ရက်စက်လွန်းတယ်
သူတို့ထဲက
အနည်းငယ်ဟာ အကြောင်းပြချက်မရှိပဲ ခွေးစာ အမြောက်အမြားကို စားသုံးလိုက်ရပြီး ဘာမှ မပြောနိုင်ခဲ့ကြဘူး။
သူတို့သည် သူတို့ရဲ့ ပူဆွေးသောကနှင့် ဒေါသစိတ်ကို အစာ စားချင်စိတ်အဖြစ် ပြောင်းလဲခဲ့ပြီး
စုယန်ယန် သရုပ်ပြခဲ့သည့် အတိုင်း အတုယူကာ ကိုးရိုးကားရားဖြင့် ဟော့ပေါ့ဟင်းရည်ထဲ ပါဝင်ပစ္စည်းတွေကို
ထည့်ခဲ့ကြသည်။
အစပိုင်းမှာတော့
သူတို့ဟာ နည်းနည်း အကျွမ်းမဝင်သလို ဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ သူတို့ဟာ ကိုယ်တိုင်
လုပ်ကိုင်ရင်းဖြင့် ဖြည်းဖြည်းချင်း ကျွမ်းကျင်လာကြသည်။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းအတွက် ပါဝင်ပစ္စည်း အနည်းငယ်ကို အပူပေးဖို့ ကူညီပေးပြီးနောက် သူမသည်
ဘေးဖက်နားမှ ဦးလေးကျန်းကို တွေ့တော့ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ကာ “ဦးလေးကျန်း၊ ဒီမှာ
ဝင်ထိုင်ပြီး ကျွန်မတို့နဲ့ အတူလာစားလေ။ ဒါတွေကို ကျွန်မတို့ လူအနည်းငယ်နဲ့ ကုန်အောင်
မစားနိုင်ပါဘူး”
“ဒါက...”
ဦးလေးကျန်းက တုံ့ဆိုင်းသော်လည်း ဟောက်ချန်ဟွမ်းက သူ ဘာမှ ပြန်မပြောခင် ဝင်ပြောလိုက်သည်။
“ထိုင်စားလိုက်လေ။ လူများတော့ ပိုအသက်ဝင်တာပေါ့”
ဦးလေးကျန်း
အနည်းငယ် ကြက်သေ သေသွားသည်။ အရင် အရှင်သခင်ဟောင်းတို့ ဇနီးမောင်နှံ သေဆုံးသွားပြီး
ဟောက်ချန်ဟွမ်း၏ ခြေထောက်များ ဒီလို စဖြစ်ကတည်းက သူတို့အိမ်ဟာ အေးစက်တဲ့ ရေခဲပြင်ကြီးလို
ဖြစ်သွားခဲ့တာကို သူ အမှတ်ရမိသည်။
ဟောက်ချန်ဟွမ်းမှာ
သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေ မရှိကြတော့ပဲ သခင်လေးဟာ စကားနည်းနည်းသာ ပြောတတ်သူ
ဖြစ်လာခဲ့သည်။ သူက လူအများနှင့် မဆက်ဆံတော့ပဲ အပြင်သို့ပင် ထွက်လေ့ မရှိတော့ပေ။
အခုတော့
ဒီရေခဲသေတ္တာကြီးက နွေးထွေးပြီး တစ်ဖန် သက်ဝင်လှုပ်ရှား လာခဲ့ပြီ။
ဟော့ပေါ့မှ
အပူငွေ့သည် အေးမြသော ဆောင်းလေကို လွင့်ပါးသွားစေပြီး အဘိုးအို၏ မျက်လုံးများကို ဝေဝါးသွားစေသည်။
ဦးလေးကျန်းသည်
ပန်းကန်လုံးကို ကိုင်လိုက်ပြိး အချင်းချင်း တစ်ယောက်ကို တစ်ယောက် ခွံ့ကျွေးနေသော လူနှစ်ယောက်ကို
ကြည့်လိုက်သည်။ သူတို့နှစ်ယောက်၏ အကြည့်များမှာ တစ်ယောက်အပေါ် တစ်ယောက်မှာသာ ရှိနေကြသည်။
ဦးလေးကျန်းဟာ ခေါင်းငုံ့ပြီး စိတ်ကျေနပ် ပျော်ရွှင်နေသော အပြုံးကို ထုတ်ဖော်လိုက်သည်။
ကုရှောက်ယန်သည်
အမဲသား ပူပူစပ်စပ် တစ်ပြားကို ကောက်ယူပြီး ပျော်ရွှင်စွာ စားခါနီးတွင် လက်တစ်ဖက်က သူ့ပေါင်ကို
ထိကိုင်လိုက်သလို ခံစားလိုက်ရသည်။
ကုရှောက်ယန်၏
လက်များ တုန်ယင်သွားကာ နေရာ၌ပင် ထအော်လုမတတ် ဖြစ်သွားသည်။ နောက်တစ်စက္ကန့်မှာပင် စားပွဲအောက်ကနေ
ယုကျစ်ယန်၏ ခေါင်းက ပေါ်လာပြီး သူ့ကို တိတ်တိတ်နေရန် လက်ဟန်ပြသည်။
ကုရှောက်ယန်
“...???” ဘာဖြစ်တာလဲဟ။
ယုကျစ်ယန်သည်
လက်နှစ်ဖက်ကို ပူးကပ်ပြီး တောင်းပန်သည့် အမူအရာကို လုပ်ထားပေမယ့် သူ့အကြည့်တွေက ကုရှောက်ယန်
