အပိုင်း ၃၀၉
Viewers 980

အခန်း (၃၀၉)

 

 -  သူတို့ကို သတင်းကြီးတစ်ခု ပေးပို့ခြင်း

 

“စုံတွဲလား။” စုယန်ယန်သည် လူနှစ်ယောက်ကို ချက်ချင်းပင် တွေးလိုက်မိပြီး သူမရဲ့ မျက်နှာအမူအရာဟာ မည်းမှောင်သွားခဲ့သည်။

 

အလှည့်အပြောင်းတွေ အများကြီး ဖြစ်ပျက်ခဲ့ပြီးနောက် သူမသည် မူရင်းဇာတ်ကြောင်းအတိုင်း ပြန်ရောက်သွားခဲ့တာလား။ ဒါပေပယ့် ဒီတစ်ခါတော့...

 

အမျိုးသမီးအတွင်းရေးမှုး၏ စကားကိုကြားသောအခါ ရှားကျွင်းရှန့်တစ်ယောက် မျက်မှောင်ကြုတ်သွားပြီး ပြင်းပြင်းထန်ထန် မကျေမနပ် ပြောလိုက်သည်၊ “မင်း သူတို့လိုချင်တာမှန်သမျှ လုပ်ခွင့်ပေးမှာလား။ ငါ အရင်က မင်းကို ဘာပြောခဲ့လဲ။ အပြင်လူတွေက ဥက္ကဌစုကို တွေ့ချင်ရင် ရက်ချိန်း ကြိုတင်ယူရမယ်။ ငါတို့ရဲ့ ကုမ္ပဏီက ဖျော်ဖြေရေးကုမ္ပဏီတစ်ခုပဲ။ မသိတဲ့လူမျိုးကို ရှောင်တခင် ဘယ်လိုလုပ်ပြီး ခွင့်ပြုရမလဲ၊ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီလူနှစ်ယောက်က ဒီမှာ ပြဿနာရှာဖို့ သတ္တိရှိရင် လုံခြုံရေးဝန်ထမ်းတွေကို နှင်ထုတ်ခိုင်းလိုက်ပါ။”

 

“ဒါပေမယ့်...” အမျိုးသမီးအတွင်းရေးမှုးက စိတ်ညစ်နေပုံရသည်။ “ဒါပေမယ့် အဲဒီလူနှစ်ယောက်က ဥက္ကဌစုကိုသိပြီး ဥက္ကဌစုရဲ့ သူငယ်ချင်းတွေလို့ ပြောတယ်။ သူတို့က ကျွန်မကို ဥက္ကဌစုဆီ သတင်းမပို့ပေးရင် သူတို့က ကျွန်မကို အလုပ်ထုတ်ဖို့ ဥက္ကဌစုကို ပြောလိုက်မယ်လို့တောင် ခြိမ်းခြောက်လိုက်သေးတယ်။”

 

စုယန်ယန်က ခက်ညစ်ညစ်ပြုံးလိုက်ပြီး “ဒီလို မာနကြီးတဲ့ သူငယ်ချင်းကို ငါ့မှာရှိမှန်း ငါကိုယ်တိုင်တောင် မသိဘူး။ သူတို့ရဲ့ နာမည်တွေကိုရော ပြောလိုက်သေးလား။”

 

“ဟုတ်၊ ဟုတ်၊ အဲဒီလူရဲ့ မျိုးရိုးနာမည်က ဟောက်လို့ ပြောပါတယ်။”

 

“ဟမ့်...” ဖြစ်နိုင်တာက...

 

ရှားကျွင်းရှန့်သည် စုယန်ယန်ကို မသိစိတ်အရ ပိုင်းခြားဝေဖန်တတ်သော အမူအရာဖြင့် တစ်ချက်လှမ်းကြည့်လိုက်မိသည်။

 

စုယန်ယန်သည်လည်း သူ့အတွေးကို လှမ်းမြင်ပုံရပြီး နှုတ်ခမ်းထောင့်စွန်းလေးတွေ ကွေးညွှတ်သွားသည်။ သူမက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်၊ “အောက်ကလူတွေက သူက ညီမရဲ့ဆွေမျိုးလို့ ပြောလိုက်မယ်ဆိုရင် သူ့ကို တားနိုင်မယ်လို့ အစ်ကိုထင်လား။”

 

ရှားကျွင်းရှန့်တစ်ယောက် အနည်းငယ် ကြက်သေ သေသွားသည်။ ဒါအမှန်ပဲ။ သူတို့က အန်တီလေးအသစ်ကို တွေ့ဖို့ ရောက်လာတယ်လို့ ပြောလိုက်မယ်ဆိုရင်၊ အဲဒီလူတွေက သူမကို လာအကြောင်းကြားဖို့ နေနေသာသာ သူမဆီ တိုက်ရိုက်ခေါ်လာပေးလိမ့်မယ်။”

 

“ဒါ့အပြင်၊ သူတို့က စုံတွဲတစ်တွဲလို့ ပြောလိုက်တယ်...” သူက စုံတွဲတွေလို့ ပြောလိုက်တာကို တစ်ယောက်ယောက် မြင်တွေ့ပြီး အိမ်ကို ပြန်ပြောလိုက်မယ်ဆိုရင် သူ အိမ်ပြန်ရောက်တဲ့အခါ သူ့ကို အရေခွံနွှာမှာကို မကြောက်ဘူးလား။

 

ထိုအချိန်တွင်၊ လူနှစ်ယောက်က သူ့ဇနီးသည်ကို ဒုက္ခပေးဖို့ ကြံစည်သည်ဟု သတင်းကြားလိုက်ရသော ဟောက်ချန်ဟွမ်းသည် အရမ်းဒေါသထွက်သွားသည်။

