကောင်းတယ်။]
[ငါ
ဒါကို မြည်းစမ်းကြည့်ပြီးတော့ ငါ့မှာ အတွေးတစ်ခုပဲ ရှိတော့တယ်။ ငါ့ကို ထမင်း တစ်ပန်းကန်ပေးပါ၊
ငါ အစားကြီးလွန်းလို့ တင်ဆက်သူကို ဆင်းရဲသွားအောင် လုပ်လို့တောင် ရတယ်။]
[ကောင်းပြီ၊
ငါ့မျက်နှာကို ထပ်ပြီး ဖြတ်ရိုက်လိုက်တာပဲ။ ဒီကြက်ခြေထောက်တွေမှာ အသားများများ မရှိပေမယ့်
ငန်ငန်၊ ကြွပ်ကြွပ်လေးနဲ့ အရသာက အမိုက်စားပဲ။ ငါ စားပြီးရင် စားချင်လာတယ်။ ငါ ဒီလို
ဟင်းတစ်ခွက်နဲ့ဆို တစ်နေ့ကုန် စားဆိုရင်လည်း စားနိုင်တယ်လို့ ခံစားရတယ်။]
[ငါ
အရမ်းဗိုက်ဆာတယ်၊ ငါ အရမ်းဗိုက်ဆာတယ်၊ ငါ အရမ်းဗိုက်ဆာတယ်... ငါ အရမ်း ဗိုက်ဆာတယ်၊
ငါ အရမ်းဗိုက်ဆာတယ်... တင်ဆက်သူမှာ သူငယ်ချင်း လိုအပ်သေးလား။ ငါ နင့်အတွက် ထမင်းသုံးနပ်
အကုန်ကျခံနိုင်တယ်၊ နင်နဲ့ စျေးဝယ် အတူထွက်ပေးလို့ရတယ်၊ နင့်ပစ္စည်းတွေ ကူသယ်ပေးနိုင်တယ်၊
နင့်ကို လက်ဖက်ရည် ငှဲ့ပေးနိုင်တယ်၊ နင် လိုအပ်တဲ့ အချိန်တိုင်း ဖုန်းတစ်ချက် ခေါ်လိုက်ရုံနဲ့
ရောက်လာပေးပါ့မယ်။ သူငယ်ချင်း လိုအပ်သေးလားဟင်...]
စုယန်ယန်သည်
ပရိသတ်များ၏ တဖွဲဖွဲ တောင်းဆိုမှုတွေကို သဘောကျနေခဲ့သည်။ ချက်ပြုတ်ထားသော ဟင်းလျာကို
ဖယ်ရှားပြီးနောက် သူမသည် စောစော ချက်ပြုတ်ထားခဲ့သော ဟော့ပေါ့အိုးကို တစ်ချက် ကြည့်လိုက်သည်။
ဆောင်းဝင်နေပြီဆိုတော့
ရာသီဥတုက အလွန်အေးသည်။ အိုးထဲရှိ ဟော့ပေါ့ အနှစ်သည် နာရီဝက် ကြာပြီးနောက် အဆီခဲလေးတွေ
အဖြစ်သို့ ပြောင်းသွားသည်။
စုယန်ယန်သည်
ဟော့ပေါ့အနှစ်တုံး တစ်တုံးကို ကောက်ယူပြီးနောက် အခြာအိုး တစ်လုံးထဲ ထည့်လိုက်သည်။ ထို့နောက်
သူမသည် ရေနွေးပူပူကိုပါ လောင်းထည့်လိုက်သည်။ ဟင်းရည်အရောင်ဟာ ချက်ချင်းပင် အနီရောင်သို့
ပြောင်းသွားပြီး စွဲမက်ဖွယ် ကောင်းသော ရနံ့ကို ထုတ်လွှင့်ပေးသည်။
ဟော့ပေါ့ချက်တာက
သူမအတွက် ပထမဆုံး အကြိမ်လည်း ဖြစ်ပါသည်။ မန်ဒရင်းဘဲဟင်းအိုးကို အပြင်မှာ ဝယ်ဖို့ နည်းလမ်းမရှိဘူး။
သူမသည် စွပ်ပြုတ်ဟင်းရည် အရသာ နှစ်မျိုးစလုံးကို ဟင်းအိုး တစ်အိုးချင်းစီမှာသာ ချက်ပြုတ်နိုင်ပါသည်။
အချိန်တန်ရင် သူတို့ရဲ့ အရသာပေါ် မူတည်ပြီး ရွေးချယ် စားသောက်နိုင်ပါသည်။
စုယန်ယန်သည်
သက်ပြင်း တစ်ချက်ချပြီး ပြုံးလိုက်သည်။ “ရှင်တို့ ချက်ပြုတ်ထားတဲ့ အစားအစာကို မြည်းစမ်းပြီးပြီမို့