ကိုင်ထားသော အမဲသားပြားပေါ်မှာ ကပ်တွယ်နေခဲ့သည်။
ကုရှောက်ယန်သည်
ချက်ချင်း နားလည် သဘောပေါက် သွားသည်။
ထားလိုက်ပါတော့၊
ဒီကောင် မနက်ခင်းတုန်းက ကိစ္စရပ်ကြောင့် သူ့ကို သခင်လေးက အပြစ်ပေးမှာကို ကြောက်နေပေမယ့်
အရသာရှိသည့် အစားအသောက်များ၏ ဆွဲဆောင်မှုကို သူ သည်းမခံနိုင်ဘူးပဲ။
ကုရှောက်ယန်
သက်ပြင်း ချလိုက်သည်။ နောက်တော့ သူ၏ လျှို့ဝှက်သော လုပ်ရပ်ကို စိတ်ပူနေသေးပေမယ့် အမဲသားပြားကို
စားပွဲအောက်သို့ တိတ်တဆိတ် ထည့်ပေးလိုက်သည်။
ထို့နောက်
နှစ်ယောက်သား လိုက်ဖက်ညီစွာ စားသောက်ခဲ့ကြသည်။
စုယန်ယန်နှင့်
ဦးလေးကျန်းတို့သည် အခြားသူတွေကို ကျွေးမွေးရင်း အလုပ်ရှုပ် နေတာကြောင့် သူတို့ကို ဂရုမပြုမိပါဘူး။
ဦးလေးကျန်းနှင့် ကျန်သူများဟာ သူတို့နှစ်ယောက်နှင့် ဝေးကွာ နေသောကြောင့် အစပိုင်းတွင်
အဆင်ပြေနေကြသည်။
သို့တိုင်...
လင်းရှောင်ချီးသည်
စားပွဲအောက်ရှိ တုန်ခါနေသော စားပွဲခင်းကို ခံစားလိုက်ရသည်။ သူမက စားပွဲအောက်သို့ ခေါင်းငုံ့ကြည့်လိုက်သည်။
ထို့နောက် သူမနှင့် မလှမ်းမကမ်း ကြမ်းပြင်ပေါ်တွင် လက်တစ်ဖက်ကို မြင်တွေ့လိုက်ရသည်။
လင်းရှောင်ချီး၏
မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး အထိတ်တလန့် ထအော်လိုက်သည်။
စုယန်ယန်နှင့်
ကျန်သူတွေက ထိတ်လန့် တုန်ယင်သွားသည်။
“ဘာဖြစ်လို့လဲ”
“စားပွဲအောက်မှာ
တစ်ယောက်ယောက် ရှိနေတယ်”
ကုရှောက်ယန်
တစ်ယောက် ရှက်ရွံ့သွားပြီး စုယန်ယန်နှင့် ကျန်သူတွေလည်း ထိတ်လန့် သွားကြသည်။ သူတို့သည်
မသိစိတ်အရ ဟောက်ချန်ဟွမ်းကို စားပွဲဝိုင်းဘေးမှ ဆွဲထုတ်လိုက်သည်။
သို့သော်
မနီးမဝေးနေရာတွင် ထိုင်နေကာ သွမ်းသွမ်း၏ အနှောင့်အယှက် ပေးမှုကို လျစ်လျူရှုထားသော
ဟွားဟွားသည် သူ့သခင်၏ အော်သံကို ကြားတော့ တစ်ခုခု ဖြစ်နေပြီဟု ထင်ခဲ့သည်။
သူမက
စားပွဲအောက်သို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး တစ်စုံတစ်ယောက်၏ အသားပြည့်နေသော တင်ပါးကို
အော်ဟစ် ကိုက်ဆွဲလိုက်သည်။
“အား...”
ကျယ်လောင်လွန်းသည့်
အော်သံက အိမ်ကြီး တစ်ခုလုံးကို ပဲ့တင်ထပ် သွားစေပြီး အိမ်အပြင်ဘက် ခြံဝင်းထဲမှာ သန့်ရှင်းရေး
လုပ်နေကြသော အစေခံများကိုပါ ကြောက်လန့် သွားစေသည်။
အခန်းတွင်းရှိ
လူတွေက စားပွဲအောက်မှ တွားသွား ထွက်လာသည့် ရင်းနှီး ကျွမ်းဝင်နေသော ပုံရိပ်ကို ကြောင်ပြီး
ကြည့်နေကြသည်။ သူ့ကြည့်ရတာ မျောက်တစ်ကောင် အော်ဟစ် ခုန်ပေါက် နေတာကို ကြည့်နေရသည့်
အတိုင်းပင်။
အနီးကပ်
ကြည့်လိုက်တော့ သူ့တင်ပါး တစ်ဖက်မှာ ကိုက်ခဲထားသည့် ကော်ဂီခွေးလေး တစ်ကောင်ကို တွေ့လိုက်ရသည်။
အသားအများဆုံး နေရာကို သေသေချာချာ ကိုက်ခဲထားသည်။ ယုကျစ်ယန်က ဘယ်လောက်ပဲ ခါချ ခါချ
လုံးဝ မလွှတ်ပေးပဲ တင်းကျပ်စွာ ကိုက်ခဲဖို့ ဆုံးဖြတ်ထားသည့် အတိုင်းပင်။
လူတိုင်း၊
“...” ဒါက အရမ်း... အရမ်း ရက်စက်လွန်းတယ်။
***