 

ဒါကိုကြားတော့ ရှားကျွင်းရှန့်က သူ့နှာခေါင်းကို ကိုးရိုးကားရားနိုင်စွာ ပွတ်သပ်လိုက်မိသည်။

 

သူသည် မျိုးရိုးနာမည် ဟောက်ဟူသောအချက်ကို အလွန်အာရုံစိုက်ခဲ့ပြီး အမျိုးသမီးအတွင်းရေးမှုးက သူတို့က စုံတွဲတွေလို့ အလေးပေးပြောဆိုခဲ့တာကို မေ့လျော့သွားခဲ့သည်။

 

သို့ရာတွင်၊ ဒီစုံတွဲရဲ့ မျိုးရိုးနာမည်က ဟောက်ဆိုတော့၊ ထိုအရာ ဖြစ်ကောင်းဖြစ်နိုင်မလား...

 

ဒါကိုတွေးပြီး ရှားကျွင်းရှန့်ရဲ့ မျက်နှာဟာ လုံးဝ မည်းမှောင်သွားသည်။

 

“သူတို့ရောက်နေပြီဆိုတော့ အောက်ဆင်းပြီး အဲဒီအသိဥာဏ်မရှိတဲ့အရူးတွေကို သွားတွေ့ကြတော့ပေါ့။” စုယန်ယန်က ထိုသို့ပြောရင်း လမ်းလျှောက်ထွက်သွားသည်။

 

ရှားကျွင်းရှန့်က စိတ်ပူသွားပြီး အလျင်အမြန် လိုက်လာခဲ့သည်။

 

“ယန်ယန်၊ အဲဒီနှစ်ယောက်က ညီမလေးကိုတွေ့ဖို့ အောက်ထပ်မှာ ပြဿနာရှာနေကြတာ။ သူတို့မှာ ကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး ဆိုတာ သိသာထင်ရှားတယ်။ ညီမလေးကို ပြဿနာဖြစ်စေမှာ မဟုတ်ဘူးလား...”

 

ရှားကျွင်းရှန့်ရဲ့ ပြောစကား မဆုံးခင်မှာပင်၊ စုယန်ယန်က ကြားဖြတ်ပြောလိုက်သည်၊ “ညီမက သူတို့ကို မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လာစေချင်ပါတယ်။ အစ်ကို ညီမက ဘယ်သူလဲ ဆိုတာကို မမေ့ထားနဲ့လေ။”

 

မေ့ထားတာလား။ ရှားကျွင်းရှန့်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ့အလိုလို ပြန်ဖြေမိသည်၊ “တုန်ချမ်းရဲ့ဘော့စ်လား။”

 

“မဟုတ်ဘူး၊ ညီမက ဟောက်ချန်ဟွမ်းနဲ့ လက်ထပ်ထားတဲ့ ဟောက်မိသားစုရဲ့ တရားဝင် သခင်မလေ။”

 

ရှားကျွင်းရှန့်တစ်ယောက် ကြက်သေ သေသွားသည်။ သူမ သတိပေးပြီးနောက်၊ ဟောက်မိသားစုနှင့် သူ့မိသားစုကြား ရှုပ်ထွေးသော ဆက်ဆံရေးကို နောက်ဆုံး၌ ပြန်သတိရသွားသည်။ တစ်ခဏတာမျှ ကြာမြင့်ပြီးနောက် သူ ဘာပြောရမှန်းမသိ ဖြစ်ခဲ့သည်။

 

“အဲဒီမှာ ဘာဖြစ်လို့ ကင်မရာတွေ ယူလာတဲ့ သတင်းထောက် အနည်းငယ် ရှိနေရတာလဲ။ သူတို့ ခေါ်လာတာလား။” စုယန်ယန်သည် သူမတို့အောက်ထပ်ဆင်းလာသောအခါတွင် ကုမ္ပဏီအဝင်ဝမှာ ကင်မရာများဖြင့် ပိတ်ဆို့ထားသော သတင်းထောက်များကို တွေ့လိုက်ရသည်။

 

အတွင်းရေးမှုးသည် စုယန်ယန်နောက်သို့ နီးနီးလေး တိုးကပ်လာပြီး သတိကြီးစွာ ပြန်ဖြေခဲ့သည်၊ “အဲ့လိုတော့ မထင်ဘူး။ ဒီလူတွေကို ကြည့်ရတာ... ကျွန်မတို့ကုမ္ပဏီရဲ့ အမျိုးသမီးအနုပညာရှင်တွေကို အင်တာဗျူးဖို့ ဒီကို ရောက်လာပုံရတယ်။”

 

“အင်တာဗျူးလား။” စုယန်ယန်က မျက်လုံးကို ကျဥ်းမြောင်းလိုက်ပြီး လှောင်ရယ်ရယ်လိုက်သည်၊ “ခဏနေကျရင်၊ မင်း သူတို့အနားကို ချဥ်းကပ်ပြီး ဓာတ်ပုံများများရိုက်ယူဖို့ ပြောလိုက်ပါ။”

 

“ဓာတ်ပုံတွေလား။”

 

“ငါတို့ကုမ္ပဏီက သူတို့ကို သတင်းကြီးတစ်ခု အခမဲ့ပေးမယ်လို့ ပြောလိုက်ရုံပဲ။ အပြန်အလှန်အားဖြင့်၊ ငါတို့ရဲ့ အနုပညာရှင်တွေကို အင်တာဗျူးတဲ့အခါ မသက်ဆိုင်တဲ့ မေးခွန်းတွေကို မေးလို့မရဘူး။”