ကျွန်မ ဒီအကြောင်းကို မပြောတော့ဘူး။ ကျွန်မ ဘာလုပ်နေတာလဲလို့ တစ်ယောက်က မေးထားတယ်။
ဒါကို ဟော့ပေါ့လို့ ခေါ်တယ်။ ဒါက အထူးပြုလုပ်ထားတဲ့ စွပ်ပြုတ်ဟင်းရည် အခြေခံ တစ်မျိုး
ဖြစ်တယ်။ ဒီစွပ်ပြုတ်ဟင်းရည် အခြေခံရှိရင် ရှင်တို့ စိတ်ကြိုက် ပါဝင်ပစ္စည်းတွေကို
ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပြီး ဒီစွပ်ပြုတ်ဟင်းရည် ပွက်ပွက်ဆူလာတဲ့ အခါကျရင် ပြင်ဆင်ထားတဲ့
ပါဝင်ပစ္စည်းတွေကို ထည့်ပြီး ကျက်တာနဲ့ စားသုံးနိုင်ပါပြီ”
“ဒီလို
ဟင်းအိုးနှစ်အိုး ပြင်ဆင်ရတဲ့ အကြောင်းရင်းက လူတွေရဲ့ အကြိုက် အရသာတွေက မတူညီလို့ပါ။
တချို့လူတွေက အစပ်အရသာကို ကြိုက်နှစ်သက်ကြပြီး တချို့လူတွေက အစပ်အရသာ မကြိုက်ကြပါဘူး။
ဟော့ပေါ့ကို ရှေးခေတ်ကမ္ဘာက အစားအစာလို့ ယူဆလို့ ရပါတယ်။ အရသာအကြောင်း ပြောရရင် သူတို့ကို
ချက်ပြုတ်တဲ့အခါ အထူးပြင်ဆင်ထားတဲ့ ဟင်းအိုး ရှိပါတယ်။ ရှေးခေတ်တုန်းက ဒီလို ဟော့ပေါ့ကို
အလယ်မှာ အကန့်ပါတဲ့ ဟင်းအိုးမျိုးနဲ့ တည်ခင်းလေ့ရှိတယ်။ ဒီလိုနည်းနဲ့ မိသားစုတွေ၊ ဆွေမျိုးမိတ်ဆွေတွေနဲ့
သူငယ်ချင်းတွေ သူတို့စိတ်ကြိုက် အရသာ အမျိုးမျိုးကို ထည့်စဉ်းစားစရာမလိုပဲ အတူတကွ စားသုံးနိုင်တယ်”
စုယန်ယန်၏
စကားကြောင့် ပရိသတ်တွေက အရမ်းစိတ်လှုပ်ရှား သွားသည်။ မထင်မှတ်ပဲ စုယန်ယန်က နောက်တစ်စက္ကန့်မှာပင်
“ဟော့ပေါ့ဟင်းရည် ဆူလာတာနဲ့ ရှင်တို့ ချက်ချင်း စားသင့်တယ်။ ဒ့ါကြောင့် ရှင်တို့ကို
ကျွန်မ မပို့နိုင်ဘူး။ ဒီမီနူးကို မနက်ဖြန် ရှီဟွမ်စားသောက်ဆိုင်မှာ စတင် ရောင်းချပေးမှာ
ဖြစ်ပါတယ်။ လူအများစုက ဒါကို သွားစားနိုင်ပေမယ့် တစ်ခါတည်း အလွန်အကျွံ မစားဖို့ သတိရကြပါ။
ဒါက ပူစပ်ပူလောင် ဖြစ်ဖို့ လွယ်ကူတယ်။ အခု ဝေးလံတဲ့ နေရာဒေသမှာ ရောက်ရှိနေတာ ဖြစ်လို့
ဒီနေ့ ကံစမ်းမဲ မရှိပါဘူး။ မနက်ဖြန် ဆိုင်မှာ တွေ့ကြမယ်”
စုယန်ယန်သည်
ပရိသတ်အတွက် လိုအပ်သော သတင်းအချက်အလက် များစွာကို ချန်ထားခဲ့သည်။ သူမသည် လျင်မြန်စွာ
အော့ဖ်လိုင်း ဖြစ်သွားခဲ့ပြီး တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာ ဆက်တိုက် တက်လာနေသည့်
မှတ်ချက်များကို ရေးသားနေသော နောက်ဘာဆက်လုပ်ရမည်ကို မသိသည့် ပရိသတ်များစွာကို ချန်ထားရစ်ခဲ့သည်။
***